MandalayTharOctober 27, 20101min1120
အိန္ဒိယကို ဥပမာထားပြီးပြောရရင် ၁၉၇၅မှာ အင်ဒီရာဂန္ဓီက အတိုက်အခံတွေ အားလုံးကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ထောင်ချထားပေမယ့် ထောင်ထဲကနေ ဝင်ပြိုင်ခွင့် ပြုခဲ့တယ်လေ။ အဲဒီတုန်းက ဂျော့ဖာနန်ဒစ်လဲ ထောင်ထဲမှာပဲ။  သူ့ဓာတ်ပုံကို ယူပြီးတော့ တနိုင်ငံလုံးမှာ ကားတွေနဲ့လှည့်ပြီး စည်းရုံးရေးတွေ လုပ်ကြတယ်။ အဲဒီမှာ သူက တနိုင်ငံလုံး ဒုတိယ မဲအများဆုံးနဲ့ နိုင်ခဲ့တယ်။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ကျနေတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ ဒီစကားလေးကို ကြိုက်မိလို့ ဧရာဝတီကနေ ကူးပြီး sharing လုပ် တင်ပေးလိုက်ပါတယ်။ မဖြစ်နိုင်တာလဲ သိပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံ မဟုတ်သလို။ မောင်သန်းရွှေဟာလည်း အင်ဒီရာဂန္ဓီမဟုတ်ဘူးဗျာ။ မဖြစ်နိုင်မှန်းသိပေမဲ့လည်း တိုင်းပြည်ကို ချစ်တဲ့သူတယောက်အနေနဲ့ […]


cobraOctober 26, 20101min470
မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြကြောင်း သိရသည်။ ရွေးကောက်ပွဲဝင် ၃ရ ပါတီထဲမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ KPP ၊  မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။ “Facebook ဝင်ကြည့်တဲ့သူက အများကြီး ဖြစ်နေတယ်။ […]


ဂ်စ္စူOctober 26, 20101min980
နိုင်ငံတော် အလံသစ် များ ဝင်းသူဇာ အရောင်းဆိုင် များတွင် ရောင်းချ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသစ် ပြင်ဆင် သတ်မှတ် လိုက်သည့် မြန်မာနိုင်ငံတော် အလံ အသစ်ကို ဝင်းသူဇာ အရောင်းဆိုင် များတွင် အောက်တိုဘာ ၂၁ ရက်မှ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ အလံတော် အသစ် များကို ခြောက်ပေ၊ လေးပေ အရွယ် နှင့် ကိုးပေ၊ ခြောက်ပေ အရွယ် ဟူ၍ နှစ်မျိုး ခွဲခြား ထားပြီး ပိတ်သားကို ဖဲသားနှင့် ရိုးရိုး ပိတ်သား နှစ်မျိုးဖြင့် ရောင်းချ သည်။ ဈေးနှုန်း များမှာ ခြောက်ပေ၊ လေးပေ […]


smytu1996October 25, 20101min952
မြန်မာနိုင်ငံမှာ ၂၀၁ဝ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်ဩဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ […]


darkooskyOctober 22, 20101min791
ဘယ်သူတွေ ဘယ်လိုပြိုင်ကြမှာလဲ လာမယ့်ရွေးကောက်ပွဲမှာ၃ရပါတီ ပြိုင်ကြမှာဖြစ်ပါတယ်။အဲဒီထဲကတစ်ချို့ကနိုင်ငံအဆင့် ပြိုင်မယ့် ပါတီများ ဖြစ်ပြီး တစ်ချို့ ကတော့ ပြည်နယ် အဆင့်မှာပဲ ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဆိုပြီး ဥပဒေပြု အဖွဲ့အစည်း သုံးရပ်အတွက် ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်များကနေပြီး ဘယ်ပါတီတွေက ဘယ်လွှတ်တော်မှာ ဘယ်လို ဝင်ပြိုင်ကြမယ် ဆိုတာကို စုစည်း လေ့လာခဲ့ပါတယ်။ ပါတီအားလုံး မရပေမယ့် အရေးကြီးတဲ့ ပါတီတွေအတွက် လေ့လာလို့ ရသလောက် အခြေအနေကို အောက်မှာ ဖော်ပြ ပေးထားပါတယ်- ပါတီပြည်သူ့လွှတ်တော်အမျိုးသားတိုင်း/ပြည်နယ်တိုင်းရင်းသားပေါင်း ပြည်ခိုင်ဖြိုး၃၁၄၁၅၉၆၁၂၂၇၁၁၁၂ တစည၂၉၄၁၄၉၅၃၅၁၇၉၉၅ NDF၁၀၂၃၄၂၃-၁၅၉ ရှမ်းတိုင်းရင်းသား၄၅၁၅၉၃၃၁၅၆ ဒီမိုကရက်တစ်ပါတီ၂၂၉၁၆-၄၇ ရခိုင်တိုင်းရင်းသား၁၂၈၂၃၁၄၄ ၈၈မျိုးဆက်၂၈၆၅-၃၉ မတူကွဲပြားခြင်း၃၂၂-၇ […]


