ေဇာ္ရီApril 17, 20121min30036
ဘယ်လိုပြောရမှန်းတောင် မသိတောပါဘူး စိတ်တော မကောင်းပါဘူး MG ရွာသားတစ်ယောက် အဖြစ် ရောက်ရှိလာပြီး မကြာခင်ပဲ ထွက်သွားရတောမယ်ဆိုတော… ကျတော့ကြောင့် ရွာသားတွေ အနှောက်အယှက်ဖြစ်ခဲတာတွေ အတွက် တောင်းပန်ခဲပါတယ်… ဘာကြောင်း ဝင်လာခဲတယ်… ဘာအတွက်ကြောင်းထွက်သွားတောမလဲဆိုတာလဲ ပြောပြခဲရပါစေ… ဒီလိုပါ အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ၂၀၀၄ လောက်ကတည်းက မောင်နမ အရင်းတွေပမာ ခင်လာခဲရသော သူငယ်ချင်းက အဘဖောရဲ့ နံပါတ် ၁၈ လင့်လေးကို ပေးပြီး ဝင်ရောက်ဆွေးနွေးဖို့ အကြံပြုတော အဘဖော တင်ထားတာရော အောက်က ပြန်ထားတာတွေပါ ဖတ်ကြည့်ပြီး အချင်းချင်းကြား နားလည်မူ့ တစ်ခု ရကောင်းပါတယ်လို့ ယူဆပြီးတော အဘဖောရဲ့ နံပါတ် ၁၈ အောက်မှာ စတင်ဝင်ရောက် ဆွေးနွေးခဲတာပါ… အဘဖောကို တစ်ခုလောက် တောင်းဆိုပါရစေ… […]


Foreign ResidentApril 14, 20123min33827
စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )   ဟဲဟဲဟဲ ၊ Return of အဘ ဖေါ ၊ ဒန် ဒန့် ဒန် ။ ဒန် ဒန့် ဒန် ။ အဘဖေါ ပြန်ရောက်လာပါပြီကွယ် ။   ဟဲဟဲ ။ ဟဲဟဲ ။ Sorry ပါကွယ် ။ Swal Taw Ywet က အကြံပေးထားတဲ့ အတွက် အဲဒီ ” ဟဲဟဲ ၊ ဟဲဟဲ ” တွေကို ယခုမှစပြီး ၊ ရှောင်သုံးပါ့မယ် ။ ဟဲဟဲ ။ […]


၂၀၁၂ခု၊မတ်လ(၁၀)ရက်နေ ့ သံတွဲမှစတင်ထွက်ခွာဖြစ်ပြီး၊ဧပြီလ(၇)ရက်နေ ့တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။စတင်ထွက်ခွာခဲ့ရာ သံတွဲမှ တောင်ကုတ်(၄၄မိုင်)၊ထို ့နောက် တောင်ကုတ်တောင်ကြားလမ်းအတိုင်း ဥသျှစ်ပင်(၈၅မိုင်)၊ဆက်ပြီး ပုသိမ်-မုံရွာလမ်း(၁၀၆မိုင်)အတိုင်း ပဒန်း၊မင်းဘူး၊မကွေး။မကွေးမှ ပြည်သို ့(၁၄၅မိုင်) နဂိုလမ်းဟောင်းအတိုင်းဆက်ခရီးနှင်ခဲ့သည်။လမ်းတလျှောက် ဓါတ်ပုံများရိုက်ကူးလာနိုင်ခဲ့သော်လည်း ပျက်စီးသွားသည်များရှိသလို၊တန်ဖိုးရှိသော ပုံများမှာ ကံကောင်းသည်ဟုဆိုရပေမည်။ ပြည်မှ ရန်ကုန်သို ့ရောက်ရှိပြီး မှတ်မှတ်ရရ မမဆူးထံ အလှူငွေထည့်ဝင်နိုင်ခဲ့သည်။ရန်ကုန်မှတောင်ငူ၊ထိုမှတဆင့်တောင်ကြီးခရီး၊ပြီးနောက် တလတာ အလည်အပတ်အဆုံးသတ်လေ၏။လူလဲမော၊ငွေလဲ ကုန်ပါလေသည်။မှတ်မှတ်ရရ ပုံများထဲမှ အကောင်းဆုံးဟု ကိုယ်တိုင်ထင်ရသမျှတင်ပေးပါမည်။ မှတ်ချက်ချီးမြှင့်ပေးစေလိုပါသည်။လမ်းခရီးတလျှောက် အစစရာရာ လိုရာရောက်အောင် ကူညီပေးခဲ့သော စီးတော်မြင်းကြီး CBR-150i ကိုလဲ ကျေးဇူးတင် ကြောင်းပြောရပါမည်။ထပျက်နေရင် ဒုက္ခမဟုတ်ပါလား။                               […]


