ဒီမိုကရေစီနိုင်ငံ အဖြစ် သိပ်မကြာသေးတဲ့ကာလမှာကူးပြောင်းလာတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ဘယ်လောက်ထိ ရရှိ ၊ ခံစားပြီးပါပြီလဲ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ကကော ဒီမိုကရေစီစနစ်ကို ပြည့်ဝစွာဖေါ်ဆောင်ပေးနိုင်ပါရဲ့လား ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမူကြမ်းမှာ ယခုလက်တွေ့မှာ လိုအပ်ချက်လေးတွေကြုံတွေ့လာရပါပြီ ။ အဓိက ကတော့ အောက်ခြေအဆင့် အုပ်ချုပ်ရေး အပိုင်းတွေမှာပါပဲ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ်ခံယူပြီး ဒီမိုကရေစီ စနစ်ကိုကူးပြောင်းခဲ့တဲ့ နိုင်ငံမှာ ကျေးရွာအဆင့် ၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေမှာ ဘာလို့များဒီမိုကရေစီမရရှိခဲ့ရတာပါလဲ ။ စဉ်းစားစရာပါ ။ ခုနောက်ပိုင်းကြားရတာတွေကတော့ ရပ်ကွက်/ကျေးရွာအဆင့်တွေမှာ အုပ်ချုပ်ရေးမှူးတွေကို မဲပုံးထောင်ပြီး ရွေးချယ်ပေးနေတယ်လို့ ကြားသိရလို့ ဝမ်းသာမိပါတယ် ။ ဒါပေမယ့် ရပ်ကွက်/ကျေးရွာ […]


KingAugust 30, 20112min1568
ဒီတစ်ပတ် ကာတွန်းများနှင့် ကျွန်တော့်အတွေးများကိုတော့ ဒဂုံတက္ကသိုလ်ရဲ့ သင်ပုန်းကြီး ဖတ်စာ ကာတွန်လေးများနဲ့ စတင်ထားပါတယ် .. သိမြင် ကြားသိ မှတ်ရှု လေ့လာ ခဲ့ပြီးသားတွေ၊ အတွေများ ပွားခဲ့ဖူးတယ်ဆိုရင်လည်း …………………………………………………………….   ကာတွန်း(၁)က ကျောင်းသားကြီးကတော့ ဘယ်လိုအကြောင်းကြောင့် ဘွဲ့မရတာလည်းတော့မသိဘူး … အခုကျွန်တော်ဘွဲ့ရခဲ့တဲ့ အဝေးသင်တက္ကသိုလ်မှာ ကျွန်တော်ကတော့ စာမကျက်ချင်တဲ့အတွက် ကျခဲ့သလို … ဆရာမဆီမှာ ကျူရှင်ယူသော နှစ်တွေမှာ အောင်မြင်ခဲ့တော့ ………………. 😛 …. နောက်တစ်ဖန် ကျွန်တော်တက်ခဲ့သောကျောင်း … အဲသည်ကျောင်းကတော့ ရန်ကုန်မြို့ထဲမှာပဲ ရှိတယ်ဗျ အမှတ်ကတော့ ဆေးပြီးရင် ဒုတိယ မလိုက်တောင် အမှတ်တော်တော်များမှ တက်လို့ရတဲ့ ကောလိပ်ဗျ … အဲသည် ကျောင်းမှ တက်နေတဲ့ ကျောင်းသားတွေက အိမ်သာခန်းမှာ […]


KingAugust 26, 20111min12714
ရွာထဲလည်း မရောက်တာကြာပေမယ့် ရွာအပြင်ကနေပြီးတော့ သတင်းနားထောင်မိပါရဲ့ … အခုတစ်လော ပို့စ်အသစ်တင်ချင်ပေမယ့်လည်း တင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အချိန်မှာ ကွန်ပျူတာ ရှေ့မှာ မရှိ … ကွန်ပျူတာရှေ့ရောက်ပြန်တော့လည်း ရေးချင်တဲ့အတွေးလေးတွေ ကွယ်ပျောက် သွားတာကြောင့် မရေးဖြစ်ခဲ့ပါဘူး … အခုလည်း ကာတွန်းလေးတွေ ကြည့်ရင်း ရွာသူ/သား မိတ်ဆွေတွေကို မျှဝေပေးချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးဖြစ်ခဲ့ပါတယ်ဗျ .. ကူးယူခဲ့တဲ့ အချို့သော ကာတွန်းတွေရဲ့ မူရင်းလိပ်စာကိုလည်း မမှတ်မိ(ကျွန်ုပ်၏ အားနည်းချက်)တော့ပါသဖြင့် တောင်းပန် အပ်ပါတယ်ဗျ …. ကျွန်တော်လည်း တွေးမိတရ်ဗျ  (အမှန်တော့ အခုရက်ပိုင်း အလုပ်ရှုပ်နေသဖြင့် ဘုရားဦးချယုံကလွဲလို ့ ဘုရားမရှိခိုးဖြစ်ပါ ဤသည်ကား စကားချပ်) ကျွန်တော်တို့တွေ ဘုရားရှိခိုးရင် ဆုတောင်းတာတွေ ပါတတ်တယ်ဗျ .. ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်လည်း ဆု တော်တော် […]


