မစုဥာဏ္December 1, 20141min33815
(photo: internet)   မှိုင်းညို ့ညို ့တောင်တန်း ဝိုင်းရံထားတဲ့ ချယ်ရီမြေ စမ်းရေကြည် တသွင်သွင်စီးကျ အေးမြလှပေ။   ဟန်ဆောင်မဲ့ ပြုံးပန်း ပန်ဆင်ထားတဲ့ တောင်ပေါ်သူတွေ ပါးအို ့နီနီ ယဉ်ယဉ်လေးလှ ရိုးသားကြပေ။   အိုးစည်သံခြုံလွမ်း ရိုးရာဓလေ့ နဲ ့ ရာဇဝင်တွေ အာဏာရှင် လူတစ်စုကြောင့် ညှိုးနွမ်းခဲ့ပေ။   ထင်းရှူးမြိုင်တောတန်း သေနတ်သံမစဲတဲ့ ချယ်ရီမြေ မျက်ရည်သွေ တသွင်သွင်စီးကျ သွေးမြေကျလို ့နေ။   ယမ်းငွေ ့တွေ ခြုံ လွမ်း သိန်းပေါင်းချီတဲ့ Refugee တွေ မွေးမြေမှာ…ငြိမ်းချမ်းစွာ..ပြန်နေရဖို ့ တမ်း………..တမ်းတနေ။   စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ပေးဖို ့….မှန်း..မှန်းဆနေ။   […]


ခင္ခNovember 26, 20141min37225
” သားကိုရွေး မှာလားဟင် “     ဆင်းရဲတဲ့လူတန်းလွှာက ပြောကြတယ် ဒီကောင်တွေ လူစိတ်မရှိဘူး ဈေးကွက်ထဲ သူတို့ကြည်ဘဲ လက်ဝါးကြီးအုပ်လုပ်ကြတယ် ဒါကြောင့်သူတို့ဘဲ ချမ်းသာနေတာတဲ့။   ချမ်းသာသော လုပ်ငန်းရှင်တွေက ဒီလိုပြောပါတယ် ဒီကောင်တွေ လက်ကြောကိုမတင်းဘူး အလုပ်ကမလုပ်ရသေးဘူး ဘာပေးမှာလဲ ဘယ်လိုခံစားရမှာလဲ ဘာလဲညာလဲနဲ့ ရမှလုပ်မယ် မရရင် ငတ်သေပစေ မလုပ်ဘူးတလွဲမာနနဲ့ အလုပ်ကိုစွန့်မလုပ်ချင်ကြဘူး ဒါကြောင့် သူတို့တွေ ဆင်းရဲတွင်းနက်နေကြတာတဲ့။   ဘယ်သူကမှန် ဘယ်သူကမှား အဖြေက သေချာရေရာမသိခင် အာဏာရမင်းကတော့ ဒီလိုဆိုတယ် ငါ့အိတ်ကလေးဖောင်းစေဖို့ အရင်းရှင်နဲ့ ဒီသက်တမ်းပေါင်းတယ်ဗျို့ နောက်သက်တမ်းလေး ဒို့ဆက်ရွှေးရင် ဆင်းရဲတွင်းက ကယ်တင်ပေးကာ ပပျောက်အောင်လုပ်ပေးပါမယ် တကယ်ပါ တကယ်ပြောတာပါတဲ့။   ထိုအချိန်မှာ တီဗီကအသံလွှင့်သံပျံလွှင့်ကာပေါ်ထွက်လာတာက သားကိုရွေး သားကိုရွေး […]


