kaiJanuary 9, 20143min2999
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။   နိဒါန်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄ရခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ချမှတ်ပေးထားခဲ့သည်။  အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်သည် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကိုအစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ် ထားသော်လည်း ဦးတည်ချက်အမျိုးမျိုးဖြင့် ကျင်းပလာခဲ့သည်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄ရ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင် သဖြင့် […]


မကြာမီ ၂၀၁၃ သည် အတိတ်ဖြစ်တော့မည်။ မကြာမီ ၂၀၁၄ သည် ပစ္စုပ္ပန်ဖြစ်တော့မည်။ မကြာမီ ၂၀၁၅ သည် အနာဂတ် ဖြစ်တော့မည်။ အတိတ်သည်၎င်း ပစ္စုပ္ပန်သည်၎င်း အနာဂတ်သည်၎င်း ကျတော်တို့ ဖြတ်သန်းခဲ့မည် ရောက်ရှိလာမည် မျော်ကြည့်ရမည်။ နိုင်ငံရေးအမြင်ဖြင့်မြင်ကြည့်ပါလျှင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြည့်မြင်သုံးသပ်ပုံခြင်းမတူနိုင်။ သို့သော်တူညီသော မျော်လင့်သော တောင့်တသော အချက်မှာကား ယေဘုယျအားဖြင့် ခြုံလိုက်ပါကတူညီမည်ဟု ယုံကြည်ပါသည်။ထိုအချက်ကား ၁။ အစိုးရမဟုတ်သော သို့ အာဏာလက်ဝယ်မရှိသော နိုင်ငံရေး တက်ကြွလူပ်ရှားသူ များ အားလုံး၏ ရည်မှန်းချက်ပန်းတိုင်သည် စစ်တပိုင်းအစိုးရ လုံးဝဥဿ ုံ ပြုတ်ကျရေးသည်သာ ဖြစ်သည်။ ၂။ အပြန်အလှန်အားဖြင့် လက်ရှိ အာဏာရ စစ်တပိုင်းပါတီသည် နိုင်ငံရေးလူပ်ရှားသူအားလုံ၏ ရည်မှန်းချက်ကို အထက်ပါအတိုင်း ရှု့မြင်ပြီးဖြစ်၍ မဖြစ်မနေ […]


ေဇယ်ာစံDecember 3, 20131min38119
ဒီနေရာမှာ စကားစပ်မိလို့ ကြားဖူးနားဝ ဟာသလေးတခုကို ကျွန်တော် ပြောပြကြည့်ချင်ပါတယ်။ နိုင်ငံရေးဆိုတာ …တဲ့….ဆက်စီကျတဲ့ ရေကူးဝတ်စုံ နဲ့ တူတယ်…တဲ့။ ပြထားတာတော့ အများကြီးပဲ…တဲ့။ အဓိကကျတဲ့ နေရာကိုတော့ သိုဝှက်ထားတယ်..တဲ့။   6. Cristina Fernadez de Kirchner လက်ရှိအာဂျင်တီးနားရဲ့ သမ္မတခရစ်စတီးနားကို CFK လို့ ချစ်စနိုးခေါ်ကြပါတယ်။ ယခင် က အာဂျင်တီးနားဖတ်စ်လေဒီနဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့ဖူးတဲ့ Eva Peron ကို အမွေဆက်ခံသူလို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ လူသိများပါတယ်။ မှန်ပါတယ်။ ခရစ်စတီးနားဟာအီဗာလိုရုပ်ချောပါတယ်။ အီဗာလိုပဲထက်မြက်ပြီးလက်တင်အမေရိကမှာအထင်ကရရှိလှတဲ့ အင်ဂျင်တိုင်းသားတွေကိုကောင်းမွန်စွာဦးဆောင်နိုင်စွမ်းရှိပါတယ်။ ၅၅ ဦးမြောက် အာဂျင်တီးနားသမ္မတခရစ်စတီးနားဟာသူမရဲ့ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရုပ်ရည် နဲ့ မဲအများအပြားရခဲ့ပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သိတ်မကြာခင်မှာ … လာတော့မဲ့ […]


