tunkhannSeptember 26, 20111min1225
ကျနော့ရင်ထဲကို ဝင်ကြည့်ကြစမ်းပါဗျာ ပူပင်သောကတွေ ဘယ်လောက်ထိ ပြည့်ကျပ်နေတယ်ဆိုတာကို ကြည့်ပါဦးဗျာ ဖြေစရာဆိုတာ ဖြေသာမှ ဖြေလို့ရမယ် ဒီတစ်သက်တော့ ဖြေသာစရာရှိမယ်မထင်တော့ဘူး ဘာကြောင့်များ အနှစ်နှစ်အလလ မျက်နှာငယ်နဲ့ နေခဲ့ရတာလည်း။ခုလည်းကြည့်ပါဦး ဧရာဝတီ မြစ်ဆုံစီမံကိန်းတဲ့။တော်ပါတော့ဗျာ။တော်ကြပါတော့။ကျုပ်တို့ရဲ့ နောင်လာနောက်သားတွေအတွက်လည်း ချန်ကြပါဦး။လှေစီးရင် ရေငတ်သလို ကျုပ်တို့ နင်ထားတဲ့ ကျုပ်တို့မြေပေါ် မြေအောက် သယံဇာတတွေ ဘာတစ်ခုမှကို မကျန်တော့ဘူး။စကားပုံကိုက ဘုရားဖူးရင် လိပ်ဥတူးရင်းတဲ့။သူတို့က ဘုရားမဖူးပဲ ဖိနပ်ခိုးရင်းနဲ့ အကုန်လုပ်နေကြတာ။တစ်ယောက်ချင်းစီကို အကုန်ကြောက်နေရတာ။ကျုပ်တပ်ရင်းမှူးတစ်ယောက်နဲ့ တွေ့ဖူးတယ်။သူ့အထက်ကလူကြီးလာလို့ စလောင်းစင်ဖို့လာခေါ်တာ မိုးချုပ်နေပြီဗျာ။တစ်ယောက်ကလည်းဖျားနေတယ်။မလိုက်ရကောင်းလားဆိုပြီ တစ်ဆိုင်လုံးမီးနဲ့ရှို့ခံရတော့မယ်တဲ့။ကျုပ်လည်းပြောလိုက်တယ် လူကြီးဖြစ်နေပြီး ဒီစကားမပြောသင့်ဘူးလို့။သူကမျက်စောင်းထိုးသေးတာ။ရာရာစစ သူ့အရပ်က ငါးပေးထက်မပိုဘူး ကျုပ်ကို မော့ကြည့်နေတာ။ကျုပ်ကလည်း အင်္ကျ ီချွတ်ထားတာ စဉ်းစားကြည့်။သူ့နောက်ကပါလာတဲ့ခွေးပေါက်စလေးတွေကလည်း ဝိုင်ကြည့်နေကြတယ်။ချည်ထားတဲ့ခွေးရော လွှတ်ထားတဲ့ခွေးရော အကုန်မိုက်ရိုင်းတယ်။ဒါသူတို့ခေတ်မဟုတ်ဘူးဗျ။အချုပ်ခြာအာဏာဟာ ပြည်သူတွေရဲ့လက်ဝယ်တွင်ရှိရေးဆိုတာ ဘယ်ကောင်က ဘယ်ပထွေးသွားသိမ်းခိုင်းထားတာလည်း။ကဗျာဆရာတစ်ယောက်ရေးထားသလိုပေါ့ ဘာမှမဟုတ် တငုတ်တုတ်တုတ် ကျုပ်တို့မှာဖြင့် […]


စည်သူ အောင်September 23, 20111min79837
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး -ဒေါ်အောင်ဆန်းစုကြည်   လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မ ှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။   ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ […]


