padonmarJanuary 8, 20124min507108
ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့ ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊ ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။ ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။ အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။ နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။ ဒါနဲ့ တဆက်တည်း […]


တေစၧJanuary 6, 20121min1076
တောင်ကြီးမှာ လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲလုပ်ခဲ့ပါတယ် အဲဒီပြပွဲမှာ ထူးထူးခြားခြား ဗိုလ်ချုပ်ပုံကို တက်တူးထိုးပေးနေတာကိုလည်း တွေ့ခဲ့ရပြီး အမှောင်ခန်းထဲမှာ အဏုမြူအလင်းနဲ့ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ပုံတွေ နောက်ပြီးတော့ မှတ်တမ်းတွေကို ပြန်ပြပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကော်နက်ရှင်ကမကောင်းတာနဲ့ တင်နေတာ ၃ ရက်ကြာသွားတယ် ( ဆိုးလိုက်တာ )။ မတွေ့တာကြာပြီဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပုံတွေကို ပြန်မြင်ရတဲ့ခါ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ သီချင်းကိုလည်း ရေဒီယိုကနေ တိုက်ရိုက်လွှင့်နေတဲ့ပုံနဲ့ performance လုပ်ထားတာလည်း တွေ့ခဲ့ရတယ် သီချင်းကတော့ ဆိုဒ်ကြီးနေလို့ ကော်နက်ရှင်နဲ့အဆင်မပြေတဲ့အတွက် မတင်ပေးတော့ပါဘူး ပုံတွေတောင် အများကြီးရိုက်လာတယ် တင်တာဘယ်လိုမှအဆင်မပြေဘူး ဒါကြောင့် ဝမ်းနည်းစွာနဲ့ပဲ ပုံနည်းနည်းပဲ တင်လိုက်ပါတယ် ပုံတွေကိုတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်       […]


ေမွာ္ဆရာDecember 25, 20111min39033
ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းကို ဇာတ်လမ်းအဖြစ် ဖန်တီးရာမှာ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်လိုတဲ့ ကိုနေဦးရဲ့ ပုံတွေ ပြည်မြန်မာ ဂျာနယ်ထဲမှာ ပါလာပါတယ်..ဗိုလ်ချုပ်နဲ့ တူတယ် မတူဘူးဆိုတာ နဲနဲလောက် အကဲဖြတ်ပေးစေချင်တယ် …ဒီက ရွာသူားတွေရဲ့ အမြင်က ရိုက်ကူးထုတ်လုပ်မယ့်သူတွေနဲ့ ကိုနေဦး အပေါ် အကျိုးပြုလောက်ပါတယ် .. ကျွန်တော့် အမြင်ပြောရမယ်ဆိုရင်တော့ ကိုနေဦးက ဗိုလ်ချုပ်နဲ့ ရုပ် တူသလောက်ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ မာန် မျိုး ကိုနေဦး မျက်နှာပေါ်မှာ မတွေ့ရဘူးဗျ ..။ နောက် အပြုံး … ဗိုလ်ချုပ်အပြုံးလိုမျိုး ဂရုဏာပြုံးကိုု ကိုနေဦး မှီအောင်ပြုံးနှိုင်ဖို့ လိုပါဦးမယ် ..။ ကဲ ရွာသူားတွေရဲ့ အမြင်လေးတွေ သိချင်တယ်ဗျာ ….


kaiDecember 1, 20111min22820
ကိုယ်တိုင်သတင်းမယူနိုင်တေ့ာ သူများယူထားတဲ့ သတင်းတွေ တင်ပေးလိုက်တာပါ..။ ဆိုင်ရာ သတင်းဌာနတွေရဲ့အာဘော်အတိုင်းဖြစ်ပါကြောင်း….။ === http://www.first-11.com/index.php?option=com_content&view=article&id=11280:2011-11-30-15-05-44&catid=42:2009-11-10-07-36-59&Itemid=112 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃ဝရက်နေ့ ညနေ လေးနာရီ မိနစ်၃ဝအချိန်က အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် မြန်မာနိုင်ငံ၊ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။ နှစ်ပေါင်း ၅၆နှစ်တာကာလအတွင်း သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုခဲ့ပါသည်။ထို နောက် ဟီလာရီကလင်တန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုမည့် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြ ပါသည်။ ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး နိုဝင်ဘာလ ၃ဝရက်နေ့မှ ဒီဇင်ဘာလ၂ရက်နေ့ […]