timothyAugust 25, 20111min1030
အာဏာရှင် ဂဒါဖီးတယောက်အရှင်လတ်လတ်မြေမြိုခံနေရပြီ။ မြေအောက်ဥမင်လှိုင်ခေါင်းထဲမှာ၊ကြွက်စုတ်တကောင်လိုပြေးနေရပြီ။ R2P လို့ခေါ်တဲ့ပြည်သူလူထုကိုအကာအကွယ်ပေးတဲ့မူအရ၊ NATO က Rebel Forces, တော်လှန်နေတဲ့တပ်တွေကိုအဖက်ဖက်ကကူညီပေးနေတာ R2Pမူအရဘဲ။ Rebel Forces တွေမှာ အသိပညာရှင်၊အတပ်ပညာရှင်၊ကာယလုပ်သား၊ဈေးသည်၊ကျောင်းသား၊ ဆင်းရဲသားလက်လုပ်လက်စား၊ဆရာဝန်၊အင်ဂျင်နီယာ၊ဥပဒေပညာရှင်၊အရပ်ထဲကသာမန်ပြည်သူလူထုအားလုံးပါတယ်။ ဒါ့ကြောင့်လဲအခုထက်ထိ Rebel Forces တွေကို Gaddafi ရဲ့တပ်တွေကလက်နက်ကြီးတွေနဲ့ပစ်နေလို့ R2P မူနဲ့ NATO ကကူနေရတယ်။ လူထုအင်အား၊လူထုအရပ်လုံးပါဝင်ပြီးလုပ်နေတဲ့ Libyan များက သက်သေပြနေပါတယ်။ လူထုအားနဲ့အနုနည်း၊လိုအပ်ရင်အကြမ်းနည်းသုံးပြီးတော်လှန်မှ၊ အပြည်ပြည်ဆိုင်ရာတွေ၊ပြည်ပတပ်တွေရဲ့ R2P ကာကွယ်မှုကိုရမယ်။ အာဏာရှင်ကိုပြည်ပအားပါမှတော်လှန်ဖြုတ်ချနိုင်မှာဘဲ။