kaiSeptember 22, 20111min490
အပိုင်(၁၊၂) ဖတ်ရန် —> https://myanmargazette.net/68792/politics-news-issues ပြောင်းလဲမှုသို့ ဦးတည်သော ရွေ့လျားမှုများ ပြောင်းလဲမှုတွေကို စတင်ဖို့ ရွေ့လျားမှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေ့လျားမှုတွေရှိမှသာ ပြောင်းလဲမှုကို ဦးတည်တဲ့ အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရွေ့လျားမှုတွေဆိုတာမှာလဲ သဏ္ဍာန်မျိုးစုံ ရှိပါတယ်။ ပမာဆိုရရင် အားကစားနည်းမျိုးစုံရဲ့ သဏ္ဍာန်ကွဲပြားသလိုပါပဲ။ ဘောလုံးကစားတဲ့အခါ ဘောလုံးတလုံးကို လူပေါင်းများစွာက လုယူကစားရပါတယ်။ ဘတ်စ်ကက်ဘောကစားတဲ့အခါလဲ ဒီလိုပါပဲ။ ဒါပေမယ့် ဂေါက်သီးကစားတဲ့အခါမှာကျတော့ ဘောလုံးတလုံးထဲကို လုပြီးကစားတာ မဟုတ်ပါဘူး။ ကိုယ့်ဘောလုံးနဲ့ကိုယ်၊ ကိုယ့်အရွေ့နဲ့ကိုယ် ဖြစ်ပါတယ်။ အခြားကစားနည်းတွေမှာလဲ ဒီလိုပါပဲ။ သူ့နည်းသူ့ဟန်နဲ့သူ ရှိပါတယ်။ လက်ဝှေ့ပွဲဆိုရင် သူနိုင်၊ ကိုယ်နိုင် အပြိုင်အဆိုင် အလဲထိုးကြရပါတယ်။ သေနတ်ပစ်ပြိုင်ပွဲဆိုပြန်ရင်တော့ ပစ်မှတ်ကို ထိအောင် ဘယ်သူက ပစ်နိုင်မလဲ ဆိုတာကို ပြိုင်ကြရပါတယ်။ […]


Good IdeaSeptember 21, 20111min1867
Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်ေအောက်ရှိ ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက် အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။ ရည်ရွယ်ချက် မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမှုကို တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် … ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန် ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊ အသက် (၁၈)နှစ် […]


kaiSeptember 20, 201121min491
တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် – ခင်မမမျိုး တောင်အာဖရိကနိုင်ငံရဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာကမ္ဘာတဝှမ်းက နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးလက်တွေ့လုပ်ဆောင်နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားမှာ ထင်ရှား ကျော်ကြားလှပါတယ်။ (၁၉၉၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ တောင်အာဖရိက သမ္မတ F. W. de Klerk က နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချထားတဲ့ အတိုက်အခံခေါင်းဆောင် မင်ဒဲလားကို လွှတ်ပေးလိုက်တဲ့အခါမှာ တောင်အာဖရိကပြည်သူများသာမက ကမ္ဘာကပါ အံ့ဩသွားခဲ့ကြပါတယ်။ မင်ဒဲလားကို လွှတ်ပေးလိုက်မှုဟာ အပြောင်းအလဲတွေကို ဦးတည်လာပြီလားဆိုတာကို အဆိုးဘက် ကကော၊ အကောင်းဘက်ကပါ ဝေဖန်သုံးသပ်မှုတွေ ရှိလာခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်ဒဲလားတယောက်ထဲကို လွှတ်ပေးလိုက်တာနဲ့တင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု (political reform) ကို အာမခံချက် မရှိနိုင်ကြောင်းကိုလဲ အများက နားလည်ထားခဲ့ကြပါတယ်။ သို့ပေမယ့် F. W. […]


kaiSeptember 17, 20111min1044
မြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့အလားအလာ ၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁ဝ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်းကမ္ဘာ့ဒီမိုကရေစီေန့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။ မြန်မာနိုင်ငံသည်ငြိမ်းချမ်းစွာဒီမိုကရေစီစံနစ်ဆီသို့စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့်တရွေ့ရွေ့ဖင်ဒ ရွတ်ဆွဲသွားနေမည်လော?ဧရာဝတီပေါက်ကွဲမှုကြီးဖြင့်လူမှုတော်လှန်ရေးဖြစ်မည်လော?။ စောင့်ကြည့်ရမည့်အချိန်သည်မဝေးေတာ့ဟုထင် သည်။ ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျှေက်ပတ်တဲ့ ပုံစံကို ပြောင်းလဲနိင်ဘို့လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံဘဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနဲသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင်ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ် ဆုတ်လွယ်ကစားနိုင်ရမည်ဟု […]


