kaiMay 11, 20121min75736
“NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှသတင်းထောက်အားကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းနှင့်မီဒီယာသမားများကိုစော်ကားပြောဆိုခြင်းကိုညှိနှိုင်းဆောင်ရွက်ပေးရန်NLDသို့ပေးပို့ထားသောစာ” ခေါင်းစဉ်နဲ့ ဖေ့စ်ဘုတ် မှာတင်ထားတာကို ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်..။ http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှ ကူးယူတာဖြစ်ပါကြောင်း..။


နိုင်ငံတော်သမ္မတ၏ သတင်းများကို နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှ စတင်လွှင့်တင်သွားမည် ဖြစ်ကြောင်း ကြားတာကို မန္တလေး ဂေဇက်မှာ တဆင့်ပြန်လည် ကြေညာမောင်းခပ်အပ်ပါသည်။ ဝက်ဘ်ဆိုက်ပေါ်တွင် အဖွင့်စာမျက်နှာ၊ မိန့်ကြားချက်၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်ကဏ္ဍ စသည့် ကဏ္ဍခွဲများပါရှိပါတယ်.. Latest News ဆိုတဲ့ လင့်ခ်မှာတော့ ယနေ့ နံနက်ပိုင်း နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော အစည်းအဝေး သတင်းအား ဖော်ပြပါ ဆိုက်တွင် လွှင့်တင်ထားပြီးဖြစ်၍ စိတ်ဝင်စားသူများ ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ P.S.. တလက်စတည်း (Government Websites) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်များ ကိုလည်း သိရသလောက် တပါတည်း တင်ပြလိုက်ပါတယ်။ လို အပ် လျှင် အ […]


မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ပိတောက်တွေပွင့်ပြန်ပါပြီ။ အမေစုရွေးကောက်ပွဲဝင်ဖို့ အချိန်တုံးကလည်း အမေခြံထဲက ပိတောက်ပင်ကြီးမှာ ပိတောက်တွေပွင့်ပါတယ်။ အတိတ်ကောင်းနိမိတ်ကောင်း လို့မြန်မာလူမျိုးများကယူဆကြပါတယ်။တကယ်လည်း မြန်မာလူမျိုးတို့ရဲ့ တန်ဖိုးထားသော မင်္ဂလာပန်းလည်းဖြစ်ပါတယ်။ လွန်ခဲ့သော (၂၂)နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သတိရမိပါတယ်။ ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။ မူရင်းလင့်က…ဒီမိုဝေယံကရပါသည်။ ရွာထဲမှာ မအိက ပိတောက်တစ်ခိုင်တင်ထားတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့တင်ပေးလိုက်တာပါ။ အလှထူးပါဘိ လတန်းခူးရယ်မှ ထိန်ထိန်ဝါ… ဘယ်နှယ့်ကြောင့် ကဆုန်မှာ ထိန်ထိန်ဝါ… သင်္ကြန်မှာ မိုးကမရွာ…ကဆုန်မှာမှ ကိုရွှေမိုးကရွာ… သကြားမင်းတောင် ဆင်းလို့ကြိုတာ မေလ(၂)ရက်နေ့မှာပါ။ ကြိုက်ကြိုက်မကြိုက် ကိုက်ကိုက်မကိုက်ကိုက် ကာရံလည်း လိုက်လိုက်မလိုက်လိုက် ကိုယ်ဘာသာကိုယ် ရေးချင်သလိုရေးလိုက်တဲ့… ကဗျာတပိုဒ်… ဆြာ့၊ဆြာ၊ဆြာကြီးများအား လေးစားခင်မင်လျှက်… ဇော်မင်း…  


ဒီနေ ့ မေလ(၂)ရက်နေ ့ သူခွဲခွာလို ့သွားခဲ့တာ (၆)နှစ်ပြည့်ခဲ့ပီ။သူ ့လုပ်ဖော်ကိုင်ဖက် တပည့်သားမြေး တွေ မျှော်နေပေမယ့် ၂၀၀၆ခုနှစ် မေလ(၂)ရက်နေ ့ကတည်းက သံတွဲဆေးရုံ မှာ နောက်ဆုံးထွက်သက် ချိန်ထိ သူစကားတခွန်းဘဲပြောခဲ့နိုင်ပါတယ်။“ငါ့အမျိုးတွေ ညီစေ”တဲ့။ ဦးမြင့်သန်း အမှတ်တရ ပွဲ ဓါတ်ပုံတွေကို စတင်ပေးတဲ့ ဖေ့စ်ဘွခ်စာမျက်နှာ http://www.facebook.com/88GenerationStudents ကိုကျေးဇူးတင်ရပါမယ်။ပုံ(၂)ပုံဘဲတင်ထားပေမယ့် မေလ(၆)ရက်နေ ့နောက်ပိုင်းမှာ ပိုစုံလင်အောင်တင် ပေးနိုင်မယ် မျှော်လင့်ပါတယ်။ဒီအခမ်းအနားမှာ ကျနော်မရှိနိုင်ပေမယ့် ကျနော့်ထက်ပို အရေးကြီးသူဖြစ် တဲ့၊သူ ့လက်ပေါ်မှာ ဆုံးပါးသွားတယ်ပြောနိုင်တဲ့ ဆရာဆီက ဓါတ်ပုံများ ယူ၍အားလုံး မြင်ရ၊တွေ ့ရအောင် ဝေမျှပေးပါမယ်။ ဒါလေးက ဖေ့စ်ဘွခ်မှာ တင်ထားတာလေးပါ။   ၂၀၀၆ ခုနှစ်၊ မေလ ၂ ရက် ၊ သံတွဲထောင်တွင် ကွယ်လွန်သွားခဲ့သော ဦးမြင့်သန်း အတွက် ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရကို ရှမ်းပြည်နယ်၊ […]