asiamastersAugust 24, 20111min19911
ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ တာဝါလိန်းလမ်းက အိမ်ကိုသွားခဲ့တာ ၁၉၉၈ ခုနှစ်ကဖြစ်ပါတယ်။ ယခင်ဂျပန်ခောတ်မှာဆေးရုံကြီးဖြစ်ခဲ့တဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေချိန် ဂျပန်ခောတ်ဆေးရုံကြီးစာအုပ်ကိုဖတ်နေချိန်လဲဖြစ်ပါတယ်။ သိလိုသေးတဲ့ကွင်းဆက်တွေက အများကြီး ကျန်သေးတော့ ဗိုလ်ချုပ်ပြတိုက်ကိုသွားဖို့ရည်ရွယ်ခဲ့တာပါပဲ။ အိမ်ဝကိုရောက်ရောက်ခြင်းမှာပဲ ဂိတ်ရဲ့ညာဘက်မှာရပ်ထားတဲ့ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ကားကိုတွေ့ရပါတယ်။ ဒီကားပေါ်မှာရပ်ပြီး ဗိုလ်ချုပ်စကားပြောနေတဲ့ ဓါတ်ပုံလေးတစ်ပုံရှိဖူးပါတယ်။ ဗိုလ်ထွန်းလှပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ ဒရိုင်ဘာအကြောင်းလေးကို သတိရမိပါတယ်။ ပြီးတော့အိမ်ပေါ်ကိုတက်ခဲ့တော့ အောက်ထပ်မှာပဲ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့နဲ့ စာအုပ်ဘီရိုလေးကို သတိထားမိပါတယ်။ စာအုပ်ဘီရိုလေးက မှန်နဲ့သစ်သားလုပ်ထားတဲ့ဘီရိုလေးပါ။ ဒီအထဲမှာတော့ စာအုပ်အတော်များများတော့ရှိပါတယ်။ အများစုကတော့ အင်္ဂလိပ်စာပေတွေများပါတယ်။ ကျွန်တော်ဟာ စာဖတ်ဝါသနာပါသူမို့ စာအုပ်ဘီရိုလေးကိုကြည့်ပြီး ဗိုလ်ချုပ်ကိုအောက်မေ့မိပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်ကို ဓါတ်ပုံမှာပဲမြင်ဖူးခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်နဲ့သိမှီခဲ့တဲ့လူတိုင်းကို ဗိုလ်ချုပ်အကြောင်းမေးမြန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့သမျှကို တစ်လုံးမကျန်အကုန်ဖတ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့ကိုကြည့်တော့ ဗိုလ်ချုပ်ဟာ ခန္ဒာကိုယ်သေးငယ်တာကို သတိထားမိပါတယ်။ အိမ်ပေါ်ကနေတောင်ဖက်အောက်ကို ကြည့်လိုက်တော့ ဗိုလ်ချုပ်သားလေးရေနစ်သေဆုံးခဲ့တဲ့နေရာလေးကိုတွေ့ရပါသေးတယ်။ အလိုလိုနေရင်း ကျွန်တော့်ရဲ့မျက်လုံးထဲမှာ မျက်ရည်များဝေ့တက်လာသလိုခံစားရပါတယ်။ […]


kaiAugust 24, 20112min2349
ဖက်ဒရယ်စနစ် ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဩဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ဝ၂ မိနစ် ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့  ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့် ကုန်တယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ […]


asiamastersAugust 23, 20111min26017
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ လောက်က ရန္တပိုစာချုပ်အပြီးမှာ အောက်မြန်မာနိုင်ငံကို  အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီး ဖြစ်ပါ တယ်။ မအူပင်မြို့မှာ ထောင်တစ်ခုရှိပါတယ်။ မအူပင်ထောင်ရဲ့ ထောင်မှုးဖြစ်သူဟာ ပေါ်တူဂီလူမျိုးဖြစ်ပါတယ်။ သူဟာ ဒေသခံမြန်မာအမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ သမီး (၇) ယောက်ထွန်းကားပါတယ်။ အငယ်ဆုံးသမီးလေးဟာ ပေါ်တူဂီကဗျားမလေးဖြစ်တာမို့ အလွန်ချောမောလှပပြီး ရတနာပုံနေပြည်တော်မှ အင်္ဂလိပ်စာသင်ဆရာလေးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ အိမ်ထောင်ရာသားကျပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူနေပြည်တော်မှာလိုက်နေပါတယ်။ သားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ တစ်ဦးက မောင်ဘသော်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ မောင်ဘမော်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားကို အင်္ဂလိပ်စာသင်ပေးရပါတယ်။ မိသားစုဘဝလေးဟာအလွန်ကို အေးချမ်းသာယာနေပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ မမျှော်မှန်းထားတဲ့ ကြမ္မာဆိုးကြီးကျရောက်လာပါတော့တယ်။ မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းလို့လူသိများပါတယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားနှစ်ပါးက အာဏာသိမ်းရန်ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်းခြင်း မအောင်မြင်ပါ။ မင်းသားနှစ်ပါးနဲ့ နောက်လိုက် နောက်ပါ […]


