black chawOctober 4, 20131min20315
သတိုးကြီးမိုက် ဘုရင်ဖြစ်လာတော့ လူယုံတော်ကြီးမောင်ကျောက် ကို ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်တော်မူခဲ့ပါတယ်…။ ရနောင်မောင်မောင်ကျောက် ဆိုတဲ့ ဘွဲ့အမည်နဲ့ ရနောင်မြို့ကို စားစေခဲ့ပါတယ်…။ အဲဒီ ရနောင်မောင်မောင်ကျောက် က မ ဆိုရင် ရင်မတောင်မသမ်းဖူးသေးတဲ့ လူပျိုသိုးကြီးတဲ့ဗျာ…။ သတိုးကြီးမိုက် ဘာကြိုက်လို့ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း မောင်ကျောက် က အလိုက် သိ တယ်တဲ့…။ (သတိုးကြီးမိုက်ကြီး ဘာကြိုက်တတ်တယ်ဆိုတာ မောင်ကျောက် နဲ့ တွေ့ရင်မေးသာကြည့်ကြ ကိုကိုတို့ရေ…။) သတိုးကြီးမိုက်ကလည်း မောင်ကျောက် မဟုတ်တာလုပ်နေပါစေဦးတော့…။ (မောင်ကျောက် ဘယ်လို မဟုတ်တာတွေ လုပ်နေသလဲဆိုတာ သတိုးကြီးမိုက်ကြီးနဲ့ တွေ့ရင် မေးကြည့်…။) မသိချင်ယောင်ဆောင်ပြီး အလိုလိုက်ထားတယ်တဲ့…။ အတွဲညီကြလေတဲ့ ဆရာတပည့်တွေပေါ့ကွယ်…။ အခုလည်းကြည့်…။ သူခိုး ငအံစာပြား ကို ရွှေတိုက်စိုးရာထူးခန့်အပ်လိုက်တော့… လက်ရှိ ရွှေတိုက်စိုးကြီး ဗညားအောင်တိုက် တစ်ယောက် တက်တစ်ခေါက်ခေါက်နဲ့ […]


sorrowOctober 4, 20131min20928
ကံဆိုးကောင်…မိုးလိုက်မှောင်သည်မှာ..ထိုမျှနှင့်မပြီးသေးး….၏ဆေးရုံအဆင်းကားဌားရာတွင်လည်း….. ” ဒဂုံကိုဘယ်လောက်လဲဗျ….’မိခင်ကြီး၏ ဖခင်ကြီး ကိုတစ်ဖက်.ကဆွဲရင်း……မှင်စာပေါက်စဆောရိုးကို တစ်ဖက်ကချီရင်း..အမေးကို… ” နှစ်ထောင်…ခင်ဗျားချီထားတဲ့..ဝက်ကလေးပါရင်….ငါးရာထပ်ပေးရမယ်…”’ ကားသမား၏ ဆတ်တောက်ဆတ်တောက်အဖြေတွင်.မိခင်ကြီးဆွေ့ဆွေ့ခုန်သွားသည်….. ” အဲ့တာကျုပ်သားလေးဗျ…ခင်ဗျား..စော်ကားလှချည်လား….” ပေါက်ကွဲသံအကြားတွင်… ကားသမားက .ဖခင်ကိုတစ်လှည့်…ဝက်မှင်စာပေါက်စဆောရိုးကိုတစ်လှည့်ကြည့်ရင်းက….ပြုံးစိစိနှင့် ့….”ထင်သားပဲဗျ…မန်ကျည်းပင်အောက်…….မန်ကျည်းပင်ပဲပေါက်မယ်ဆိုတာ… …ဖအေနဲ့သား..တရုပ်ထဲပဲ..အခွပ်ခွပ်..