kaiNovember 19, 20111min27826
ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ရုံးတွင် ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပတဲ့ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန် ့ခွန်း ဖြစ်ပါတယ်။ – ကျွန်မ ဒီနေ ့ရောက်လာတဲ့ စီစီအဖွဲ ့ဝင်အားလုံးကိုကြိုဆိုပါတယ်။ အခုဒီနေ ့ဆိုလို ့ရှိရင်ကျွန်မတို ့အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကိုချရမှာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာအရင် နှစ်ခေါက်ချပြီးပါပြီ ၁၉၉ဝရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ ့ပတ်သက်တုန်းကတစ်ခါ ၂၀၁ဝ မှာမှတ်ပုံတင် ရေး ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ ့ပတ်သက်တုန်းကတစ်ခါ အဲ့ဒီ နှစ်ကြိမ်စလုံး ထဲ ကျွန်မ မပါခဲ့ပါဘူး ဒါပထမဦးဆုံး ၃ ကြိမ်(မြောက်)မှာ ကျွန်မပါဝင်ခဲ့တာပါ ။ ဘယ်လိုဘဲဖြစ်ဖြစ် ၁၉၉ဝ ရွေးကောက်ပွဲနဲပတ်သက်လို ့ဘဲဖြစ်ဖြစ်၂၀၁ဝ […]


ေမွာ္ဆရာNovember 17, 20111min1237
ဝင်ဗျာ တင်ဗျာ … အမေစုရာ ဘာမှလုပ်ပိုင်ခွင့်မရှိလို့ ကိုယ့်ပါတီဆိုင်းဘုတ် ဖြုတ်အချခံရတာ၊ ကိုယ့်ပါတီဝင်တွေ အဆွဲခံရတာတောင် ဒီတိုင်းထိုင်ကြည့်နေခဲ့ရတာမလား .. လူဗိန်းတစ်ယောက်လိုပြောမယ် လုပ်ပိုင်ခွင့်မရလဲ ပြန်ထွက် … အမျိုးသားညီလာခံတုန်းကလိုပေါ့ … သမ္မတ ရာထူးလောက် မပေးပါနဲ့ဦး ဖြစ်သေးတယ် … ပြည်ထဲရေးဝန်ကြီးလောက်ဖြစ်ကြည့် အောက်ခြေအဖွဲ့အစည်းတွေ တော်တော်ကို စည်းကမ်းတကျ ဖြစ်လာမှာ ဒေါ်စုလဲ ဟိုသွားဒီသွားဆို နိုင်ငံတော်အဆင့် ပွိုင့်ကားနဲ့ သက်တော်စောင့်နဲ့ နောက်က ကင်မရာအဖွဲ့နဲ့ ဖြစ်လာမှာ ကြည့်ချင်တယ် .. ဝမ်းသာချင်တယ် .. ကျွန်တော်တို့လဲ လွပ်လွပ်လပ်လပ် ထွက်ပြီး လက်ပြလို့ရပြီ …။ အမေစုကို ချစ်တယ် အော်လို့ ရပြီ .. ဗိုလ်ကြီး ဗိုလ်လေးတွေလဲ ဒေါ်စုက ဝန်ကြီးဆိုတော့ တွေ့ရင် ဒေါ်စုကို […]