Mobile HouseSeptember 15, 20111min18611
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို )          စာအမှတ် – ဂီတ /စီမံ /(ထွေ ) (၁၂၇၀) နေ့စွဲ – ၂၀၁၁ ခုနှစ် ၊စက်တင်ဘာလ (၇) အကြောင်းအရာ။   ။Telephone Handset များ၊ MP3,MP4 player များနှင့် Digital Gadet      များရောင်းဝယ် ဖြန့်ဖြူး ဝန်ဆောင်မှုပေးနေကြသော လုပ်ငန်းများသို့အသိပေး ခြင်း။ အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)သည် အဖွဲ့ ဝင်အနုပညာရှင်များပိုင်ဆိုင်သော တေးသီချင်းများနှင့် ပတ်သက်ပြီး ရပိုင်ခွင့်များတောင်းခံခြင်း၊ အလွဲအသုံးပြုမှုများကို ကာကွယ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ၂။     ယခုအခါ Telephone Handset များ၊ MP#,MP4 player […]


“ပေလေးပင် ရှင်လေးပါး”သို ့မဟုတ် “သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ကဗျာမှာ ရှင်သီလဝံသတည်း”ဟူ၍တနည်း “တောင်းက်ုမဖေါက် တောင်ကိုဖေါက်သည်၊စိန်ကျောက်အသွင်သီလဝံ” လို ့ပြောလိုက်တာနဲ ့ကျွန်မပြောမယ့်သူက ရှင်မဟာသီလဝံသ ဆိုတာသိရောပေါ့။ ဆရာတော် ညွှန်ပြခဲ့တဲ့တိုင်းပြည်အကျိုးစီးပွားဖွံ ့ဖြိုးစေတဲ့ အချက်(၇)ချက်ကို ဝေမျှလိုက်ပါတယ်။ (၁)သဘင်ညီလာခံမပြတ်စည်းဝေးခြင်း (၂)အမှုခပ်သိမ်း၌ ညီညွတ်မျှတခြင်း (၃)ပညတ်ဟောင်းကို ကျင့်မြဲကျင့်ခြင်း (၄)အသက်အရွယ်ကြီး သူကိုအလေးအမြတ်ထားခြင်း (၅)ရွာသူသမီးကို အနိုင့်အထက်မယူခြင်း (၆)ပြည်တွင်းပြည်ပ၌ရှိသော နတ်ဌာန်အရပ်တို ့ကိုမေတ္တာပို ့သမြဲပို ့သခြင်း (၇)ရဟန်းသင်္ဃာတို ့ကို စောင့်ရှောက်ခြင်း တို ့ဖြစ်ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာဆွေးနွေးဖလှယ်ကြခွင့်ရှိမယ်ထင်ပါတယ်။ ဘာလို ့လဲဆိုတော့ သဘင်ညီလာခံ မပြတ်စည်ဝေးတော့မယ်ဆိုရင် ခုလက်ရှိဖြစ်ပျက်နေတာနဲ ့ကြည့်ပါဦး။အမှတ်(၁)ဝန်ကြီးက စွမ်းအင်တွေပိုလို ့ရောင်းတာပါတဲ့။အမှတ်(၂)ဝန်ကြီးကပြောတော့ မြန်မာပြည်မှာ ကျေးရွာပေါင်းနှစ်သောင်းကျော်မှာ နှစ်ထောင်ကျော်ဘဲ လျှပ်စစ်မီးရပါသေးတယ်တဲ့။ဘယ်လိုလုပ်ကြမလဲ။တစ်ယောက်တစ်ပေါက်နဲ ့လွဲနေကြပါပီ။တိုင်းပြည်စည်ပင်ရေးအတွက်အဲဒီလောက်ထိ အတိုင်အဖေါက်ညီကြပါပေတယ်။ အသက်အရွယ်ကြီးရင့်သူ၊ရဟန်းသင်္ဃာတွေအပေါ်မှာ စောင့်ရှောက်သလားလို […]