ေဇယ်ာစံNovember 30, 20131min32016
ဒီဆောင်းပါးရဲ့ မူရင်းနာမည် က The sexiest female politicans of the world ပါ။ တခြားစာသားတွေက ပြသာနာမရှိပေမဲ့ sexy (ဆက်စီ) ဆိုတဲ့ စာသားကတော့ နဲနဲပြောစရာရှိပါတယ်။ ကျွန်တော်တို့တတွေ ဆက်စီဆိုတဲ့ စကားကိုသုံးနှုန်းတာဟာတချို့နေရာတွေမှာတော်တော်မှားယွင်းနေတယ်လို့ ထင်မိပါတယ်။ ကျွန်တော် ကတော့ ဆက်စီဆိုတာကိုညို့ငင်အား၊ဆွဲဆောင်အားလို့ ထင်မိပါတယ်။ sexy ဆိုတဲ့စကားလုံးကိုတဖက်လိင်ကိုဆွဲဆောင်နိုင်တဲ့ အစွမ်းရှိသူတွေ အတွက် သုံးရတဲ့စကားလုံး ဖြစ်ပါတယ်။ ဥပမာမင်းသမီးအင်ဂျလီနာဂျိုလီဟာကမာ္ဘ့ sexy အကျဆုံးအမျိုးသမီးတွေထဲမှာ ပါဝင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ဒါပေမယ့် သူအဲ့လိုနာမည်ကြီးရတဲ့ အကြောင်းရင်းကသူမရဲ့ ဖက်ရှင်ကြောင့် မဟုတ်ပဲသူမရဲ့ညှို့ယူမှု့ အားကောင်းလှတဲ့ နှုတ်ခမ်းလေးတွေ ကြောင့်ပါပဲ၊ နိုင်ငံတကာမှာဆိုရင် sexy ကျတယ်လို့အပြောခံရတဲ့ မိန်းကလေးတစ်ယောက်ဟာသူ့ကိုသူအရမ်းကိုဂုဏ်ယူပါတယ် ဘာလို့လဲဆိုတော့ ဒီ sexy ကျတယ် ဆိုတဲ့စကားဟာသူမဟာတဖက်သားအားအရမ်းကိုညှို့ယူနိုင်တဲ့ အစွမ်းရှိသူလို့ပြောတာနဲ့ […]


ေဇယ်ာစံNovember 29, 20131min331213
မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်.။ ============================================================= (၁) ပြီးခဲ့တဲ့ လေးလလောက်တုန်းက ဖက်ဒရယ်အစိုးရ က ပြည်သူတွေရဲ့ အချက်အလက်တွေနဲ့ ကိုယ်ရေးဖိုင်တွေကို ကြည့်ရှုဖို့ နဲ့ တိတ်တဆိတ် လျှို့ဝှက်ထောက်လှမ်းဖို့ ပြုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီ ချည်ခင်အရှုပ်ထွေးထဲမှာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့ Facebook တို့ တောင် ပါဝင်တယ် လို့ သတင်းထွက်ခဲ့ပါတယ်။ (၂) ပြီးခဲ့တဲ့ သုံးလလောက်တုန်းက ရုရှ ကို ခိုလှုံသွားခဲ့တဲ့ စနိုးဒင် ရဲ့ ကွန်ပျူတာ ဟာဒစ်ထဲက ဖိုင်တွေ အားလုံးကို တခု မကျန်ဖျက်ပစ်ဖို့ အင်္ဂလန်ရဲအရာရှိတွေနဲ့ တော်ဝင်အစိုးရ က ဂါးဒီးယန်းသတင်းစာ ကို တွန်းအားပေးခဲ့ပါတယ်။ (၃) ပြီးခဲ့တဲ့ တစ်လ လောက်တုန်းက မြန်မာဆက်သွယ်ရေး […]


