ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်မြောက်လာကြတဲ့ နိုင်ငံရေးသမားတွေထဲမှာ ကိုမြင့်အေးတစ်ယောက်ပါမလာလို့ အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ်… ဦးမြင့်အေးဟာ အကြမ်းဖက်သမားတဲ့၊ဘယ်သူတွေက ပြောတာလဲဆိုတော့ မြို့ပေါ်မှာလူသတ်၊တောဘက် နယ်ဘက်တွေမှာ ထင်ရာစိုင်း၊ လူတွေကိုဖမ်းပြီး လုပ်ချင်တာလုပ်နေတဲ့သူတွေကပြောတာပါ။ လွန်ခဲ့သော နှစ်(၂၀)အတွင်းမှာကြည့်မြင်တိုင်မြို့နယ်က NLD အမာခံ၊အမိုက်ခံ လုပ်ခဲ့တဲ့လူတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သူပါ။ လူ့အခွင့်အရေးမြှင့်တင်ရေးကွန်ယက်(HRDP)ကို ဦးဆောင်ခဲ့သူတစ်ဦးပါ၊ကြံ့ခိုင်ရေးနဲ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဝိုင်းရိုက်တာခံခဲ့ရလို့ အိမ်ကိုသွေးသံရဲရဲနဲ့ပြန်လာခဲ့ရသူပါ။ သူဟာအချိန်ပြည့်အင်တိုက်အားတိုက် လူ့အခွင့်အရေးချိုးဖောက်မူတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအင်အားတွေနဲ့တွန်းလှန်ခဲ့သူပါ။ အကြိမ်ကြိမ်ထောင်ကျလည်းသူမမူ့ပါ၊အလွန်အနေအေးသည်…မည်သူကိုမှရိုင်းရိုင်းစိုင်းစကားပြောတတ်ပါ။ သူအဖမ်းမခံရခင်တုန်းက မုန့်ဟင်းခါးဝယ်စားရင်း သူနဲ့ကြုံခဲ့ဖူးပါသည်၊ဆိုင်ကသူတို့လမ်းထိပ်ကဆိုင်မှာပါ…သူကမုန်းဟင်းခါးဖိုးပိုက်ဆံရှင်းရန် ငွေ(၅၀၀)တန်ထုတ်ပေးပါတယ်..မုန့်ဟင်းခါးသည်မှ ပြန်အန်းရန်မရှိသေးတဲ့အတွက် ရပါတယ် အကိုရယ် နောက်မှပဲ ပေးပါ ကြုံမှပေးလည်းရပါတယ်..မုန့်သည်ကလည်း တရပ်ကွက်သားချင်းမို့ ပြောလိုက်ပါတယ်…ထိုအခါ..သူက…ဟေ့..မလုပ်နဲ့ နောက်မှဆိုတာ စိတ်မချရဘူး…ငါ့ ကိုဘယ်တော့လာဖမ်းမလဲ စောင့်နေတာ..တော်ကြာ နင့်ပိုက်ဆံပါ ပါသွားအုံးမယ်…ဟုဆိုလိုက်ပါတယ်…သူတို့ ခင်မျှာ..ထမင်းစားရင်းလာဖမ်းမှာကို ထိုင့်စောင့်နေတဲ့လူစားမျိုးတွေပါ။ အမှန်ပါပဲ…သူကိုလာဖမ်းတော့လဲ…ရှပ်အကျင်္ီလည်ကတုံးအဖြူလေးကို လမ်းမှာတင်ဝတ်ပြီးလိုက်သွားရှာပါတယ်… ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြခဲ့ကြတဲ့ […]


ေမွာ္ဆရာJanuary 13, 20121min46145
နိုင်ငံရေးသမားတွေကို လွှတ်ပေးတာ ဆိုင်းငံပြစ်ဒဏ်တွေနဲ့ဆိုတော့ အပြည့်အဝ လွှတ်တာ မဟုတ်ဘူးလို့ ဆိုကြပါတယ် …။ ဒါပေမယ့် အလဲဗင်းကတော့ ဟောသည်လို ရေးပြထားပါတယ် ..။ ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ‘ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) […]


