Foreign ResidentApril 9, 20125min539107
စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )   အခု အဘရဲ့ ဒီ Post က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ (အပိုင်းသုံး) မှာ စာရေးသူ San Hla Gyi ရဲ့ Comment ကိုပြန်စာပါ ။ စာက နဲနဲ ရှည်တော့ Post တင်လိုက်ပါတယ် ။   ဒီစာကို ရေးခါနီး အဘ အတန်တန် စဉ်းစားပါတယ် အထူးသဖြင့် အမှန်ကိုပြောတာ ဖြစ်သော်လည်း အပြောကောမှန်ရဲ့လား လို့ပေါ့လေ ။   သို့သော် တွေ့တွေ့လာသမျှ အခြေအနေတွေ အရ မတရားမှုကို မတရားမှု မှန်း သေချာမသိ ဝေဝါး […]


ဖိုးထောင်April 8, 20121min1229
တချိန်က တီဗီမင်းသားကြီးလို့လူသိများတဲ့ စစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က ဒီပဲယင်းအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေစေလွှတ်ပြီး ကယ်တင်ခဲ့ပါတယ်တဲ့ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှန်တကယ်လုပ်ကြံခဲ့တာပေါ့ ဒီရာဇဝတ်မှုကို သမ္မတ အနေနဲ့ ဘယ်လိုအရေး ယူမှာလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရအောင် အောက်ကလင့်လေးမှာကြည့်နိုင်ပါတယ် http://www.rfa.org/burmese/news/assk-u-khin-nyunt-04072012220444.html


San Hla GyiApril 7, 20121min34531
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။ စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။ ၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။ ၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။ မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။ ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။ ၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။ ၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။ သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။ ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။ […]


learnerApril 5, 20121min16110
အမေရိကန်နိုင်ငံမှမြန်မာအပေါ်ချမှတ်ထားသော Sanctions တချို့ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း Secretary of State Hillary Clinton ကကြေညာခဲ့သည်။ ဒီလိုရုပ်သိမ်းမှုတွေမှာ ငွေကြေးဆိုင်ရာနှင့် ခရီးသွားလာခွင့်တွေ, အမေရိကန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှူ့တွေ ပါဝင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွါးရေး တိုးတက်မှုကို အထောက်အကူပြုမဲ့ရုပ်သိမ်းမှု တွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့အဖွဲ့အစည်းတွေကိုတော့ Sanctions ဆက်လက်ထားရှိသွားမယ်လိုသိရပါတယ်။ ဦးစားပေးအနေနဲ့ Master, Visa နဲ့ American Experess စတဲ့ Credit Cards အသုံးပြုမှုကိုခွင့်ပြုသွားမှာဖြစ်ကြောင်းလဲပြောပါသေးတယ်။   မြန်မာနိုင်ငံရဲ့အဓိကတင်ပို့ကုန်တွေဖြစ်တဲ့ကျောက်စိမ်း စတာတွေကိုတော့ပိတ်ဆို့ထားဦးမယ်တဲ့။ ကဲရွာသားတွေရော အမေရိကန်နိုင်ငံရဲ့ရုပ်သိမ်းမှုအပေါ် ဘယ်လိုတွေမြင်လဲ ဆိုတာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျ။     Sources: AFP, BBC.