BBC သတင်းဌာနကြီး၏ အထူးထုတ် မြန်မာပြည်မြေပုံကြီးအား ကြည့်ရူ့ကာ အလွန်အမင်း စိတ်ပျက် ဒေါသထွက်နေရသော မြန်မာပြည်သူပြည်သား အပေါင်းတို့အား သူကြီးမှ ရိုဟင်ဂျာခေါ်ဆိုသည့် လူမျိုးစုများ ရခိုင်ပြည်နယ်တွင် လွန်လေပြီးသော အခါက နေထိုင် ခဲ့ကြသည်ကို ကြားဖူးသည် (ဝါ) မကြားဖူးပါ ဆိုသည့် စစ်တမ်းတစ်ခု ပြုလုပ်အရေးဆိုရန် လိုအပ်နေပြီဖြစ်ပါသည်။ ကျွန်တော်လည်း သတင်းအတော်များများနှင့် ထိုသတင်းအတွက် မြန်မာပြည်သူပြည်သားများ ကိုယ်စား လှုပ်ရှားအရေးဆိုနေကြသူများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိပါသည်။ ကျွန်တော်ဖတ်မိသော၊ အသိမိတ်ဆွေ တစ်ဦးမှ ပေးပို့ထားသော သတင်းတစ်ပုဒ်အား ဖောက်သည်ချ၊ ဖတ်ရူ့ကာ မှားသည်၊ မှန်သည် ဝေခွဲကြပါကုန်။ အောက်ပါလင်ဒ့်အား ဖေ့ဘွတ်အကောင့်ရှိ့သူများ ဖတ်နိုင်ပါသည်။ ထိုပို့စ်တင်သူမှာ ကျွန်တော်သခင်သူရိန်မဟုတ်ဘဲ ထိုစာများမှာ ဂဇက်မှ မိတ်ဆွေအပေါင်း ရောင်းရင်းအပေါင်းအား ကျော်ဖတ်မိမည်၊ မသိလိုက်မည်စိုးသဖြင့် မောင်းကြေးနင်းခတ်လိုက်ရပါသည်။ […]


အခုပဲ…နေ့သစ်မှာဖတ်လိုက်ရလို့…ရွာသူရွာသားများလည်းဖတ်ကြည့်စေချင်တဲ့ဆန္ဒကြောင့်ဖေါ်ပြပေးလိုက်ပါတယ်။ လင့်...့http://www.naytthit.net/?p=26697… အောက်တွင်ဖေါ်ပြထားသော ကွန်မန့်လေးတွေပါဖတ်ကြည့်စေချင်ပါတယ်။ပြီးတော့မှ ဝိုင်းပြီးပွါးကြတာပေါ့ဗျာ…။ ဂေဇက်မှ ဆြာ့၊ဆြာ၊ဆြာကြီးများလည်း ဝင်ရောက်ဆွေးနွေးလို့ရအောင် နေရာလေးပြပေးတာပါ။ ကဲ…ရွာသားတို့ရေ…ဒိုူ့လူလေးများ ဆိုသလေး…. လွှတ်တော်ထဲကို ဝင်ရင်…လူပျက်တွေတွဲလို့..(အဲမဟုတ်ပါဘူး) အမတ်တွေနဲ့တွဲလို.. အနဲအုပ်က တစ်ရာနှစ်ရာ မဗေဒါတစ်ပင်ထဲ ပန်းပန်လျှက်ပါပဲ…  


အာဂApril 30, 20121min1247
Yangon Media Group , 30 April 2012 — အမိုျးသားဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်တက်ရေး မတက်ရေး နှင့်ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများသို့သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြား ခဲ့သည်များကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ” အခုအမိုျးသား ဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်ကိုယ်စားလှယ် တွေလွှတ်တော်တက်ရေး၊ မတက်ရေး ကိစ္စက ခဏ၊ခဏမေးနေတဲ့ကိစ္စမို့ လို့ အဖြေရပြီဆိုတော့ ဒါကို မြန်မြန်လေး ရှင်းလိုက် ချင်တယ်။အဲဒီတော့ကျမ တို့အနေနဲ့ မနေ့တုန်း ကဆိုရင်တော့ ဒေါက်တာအေးမောင်လာတွေ့တဲ့ကိစ္စ ကိုလည်းအ များသိပြီးသားဖြစ်မှာပါ။ ဒေါက်တာအေးမောင် တို့ရဲ့ရေးတဲ့စာ ကိုထုတ်လား တော့မသိဘူး။ ဒါပေမယ့် မထုတ်ဘူးလား။ မထုတ်သေးဘူးဆို တော့အဲဒီ အကြောင်း အရာတွေကို သိအောင် […]


သားငယ္April 29, 20121min813
  ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ- ရေးသူ-ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးဘာသာပြန် ၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှှိုင်း ပြောင်းလဲရာမှာ […]


မနေ့က ကေလယ်မြို့လည်မှာ (Bersih)သန့်ရှင်းရေး၊အင်အား (၃၀၀၀၀)ဝန်းကျင်ခန့် ဆန္ဒထုတ်ဖေါ်ပြသခဲ့ပါတယ်၊ရဲနှင့်လုံထိန်းများက မျက်ရည်ယိုဗုံးများ၊မီးသတ်ပိုက်များ အသုံးပြု၍ လူစုခွဲခဲ့ပါတယ်။လူပေါင်း ၄၇၁ ဦးကိုလည်းထိန်းသိမ်းခဲ့ပါတယ်၊ သတင်းဓါတ်ပုံများကို…http://www.stratstimes.com/Breaking News/SEAsia/Story/STIStory-793815.html…မှရရှိပါသည်။ မလေးရှားနိုင်ငံအတွက်တော့နောက်ထပ် ရုပ်ဆိုးအကျီးတန်စေတဲ့ဖြစ်ရပ်တစ်ခုပါပဲ။


yama nyaApril 23, 20121min11210
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ယနေ့ ဧပြီလ ၂၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည်ကို ကိုကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိ နေခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်အား လွှတ်တော်တွင် ကြိုဆိုချင်ပါကြောင်း သို့ရာတွင် လွှတ်တော်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ သူမနှင့်သာ သက်ဆိုင် ပါကြောင်း သတင်းထောက်များအား တိုကျိုမြို့တွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖေါ်ပြထားပါ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် […]


yama nyaApril 21, 20121min996
အခုတလော Internet မှာ တော်တော်လေးကို ပွဲဆူနေတဲ့ ကိစ္စကတော့ NLD လွှတ်တော် တက်ရေး ၊ မတက်ရေး ဆိုတဲ့ ကိစ္စပါပဲ ။ ဒါကို လူအတော်များများက မိမိတို ့ရဲ ့ ယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း အမျိုးမျိုး ဆွေးနွေးတင်ပြနေကြတာကို တွေ ့ရပါတယ် ။ MG မှာလည်း ကျနော့်ရဲ ့အမြင်တွေကို နည်းနည်း လောက် ဆွေးနွေးခွင့်ပြုပါ ။ ဒါကတော့ အားလုံးသိပြီးသားဖြစ်မယ့် (၂၃.၄.၂၀၁၂) ရက်နေ ့လွှတ်တော် ပြန်စရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်တွေအနေနဲ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်မှာ ကတိသစ္စာ ပြုတဲ့အခါ ”နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်” စာသားအစား ”နိုင်ငံ […]


yama nyaApril 19, 20121min762
ကျွန်တော် ဒီလင့်   http://phophtaw.org/burmese/index.php/feature/1464-2012-04-19-04-51-51.html လေးမှာ ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရှုထောင့်တစ်ခုကနေကြည့်ပြီး သဘောကျလို ့ MG ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ။   အိမ်ခြေ ၁၀ဝ တောင် မပြည့်တတ်တဲ့ ရွာကလေးက နှစ်ခြမ်းကွဲ နေလေပြီ။ ဘုန်းကြီးကျောင်းက နှစ်ကျောင်း ကွဲသွားပြီ။ ရွာရဲ့ အစည်ကားဆုံးချိန်လို့ ပြောရမယ့် ကထိန်ခင်းပွဲကျတော့လည်း ကျောင်းနှစ်ခု ကွဲသွားတော့ အရင်လို မစည်ကားတော့။ နှစ်စဉ် သဇင်ပန်း ပွင့်ချိန် ရွာလယ် ညောင်ပင်ကြီး အောက်မှာ ရွာနတ်ကို ပူဇော်ပသတဲ့ နတ်ပွဲ ကျတော့လည်း သီးသန့်စီ ခွဲလုပ်နေကြတယ်။ သာရေးနာရေး ကိစ္စတွေမှာလည်း သူ့အုပ်စုနဲ့ သူပဲ ဖိတ်ကြတော့တယ်။ မတည့်ကြတဲ့ အုပ်စုနှစ်စုက  လူတွေက တယောက်မျက်နှာ […]


ေဇာ္ရီApril 19, 20121min26825
ဟောလုပ်ပြန်ပြီ နောက်တမျိုးလို့တော မဆိုပါနဲ့ ဆက်စပ်စဉ်းစား တွေးခေါ်နိုင်စေဖို့ပါ… ဒါဟာ မှန်တယ် မှားတယ် ကျတော် မပြောပါဘူး ကိုယ်တိုင် ဆင်ခြင်ပြီး ဟုတ်၏ မဟုတ်၏ လို့သာ ကိုယ်တိုင် ဝေဖန်ကြည့်ကြပါတော…