ဝက်ကိုအမွှေးနှုတ်အဝတ်ပတ်ထားတဲ့ရုပ်.” ဒေါသကအထိပ်ရောက်ပြီ…ထမီကိုစွန်တောင်ဆွဲလိုက်သည်…ဘယ်ခြေနှင့်ညာခြေကိုတစ်လှမ်းစီရှေ့ထုတ်ရင်းက.. ဘယ်ညာကိုယိမ်းလိုက်သည်….ညာလက်ကထမီစကိုလွှတ်ရင်းက ..ဟစ်တလာအလေးပြုသလို…လက်ကိုရှေ့ဆန့်ရင်း…အထက်အောက်ကို…ဂျေမီ စတိုင်အတိုင်း.ယမ်းရင်းက “‘ အဲ့လာ..နင့်အရေးလား…သောက်ကောင်.မျောင်ကောင်….နင့်ရုပ်ကမှ..အဝတ်စုတ်..တုတ်စုတ်ပတ်.ရုပ်ကလပ်ကစုတ်ပြတ်…..အနံအသက်ကပုပ်အက်… နင်အခွက်ကမှ..အရူးမထမီမှာကပ်တဲ့…နှပ်ချေးဖတ်..”” ဟုကတ်ကတ်လန်ရင်းက…..သတိရမှလှည့်အကြည့်တွင်…ဆေးရုံရှေ့…..ဆိုင်ကလေးမှ…စိန်တလုံး..သရက်များကို၎င်း….ကြက်ဥများကို၎င်း… ” နင်လားဟဲ့…စိန်တလုံး…….နင်လားဟဲ့ဥ…ဟိုင်းရား..ဟိုင်းရား…….” အော်ရင်းက.အညိုးတကြီး..နင်းခြေဖျက်ဆီးနေသော.ဖခင်ကြီးကိုတွေ့လိုက်ရသည်….. အဘယ့်ကြောင့်စိန်တလုံးသရက်များနှင့်ဥများကို….စိတ်အနာကြီးနာသွားမှန်းမသိ…… မအောင်မြင်သော….ပုံထွက်မကောင်းလေသော..အဖြစ်မရှိသော….သူ့ဥကိုသူ…မုန်းတီးနေခြင်းလောကား… မပြောတတ်….ပက်ပက်စက်စက်…ကြေကွဲနေသောအသွင်အပြင်က……မချိမဆန့်ခံစားနေသယောင်ယောင်…. —————————— အနှစ်နှစ်ဆယ့်ကိုးနှစ်…လွန်ပြီးနောက်……… ” အမှိုက်ပစ်အုံးမလား…အမှိုက်….” သာယာသောနံနက်ခင်းကိုထိုးခွဲလာသော….ဌက်ဆိုးအော်သံပိုင်ရှင်က… ကျွန်တော်တို့၏မင်းသား….မှင်စာဆောရိုး. ” အောင်မငီး..ဆိုးလိုက်တဲ့အသံ…အသံကြားတာနဲ့..မြစ်တတုံးတယ်…ထွက်ကြည့်အုံးမှပဲ.. ကာလနာလေးကို”‘….ပြောရင်းက…ခြေရင်းလေးလွှာမှအဘွားအိုတစ်ယောက်…ထွက်ကြည့်လိုက်မိသည်….. ” အောင်မငီး…ဂစ်ဂစ်….” အမြုပ်တစီစီထွက်ရင်း..တက်နေသည်…. အဘွားအိုအလွန်မဟုတ်…….. အနည်းငယ်…ပြောင်နေသော..နဖူးနှင့်…..တိုတက်ခွက်ဝင်နေသော….နှာခေါင်းအကြားတွင်…. လက်မဝက်ခန့်ဖုထွက်နေသော….ဦးချိုလေး….(ဖခင်..မွေးမြူရေးသမား..နွားမလေး…များကိုလက်ဆော့ထားသဖြင့်…ဝဋ်လိုက်ခြင်း..ဖြစ်သည်) စပါးခွံသာသာ..မျက်လုံးပေါက်……ကျောက်တူးထားသလို..အခွက်ခွက်နှင့်မျက်နှာတပြင်လုံး…ကို…. မိခင်.