maungmoenyoApril 5, 20121min1304
အမှန်ဆိုရလျင် ပြီးခဲ့သော ဧပြီ (၁)ရက်နေ့မှ ပေါ်ထွက်လာသော အမျိုးသားဒီမိုကရေစီ ၏ရွေးကောက်ပွဲ အပြတ်အသတ် အောင်မြင်မှုရလာဒ်သည် မြန်မာ့သမိုင်းစာမျက်နှာသစ်တစ်ရပ်ကို မြန်မာလူထုအတွက် မွေးဖွားလိုက်ခြင်းပင်ဖြစ်သည်။ ယင်းအောင်မြင်မှု နှင့်အတူ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သိက္ခာရှိသော အောင်မြင်မှု ကိုထိန်းသိမ်းပါ ဟူသော လမ်းညွှန်ချက်က အရွေးချယ်ခံ အမတ်အသစ်စက်စက် များ၏ ဂုဏ်ပုဒ်ကို ပိုမိုမြင့်မားသွားစေသလို၊ နိုင်ငံ၏ဒီမိုကရေစီရေး ကြိုးပမ်းမှုဂုဏ်ဒြပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်ပေးရာလည်းရောက်သွားပေသည်။ မြန်မာ့နိုင်ငံရေးကို သမိုင်းကြောင်းနှင့်ချီပြီးပြောရသော် ဥပဒေပြုလွှတ်တော်တွင် မူဝါဒချင်းမတူညီသော အတိုက်အခံပါတီ အနည်းဆုံးနှစ်ခု၏ ပါဝင်လာသော အရေးကိစ္စကား ကြီးမားသော နိုင်ငံရေးရေစီကြောင်းအပြောင်းအလဲကြီးတရပ်ဖြစ်သည်။ “ဖဆပလ” အစိုးရ လက်ထက် ရှိခဲ့သော တည်မြဲ နှင့် သန့်ရှင်း ပါတီကြီးနှစ်ရပ်၏တရားလွန်အားပြိုင်မှုက နိုင်ငံကိုစစ်အာဏာရှင်စနစ်ဆီသို့ ဆွဲယူ ဦးတည်သွားစေသော အကြောင်းတရားအရင်းခံဖြစ်ခဲ့သည်။ လွှတ်တော်တွင်း ဒီမိုကရေစီ […]


kaiApril 5, 20121min1197
တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ? ဤဆောင်းပါးသည်တိုင်းပြည်ချစ်စိတ်နှင့် ကမ္ဘာ့အလယ်တွင်အဆင်းရဲဆုံးနိုင်ငံဘဝသို့ရောက်နေသော အမိမြန်မာနိုင်တော်ကြီးကိုမည်ကဲ့သို့စိတ်ထား နှင့်ကမ္ဘာထိပ်တန်း နိုင်ငံဘဝသို့ရောက်ရန် ဝိုင်းဝန်းလုပ် ဆောင်သင့်သည်ကိုရည်ရွယ်၍ရေးသား လိုက်ပါသည်။ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ အများစုအနိုင်ရလိမ့်မည်ဟုယူဆသူများရှိ သော်လည်း ၄၄နေရာပြိုင်၍ ၄၄နေရာစလုံး နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထား ကြချေ ။ အထူးသဖြင့် နေပြည်တော်မြို့နယ်များတွင် အနိုင်ရဘို့ဖြစ်နိုင်ချေနည်းသည်ဟုစာရေးသူကိုယ်တိုင်ထင် မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ထိုနယ်မြေများသည် နအဖ မှစံနစ်တကျမိမိ ကိုယ်ပိုင် နယ်မြေ အဖြစ်သိမ်းသွင်း ဖွဲ့စည်းထားခဲ့သောကတ်သေအပိုင်နယ်မြေများဖြစ်သည်။ သို့ရာတွင်မထင်မှတ်သည်များက ဖြစ်လာခဲ့ရသည်။ ဘာကြောင့်နည်း? ၁။ ပြည်သူများ နိုင်ငံရေးအရထကြွနိုးကြားမှုရှိနေခြင်း ၂။ ပြည်သူများ နှင့် အစိုးရလခစားများကိုယ်တိုင်၏ အမှန်တရားကိုလိုလားခြင်း၊ လွတ်လပ်စွာ နေထိုင် စီးပွါးရှာဖွေခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်ရရှိရေးကိုတမ်းတခြင်း။ ၃။ စစ်အာဏာရှင်စံနစ်ကိုလွန်စွာစက်ဆုပ်နေခြင်း တို့ကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် […]