ဖိုးထောင်January 12, 20121min38733
သဘက်ခါ ၁၃-၁-၂၀၁၂ ရက်နေ.တွင် နိုင်ငံရေးအကျဉ်းသား ၆၅၁ ဦးအား လွှတ်ပေးရန် သမတမင်းမှ လက်မှတ်ရေးထိုးလိုက်ပြီဟု သိရှိရပါကြောင်း ညီအကို နှမ အမ ဋ္ဌကီးဒေါ် ဦးလေးများအား သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ


sitminnaingJanuary 10, 20121min1276
ပြီးခဲ့တဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပက်သက်ပြီး အဆိုင်အခဲကြီးဖြစ်နေတာ..ထင်ထားတဲ့အတိုင်းပါပဲ…ဒုံရင်းကဒုံရင်းပါပ၊ဲလူကြားကောင်းအောင် အသံကောင်းဟစ်ပြ၊ဘယ်သူလာလာ နိုင်ငံရေးအကျဉ်းသာဆိုတာ မြန်မာပြည်မှာမရှိပါဘူးလို့ ဗြောင်ငြင်း လိမ်ညာနေတာကိုသိသိကြီးနဲ့ အထင်ကြီးနေကြတာကိုကကျွန်တော်တို့အတွက် မဟာအမှားပါပဲ၊ပြည်တွင်းမီဒီယာတွေကနေ လိမ်လို့အားမရသေးဘူး၊နိုင်ငံတကာမှာထွက်ပြီး လူလုံးပြ၊ဟန်ရေးပြပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပါမယ် နိုင်ငံရေးအကျဉ်းသားတွေလည်းအမြန်ဆုံးလွတ်လာကြတော့မှာဆိုပြီး၊အရှက်မရှိ ပြောသွားလိုက်ကြတာ၊ “ယိုသူမရှက် မြင်သူရှက်၊ ပြောသူမရှက် ကြားသူရှက် ” ပါ၏။ “ဒီကြေညာချက်ကြောင့် နှစ်ပေါင်း(၅၀)လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့လုပ်ရက်တွေဟာ တစ်ကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာတွေးမိပါတယ်။အခုချိန်မှာ ဟိုဝန်ကြီးကပြောလိုက်၊ဒီဝန်ကြီးကပြောလိုက်၊လူ့အခွင့်အရေးကော်မရှင်ကပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတော့မလိုလိုနဲ့ပြောခဲ့ပြီးမှ မလွှတ်ချင်တဲ့အတွက်တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရဲတော့ သလိုလိုဖြစ်သွားပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်အခု အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မူကိုလည်း ကင်းမဲ့စေပါတယ်။ဒီကြေညာချက်ကြောင့်အစိုးရသစ်ရဲ့ လုပ်ဆောင်မူတွေပေါ်ယုံချင်သလိုဖြစ်နေတဲ့စိတ်တွေတောင်ပျောက်ဆုံးသွားပါတယ်။ဒါကိုမှ မယုံရရင် ဒေါ်စုကိုဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမူလုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။နောက်တစ်ချက်ကတော့ ဒါဟာ လွှတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပါဘူး၊ဒါဟာလုပ်ရိုးလုပ်စဉ် လျှော့ရက်ပေးတာမျိုးပါ။ဒီလိုမျိုးဆိုတာ ထောင်ထဲမှာရှိပြီးသားပါး။နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို […]


padonmarJanuary 8, 20124min553108
ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့ ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊ ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။ ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။ အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။ နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။ ဒါနဲ့ တဆက်တည်း […]


တေစၧJanuary 6, 20121min1276
တောင်ကြီးမှာ လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲလုပ်ခဲ့ပါတယ် အဲဒီပြပွဲမှာ ထူးထူးခြားခြား ဗိုလ်ချုပ်ပုံကို တက်တူးထိုးပေးနေတာကိုလည်း တွေ့ခဲ့ရပြီး အမှောင်ခန်းထဲမှာ အဏုမြူအလင်းနဲ့ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ပုံတွေ နောက်ပြီးတော့ မှတ်တမ်းတွေကို ပြန်ပြပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကော်နက်ရှင်ကမကောင်းတာနဲ့ တင်နေတာ ၃ ရက်ကြာသွားတယ် ( ဆိုးလိုက်တာ )။ မတွေ့တာကြာပြီဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပုံတွေကို ပြန်မြင်ရတဲ့ခါ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ သီချင်းကိုလည်း ရေဒီယိုကနေ တိုက်ရိုက်လွှင့်နေတဲ့ပုံနဲ့ performance လုပ်ထားတာလည်း တွေ့ခဲ့ရတယ် သီချင်းကတော့ ဆိုဒ်ကြီးနေလို့ ကော်နက်ရှင်နဲ့အဆင်မပြေတဲ့အတွက် မတင်ပေးတော့ပါဘူး ပုံတွေတောင် အများကြီးရိုက်လာတယ် တင်တာဘယ်လိုမှအဆင်မပြေဘူး ဒါကြောင့် ဝမ်းနည်းစွာနဲ့ပဲ ပုံနည်းနည်းပဲ တင်လိုက်ပါတယ် ပုံတွေကိုတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်       […]