နှင့်ဖခင်…..ပယ်ပယ်နှယ်နှယ်သမပေးလိုက်သော…သနပ်ခါး..ထူလပစ်….. ကွမ်းကိုထမင်းလွတ်စားသဖြင့်…နီရဲဂျွတ်တတ်နေသောသွားများ……..နေ့စေ့လစေ့ဗိုက်……… တိုဝင်ကွတနေသော…ခြေထောက်များကိုပေါ်လွင်စေသော…….ပုဆိုးတိုတို.တို့ကိုတဆက်ထည်းမြင်လိုက်ရသော.. အဘွားအိုခဗျာ….တခါတည်းကြွသွားသည်…………. ———————————————————— လမင်းတစင်း..နေ့ခင်းကြောင်တောင်လင်းလိုက်သလို…..ကျက်သရေပိုင်ရှင်. ..မေဂရေ့စ်ပယ်ရီလေး .အိမ်တခါးဝမှပေါ်လာသည်……. […]


black chawOctober 3, 20131min19418
ဘလက်ကြီးက နား နည်းနည်း လေးပါတယ်…။ နားလေးသူတွေရဲ့ ထုံးစံအတိုင်း ကြားချင်တာကိုကြားပါတယ်…။ ဒါကြောင့် ဘလက်ကြီးကြားသမျှ ဟာ နားစွန်နားဖျားတွေသာ ဖြစ်နေရတာပါ…။ ဆိုတော့ အခု ဘလက်ကြီးရဲ့ နားစွန်နားဖျားကြားသမျှလေးတွေပေါ့ ကိုကိုတို့ရယ်…။ ဟေးဟေး…။ ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တဲ့ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာတဲ့… Miss Universe Myanmar နောက်ဆုံးအဆင့် ပြိုင်ပွဲရှိတယ်တဲ့…။ လှပ၍ ကျန်းမာပြီး အိုင်ကျူမြင့်သော မိန်းမ အယောက် ၂ဝ ထဲက ၁ ယောက်ရွေးမှာတဲ့…။ အဲဒီတစ်ယောက်က ရုရှားနိုင်ငံ မော်စကို မှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားခွင့်ရမတဲ့…။ အို…ပြောရင်းနဲ့တောင် ရင်တွေတုန်လာတယ်…။ မပြောမရှိနဲ့နော်…။ […]


sorrowOctober 1, 20131min27719
”အူငဲလ်လ်လ်..”ပြဲကားပြာလန်နေသော အသံအကြားတွင် မွေးခန်းထဲမှ သူနာပြုမလေး မျက်လုံးပြူးထွက်သွားသည် ။ မွေးခန်းအနီး ဓါတ်ကြိုးပေါ်တွင် နားနေသော ကျီးကန်းနှစ်ကောင်….အ ….တစ်လုံးသာအော်နိုင်သည် ။ အဘယ်ကြောင့်မှန်းတော့မသိ.. ဖုတ်ကနဲကျသေသည်…. အနှီးနှင့်ပတ်ထားသည့် လူမမယ်လေးကို ကိုင်အမြောက်တွင် ပြတင်းပေါက်မှမြင်နေရသော ညောင်ပင်ကြီး..သွက်သွက်ခါရမ်းသွားသည်။ “သောက်ကျိုးနည်း….’ ငါကိုက ဖင်ရှည်တာ….သောက်ရုပ်ကလဲဆိုးပါ့…ဂစ်ဂစ်ဂစ်….”‘ ရေရွတ်ရင်းက ..