ခင္ခNovember 25, 20141min23513
” ဘာများဖြစ်မှာလဲ “   လေးသုံးခြောက်ပြင် အရင်ပြုမှ ငါးဆယ့်ကိုး(စ) ပြင်လို့ရမယ် ထိုထိုပြင်မှ စုနိုင်သမ္မတ ပြု၍ရမည်။ ဘာကြောင့်သမ္မတ ပြုချင်လှတယ် အာဏာကိုရူး မက်လို့ဟုတ်ဘူး လုပ်ခွင့်အာဏာ ရှိလာပါမှ ဒို့တိုင်းပြည်အတွက် တိုးတက်မည့်လမ်း ထွင်လို့လျှောက်မည် ကြိုးစားခဲ့သည် ခြေဥပြင်ဖို့ လက်မှတ်ထိုးလို့ ပြည်လုံးဆန္ဒ ယူခဲ့ကြစဉ် လွှတ်တော်ဘဘ ဆိုသူများက သူတို့လည်းဘဲ ထောက်ခံသယောင် ရိပ်မြွှတ်ကယ်ပြော ဆိုခဲ့ပြီးမှ နီးလာလေပြီ နှစ်ထောင့်ဆယ့်ငါးဆီ ခုတော့ပြောပြီ နောင်သက်တမ်းမှ ပြင်လို့ရမယ် ဆိုလှလေတော့ ရှေးသရောအခါ ဘာတိုင်းပြည်မှာ ဘာဓားကြီးနဲ့ ဘာသီးကိုခွဲ ဘာထွက်လာလဲ ဘာမှမသိဆိုသလိုကွယ်။       ခင်ခ။


kaiNovember 15, 201464min22610
Remarks by President Obama at Young Southeast Asian Leaders Initiative Town Hall, 11/14/14 Yangon University Rangoon, Burma 3:43 P.M. MMT PRESIDENT OBAMA: Hello, everybody! AUDIENCE: Hi! PRESIDENT OBAMA: Myanmar Luu Ngae Myar Min Galarbar! (Applause.) It’s wonderful to be back in Myanmar. Everybody, please have a seat. Have a seat. Oh, we got some signs […]


kaiNovember 15, 20141min330121
သတင်းထုတ်ပြန်ချက် ရက်စွဲ။ ။ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် ရန်ကုန်။ ။ အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘာရတ်ခ်အိုဘားမားသည် ရန်ကုန်မြို့လယ်ရှိယခင် ဝန်ကြီးများရုံးအဆောက်အအုံသို့ ယနေ့လည်ပတ်ရာတွင် ရန်ကုန်မြို့ပြအမွေအနှစ်   ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးနှင့် တွေ့ဆုံခဲ့သည်။ ယခင်ဝန်ကြီးများရုံးအဆောက်အအုံဝင်ပေါက်တွင် တွေ့ဆုံကြပြီးနောက် မစ္စတာအိုဘားမားသည် ဒေါက်တာ သန့်မြင့်ဦးနှင့်အတူ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေညာခဲ့ရာ အလယ်ကွက်လပ်ရှိအထိမ်းအမှတ်အလံတိုင်ရှိရာ နေရာသို့သွားရောက်ခဲ့သည်။ အဆိုပါနေရာသည် ၁၉၄ရ ခုနှစ်တွင် နိုင်ငံခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသည့်အထိမ်းအမှတ်ကမ္ဗည်းကျောက်တိုင်နှင့် မြန်မာပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပခဲ့ရာနေရာလည်း ဖြစ်သည်။ ဝန်ကြီးများရုံးအဆောက်အအုံသည် မြန်မာနိုင်ငံအား ၁၉၄၈ခုနှစ်တွင် လွတ်လပ်ပြီးယဉ်ကျေးမှု မျိုးစုံထွန်းကားရာဒီမိုကရေစီနိုင်ငံအဖြစ် မွေးဖွားပေးခဲ့ရာ အထင်ကရနေရာဖြစ်သည်။ ၂ဝ ရာစုအစောပိုင်းမြို့ပြအခင်းအကျင်းကိုအာရှတိုက်အတွင်း မပျက်မယွင်းတွေ့မြင်နိုင်သေးသော မြို့ပြရှုခင်းကိုပိုင်ဆုငိ ်ရာ ရန်ကုန်၏ သမိုင်းဝင်မြို့လယ်ဧရိယာအတွင်းတည်ရှိပြီး မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသော မြို့ပြအဆောက်အအုံတစ်လုံးဖြစ်သည်။ ရန်ကုန်၏သမိုင်းဝင်မြို့လယ်ဧရိယာကို မော်တော်ယာဉ်ဖြင့်ဖြတ်သန်းသွားပြီး […]