San Hla GyiApril 4, 20121min18118
သို့ အမေ သားမောင် ရိုသေစွာ စာရေးလိုက်ပါတယ်။ အမေနှင့် အမေ့ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသောကြောင့် ဝမ်းသာမိပါသည်။ နဂိုကတည်းက အမေ့ပညာ၊ စိတ်ဓာတ်နဲ့ စည်းရုံးမှုတွေကို ယုံကြည်ပြီးသားပါ။ နောက်ပြီး ပိုဝမ်းသာရတာက တိုင်းရင်းသား ဒေသတွေမှာပါ အမေက အောင်ပန်းဆင်နိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ခေတ်တိုင်းမှာ တာဝန်ကျေခဲ့ပါတယ် အမေ။ ကရင်တွေက သင်တိုင်းဝတ်စုံတွေ ဝတ်ပြီး မဲပေးခဲ့သလို၊ မော်လမြိုင်က မွန်တွေကလည်း အမေပါပဲတဲ့။ ရှမ်းပြည်နယ်က ရှမ်းတွေကလည်း နောက်ချန်မနေခဲ့သလို ပြည်ပရှိ ဗမာတွေကလည်း အင်နဲ့အားနဲ့ ပါပဲ။ တနင်္သာရီသားတွေလည်း လက်မနှေးခဲ့ပါဘူး။ ဝင်နွှဲခွင့်မရလိုက်တဲ့ ကချင်နဲ့ တခြားတိုင်းရင်းသားတွေက ပွဲကြီးအတွက် အားမွေးနေပါတယ်တဲ့ အမေ။ ပခုက္ကူက တပ်မတော်သားတွေကလည်း တို့ဗိုလ်ချုပ်သမီးမှ တို့ဗိုလ်ချုပ်သမီးပါပဲတဲ့ အမေ။ ဒါတောင် […]


အောင်….အောင်မြင်မှုများနဲ့…။ ပြည်သူ့ ဘဝတွေကို ကယ်မဲ့သူ…။ ဆန်း……ဆန်းသစ်တဲ့ အတွေးတွေနဲ့…..။ ပြည်သူတွေရဲ့ ဘဝကို မြှင့်မဲ့သူ…။ စု……….စုစည်း တည်ငြိမ်စိတ်နဲ့….။ ပြည်သူ ရှေ့မှာ အမြဲရှိသူ…။ ကြည်….ကြည်ကြည်ဖြူဖြူ…. အများပြည်သူ ချစ်ရသူ….။ ဘယ်သူတွေဘယ်လို ညစ်ညစ်….. သူ့ဘဝတွေဘာတွေဖြစ်ဖြစ်… သူချစ်တဲ့ ပြည်သူ့အရေးကိုမျှော်… ဓါးတောင် ကိုလည်းကျော်… မတော်တရော် အတွေးတွေနဲ့ လုပ်ကြံကြလည်း ….          အမှန်တရားက သူ့ဘက်မှာ…          ပြည်သူများက သူ့ဘက်မှာ….          အိုဗားမားက သူ့ဘက်မှာ……          ဘက်ကီမွန်းက သူ့ဘက်မှာ….           တစ်ကမ္ဘာလုံး က သူ့ဘက်မှာ…          သူ ကတော့ ရိုးသားစွာ….          လိပ်ပြာသန့်စွာ ပြောဆိုပါမည်…။        ဘုရားသိသည်…..        တရားသိသည်….. […]


ကျနော်တို့ မြန်မာပြည်မှာ သေနတ်ဆိုတဲ့ လက်နက်ဟာ တော်ရုံလူနဲ့ အပ်စပ်တဲ့အရာ မဟုတ်ပါဘူး.. အဲဒီလက်နက်သုံးပြီး ဖြစ်တဲ့အမှုက အန်အယ်လ်ဒီ အောင်ပွဲခံရာက အမှုဖြစ်ပွားတယ်ဆိုတော့ ကြည့်လည်းလုပ်ကြပါအုံး အရပ်ကတို့ရယ် ဒါမျိုးတွေဖြစ်လာမှာစိုးလို့ အန်တီစုက ကြိုမှာထားရက်နဲ့… ထူးဆန်းတာကတော့ အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများတာတဲ့.. ဓားခုတ်ရာတော့ လက်ဝင်မလျှိုမိကြပါစေနဲ့လို့လဲ ခွပ်ဒေါင်းတွေကို သတိပေးပါရစေဗျာ.. ဒီမိုကရေစီမျိုးစေ့လေးက ခုမှ အပင်ပေါက်ဖို့ အားယူတုန်းအခါရှိသေးလို့ပါ.. <blockquote> Yangon Press International အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် […]