theinlwinNovember 17, 20111min17110
တင်မလား၊ ဝင်မလား…              မောင်သာရ ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင်… လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့… ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်… ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’… မှတ်ပုံတင်မလား…ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ ့အမျိုးသားဒီမိက်ရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ… အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။ ပြည်သူတွေထဲမှာတော့… တင်သင့် ဝင်သင့်တယ်လို ့လက်ပန်းပေါင်းခတ်ပြီး ကြိုဆိုယူဆကြတဲ့လူတွေရှိသလို… ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးတုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကဆန် ့ကျင်သပိတ်မှောက်ပြီးကမာ္ဘအရပ်ရပ်ကလဲကလိမ်ကညစ်ရွေးကောက်ပွဲအဖြစ်ရှုတ်ချခဲ့ကြတဲ့ အတိုင်း…ထွေးပြီးသားတံတွေးကို ပြန်မျိုမချသင့်သလို မဝင်သင့် မတင်သင့်ဘူးလို ့ပြတ်ပြတ်သားသား လက်မခံခဲ့ကြတဲ့လူတွေလဲရှိပါတယ်။ ဘာမှ မပြောပလောက်တဲ့  အမတ်၄၈နေရာသာရှိတဲ့ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ’ပြင်’ပေးပြီး… ဒူးထောက်ခိုင်း […]


theinlwinNovember 16, 20111min19524
ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ…        မောင်သာရ သိတယ်နော်…၊ အခုလာတော့မယ့် နိုဝင်ဘာလ၁၈ရက်နေ ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ ့… ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို… ဆုံးဖြတ်မယ်လို့ ကျေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ ့ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက်… ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ သည်ကနေ ့၃ရက်အလို နိုဝင်ဘာလ ၁၅ရက်နေ ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့… ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့အရွေးချယ်ခံလွှတ်တာ်ကိုယ်စားလှယ်၂ဦးအပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့…လက်မှတ်ရေးထိုးကန့်ကွက် ထားပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလဲ… မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကျေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လိုကျေညာကြအုံးမယ်တော့ […]


timothyNovember 15, 20111min881
ရောင်းရင်းတို့ရေ။ အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။ စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊ စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။ ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။ ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊ အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။ ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။ ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။ စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊ စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။ အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။ လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။ တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။ အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။ အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊ အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။ စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။ အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။ အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။ NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။ အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။    


theinlwinNovember 12, 20111min21714
ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့…လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကန်တော့ပွဲက ကျင်းပသင့်ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက်ကြိုဆိုရမယ့်ပွဲလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လဲ စောင်းစေခဲ့ပါ တယ်။ ပြီး အကန်တော့ခံလူကြီးအရေအတွက်ကလဲ ဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင် အားလုံးမဟုတ်ပဲ…ထောင်ပြန်အုပ်စုဂိုဏ်းဂဏ သဘောနဲ ့… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးဝင်းတင် ၃ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလဲ… လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။ သည်ဖြစ်ရပ်က… ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ထဲမှာ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ အမြစ်တွယ်နေခဲ့တဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီး…ပထမဆုံးအကြိမ် လူသိရှင်ကြား ပွင့်ထွက်ပေါက်ကွဲလာခြင်းဖြစ်ပါတတယ်။ စောစောပိုင်းကတော့ သည်ခေါင်းဆောင်၃ဦး နှစ်ရှည်လများ […]