ခင္ခSeptember 18, 20141min1329
” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “   စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မှာ တစ်ခါတုန်းက ကြေငြာချက်တစ်ခု တိုင်းပြည်ကို ကြေငြာလိုက်တာ ဒီနေ့ပါဘဲ အဲဒီကြေငြာချက်လွန် ကာလတွေမှာ တစ်ချို့တွေက မြို့ပေါ်မှာ ကြက်ပျောက်ဌက်ပျောက်သလိုပျောက်သွားပြီး နယ်စပ်တွေ တောထဲတွေရောက်ခဲ့တယ် တစ်ချို့တွေက နံရံလေးဘက်ကို တံတိုင်းကြီးလို ကာရံထားတဲ့ထဲ ဝင်သွားကြရှာတယ် တစ်ချို့တွေက ပေါ်လိုက်ပျောက်လိုက် ပုန်းလိုက်ပြေးလိုက် လုပ်နေကြရတယ် တစ်ချို့တွေက မိသားစုတွေနဲ့ တကွဲတပြားဖြင့် ဘဝကြမ်းကိုရင်ဆိုင်ခဲ့ကြတယ် တစ်ချို့တွေက အမိမြန်မာမြေကို စွန့်ခွာသွားဖြစ်ကြတယ် တစ်ချို့တွေက ပါးစပ်တွေအပိတ်ခံလိုက်ရတယ် တစ်ချို့တွေက လက်တွေကိုချည်နှောင်ခံလိုက်ရတယ် တစ်ချို့တွေတော့ ချမ်းသာရေးလမ်းပေါ်ကို ထွက်လာခွင့်ရသွားကြတယ် တစ်ချို့တွေက တောထဲကနေ မြို့ပေါ်မှာတရားဝင်နေခွင့်ရလာကြတယ် တစ်ချို့တွေက နှစ်ပေါက်တစ်ပေါက် ဒီနိုင်ငံသားတွေ ဖြစ်ခွင့်ရသွားသလို တစ်ချို့တွေက ဒီနိုင်ငံသားဖြစ်ပါသော်လည်း […]


၂၀၁၄ သန်းကောင်စာရင်း လူဦးရေနဲ့ ၂၀၁ဝခုနှစ် ရွေးဂေါက်ပွဲ လူဦးရေစာရင်း ၈သန်းနီးပါးကွာလို့ ပြည်တွင်း၊ နိုင်ငံတဂါ သတင်းတွေမှာ အတော်လေး ရိုက်ခတ်သွားတယ်။ အခုလည်း ဒီချုပ် အမတ်တဦးက လွှတ်တော်ထဲ မေးခွန်းထုတ် ဦးမယ်ဆိုဗဲ။ ဆင်ခြေ ပြမှာပဲ ဘာပုလို့ ညာပုလို့… ဒါကို အခွင့်အရေးလို့ မြင်ကြည့်ရအောင်..။ အားလုံးသိတဲ့အတိုင်း ၂၀၀၈ခုနှစ် နာဂစ်အခြေခံ ဥပဒေကို လူထုအများစု ထောက်ခံတယ် ကြောက်ဖွတ်များ ဖင်ပိတ်ငြင်းတယ်။ ဒီမိုကရက်များဖက်ကလည်း ဘွားဒေါ်ဂျီးကိုယ်တိုင် လွှတ်တော်တက် ကျမ်းကျိန်ထားတော့ အပြောရခက်နေတယ်။ ခုတော့ နတ်ဒေဝါများတန်ခိုးနဲ့ အခွင့်အရေး ပေါ်လာပြီ။ ကွဟနေတဲ့ လူဦးရေရှစ်သန်း ဘယ်မှာလဲ.. နည်းနည်းနောနော ပမာဏ မဟုတ်နော်။ စစ်တပ်အနေနဲ့လည်း ကိုယ်လွန်ထားတာ နှုတ်မရ ဖြစ်တယ်ဆိုလျင် ဒါ အခွင့်ကောင်းပဲ။ အခြေဂံဥပဒေ […]


ခင္ခSeptember 5, 20141min652
” အဲလိုနေ့ “   ကျားရဲငါ   နေပြင်းရင် နှင်းမှုန်ရင် ဆွေ့ဆွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း။ အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင် နေမမြင် လမမြင် လူမမြင် သူမမြင် ထိုင်ရင်ထိုင် မထိုင်ရင်ငေး အိမ်ရင်အိပ် မအိပ်ရင်တွေး။ သတင်းမေးဖို့ ဝေးရော သီးချင်းလေးမှ မဆိုရ စာဖတ်ဖို့ ဝေးရော ကဗျာလေးမှ မစပ်ရ တရားဟောဖို့ ဝေးရော စကားလေးမှ မပြောရ။ အဟောသိက သံသရာ ငါ့ကမ္ဘာ ပိစိကွေး အခန်းကျဉ်းလေး ပတ်လျှောက်လိုက် သံတံခါးဝ ရပ်လိုက် တမတ်တတ်တတ် တစ်နေကုန်။ မနေ့ကလဲ တစ်နေကုန် ဒီနေ့လဲ တစ်နေကုန် နက်ဖြန်လဲ ကုန်ဦးမယ်။ ကုန်ကုန်ကုန် ကုန်ချင်သလောက်ကုန်စမ်း တစ်ရက်ကုန်မလား တစ်သက်ကုန်မလား […]