WowJanuary 5, 20121min17510
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။ သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။ ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။ ကာလုံက သမ္မတအထက်ရောက်နေ လက်တွေ့မှာ ၂၀၁၂ ခု ဇန္နဝါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ […]


WowDecember 27, 20111min1006
သက်ဆင်ဆိုတာမရှိခဲ့ရင် ယခုထိုင်းဝန်ကြီးချုပ်ယင်လပ်ဆိုတာမရှိနိုင်ပေ။ ယင်လပ်ဝန်ကြီးချုပ်ဖြစ်ခါစက အိမ်နီးခြင်းနိုင်ငံတွေ အလည်အပတ်ခရီးအထွက် မြန်မာပြည်လာမယ် ဆိုတော့ နိုင်ငံတကာမှဧည့်သည်များလာလျှင် နိုဘယ်ငြိမ်းချမ်းဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဦးတိုက်တွေ့ဆုံလေ့ရှိတာမို့ သူမလဲ ဒေါ်စုနှင့်တွေ့လိမ့်မည် ဟု ပထမ မီဒီယာများက ထင်ကြေးပေးကြ သည်။ သို့သော် ဦးသိန်းစိန်အစိုးရနှင့်သာတွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များမှ ထုတ်ပြန် ကြေငြာတော့မှာ မိမိတို့မှာ ထိုင်းအစိုးရအဆက်ဆက်၏ပေါ်လစီကို မေ့သွားခြင်းဖြစ်ကြောင်းသတိထား မိသည်။ ထိုင်းနိုင်ငံပေါ်လစီက ခေတ်အဆက်ဆက် လေယူယာတိမ်း ပေါ်လစီဖြစ်သည်။ ယခုအမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် ဒေါ်စုတို့ဖုန်းပြောကြားအပြီး သမ္မတစာချွန်လွှာနှင့် အတူ ဒေါ်ဟီလာရီ မြန်မာပြည်လာရောက်ပြီး ဒေါ်စု၏ နိုင်ငံရေးဩဇာမြင့်တက်လာမှ ယင်လပ်က မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးလာရင်း ဒေါ်စုနှင့်လာရောက်တွေ့ဆုံသည်။ သို့ပေမဲ့ ထိုတွေ့ဆုံမှုရဲ့နောက်ကွယ်ကသူများကတော့…… http://www.naytthit.net/?p=22898 မှကူးယူဖေါ်ပြပါသည်။ သန်းရွှေနဲ့ သက်စင်တွေ့ဆုံ သူ့ညီမဖြစ်တဲ့ ဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထ် ဗမာပြည်သွားရောက်လည်ပတ်ရေးမှာ ချောချောမွေ့မွေ့ဖြစ်အောင် […]


ေမွာ္ဆရာDecember 25, 20111min45633
ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းကို ဇာတ်လမ်းအဖြစ် ဖန်တီးရာမှာ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်လိုတဲ့ ကိုနေဦးရဲ့ ပုံတွေ ပြည်မြန်မာ ဂျာနယ်ထဲမှာ ပါလာပါတယ်..ဗိုလ်ချုပ်နဲ့ တူတယ် မတူဘူးဆိုတာ နဲနဲလောက် အကဲဖြတ်ပေးစေချင်တယ် …ဒီက ရွာသူားတွေရဲ့ အမြင်က ရိုက်ကူးထုတ်လုပ်မယ့်သူတွေနဲ့ ကိုနေဦး အပေါ် အကျိုးပြုလောက်ပါတယ် .. ကျွန်တော့် အမြင်ပြောရမယ်ဆိုရင်တော့ ကိုနေဦးက ဗိုလ်ချုပ်နဲ့ ရုပ် တူသလောက်ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ မာန် မျိုး ကိုနေဦး မျက်နှာပေါ်မှာ မတွေ့ရဘူးဗျ ..။ နောက် အပြုံး … ဗိုလ်ချုပ်အပြုံးလိုမျိုး ဂရုဏာပြုံးကိုု ကိုနေဦး မှီအောင်ပြုံးနှိုင်ဖို့ လိုပါဦးမယ် ..။ ကဲ ရွာသူားတွေရဲ့ အမြင်လေးတွေ သိချင်တယ်ဗျာ ….