asiamastersAugust 23, 20111min1556
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကနေ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲချိန်မှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါဝင်ခဲ့သူအားလုံးဟာ တပ်မတော်မှာနေရာပြန်မရကြပါဘူး။ တစ်ချို့ကလည်း ကိုယ့်အိမ် ကိုယ်ပြန်ကြပေမဲ့ တစ်ချို့ကလည်း ပြန်စရာနေရာမရှိသလို စားစရာနေစရာကအစ အဆင်မပြေပါဘူး။ ဒီတော့ ဒီလူတွေဟာ ဗိုလ်ချုပ်ကို နည်းအမျိုးမျိုးနဲအပူကပ်ကြပါတယ်။ ဗိုလ်ချုပ်ကလည်း လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်နေတော့ အတော်လုပ်ရ ကိုင်ရ ခက်ပါတယ်။ ဒါကြောင့် သူတို့ကို ပြည်သူ့ရဲဘော် (People Volunteer Organization) ဆိုတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ဟာ တဖြည်းဖြည်းနဲ့အင်အားများလာပါတယ်။ လက်နက်မကိုင်ရသော်လည်း လက်နက်မဲ့ စစ်ရေးလေ့ကျင့်ခြင်းတွေ၊ ရပ်အကျိုးရွာအကျိုးဆောင်ရွက်ခြင်းတွေလုပ်ကြပါတယ်။ တစ်ချို့နိုင်ငံရေးသမား တွေကလည်း မျက်စိနောက်တာပေါ့။ ခက်တာက ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်လာသူတွေကို တိတိကျကျ မစစ်ဆေးနိုင်ပါဘူး။ ကောင်းသူတွေလည်းပါသလို မကောင်းသူတွေလဲပါလာတာပါပဲ။ တစ်ချို့ကိစ္စတွေမှာ မကောင်းသူတွေကြောင့် ပြည်သူ့ရဲဘော် အဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်လာစေတာမျိုးလဲရှိပါတယ်။ ဂဠုန်ဦးစောဟာ […]


အပေါင်းအသင်း ရောင်းရင်းများခင်ဗျား မျှဝေလိုက်ပါတယ် မြန်မာပြည်မှပေးစာ၊ အားလပ်ရက် – ၂ holiday 2.png စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။ ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများနောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။ […]


asiamastersAugust 22, 20111min2098
တစ်ရက်မှာတော့ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ကျွန်တော့ကိုသူ့ရုံးကိုဖိတ်ပါတယ်။ ကျွန်တော်က သူ့ကိုဂေါက်သီး ရိုက်သင်ပေးနေတာပါ။ ကျွန်တော့်ဘဝမှာက ဂေါက်သီးရိုက်သင်ဆရာလဲလုပ်ခဲ့ပါတယ်။ အခုလည်း အခါအားလျှော်စွာ သင်ပေး နေတုန်းပါပဲ။ ဖိတ်ကြားခဲ့တဲ့သံအမတ်ကြီးကတော့ အခုသံအမတ်ကြီးရဲ့ အရင် နှစ်ဦးခန့်ကဖြစ်ပါတယ်။ နဲနဲတော့ကြာပါပြီ။ အိန္ဒိယသံရုံးဟာ ကုန်သည်လမ်းပေါ်မှာ တည်ရှိပါတယ်။ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မကျတကျလေးဖြစ်ပါတယ်။ သံအမတ်ကြီးကဖိတ်တယ်ဆိုတော့ ကျွန်တော်ကလည်း လေးလေးစားစားပဲ ဝတ်စားဆင်ရင်ပြီး၊ အချိန်မီရောက်အောင် သွားရ ပါတယ်။ သံရုံထဲကိုရောက်တော့ သူ့အတွင်းရေးမှုးကကျွန်တော့်ကိုစောင့်နေပြီး သံအမတ်ကြီးအခန်း အပေါ်ထပ်ကို ခေါ်သွားပါတယ်။ တံခါးဝမှာ သံအမတ်ကြီးက ပြုံးပြီးစောင့်နေပါတယ်။ ပြီးတော့ အခန်းဝမှာ ကပ်ထားတဲ့ ဓါတ်ပုံကြီးတစ်ပုံကိုပြပါတယ်။ ဒီဓါတ်ပုံက အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ ဗိုလ်ချုပ်ရဲ့ အရာရှိဦးထုပ်နဲ့အပေါ်က လောင်းကုတ် အကျီနဲ့ပုံဖြစ်ပါတယ်။ သံအမတ်ကြီးက ကျွန်တော့်ကို ပြုံးပြီးညင်သာစွာမေးပါတယ်။ ဒီဓါတ်ပုံကဘာထူးလဲတဲ့။ ကျွန်တော်လည်းသေသေချာချာကြည့်ပါတယ်။ ဘာမှထူးတာမတွေ့ပါဘူး။ ဒီတော့ ဘာမှမတွေ့ဘူးလို့ပဲပြန်ပြောရတာပေါ့။ […]