kaiAugust 17, 20141min2049
“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။ စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian […]


kogyi mindJuly 27, 20141min29513
PR Vs FPTP —————- အချိုးကျကိုယ်စားပြုစနစ် Proportional Representation (PR) အကြောင်းကို ချက်ဘောက်မှာ လာမေးကြတဲ့ သူတွေရှိပါတယ်၊ အခြေခံဥပဒေအကြောင်းကို ရေးခဲ့ဖူးတာအကြောင်းပြုပြီး ပီအာ အကြောင်းလည်းရေးဖို့ တိုက်တွန်းတဲ့သူတွေလည်းရှိခဲ့ပါတယ်၊ ကြိုတင်ပြောလိုသည်မှာ မိမိသည် ဥပဒေပညာရှင်မဟုတ်ပါ၊ ကိုယ့်နိုင်ငံရဲ့အရေးကို စိတ်ဝင်စားတဲ့သာမာန်နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်။ ဒါကြောင့် ပညာရပ်ဆိုင်ရာ ဝေါဟာရတွေမပါပဲ လိုတိုရှင်းသဘောလောက်ရေးသားပါ့မယ်။ ကောင်းတယ်၊ ဆိုးတယ်မပြောလိုပဲ ဖတ်သူများအနေဖြင့်စဉ်းစားရန်သာဖြစ်ပါတယ်။ ပီအာကျင့်သုံးလိုသူများကိုလေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် အုပ်စုနှစ်ခုသာရှိပါတယ်၊ အဲဒါကတော့ ၁) စစ်တပ် ၂၅% အင်အားဖြင့် ထာဝရတည်ရှိနေနိုင်မည့် လက်ရှိအာဏာရပါတီ ၂) လူထုထောက်ခံမှုကိုမရသောပါတီ တွေပဲဖြစ်ပါတယ်။ အုပ်စုနှစ်ခုစလုံး ပီအာ စနစ်ကျင့်သုံးလိုသော်လည်း ရည်ရွယ်ချက်ခြင်း မတူကြပါ။ ပီအာရဲ့အခြေခံသဘောကိုနည်းနည်းမဆွေးနွေးခင် လက်ရှိကျင့်သုံးနေတဲ့စနစ်ကိုနားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့လက်ရှိသုံးနေတဲ့စနစ်ကို First-past-the-post voting – FPTP (ပြည်သူရွေးချယ်သည့်ကိုယ်စားလှယ်ကို […]


ခင္ခJuly 24, 20141min1011
” ညီညွတ်ခြင်းသည် အင်အား “   သားအဖ မိသားစုတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ကားပြင်ဝပ်ရှော့တစ်ခုတွင်ဖြစ်ပါတယ်။   ” အဖေ ကျွန်တော် လမ်းထိပ်ဘက်ခဏသွားလိုက်အုံးမယ်” ” ဘာသွားလုပ်မလို့လဲကွ ” ” ဇော်ကြီးတို့အနောက်ဖက်အိမ်မှာ ဂျင်ဝိုင်းလုပ်နေတာကို ရဲတွေဝင်ဖမ်းလို့တဲ့ ” ” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ” ” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ” ” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”   ” အဖေ ကျွန်တော် ကားပစ္စည်ဝယ်ရင်းနဲ့ မောင်လှအမေဆီ ခဏဝင်ခဲ့မယ်နော် ” ” ဘာသွားလုပ်အုံးမလို့လဲကွ ” ” မောင်လှသတင်းဘာကြားသေးလဲလို့ မေးရုံပါဘဲ ဒီကောင်ကြီးကို အခုတလောသတိရနေတာဗျ ၈၈ […]


ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]