kaiOctober 22, 20108min1158
နိုင်ငံရေးစစ်မျက်နှာ – ခင်မမမျိုး ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဟု ရှေးလူကြီးများက အဆိုအမိန့်ထားရစ်ခဲ့ကြသည်။ သို့ပေမယ့် ရောမလို ကျင့်ဖို့က ရောမ ရောက်နေမှန်း အရင်သိဖို့ လိုအပ်သည်။ ရောမရောက်နေသည့် အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုအပ်သည်။ သို့မှလဲ ရောမလို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သဘောင်္ပျက်၍ ကျွန်းတကျွန်းပေါ် ရောက်နေသူသည် အုန်းသီးရသည့်အခါ အုန်းရေကို မော့သောက်နိုင်ဖို့အတွက် မိမိအခြေအနေမှန်ကို သိနေဖို့ လိုအပ်သည်။ အပန်းဖြေခရီးထွက်သကဲ့သို့ အုန်းရေစုပ်သောက်ရန် ပိုက်လိုက်ရှာနေလို့ မရ။ အင်္ဂလန်မှ ဟိုတယ်သို့ လာပြီး ငါးပိစားချင်တယ် ပြော၍ မရသလို၊ ရေဘေးကယ်ဆယ်ရေးဖြင့် သွားရသည့် ရွာမှ အကောင်းဆုံး ဖျာကြမ်းလေးပေါ်တွင် ထိုင်ရင်း ဆိုဖာပေါ်ထိုင်ရရင် ကောင်းမည်လား ဟု စိတ်ကူးယဉ်နေ၍လည်း မရ။ မိမိရောက်နေသည့် နေရာ၊ […]


ဂ်စ္စူOctober 22, 20101min1073
မြန်မာနိုင်ငံ၏ အနှစ် ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည် ဖြစ်သော ၂၀၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။ သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် […]


MandalayTharOctober 22, 20101min1846
ဒီနေ့ မနက် ၉နာရီ (၂၂ အောက်တိုဘာ ၂၀၁၀) စင်္ကာပူရှိ မြန်မာသံရုံးကို ဆက်ကြေးသွားပေးတာ (အဲယောင်လို့ အခွန်သွားဆောင်တာ)။ သံရုံးမရောက်ခင် အရင်ဆုံးသတိထား ကြည့်မိတာ အလံဘဲ။ မြန်မာသံရုံး အလံက လွင့်ထားတာ အလံအဟောင်းဘဲဗျ ဘာ အလံသစ်ကိုမှ မပြောင်းသေးဘူးဗျာ။ အလံသစ်ဘဲ မရှိလို့လား၊ ပိုက်ဆံယူဖို့ဘဲ လုံးပမ်းနေလို့လား၊ ဘာညွှန်ကြားချက်မှ မရလို့လား။ အလံသစ်ကို သူတို့လည်း စိတ်မဝင်စားလို့လား။ သံရုံးမှာ ဗုဒ္ခဟူးသားနဲ့ အင်္ဂါသားဘဲ မရှိလို့လား။ သံအမတ်ကြီးက တပ်ချုပ်ကြီးရဲ့ အမိန့်ကို အာခံတာလား။ ဘာပြောပြော သူတို့လဲ အလံဟောင်းဘဲ တင်မယ်ကွာ ဆိုပြီးတင်တာလား။ မြန်မာသံရုံးက ဒီကောင်တွေ ပြည်တွင်းမှာ လုပ်ချင်တာ ငါတို့ ပြည်ပမှာ လုပ်ချင်တာလုပ်မယ် ကွာဆိုပြီးလား မသိပါဘူး။ အလံသစ်ကို မပြောင်းဘူးဗျာ။ […]


timothyOctober 21, 20101min670
မဲမပေးဘို့၂၀၁ဝ ရွေးကောက်ပွဲကိုပြည်လုံးကြွတ်သပိတ်မှောက်ကြဘို့အားလုံးကိုနှိးဆော်ထားပါတယ် NLD နဲ့တော်လှန်ရေးအဖွဲ့များကလဲ်းသပိတ်မှောက်ကြဘို့အားလုံးကိုနယ်လှဲ့နှိးဆော်နေပါတယ် ကျနော်ပြောတာကအားလုံးမဲပေးဘို့ကိတ်စများမှာဘာမှဝင်မပါလျစ်လျူရှုဥပက္ခာပြုကြပါ NDF ဆိုတဲ့ကောင်တွေဟာအရောင်ဆောင်သစ်စာဖောက်တွေဘဲ  ကြံ့ဖွတ်ကလွဲလို့ကျန်တဲ့ပါတီမဲထဲ့မယ်ဆိုလို့ကတော့ သန်းရွှေဆင်တဲ့ထောင်ချောက်ထဲတတိုင်းပြည်လုံးအကျဘဲ နားမယောင်ကြပါနဲ့ ရှင်းအောင်ပြောမယ် ပေးသမျှမဲအကုန် ဗိုလ်သန်းရွှေမဲဖြစ်အောင် နဝတ က ကလိန်စိဥဏ်းဆင် အသင့်ပြင်ထားပြီ မဲရုံရှေ့မှာ၁ဝယောက်ထက်ပိုရှိလို့ကတော့ဓါတ်ပုံနဲ့သတင်းစာထဲအပါဘဲ  ရောင်လို့မှမဲရုံနားမသွားမိစေနဲ့  ဗိုလ်သန်းရွှေကိုထောက်ခံတဲ.အထဲပါသွားမယ် ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ပွဲငါတို့မဲမပေးဘူး ၂၀၁ဝ ရွေးကောက်ပွဲကိုပြည်လုံးကြွတ်သပိတ်မှောက်ကြစို့ ၂၀၁ဝ ရွေးကောက်ပွဲမရှုမလှကျဆုံးရမည် ဗိုလ်သန်းရွှေကို ၂၀၁ဝ ရွေးကောက်ပွဲနဲ့အတူအပြုတ်ဆော်ကြမည် ဒီမိုကရေစီ အောင်ရမည် အရေးကြီးပြီ သွေးစည်းညီညွတ်ကြပါစို့ ဒီစာတမ်းကိုလဲမြန်မာပြည်တဝှမ်းဖြန့်ဝေပေးကြပါ