nicolus agralNovember 15, 20131min412733
၁။ သဂျီးရဲ့ ဂေဇက်ကလည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေသာအော်နေတာ Member အချင်းချင်းတောင် အဆင့်အတန်းခွဲထားသေးတယ် Post တခုကို ဟိုလူတွေတော့ဝင်ခွင့်ရှိတယ် ဒီလူတွေတော့ဝင်ခွင့်မရှိဘူးနဲ့ အဲလိုကြီးလားဗျာ လေပါတယ် ၂။ သဂှီး လိုဂိုပုံကြီးမကြိုက်ပါဘူး ပြင်လို့မရဘူးလား ရွာထဲမှာ Idea ကောင်းတဲ့သူတွေ တပုံကြီး အမြင်ရှိတဲ့ ပန်ချီဆရာတွေ ဓာတ်သေဆာတွေ အနုပညာသမားတွေ ရှိပါတယ်ဗျာ အားလုံးဝိုင်းပြီးလုပ်ရင်ရော ပြီးတော့မှ ဆန်ဒခံယူပွဲကို ပျော်ပျော်ကြီးလုပ်ကြတာပေါ့နော ၃။ မြန်မာပြည်ကနေ ရွာထဲဝင်ရတာခက်တယ်ဗျ Facebook ကြတော့အဲလောက်ကြီးမဆိုးဘူး မြန်မြန်ဆန်ဆန် ဝင်လို့ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ပေးနိုင်မလဲဗျာ Commentပေးဖို့မပြောနဲ့ ဝင်လို့မရတဲ့နေ့တွေတောင် တပုံကြီး ၄။ Rule တွေထုတ်ထားရင် Regulation ရှိဖို့လိုမယ်ထင်ပါတယ် မဆဲရ ဆိုရင် ဆဲရင်ဘယ်လိုအပြစ်ပေးမယ်ဆိုတာပါ ထည့်သင့်ပါတယ် Regulation မပါတော့ သဂျီးဟာကြီးက […]


အဘ ဘုတ္ကလံုNovember 13, 20131min1866
NLD အဖွဲ့ကို..တရုတ်နိုင်ငံမှ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး. အကြောင်း မရှိအကြောင်းရှာကာ..ဝေဘန်မှုများဖြစ်ပေါ်နေပါတယ်။ ကုလားနှင့် တံဆိပ်ကပ်မရတော့..တရုတ်နှင့်တံဆိပ်ထပ်ကပ်ရန်.. အကြံယုတ်ကို..တဖြည်းဖြည့်သိလာရတယ်။ တော်တော် အောက်တန်းကျပါတယ်.။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ မတ်လ (၁၇) ရက်နေ့က.. လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင်တရုတ်နိုင်ငံ နှင့်ပတ်သက်သော သူ့သဘောထားကို..ပြည်သူများအားပြောခဲ့သောစကားရှိပါတယ်။ “ ကျွန်မတို့ နိုင်ငံဟာ ပထဝီအနေအထားအရ .တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်းနားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။ ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ” ဒီလိုပြတ်သားသောစကားမျိုးကို .. အရင်ကစစ်အာဏာရှင်ခေါင်းဆောင်များ.. မပြောရဲကြသလို.. လက်ရှိအစိုးရခေါင်းဆောင်များလည်း လုံးဝ မပြောရဲခဲ့ပါဘူး။ “တရုတ်ကို ကြောက်ရတယ်”..ဆိုတဲ့စကားတော့ထွက်လာပါတယ်.။ မြန်မာနိုင်ငံတော်အလံနှင့် အချုပ်အခြာအာဏာ ၊အစိုးရအပါအဝင်.. နိုင်ငံသူနိုင်ငံသားများကို သိက္ခာကျအရှက်ရစေသော.. စကားမျိုးကိုတော့..သူတို့ နှုတ်မှ […]


ခ လေးလဲ ပြော ပြ ချင် ပါ တယ် – – – ပြောပြချင်ပါတယ် (၁၇) (၁) အရင်ရေးဖူးပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း (Mismanagement) နဲ့ အဂတိတရား လိုက်စားမှု (Corruption) ကို မရှင်းထုတ်နိုင်ရင်၊ လျော့ကျအောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်ပေါ်မှာ မဟုတ်ဘူး ဆိုတာပါ။ အခုအစိုးရသက်တမ်း နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ခုလုံးက ပိုဆိုးလာပါတယ်။ Corruption နဲ့ Mismanagement ရဲ့ ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ခရိုနီစီးပွားရေး စနစ်က တိုင်းပြည်ရဲ့ အပြောင်းအလဲ အားလုံးကို အနှောင့်အယှက် ပြုနေပါတယ်။ အရင်ခရိုနီစနစ်က လာဘ်စားမှု၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အလွဲသုံးစား […]