Minn ZinSeptember 13, 20111min27913
 မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားနေကြတဲ့ ဧရာဝတီမြစ်ရဲ့အစ မြစ်ဆုံပေါ်မှာ ပထွေးတရုတ်တွေရဲ့ကောင်းကျိုးအတွက် မည်သည့် ကန့်ကွက်မှုများရှိသည်ဖြစ်စေ လုပ်ဆောင်သွားမည်ဆိုတဲ့ ဇော်မင်း ရဲ့စကားသံကြောင့် ကျွန်တော်၏မိတ်ဆွေ ဆည်မြောင်းမှ အငြိမ်းစားယူထားတဲ့  အရာရှိကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်တွေပါ။ ပြည်သူအများသိစေရန် ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ်တွင် တင်ပေးရန် အကူအညီတောင်းတော့ အားရဝမ်းသာစွာနဲ့ တင်ပေးလိုက်ပါတယ်။ “ကြိုးစင်ပေါ်က ဧရာဝတီ”           ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာ အစမှ ပင်လယ်တွင်း စီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊ မည်သည့်နိုင်ငံကမှ အကြောင်းမဲ့လာရောက်ချယ် လှည်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစ်စင်းဖြစ်ပါသည်။ လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများ စီးဆင်းမှု ကိုလိုက်၍ အညာနှင့် အကြေ ဆက်စပ်ဖွံ့ဖြိုးစည်ပင် လာခဲ့သည်ဖြစ်ရာ၊ ဧရာဝတီ မြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံစသည့် […]


kokothandarSeptember 9, 20111min510
ပိတ်ဆို ့မှုတွေပယ်ဖျက်ပေးဖို ့ လာ သမျှကိုယ်စားလည် တွေကိုဝန်ကြီးတွေကပြောနေတာတကယ်ဘဲလား အမှန်ကဘာမှမဖြစ်ပါဘူး ကိုင်း မြန်မာပြည်မှာ လေတပ်အတွက် ဂျက်တိုက်လေယာဉ်ပျံနဲ ့အမောင်းသင်ဂျက်လေယာဉ် ကြိတ်ထုတ်နေတာသိကြပါစ အဲဒီလေယာဉ်တွေထုတ်ဖို ့အ ဓိကလိုတဲ့ကွန်ပြူတာcontrol စံနစ်နဲ ့ထုတ်လုပ်ရေးစက်ကိရိယာတွေဒေါ်လာသန်းငါးရာဖီုးလောက် ဘယ်နိူင်ငံကဝယ်လဲ………..U.S.A.ဆိုတဲ့နိူင်ငံကပါခင်ဗျာ…ကြားနိူင်ငံက ဩစတေးလျပါ နောက်ပြီးသံချပ်ကာတိုက်ယာဉ်တွေမှာ သုံးတဲ့တိုက်ပွဲဝင်တာယာတွေကဂျာမဏီတပ်မတော်ရဲ ့တာယာတွေပါ သယ်ပေးသူက ယိုးဒယားလေတပ်ပါ အံ့ဩသွားပါစ ကိုင်း ..ဘာတွေပိတ်ဆို ့လို့ ့လဲ တကယ်တော့သူတို ့က သူတို ့စီမံခန် ့ခွဲမှုညံ့ဖျင်းလို ့ဖွံဖြိုးတိုးတက်မှု ့နဲခဲ့တာတွေကိုပိတ်ဆို ့မှု ့ကြောင့် လို ့ နိုင်ငံရေးအမြတ်ထုတ်တာပါ ပိတ်ဆို ့မှု ့ထိခိုက်တာက ပို ့ကုန်လုပ်ငန်းရှင်တွေပါ ကြားနိူင်ငံကတဆင့်ပို ့ရတော့ပွဲစားခပေးရသလိုပေါ့ တရုတ် India Thailand S’pore ရှိနေတော့ ပိတ်ဆို […]