ပါဝါမတူသူကိုမှသွားရှိုးမိသော သရဲတစ်ကောင်အဖြစ်က…ရင်နှင့်ဖွယ် .သရဲခြောက်သည်ဟုနာမည်ကြီးသော အပင်ကြီးက နောက်ရက်မှဘာအသံမှမကြားရတော့ ”အမငီး…သောက်ပလုတ်တုတ်…ဆိုးလိုက်တဲ့ရုပ်…..လူမှဟုတ်ရဲ့လားဟ…” ပတ်ဝန်းကျင်က ဝိုင်းဩဘာပေးသည် ။ ထင်လဲထင်ချင်စရာ… စနူပီခွေးကလေး မျက်နှာကိုပျဉ်ပြားနှင့်အလျားလိုက်ဖြတ်ရိုက်ထားသလို…..ရှုံ့ခွက်တွန့်ဝင်နေသော…အခွက်က…လန်ထွက်နေသော.. .နှုတ်ခမ်းဖြင့်အနားသတ်ထားသည်။ မျက်လုံးနေရာတွင်…ဘလိတ်ဒါးရှထားသလို…မျက်စိဟုခေါ်လို့ရလောက်အောင်သာ.. အရာလေး.စူထွက်နေသော…ဗိုက်ကလေး၏ အောက်ခြေမရောက်တရောက်တွင်…မုန့်လက်ဆောင်းဖတ်လေး.. ကပ်နေသည့်နှယ့်… ဘယ်သောအခါမှ…တိုက်ပွဲဝင်အဆင့်မရောက်လာနိုင်သော…တိုက်ချင်းပစ်ဒုံးကျည်…ပေါက်စနလေး….ဂငယ်ပုံစံခြေထောက်တိုလေးများက. အရွယ်ရောက်လာလျှင်..ကွတိုဟူသော…နာမည်ကိုရလာမည်မှာမဆန်း…. ”ဟင်……တယ်လေ..ဒီမိန်းမ…..ဝက်မမွေးပါနဲ့ဆို..မွေးတယ်…ပုပါးမသွားနဲ့ဆိုသွားတယ်..အခုတော့ဝက်နဲ့မျောက်လေး. .စပ်ထားတာထွက်လာတယ်…မှတ်ပလား….ငါတယ်လေ…” မွေးသဖခင် ကတ်ကတ်လန်အသံအဆုံးတွင် ”အောင်မယ်….ကိုရင်ရဲ့ .ရှင့်အပြစ်လဲပါတယ်..ရှင်တရက်နှစ်ခါနွားမလေးတွေသွားသွားညှစ်လို့ရှင့်ကလေး..ချိုပါတာလဲထည့်ပြော ”” “ကိန်..ကြောက်ပါပြီဂျ..” ရင်ဘတ်ကို…တရုတ်ဗုံတီးသလို…..ဂေါ်ဇီလာအခြောက်..ရန်စွာသလို…ဘယ်ညာထုရင်းက ဒေါသပုန်ထနေသော…ဆောရိုးအလောင်းအလျာ.၏ ဖခင်က ဝလုံးနေသောကိုယ်လုံးနှင့်မလိုက်ဖက်…မွေးခန်းအထွက်ထဲတွင်ခုန်ဆွနေရင်းက ပုဆိုးစုတ်လေးက […]


black chawOctober 1, 20131min51448
မင်းမရှိ…၊ ငါမရှိ…၊ အားလုံးဘယ်သူမှ မရှိ…၊ အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိ…။ ဘယ်အရာမှ မမြဲဘူးဆိုတာကို ကိုငှက် က သီချင်းရေးပြီး တရားပြသွားခဲ့တာပါ…။ သူကိုယ်တိုင်လည်း မရှိတော့ပါဘူး…။ အနိစ္စ သဘောဟာ ဒီလိုရှိတယ်ကွလို့ ကိုယ်တိုင်တရားပြသွားခဲ့တာလား ကိုငှက်ရေ…။ ဟော…နောက်တစ်ယောက်ကလည်း သီချင်းနဲ့ပဲ တရားပြသွားတာခင်ဗျ…။ မောင်သစ်မင်းကြီး…။ ငါ…ရောက်ခဲ့ရာ ဒီအခန်းထဲ…၊ သုညများနဲ့ မွန်းကျပ်နေပြီ…၊ လူ့လောကဆိုတာ အခန်းတစ်ခန်းပဲ…၊ ကြည့်စမ်း…၊ ဝင်လာပြီး ပြန်ထွက်သွားခဲ့ကြ ဒီအခန်းမှာ…။ ဘယ်အရာမှ ကြာရှည်မြဲခွင့်မရ ဒီအခန်းမှာ…။ လူ့လောကကြီး ကို အခန်းတစ်ခန်းရယ်လို့တင်စားပြီး ဘယ်သူ့ဘယ်သူတွေမှ ကြာရှည်မြဲခွင့်မရဘူးဆိုတဲ့ အကြောင်း…၊ ဒီအခန်းထဲက ရုန်းထွက်ခြင်တဲ့ အကြောင်းရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ…။ သီချင်းနာမည်က နတ္တိ အခန်းတဲ့…။ ဦးကျော်ကြီး ဆိုခဲ့တာပေါ့…။ အခုတော့ ကိုငှက်ရော မောင်သစ်မင်းရော အခန်းထဲက […]


  နိင်ငံရေး လူမှူ့ရေးတွေမှာ အမှားလုပ် မိ/ခဲ့ရင် တောင်းပန်တယ် ကျေးအေးတယ် ဆိုတာ လူ့ယဉ်ကျေးတွေရဲ့ လုပ်ရပ်လို့ ဆိုလေတော့… ကျွန်တော်ကလဲ ရွာလူကြီး လူလတ် ၊ လူငယ် ၊ အပျိုကြီး ၊အပြိုလေး ဟာဂျာ..ဟာဂျာ…..   အားလုံးကို တားတား မသိတဲ့ အမှားများ လုပ်မိ/ခဲ့ ရင် တောင်းပန်ပါတယ်နော်… ခုတလော ရွာမှာ နဲနဲလေး ဆူညံသံလေး ကြားနေမိတယ်..ရွာအတွက်  အကျိုးပြု ဆူညံသံလို့ပဲ ထင်မိပါတယ် ရွာလူကြီးတွေလဲ ရွာကြီးစည်ကားရေးအတွက် ခေါင်းတိုက်ဆွေးနွေးနေလေရဲ့..ဂဇတ် ဥပဓေ ကိုပြင်မှရမယ် သဂျီးက ပွင့်လင်းမြင်သာမှု့မရှိဘူး လူသစ်တွေကိုနေရာပေးရမယ် အမျိုးသမီး အခွင့်အရေး..အို စုံလို့စုံလို အဲဒီအထဲမှာမှ တားတားက ဘယ်နေရာမှ မကူညီနိင်တော့ စိတ်မကောင်းဖြစ်မိတယ်.. ရွာကြီးအနှောက်ယှက်တွေကင်းဖို့ ရွာကြီးစည်ကားဖို့ တားတား တက်နိင်တဲ့ဘက်ကနေ […]


သဂျီးဦးခိုမ် ရေးသား၍ သဂျီးဂဒေါ် မဒမ်ဗရောင်း ထုတ်ဝေသည့် ဗုဒ္ဓဘာသာအဆစ် စာအုပ်ထွက်ရာ နားမလည် ပါးမလည် ဝယ်သူများ ပိုက်ဘောမိကုန်သည်။ အကြောင်းမှာ အာရေဗျ၊ အူရဒူ၊ ဖာစီ၊ ဘင်္ဂါလီ ဘာသာတို့နှင့် ရေးထားသောကြောင့်ဖြစ်၏။ အတော်ဆိုးတဲ့လူ ပိုက်ဆံရှာတာ ရိုးရိုး မရှာဘူး၊ ဘာသာရေး ခုတုံးလုပ်တယ်  !@#$%.. အေးလကွာ ငါလဲအဟုတ်မှတ် ဝယ်မိတာ တေဇမ်း..