WowOctober 30, 20131min33323
တကယ်တော့ မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး… လူမျိုးခွဲခြားဖို့လား… ဟေးးး ဝေလာဝေး.. တော်တော်ကိုယ့်အနွံအတာခံတဲ့ တရုတ်သူငယ်ချင်းတွေရှိသလို ဘင်္ဂါလီ ထဲမလဲ သူငယ်ချင်းရှိပါတယ်…. တဇွတ်ထိုး တစ်ဇောက်ကန်းစိတ် ရှိပေမဲ့ ကိုယ်သွားလည်ရင် သောက်ဆမ်းတို့ ငါးငရုပ်သီးချက်တို့ မစားပဲ မပြန်ရအောင်ချက်ကျွေးတဲ့ ရခိုင်သူငယ်ချင်းလဲရှိပါတယ်… ပြောချင်တာကတော့ Nothing personal… ပါ… ဒါပေသိ…. ပြောရရင် သူဟာ မြန်မာကို ကို ကိုယ်စားပြုပြိုင်နေတာ လို့ မခံစားရပဲ… ခရိုနီတစ်စုနဲ့ မြန်မာသာမန်လူတန်းစားတို့ ကြားက Symbol လို့မြင်ပါတယ်….. ဖိုးလပြည့်နဲ့ ကိစ္စပေါ်ပြီးတဲ့နောက်… ဖေ့ဘုတ်မှာ ပလူပျံအောင် သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ရေးကြတဲ့ အထဲမှ ဘယ်သူဘာပြောပြော မိုးစက်ဝိုင်တို့ က စင်ပေါ်ကပါ။ ဘယ်မှာတွေ့နိုင်သလဲ ဆိုရင် နိုင်ငံပိုင် သတင်းစာတွေမှာ စာမျက်နှာပြည့် နေ့တိုင်းနီးပါး […]


Don Juan RonaldOctober 12, 20133min40916
အားလုံးမင်္ဂလာပါ ! ! ! ♥♥♥   ဗမာ ပြည် ကြီး မှာ မိုးစက်ဝိုင် နဲ့ ပါတ်သက် ပြီး ၊ ငြင်းခုံ ကိုက်သတ် နေ တဲ့ အချိန် ၊ တချိန် က ဗိုလ်ချုပ် ပြောခဲ့ တဲ့ စကား ထဲ မှာ ၊ ဖာနိုင်ငံ လို့ သမုတ် ခဲ့ တဲ့ ယိုးဒယားနိုင်ငံ မှာ ၊ သူတို့ နိုင်ငံ ရဲ့ ခေါင်း ဆောင် တရုတ်မကြီး Yingluck Shinawatra ဟာ ယိုးဒယားနိုင်ငံ ၏ အကျိုး စီးပွား တိုးတက်ရေး အ တွက် တရုတ် ပြည်ကြီး သို့ ချစ်ကြည်ရေး ခရီး […]


kaiSeptember 12, 20131min1669
( စက်တင်ဘာ ၅ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်များမှာ အပိုင်း (၁)၊ (၂) ခွဲပြီး ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်)     အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d’Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီ ဆိုတဲ့ […]


kaiSeptember 12, 20131min32327
၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် . . .   Tuesday, 30 July 2013 15:20 Written by အယ်ဒီတာအဖွဲ့ ယခုတစ်ပတ်ထုတ် The Messenger Journal အတွဲ (၄)၊ အမှတ် (၁၀) တွင် “၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ်…” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ဦးမင်းဇင်နှင့် အင်တာဗျူးပါ အမေးအဖြေ အချို့အား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။ မေး ။ အခုပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မှာ ဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့ အနေနဲ့ အခုလို အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ […]


San Hla GyiSeptember 6, 20131min49668
ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။ အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။ “အကိုရေ ဧည့်သည်လာတယ်ဗျ”  လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။ ဒါနဲ့ ဘယ်သူပါလိမ့် […]