မောင်ဆန်းSeptember 9, 20111min26320
အခုဆို မြန်မာနိုင်ငံမှာ အစိုးရသစ်အုပ်ချုပ်မှုနဲ့ အရင်တုန်းက လျှောက်လှမ်းပုံနဲ့ မတူတဲ့ လမ်းကြောင်းသစ်တစ်ခုကို သွားနေပါတယ် ဒီအပေါ်မှာ အကောင်းမြင်တဲ့သူတွေရှိသလို မယုံကြည်သေးတဲ့လူတွေလဲ ရှိပါတယ် ဒါကပုံမှန်ဖြစ်စဉ် တစ်ခုပါ ကမ္ဘာပေါ်မှာ ပြည်သူလူထုရဲ့ ၁၀ဝ ရာခိုင်နှုန်း ထောက်ခံမှုရတဲ့ နိုင်ငံ၊ ခေါင်းဆောင် ဆိုတာ မရှိနိုင်ပါဘူး ထောက်ခံမှုများခြင်း နဲခြင်းပဲရှိပါမယ် ရေရှည်မှာတော့ လူထုထောက်ခံမှု အများဆုံး ရတဲ့ အစိုးရတွေပဲ အာဏာကို ဆုပ်ကိုင်ထားနိုင်မှာပါ ၊ မြန်မာပြည်မှာလဲ လက်ရှိအစိုးရက လမ်းကြောင်းမှန်ပေါ်လျှောက်ပြတယ် ပြည်သူတွေလိုချင်တဲ့ အခြေအနေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ မြင်လာပြီး လူထုရဲ့ တခဲနက် ထောက်ခံမှုကို ရလာတာမျိုး ဖြစ်နိုင်သလို ဒီဖြစ်စဉ်ရဲ့ ပြောင်းပြန် လူထုထောက်ခံတဲ့ အစိုးသစ်တက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ် ။   အခု လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲ […]


Poe MaySeptember 7, 20111min1529
မြန်မာပြည်အတွက် တကယ်ပဲ အုပ်ချုပ်နေတာလား – Poe May|4- Hits| Posted by Poe May on Sep 7, 2011 in Copy/Paste | 0 comments ဒီမိုကရေစီလား.. စစ်အာဏာရှင်လား.. ကျမ ဘာမှ မဝေဖန်လိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်း လူ့အခွင့်အရေးအပေါ် အပြည့်အဝ အာမခံချက် မရှိသေးလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လူသားဆန်တဲ့ နိုင်ငံကြီးဖြစ်စေချင်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မတရားမှုတွေ ပပျောက်စေချင်ပါတယ်။ အတွေးအခေါ် ရင့်ကျက်ကြပြီး အမြင်ကျယ်တဲ့ နိုင်ငံသားတွေ၊ အစိုးရတွေ ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁ဝ နောက်ပိုင်းကတည်းက စပြီး ပြောင်းလဲနေပါပြီလို့ မြင်ကြတဲ့ နိုင်ငံတကာအစိုးရတွေရှိသလို မြန်မာနိုင်ငံသားတွေလည်း ရှိပါတယ်။ တကယ်ပြောင်းနေပြီလား??? […]


Poe MaySeptember 7, 20111min621
ဒီမိုကရေစီလား.. စစ်အာဏာရှင်လား.. ကျမ ဘာမှ မဝေဖန်လိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်း လူ့အခွင့်အရေးအပေါ် အပြည့်အဝ အာမခံချက် မရှိသေးလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လူသားဆန်တဲ့ နိုင်ငံကြီးဖြစ်စေချင်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မတရားမှုတွေ ပပျောက်စေချင်ပါတယ်။ အတွေးအခေါ် ရင့်ကျက်ကြပြီး အမြင်ကျယ်တဲ့ နိုင်ငံသားတွေ၊ အစိုးရတွေ ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁ဝ နောက်ပိုင်းကတည်းက စပြီး ပြောင်းလဲနေပါပြီလို့ မြင်ကြတဲ့ နိုင်ငံတကာအစိုးရတွေရှိသလို မြန်မာနိုင်ငံသားတွေလည်း ရှိပါတယ်။ တကယ်ပြောင်းနေပြီလား??? ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်ရာကနေ စဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာနီးပါး အမျိုးသမီး အသက်အရွယ်မျိုးစုံ မုဒိမ်းကျင့် အသတ်ခံနေကြရတယ်။ သောင်းနဲ့ချီတဲ့ ကချင်ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေဖြစ်နေတာ လက်ရှိအစိုးရက မသိတာလား၊ မသိချင်ယောင်ဆောင်ထားတာလား။ ရှမ်းပြည်ဘက်မှာ အစိုးရတပ်က ဘာမှန်းမသိပဲ […]