asiamastersAugust 22, 20111min1627
ကျွန်တော် ဂဠုန်ဦးစောအိမ်ကိုရောက်ခဲ့တဲ့အချိန်ဟာ ညနေဆည်းဆာအချိန်လေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေအိမ်ထဲကို ဝင်သွားချိန်မှာ ကျွန်တော်ဟာ တစ်ယောက်ထဲ လျှောက်ကြည့်နေမိပါတယ်။ အင်းယားကန် ရေစပ်စပ်ဟာ လေအဝှေ့မှာ တဖြတ်ဖြတ်ရိုက်ခတ်နေပါတယ်။ အလင်းရောင်နဲသော်လည်း ရေဟာကြည်လင်နေတယ်ဆိုတာခံစားရပါတယ်။ ငါးမျှားရရင်ကောင်းမှာပဲလို့ စိတ်ထဲကပေါ်ပေါက်ဖူးပါတယ်။ ဒီအင်းယားကန်ကြီးရဲ့ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်ရင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ နိုင်ငံရေးလောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အမြင်သစ်များ၊ ကြိုးပမ်းအားထုတ်မှုများ၊ ဥစ္စာဓနပိုင်ဆိုင်မှုများ၊ နာကြည်းချက်များ၊ ကလဲ့စားများကို တစ်စိမ့်စိမ့်တွေးပြီး ကျောချမ်းလာမိခဲ့ပါတယ်။ အင်းလျှား ကန်ကြီး မှာတော့ ပြောစရာတွေအများကြီးရှိနေခဲ့မှာပါ။ ဗိုလ်တထောင် ကုန်လှောင်ရုံ (Depot) ကထုတ်လာတဲ့ ဘရင်းဂန်းတွေကို စည်ပိုင်းထဲမှာထည့်ပြီး ရေမဝင်အောင်ချိတ်နဲ့ပိတ်ကာ ဒီအင်းလျှားကန်ရေထဲမှာ မြုပ်ထားခဲ့ပါတယ်။ ဒီလက်နက်တွေထုတ်လာခဲ့တဲ့ရည်ရွယ်ချက်က ရွှေဘုံသာလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ မာကင်တိုင်ဘဏ် (ယခုမွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်) ကို ဓါးပြတိုက်ရန်ဖြစ်ပါတယ်။ အစိုးရကလည်း ပီပီပြင်ပြင်မဖွဲ့နိုင်သေးတော့ အချင်းချင်း ဂိုဏ်း ဂနတွေ ဖွဲ့ပြီးကာကွယ်နေရတဲ့ […]