naywoon niApril 3, 20121min24513
ဒီစကားက နေရာတစ်ကာ မှာပြောနေရလို့ ရိုးချင်ရင်လည်းရိုးနေမယ်…။ မပြင်သ၍တော့ ပြောနေရဦးမှာပဲ…။ ကဲ…. ရွေးကောက်ပွဲလည်းပြီးခဲ့ပြီ…။ ပျော်လည်းပျော်ခဲ့ပြီ…။ ကိုယ်အားပေးတဲ့ သူနိုင်လို့ ..။ အဲနောက်တစ်ရက် ပန်ကြားချက်ထွက်လာရတဲ့ အထိ အပျော်လွန်ခဲ့တာ…။ ဘာတဲ့ တစ်ဖက်အဖွဲ့အစည်းကို ထိခိုက်နစ်နာစေမဲ့ အပြောအဆို အပြုအမူ ရှောင်ကျဉ်ဖို့ ဆိုလား ..။ ဘာမဆိုင် ညာမဆိုင် ဝင်အာမဲ့ နေဝန်းနီတောင် ရေးပြီးသားပို့စ် ဖျက်ပစ်လိုက်ရတယ်..။ ဟုတ်သားပဲ..။ ဒါ ဒီမိုကရေစီရဲ့ လမ်းစဉ်မှ မဟုတ်တာ …။ နေဝန်းနီတို့ နားလည်ပြီးသား ဒီမိုကရေစီ ဆိုတာက လွတ်လပ်ခြင်းနဲ့ အတူ သူတစ်ပါးကို မထိခိုက်မနစ်နာစေရဘူးဆိုတဲ့ တာဝန်ယူမှုပါတယ်…။ ခုတော့ လူတော်တော်များများ နားလည်လက်ခံ ကျင့်သုံးနေတာက လွတ်လပ်မှုပဲ…။ တာဝန်ယူမှု မပါဘူး…။ အဲဒိလိုမဟုတ်ပါဘူး…။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်က […]


minn_annawarApril 2, 20121min1052
ပသို့  ဆိုစေ (မောင်သာရ၏ စကာလုံးကိုသုံးခြင်း) ကြားဖြတ်ရွေကောက်ပွဲကြီး ၊ ခြိမ့်ခြိမ့်သဲကျင်းပပြီးစီးသွာပါပြီ။ ဖယောင်းသုတ်၊ စာရင်းဖျောက်၊ အတားအဆီးမျာစွာကြားမှ  NLD ကျော်ဖြတ်ခဲ့ခြေပြီ။ အောင်ပွဲခံ ခဲ့ ကြပါပြီ။ နန္ဒာသိမ်းဇံ၏  ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း ကဲ့သို့ NLD လဲ   ဖယောင်းလမ်းကိုဖြတ်ကျော်နိုင်ခြင်း အတွက် ဂုဏ်ပြုအပ်ပါသည်။ ၂၀၁၅ အတွက် အားသစ်လောင်း  ပြီး    စတင်ပြင်ဆင်ကြပါ စို့


KyaemonApril 2, 201224min44326
ဒေါ်စုက ကော့မှူးမြို့နယ်မှာ အလွယ်တကူနိုင်ပြီ အားပေးသူမဲဆန်ဒရှင်များအား ထိန်းထိန်းသိမ်းသိမ်းရှိဘို့ မှာ ကြား ပါတီအဖွဲ့ချုပ်မှာ ဩဘာပေး  ကခုန် ပျော်ရွှင်ကြ အားပေးသူ မဲဆန်ဒရှင် ဆိုင်ရှင်တဦးက “သူတို့ကိုသင်ခန်းစာပေးလိုက်ပြီ” လို့ ဖော်ကျူး Burma’s Aung San Suu Kyi wins by-election: NLD party http://www.bbc.co.uk/news/world-asia-17577620 Burma’s Nobel laureate Aung San Suu Kyi has won a by-election for parliament, her party says, after a landmark vote that saw 45 seats contested.   Ms Suu […]