yukiDecember 20, 20111min1152
yuki ဒီဆိုဒ်လေးမှာ စာမရေးဖြစ်ပေမယ့် အမြဲဝင်ရောက်ဖတ်နေတဲ့ ပရ်ိသတ်တဦးပါ။ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ Post ကြောင့်မရေးမနေနိုင်တော့ဘူး။yuki နိုုင်ငံရေးလဲနားမလည်ပါဘူး။အခုရေးမယ့် အကြောင်းတွေက နိုင်ငံရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေတဲ့ သူတွေကို လုံးဝ(လုံးဝ)မရည်ရွယ်ပါ။နိုင်ငံရေးလုပ်စားနေတဲ့လူအားလုံးကိုလည်း မရည်ရွယ်ပါဘူး။သစ်ကိုင်းလွတ်မှာမို့ သွေးကြောင်နေတဲ့လူတွေကိုသာ ရည်ရွယ်ပါတယ်။ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကိုထောက်င်္ခလို့ ထမင်းဝတာမရှိဘူး။ထောက်ခံလို့ ထမင်းခတ်တာပဲရှိတယ်ဆိုတဲ့ အသုံးအနှုန်းကိုပြောချင်တယ်။ ထမင်းငတ်တဲ့လူရှိတယ် မရှိဘူးမသိဘူး။ထမင်းဝရုံမက တခြားနိုင်ငံမှာ လူနေမှုအဆင့်မြင့်မြင့်နဲ့နေ နေတဲ့လူတွေကတော့ မနည်းဘူး။  ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီလေးဝတ်၊အန်တီပုံလေးရင်ဘတ်မှာကိုင်နဲ့ သံရုံးရှေ့မှာ ဆန္ဒပြ၊ ပြီးရင်ဓာတ်ပုံလေးရိုက် သူတို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အတွက် မြန်မာပြည်ပြန်ရင်အဖမ်းခံရတော့ပါမယ်။အန်တီကို နေအိမ်အကျယ်ချူပ်ချထားတာအကြောင်းပြ၊နောက်  NLD ပါတီဝင်ထားတဲ့အတွက် မတရားအသင်းဝင်ဖြစ်နေပါတယ်…..အကြောင်းအမျိုးမျိုးပြ သူများနို်င်ငံရဲ့ Immigration မှာ refugee visa တင်ပြီးနေ နေတာ။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပြီးထမင်းဝရုံမကပါဘူး …..။နောက် ဒီပဲယင်းအရေးအခင်းဆိုတာတကယ်ခံရတဲ့လူတွေကသာ ခွင့်လွတ်ပြီးမေ့သွားမယ်နော် သူတို့တွေကတော့ လတိုင်းလတိုင်းရဲ့ ၃၁ရက်ဆို သံရုံးရှေ […]


ကထူးဆန္းDecember 11, 20111min1876
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် (NLD) ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်စဉ်က ပါတီ အလံတော် ပါတီတံဆိပ်တို့ကို သတ်မှတ်အသုံးပြုခဲ့သော်လည်း ပါတီ သင်္ကေတ မထားရှိခဲ့ပါ။ ၁၉၉ဝ ပြည့်နှစ် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရန်ပြင်ဆင်သောအခါ ကော်မရှင် က ရွေးကောက်ပွဲတွင် သုံးစွဲမည့် မဲပြား၏ လိုအပ်ချက် အရ ပါတီသင်္ကေတ သတ်မှတ်ထားရှိရမည်ဟုပြောခဲ့ပါသည်။ သို့ဖြင့်ထိုစဉ်က ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှုး ဦးချစ်ခိုင် (ကွယ်လွန်) နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်မင်း (ဗိသုကာကျော်မင်း) (ကွယ်လွန်) တို့ ကော်မရှင်သို့သွားရောက်ကာ ‘ခမောက်ပုံ’ ကိုပါတီ၏ သင်္ကေတ အဖြစ်ရွေးချယ်ခဲ့ပါသည်။ ခမောက်တံဆိပ်မှာ အဖွဲ့ချုပ်၏ အလံတော် နှင့် ရင်ထိုးတံဆိပ်များကဲ့သို့ မူလဇစ်မြစ်မဟုတ်ဘဲ ရွေးကောက်ပွဲဝင်ရန် ရွေးချယ်သတ်မှတ်ခဲ့သည့် သင်္ကေတ […]