timothyAugust 22, 20111min800
ရွာသားတို့ရေ။ လစ်ဗျားပြည်သူလူထုကို ၁ဝခါပြန်အလေးပြု၊ ဂုဏ်ပြုချီးကြူးကြပါစို့။ ခေါင်းမာပြီး၊ဗိုလ်သန်းရွှေလိုယုတ်မာပက်စက်တဲ့ ဂဒါဖီးကို ပြောင်မြောက်တဲ့သတ္တိဗျတ္တိတွေနဲ့အခက်အခဲများကြားကတိုက်ထုပ်လိုက်ပြီ။ ကမ္ဘာ့ပြည်သူများက သတ္တိရှင်လစ်ဗျားပြည်သူလူထုကိုဂုဏ်ပြုကြပါတယ်။ အာဏာရှင်ကို၊စစ်အာဏာရှင်ကိုအကြမ်းနည်းနဲ့ဘဲဖြုတ်ချနိုင်မယ်ဆိုတာကိုသက်သေထူလိုက်ပြီ။ အမေရိကန်၊အင်းဂလိပ်၊ရုရှား၊တရုပ်၊ပြင်သစ်၊ကုလား၊ဘင်ကီမွန်( ကမ္ဘာ့အညံ့ဆုံးကုလအတွင်းရေးမှူး) တို့အတွက်အကောင်းဆုံးသင်ခန်းစာဘဲ။ ဒီသင်ခန်းစာကိုယူပြီး ဆီးရီးရား အာဏာရှင် အာဆတ်ကိုဆုံးမဘို့သိပ်မခက်တော့ဘူး။ ဗမာပြည်သူလူထုသင်းခန်းစာယူဘို့က ၁) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ရေးဆိုတာပြည်သူလူထုကိုယ်တိုင်ဝင်ပါဝင်လုပ်မှရမည်ဆိုတာကိုယုံကြည်လိုက်လုပ်ကြပါ။ ၂)ဒေါ်အောင်ဆန်းစုကြည်ကအခုစစ်အစိုးရခေါင်းဆောင်တွေကိုအနုနည်းနဲ့ဖြောင်းဖျဆွေးနွေးနေပြီ။ ၃)ပြည်ကူလူထုကလူထုအင်အားပြကြရမယ်။အသေခံ၊အနာခံကြရမယ်။ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးလွတ်မြောက်ဘို့အရေးဆိုဆန္ဒပြကြရမယ်။ လိုအပ်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိန့်ပေးရင်၊ဒါမှမဟုတ်လို့အမေစုကိုရန်သတ္တုပြုလာရင်ပြည်သူအားလုံးလမ်းတွေပေါ်ထွက်လာကြပါ။ ၄) စစ်တပ်ကရက်ရက်စက်စက်နှိမ်နင်းလာပြီဆိုရင်၊ ၅)လက်နက်ကိုင်တိုက်တဲ့အဆင့်ရောက်ပြီ။ ၆)လစ်ဗျားအခြေအနေနဲ့ဗမာပြည်ဖိနှိပ်မှုနဲ့တထပ်ထဲတူပါတယ်။ လစ်ဗျားတွေလုပ်တဲ့အတိုင်းသင်ခန်းစာယူပြီးအသေခံလုပ်ကြရမယ်။ ၇) စစ်ခွေးများအပြစ်ကြမ်းလာရင်၊ လိပ်၊ကန်၊သစ်၊တရုပ်၊ရုရှား၊ကုလတို့အတွက် ပြည်သူလူထုကိုကာကွယ်တဲ့ ( Protection to People from harm ways of Sovereign States    Clause) ကိုသုံးပြီးစစ်လေယာဉ်၊စစ်သင်းဘောများလွှတ်ပြီးဖိနှိပ်သတ်ဖြတ်ခံနေကြရတဲ့ ပြည်သူလူထုကိုကူဘို့အတွက်က၊ ထမ္မင်းစားရေသောက်လောက်လွယ်သွားပါပြီ။ ၈) အခုဆီးရီးယားအရေးအခင်းကိုစောင့်ကြည့်ကြပါ။ ဆီးရီးယားပြည်သူလူထုလက်နက်ကိုင်တိုက်လာပြီ၊အာဏာရှင်အာဆတ်ကရက်ရက်စက်စက်ပြစ်လာပြီဆိုရင်၊ ပြည်ပကစစ်လေယာဉ်၊စစ်သင်းဘောများရောက်လာကြအုံးမယ်။ ၉) No pain, no […]


asiamastersAugust 22, 20111min1307
ကျွန်တော်ရန်ကုန်မြို့ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့တာက ၁၉၇၅ ခုနှစ်ကဖြစ်ပါတယ်။ လေးတန်း စာမေးပွဲ ဖြေပြီးချိန်မှာ အဖွားဖြစ်သူနဲ့ရန်ကုန်မြို့ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲ။ ၃၁ လမ်းမှာ အဖွားရဲ့ မောင်တစ်ဦးရှိပါတယ်။ အဲဒီအိမ်မှာပဲ တည်းခိုပါတယ်။ အတော့်ကို ဧည့်ဝတ်ကျေပွန်ပါတယ်။ အဖွားရဲ့မောင်ဟာ မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ထားဝယ်ကနေရန်ကုန်ကို မြန်မာ့လေကြောင်းလိုင်း  ဖော်ကာ F-27 လေယာဉ်ကို စီးခဲ့တာ ဖြစ်ပါ တယ်။ ဒီ နယ်သာလန်နိုင်ငံက ထုတ်တဲ့ ဖေါ်ကာ F-27 ကို ကျွန်တော် Pilot ဖြစ်တဲ့ အချိန်ထိ လဲသုံးနေဆဲပါပဲ။ အဲဒီတုန်းက ရန်ကုန်မြို့တော်တွင်း နောက်ဖေးလမ်းကြားများဟာ အလွန်ညစ်ပတ်နံစော်ပါတယ်။ ရန်ကုန်မြို့ကို ပထမဆုံးရောက်တဲ့ အထိမ်းအမှတ်က ကားပေါ်ကဆင်းတာနဲ့ အန်ထွက်လာတာဖြစ်ပါတယ်။ လေယာဉ်မူးတာရယ်၊ ကားမူးတာရယ် အနံ့အသက် တွေရယ်အားလုံးပေါင်းဆုံလို့နဲ့တူပါတယ်။ အဲဒီတုန်းကတော့ ရန်ကုန်မှာဘယ်တော့မှ မနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ […]