အားလုံးသပိတ်မှောက်ဘို့အဆင်သင့်ဘဲမဟုတ်လား။ နက်ဖြန်ခါကျုပ်တို့သပိတ်မှောက်မဲ့ရွေးကောက်ပွဲဟာအတုဆိုပေမဲ့၊ မြန်မာ့သတိုင်းမှာ ဒုတိယအရေးကြီးဆုံးနေ့ဘဲ။ ပထမအရေးပါဆုံးနေ့က ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ အင်းဂလိပ်ကျွန်ဘဝက လွတ်လပ်တဲ့ ပထမလွတ်လပ်ရေးနေ့ဘဲ။ ၂၀၁ဝ နိုဝင်ဘာလ ရရက်နေ့ နက်ဖြန်ဟာ ကျုပ်တို့ ဖက်ဆစ်စစ်အစိုးရရဲ့ကျွန်ဘဝကလွတ်မြောက်သောနေ့ဖြစ်မယ်။ ဒုတိယ လွတ်လပ်ရေးနေ့ဘဲ။ ဒီစစ်အစိုးရကိုခေါတ်အဆက်ဆက်လူထုနည်းနဲ့ဖြုတ်ချဘို့လုပ်ခဲ့တယ်။ စီးလုံးညီညွတ်မှုမရှိ၊အခြေအနေကလဲမပေး၊ ဖက်ဆစ်အာဏာရှင်ရဲ့ရက်စက်စွာအစုလိုက်အပြုံလိုက်ပြစ်သတ်တာတွေကြောင့်မအောင်မြင်ခဲ့ဘူး။ အလုပ်သမား၊လယ်သမား ကနေစသတ်လာတာ ကျောင်းသား၊ကျောင်းသားငယ်လေးတွေလဲချမ်းသာမပေးဘဲသတ်ဖြတ်လာတယ်။ နောက်ဆုံးဘုရားသားတော်များဖြစ်တဲ့သံဃာတော်အရှင်မြတ်များကိုပါအစုလိုက်သတ်ဖြတ်တဲ့အထိလက်ရဲဇက်ရဲ ဘီလူးသဗက်ထလာတယ်။ အရပ်ထဲဝင်ပြီးပြစ်ခတ်လက်စွမ်းပြလာတဲ့အထိသောင်းကျန်းနေတယ်။ ကိုယ့်တိုင်းပြည်မှာဖိနှိပ်တဲ့စစ်အစိုးရကိုလူထုအားမှတပါးဘာသူမှ မဖြုတ်ချနိုင်ဘူး။အန်တီစုတယောက်ထဲနဲ့လဲမတပ်နိုင်ဘူး။သူလိုပြည်သူချစ်တဲ့လူထုခေါင်းဆောင်လဲပြည်စူလူထုအင်အားမပါဘဲဘာမှမတပ်နိုင်ဘူး။ တိုင်းတပါးဒီမိုကရေစီနိုင်ငံများ၊ဒီမိုကရေစီခေါင်းဆောင်များ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ United Nations လဲ သူများနိုင်ငံအရေးမှာဝင်ရောက်စွက်ဖက်လို့မဖြစ်နိူင်ဘူး။ ပါးစပ်ပြောလောက်ဘဲကူနိူင်တယ်။အမေရိကန်၊အင်းဂလိပ် နဲ့ဥရောပနိုင်ငံများမှာလဲစီးပွါးရေးကပ်ဆိုက်နေတာကတကြောင်း၊စစ်အစိုးရရဲ့မဟာမိတ်ဆွေများဖြစ်တဲ့တရုပ်၊ကုလားခေါင်းဆောင်များနဲ့တွေ့တော့လဲကုန်သွယ်ရေးစီးပွါးရေးကိစ္စများသာပြောဖြစ်ပြီး မြန်မာအရေးကဘေးဖယ်ခံရတာများတယ်။ ခုဒီရွေးကောက်ပွဲဟာ United Nations နဲ့ တရုပ်၊ကုလားအပါအဝင်ကမ္ဘာ့နိုင်ငံများလိုအပ်တဲ့ ြမန်မာပြည်၏ကံကြမ္မာကိုမြန်မာပြည်သူလူထုသာလျှင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိရမည် ဆိုတဲ့ လူရိုသေရှင်ရိုသေ၊တရုပ်ကုလားရိုသေ၊ သန်းရွှေဖင်တုန်အောင်ကြောက်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကိုလူထုအင်အားနဲ့ဘဲကမ္ဘာကိုကြေငြာလို့ရပါမယ်။ ဒီလိုရွေးကောက်ပွဲနေ့မှာလူတိုင်းကိူယ့်အသိစိတ်ဓါတ်နဲ့ကိုယ်တာဝန်သိသိနဲ့ မဲမပေး၊မဲရုံမသွား၊ပါယ်မဲပေး အစရှိတဲ့ရွေးကောက်ရေးပျက်စီးဆုပ်သိမ်းရေးသပိတ်တိုက်ပွဲဟာပြည်သူလူထုအတွက်အန္ဒရာယ်ကင်းဘေးကင်းပြီး စစ်တပ်ရဲ့ကျွန်အဖြစ်မှလွတ်မြောက်မဲ့ ဗမာ့ထွက်ရပ်လမ်းပါဘဲ။ ဒီလိုရတောင့်ရခဲအခွင့်အရေးကိုပေးတုန်းမှာမလုပ်ခဲ့ရင်တော့ဒီတသက်မဟုတ်ဘူး၊နောက်၁ဝသက်တောင်ဒီလိုရက်မျိုးရဘို့မလွယ်ဘူး။ […]