San Hla GyiApril 14, 20121min25843
(ဒီဆောင်းပါးကို မရေးခင် အဘတဦး ပြောသလို အတော်စဉ်းစားပါသည်။ ရင်နာနာနဲ့တော့ မရေးပါ။ ကိုယ့်ယုံကြည်ချက် အတိုင်းရေးပါသည်။ သမိုင်းအကြောင်းရေးရာမှ အငြင်းပွားစရာများ ဖြစ်လာသောကြောင့် ကိုယ်လည်းတချက်ဝင်ရေးကြည့်ပါသည်။အဓိကမှာ ဆောင်းပါးပါ အချက်များနဲ့ပက်သက်ပြီး သဘောမတူသည့် အချက်များရှိသလို အဓိကကရည်ရွယ်ချက် လွဲနေတယ် ထင်လို့ပါ။ မှားတာတွေ့လျှင်လည်း ဆွေးနွေးပေါ့ဗျာ။ စကားပြောဟန်နဲ့ ရေးကြည့်သလို စာရေးဟန်နဲ့ရော လိုအပ်တဲ့နေရာမှာ တိုက်ဆိုင်တယ်ထင်တဲ့ ဥပမာလေးတွေရောပေါ့ သိပ်မကောင်းပေမယ့် စေတနာနဲ့ပေါ့ ကဲ စပါပြီ)။ ကဲ အဘဖောရေ ခင်ဗျားက အဘပါဆိုတော့လည်း အဘပေါ့ဗျာ။ အဘရေ ကိုယ်ပြောတဲ့ ရေးတဲ့ စကားတွေက ကိုယ့်သဘောထား ကိုပြနေပါတယ်ဗျာ။ ပညာတတ် လူယာဉ်ကျေးဆိုတာ အဲဒါကိုခေါ်ပါတယ်။ “ယာဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိူးများ” ကြောက်စရာကောင်း လိုက်တဲ့ အသုံးအနှုန်းတွေ ပါလားဗျာ။ ကျနော်ရေးတဲ့ […]


yama nyaApril 14, 20121min611
           ကျွန်တော့်ရဲ  ့ “ညီနောင်သားရင်း သွေးချင်းနီးစေ” ဆို ့တဲ့ ပိုစ့်အောက်မှာ ကိုဇော်ရီက ကျွန်တော်နဲ ့ ထပ်တူ မကျတဲ့ အမြင့်အချို ့ကို Comment မှာ ပြန်လည် ဆွေးနွေးထားတာကို ဖတ်ရပါတယ် ။ ဒီအတွက် ကျွန်တော် ကိုဇော်ရီကို ကျေးဇူးတင်ပါတယ်လို ့ပြောချင်ပါတယ် ။ ကျွန်တော် MG မှာ စာတွေ ဝင်ရေးနေတာ ဟာ အခုလို မတူညီတဲ့ အမြင်တွေကို ဆွေးနွေးဖလှယ်ချင်လို ့ပါပဲ ။ ကျနော် ဒီအကြောင်းကို ကျနော့်ရဲ ့ ပထမ ဆုံး ပိုစ့်မှာလည်းပြောခဲ့ပြီးပါပြီး ။ လူတစ်ဦးချင်းစီရဲ ့အတွေးအခေါ် ၊ အယူအဆ ၊ ထင်မြင်သုံးသပ်ချက်တွေဟာ တစ်ယောက်နဲ ့ […]


yama nyaApril 12, 20121min1518
တကယ်တော့ ကျွန်တော်တို ့ နိုင်ငံမှာ တိုင်းရင်းသားအရေးနဲ ့ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တာဟာ ဆတ်ဆတ် အထိမခံတဲ့ ကိစ္စတွေပါ ။ တိုင်းရင်းသားလို ့ ပြောရင် ဗမာနဲ ့ အခြားလူမျိုးစုတွေကို ခွဲမြင်နေကြတယ် ။ ဒါဟာ ညီညွတ်ရေးကို ထိခိုက်စေတယ် ။ ဘုရင်ခေတ်က အစဉ်အလာတွေဟာ အခုချိန်ထိလည်း မပျောက်သေးပါဘူး ။ ကြီးနိုင်ငယ်ညှင်း ဝါဒတွေ ။ လက်နက်ရှိရင် စည်းကမ်းဥပဒေဆိုတာ မရှိကြတော့ဘူး ။  ဒါဟာ လက်နက်ကိုင်အားလုံးရဲ ့ လမ်းစဉ်ပဲ ။  လူထုကပဲ ကြားက မြေဇာပင်ဖြစ်ရတယ် ။ ကျနော်တို လိုချင်တာက လူ ့ဂုဏ်သိက္ခာနဲ ့ ပြည့်စုံတဲ့ အသက်ရှင်သန်မှုမျိုးပဲ ။  စဝ်ရွေသိုက် သမ္မတဖြစ်လဲ  […]


ေဇာ္ရီApril 12, 20121min18211
အဘဖောက တိုင်းရင်းသားတွေနေရာက ဝင်ရေးခဲတယ်… ဒီလိုပဲ ရွာစားကျော်ကလဲ ဗမာတွေ နေရာက ဝင်ရေးခဲပါတယ်… ကျတော် ဖတ်ရသလောက်ကတော နှစ်ယောက်လုံးဟာ သူ့နေရာကနေ သူမှန်ကန်နေကြပါတယ်…. ဒီတော ဘယ်ဟာက လိုနေတာလဲ ဆိုတာ ကျတော်တို့ အဖြေမရှာသင့်ပေဘူးလားဗျာ… အဖြေရှာဖို့အရေး ကျတော့ရဲ့ အမြင်လေး တစ်ခုလောက် တင်ပြ ဆွေးနွေးပါရစေ…. တိုင်းရင်းသားတွေ လိုချင်တာ ဗမာတွေကို ပြန်ကလဲ့စားချေဖို့ မဟုတ်ပါဘူး၊ ဗမာတွေကို သတ်ချင်နေတာ မဟုတ်ပါဘူး။ ကိုရွာစားကျော်ပြောသလို အသက်သေပေးတယ်ဆိုတာ ဘာမှ အကျိုးမရှိတဲ့ အလုပ်ပါပဲ၊ ကျတော့ကို သတ်ချင်တဲ့သူ ရှိရင်တောင် သူ့ကို သတ်ခွင့်မကြုံအောင်နေပြီး သူ သတ်ချင်စိတ်ပျောက်အောင်ပဲ ဖန်တီးဖို့ ကြိုးစားမိမှာပါ… ဒါဟာ သေရမှာ ကြောက်လို့ မဟုတ်ပါဘူး… သူ့ကို အပြစ်မဖြစ်စေချင်တဲ့ ဆန္ဒပါ… “ကျတော့ […]


မြန်မာ့သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ကြရမယ် လို့ ပြောထားဖူးလေတော့ကာ အားလုံးကို ကျနော်ကြိုပြီး ဝန်ခံထားချင်တာတွေရှိပါတယ်။ ကျနော်ဟာ တော်တော်ကြီးကို အ.ပြီး တော်တော်ကြီးကိုညံ့တဲ့ လူအ.လူညံ့လေး တစ်ယောက်ပါဗျာ။ ဆယ်တန်းမှာ သချင်္ာ ၉၅ မှတ်ရအောင်ဖြေနိုင်ခဲ့ပေမယ့် သမိုင်းအဖြေလွှာမှာ ၁၅ မှတ်ဖိုးလောက် ပါသွားဖို့ အတော်ဖြစ်ညှစ်ရေးခဲ့ရလောက်အောင် ညံ့လှ၊ အ.လှ ပါတယ်။ ကိုစံလှကြီး ရေးနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ ပို့စ်တွေကိုလည်း ရှေးရှေး တခေတ်ဆီက ဘုရင်တပါးအကြောင်းရယ်သာပဲလို့ (ကျနော့အနေနဲ့) ဟိုးငယ်ငယ် မောင်ရှင်လောင်းလှည့်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်လောက်တောင် ပြန်အောက်မေ့စရာမထင်ခဲ့တော့ ဖွင့်မဖတ်မိတဲ့အကြောင်း ထပ်ပြီး ဝန်ခံပါအုံးမယ်။ ဘဖောကြီးရေးတဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) ကိုဖတ်မိတော့မှပဲ ဟာ.ဟင်ဆိုပြီး ရွာထဲမှာခေါင်းစားနေကြတဲ့အကြောင်းသိပြီး ဦးအောင်ဇေယျကိုရော၊ လူမျိုးကြီးဝါဒ မြန်မာပြည်ကိုပါ ပြန်လှန်လှောကြည့်မိပါတော့တယ်။ အဲဒီကမှ […]


kaiApril 11, 20121min108534
လူမျိုးရေးနဲ့မြန်မာပြည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။ ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။ မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။ ကုလားမြန်မာအဓိကရုဏ်း ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။ အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။ ၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ […]


Foreign ResidentApril 9, 20125min542107
စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )   အခု အဘရဲ့ ဒီ Post က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ (အပိုင်းသုံး) မှာ စာရေးသူ San Hla Gyi ရဲ့ Comment ကိုပြန်စာပါ ။ စာက နဲနဲ ရှည်တော့ Post တင်လိုက်ပါတယ် ။   ဒီစာကို ရေးခါနီး အဘ အတန်တန် စဉ်းစားပါတယ် အထူးသဖြင့် အမှန်ကိုပြောတာ ဖြစ်သော်လည်း အပြောကောမှန်ရဲ့လား လို့ပေါ့လေ ။   သို့သော် တွေ့တွေ့လာသမျှ အခြေအနေတွေ အရ မတရားမှုကို မတရားမှု မှန်း သေချာမသိ ဝေဝါး […]


San Hla GyiApril 7, 20121min34531
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။ စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။ ၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။ ၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။ မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။ ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။ ၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။ ၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။ သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။ ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။ […]