kaiDecember 9, 20111min18812
ကျွန်မအိမ်အနီးက မီးပွိုင့်ကလေးမှာ တနေ့တုန်းက ယာဉ်တိုက်မှု တခုဖြစ်ပါတယ်။ အလုပ်က အပြန်မှာ ကားလမ်းပိတ်ထားတာကြောင့် ဘာများဖြစ်လဲလို့ အနီးအနားက လူတွေကို မေးမြန်းကြည့်တော့မှ ယာဉ်တိုက်မှုဆိုတာ သိရတာပါ။ ဆိုင်ကယ်နဲ့ လူက ပွဲချင်းပြီး သေဆုံးသွားပြီး၊ ကားမောင်းသူကတော့ ဆေးရုံကို အရေးပေါ်ကားနဲ့ ခေါ်သွားခဲ့ရပါတယ်။ မီးပွိုင့်မှာ ဆိုင်ကယ်က မရပ်တာလား၊ ကားက မရပ်တာလား၊ တဘက်ရဲ့ အမှားလား၊ နှစ်ဘက်စလုံးရဲ့ အမှားလားဆိုတာကို တာဝန်ရှိသူတွေက ပြန်လည်စုံစမ်းနေကြဆဲပါပဲ။ သို့ပေမယ့် သေချာတာကတော့ လူတယောက်ရဲ့ အသက်ဆုံးရှုံး သွားခဲ့ပါပြီ။ လူတယောက် ဆေးရုံရောက်သွားခဲ့ပါပြီ။ ဒီအဖြစ်လေးက ကျွန်မရဲ့ လူငယ်ဘဝကို ပြန်ပြီး အမှတ်တရ ဖြစ်စေပါတယ်။ ကျွန်မ ဆယ်ကျော်သက် လူငယ်ဘဝတုန်းကလဲ အတော်ကားမောင်းကြမ်းတာကလား။ တောင်ကြီး- ဟဲဟိုးကားလမ်းမှာ ရှေ့က ကျော်တက်သွားတဲ့ ကားကို […]


ムラカミDecember 7, 201111min35849
Namo Tassa Bhagavato Arahato Samma Sambuddhassa ... စာရေးခြင်း ကဲ့သို့သော အပြုအမူများတွင် ညာလက်ထက် ဘယ်လက်ကို ဦးစားပေး အသုံးချတတ်ပါသတဲ့။  ဝီကီမှာတွေ့တဲ့ အဖွင့် စာသားလေးပါ။တကယ်တော့ စာရေးခြင်း ဆိုတာထက် ပိုမိုများမြောင်သော လေးနက်သော ကိစ္စများအတွက်အတွေးပွားစရာလေးတွေပါလာလို့ အောက်ပါစာစု ကို ချရေးဖြစ်လိုက်ပါသည်။ ဝိုင်းဝန်းဝေဖန် ဆွေးနွေး ကြစေလိုပါသည်။ ကိန်း ဂဏန်း တွေက ပြောပါတယ် ။ကမာ္ဘ့လူဦးရေ ရဲ့ ၁၀% ..လူ၁ဝယောက်မှာ ၁ယောက်နှုန်း  က ဘယ်ကျော် တွေ ဖြစ်ပါသတဲ့။ကျနော်လည်းတယောက် အပါအဝင်ပေါ့။ ဆေးပညာ ရှုထောင့်ကနေ အနည်းငယ်  ဆွေးနွေးခွင့် ပြုပါ ခင်ဗျား ။   ၁. Handiness (ဘယ်သန် ညာသန် ဆိုတာ) လူ့ […]