kaiNovember 5, 20112min20420
ဒီနေ့ ညနေရုံးကစောဆင်းပြီး ဟောလိဝုဒ်က ချိုင်းနီးစ်သီရေတာမှာ ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် THE LADY‎သွားကြည့်တယ်..။ ရှယ်ရှိုးပေါ့..။ မနေ့ကလည်း.. အိမ်နားမှာ တခါပြသွားသေးတယ်လေ..။ အဲဒီမှာလည်း ရုံပြည့်ပါတယ်..။ အလကားပြတာကိုး..။ အဲဒါ..ကြည့်ထားတာလေး..ရုပ်ရှင်  ရီဗျုးနည်းနည်းလုပ်ပေးမလို့ပါ..။ ချိုင်းနီးစ်သီရေတာဆိုတာက.. ဟောလိဝုဒ်မင်းသားမင်းသမီး ဆယ်လီဘရိတ်တီတွေ.. လက်ရာခြေရာတွေ.. ကျောက်ပြားပုံနှိပ်ထားတာရှိတဲ့.. အခင်းပြင်လေးဘေးက..သမိုင်းဝင်ရုပ်ရှင်ရုံပါ..။ အကယ်ဒမီပေးပွဲလုပ်တဲ့.. ကိုဒတ်သီရေတာအောက်ထပ်ကပေါ့..။ စပွန်ဆာက.. အော့ဒီကားကမ္ပဏီကပါ..။ အဲဒါ ဦးစီးလုပ်တာက..AFI American Film Institute ဖြစ်တယ်..။ ပွဲကို ..မင်းသမီးမစ်ရှဲနဲ့ ပရိုဂျူဆာဘက်ဆင်န်တို့လာတယ်..။ ရုပ်ရှင်မပြခင်.. မိတ်ဆက်ထွက်ပြီးလူလုံးပြ….နောက်ရုပ်ရှင် တန်းပြတာပါပဲ..။ နေ့လည်ကတည်းက..အနားက ဟောတယ်မှာ မီဒီယာအစီအစဉ်ဖွင့်ထားပေမဲ့… ကျုပ်မသွားဖြစ်ခဲ့ပါဘူး..။ ညရုပ်ရှင်ပြီးတော့.. အဲဒီဟော်တယ်မှာ.. ဒင်နာပွဲရှိပါတယ်..။ အဲဒါတော့.. ခဏသွားကြည့်လိုက်ပါတယ်..။ ဆိုတော့.. ရုပ်ရှင်ကို.. စဖွင့်တာက.. ကလေးဘဝကဒေါ်စုကို… ဗိုလ်ချုပ်အောင်ဆန်းက.. မြန်မာတွေရဲ့.. ရွေရောင်လွှမ်းတဲ့ […]


ကထူးဆန္းOctober 17, 20111min1105
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း By Yangon Times Journal အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ကိစ္စက အရင်ကထက်စာရင် တိုးတက်လာတယ်လို့ တစ်ချို့က သုံးသပ်နေကြပါတယ်။ အန်တီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ပြီးတဲ့နောက် နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့တာလည်း ကျွန်တော်တို့ တွေ့ရတဲ့အတွက် လက်ရှိအစိုးရနဲ့ သွားနေတဲ့ Dialogue အခြေအနေအပေါ်ကို အန်တီ ဘယ်လို သုံးသပ်ပါလဲ။ အန်တီအားရပါတယ်။ ပြည်သူတွေကလည်း မျှော်လင့်သလို အန်တီတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အန်တီ အမြဲပြောသလို မျှော်လင့်ရုံနဲ့ မကဘူး။ အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်၊ ဆက်ပြီး ကြိုးစားရပါမယ်၊ ဒါအစပဲ ရှိသေးတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အစကတော့ ကောင်းနေပြီ၊ အနှောင်းသေချာအောင် လုပ်ဖို့ပဲ လိုပါတယ်။ အန်တီလဲ […]


အကြောင်းအရာ – အောက်တိုဘာ၁၂ရက်၊ ၂၀၁၁ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဦးသိန်းစိန် စစ်အစိုးရ မှလွှတ်ပေးမည်ဆိုသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ သဘောထား။ အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ စိုးရိမ်ပူပန်ချက်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အသိပေး တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုကြောင်း၊ သဘောထား မတူသူများနှင့် စေ့စပ်ညှိနှိုင်း သွားလိုကြောင်း၊ အစိုးရ အပြောင်းအလဲ (Regime Change) မဟုတ်ဘဲ စနစ်အပြောင်းအလဲ (System Change) လုပ်ဆောင်နေကြောင်း အစဉ်တစိုက် ဒေါ်စုပြောဆိုခဲ့တာ သတိပြုမိပါသည်။ ကြောင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန်သကဲ့သို့ ဒေါ်စုလိုလားသည့် အရပ်သားနိုင်ငံရေးစနစ် ကို ယုံကြည်သူများ ဖြစ်ကြပါသည်။ နိုင်ငံရေးတွင် […]