။ ပွစိပွစိ ဆူညံပွက်သံ လျှံထွက်လာသည်…. သဂျီးကတော့ သူမဟုတ်သလို အေးအေး ဆေးဆေး ခလေးမွေး.. နောက်သာမီးလေးတယောက် ယူရန်ပင် စိုင်းပြင်းနေသည်..။ အဒဲ့ကောင် ခံပေါ့ကွာ.. အသနားဘူး။ ခွီးထဲမှ ပြောတိုင်းယုံ ရောင်းတိုင်းဝယ် မေးတိုင်းဖြေ.. ဟေ့ သခင်ဆိတ် မွေးဂျပါကွ… နို့သောက်၊ အသားစားလို့ရတယ်.. ကရိကထလည်း အများဘူး။ စားချိန်တန် […]


အချိန်​ကားးးးးး … ၁၁ ရက်​ စက်​တင်​ဘာလ ၂၀၁၃ …. ခုနစ်​စင်​ကြယ်​​ပြောင်​အမြီး​ထောင်​သည်​့ညသန်​း​ကောင်​​ကျော်​ ….. ဂဇက်​ရွာတစ်​ရွာလုံးသည် အထူးပင်​တိတ်​ဆိတ်​လျှက်​ အိပ်​​မောကျ​နေ​လေသည်​။ တချက်​ချက်​ ဆွဲဆွဲငင်​ငင်​ အူလိုက်​​သော​ခွေးအူသံမှတပါး ဆိတ်​ငြိမ်​လျက်​ ………. ရွာ​တောင်​ပိုင်​းမှ အဘ​ဖော၏​ချောင်​းဟန်​့သံပင်​ ယ​နေ့ည မကြားမိ​ချေ။   ထိုအခိုက်​……….. ရွာပြင်​စည်​းရိုးစပ်​မှလူရိပ်​သဏ္ဍန်​တစ်​ခုသည်​ ရွာဆီသို့ဦးတည်​၍တ​ရွေ့​ရွေ့ဖြင်​့ချည်​းကပ်​လာ​ခဲ့သည်​။ ထိုလူရိပ်​သဏ္ဍန်​အား အနီးကပ်​ကြည်​့မည်​ဆိုပါက …. လွယ်​အိပ်​​ဟောင်​းကြီး တစ်​လုံးက်​ုစလွယ်​သိုင်​းထားပြီးလျှင်​ လက်​တစ်​ဖက်​က ဓတ်​မီး ၊ ကျန်​​သောလက်​၌ ​ခွေးရိုက်​တုတ်​ကိုကိုင်​၍ ပုခုံးထက်​တွင် ကြက်​ဆင်​တံဆိပ်​ ထီး​ကောက်​ကြီးကိုချိတ်​ထားသည်​ကို​တွေ့ရ​ပေလိမ်​့မည်​။ ထိုသူကားးး…. တစ်​လှမ်​းခြင်​း​အေး​ဆေးစွာ ရွာလည်​လမ်​းတစ်​​လျောက်​ ဝင်​​ရောက်​လာခဲ့​လေသည်​။ ထိုသူသည်​ မည်​သူဖြစ်​မည်​နည်​း။ ပုံပြင်​ထဲက ကျိကုန်း​ဘိုး​တော်​ပင်​​လော …။​ ဖြစ်​နိုင်​သည်​မှာ အိမ်​​ခြေရာမဲ့ ခရီးသွားတစ်​ဦးသာဖြစ်​​ကောင်​းဖြစ်​နိုင်​ပါလိမ်​့မည်​ ။   ထိုလူစိမ်​းအား မည်​သူမျှ မမြင်​ဖူးလိုက်​​ပေ။ […]


တစ်ခုသော ကာလ၌ မဟာသမုဒ်ပြင် တစ်နေရာရှိ ကျွန်းစုများထဲမှ သာယာစိုပြည်ခြင်း ကင်းဆိတ်သောကျွန်းတစ်ကျွန်းပေါ်တွင် မျောက်တို့သည် ငြိုငြင်စွာ အသက်မွေးကြရကုန်၏။ တစ်နေ့သောအခါတွင်မျောက်တစ်ကောင်သည် ကမ်းခြေတွင်လာတင်နေသော အုန်းသီးတစ် လုံးကို ကောက်ယူလာခဲ့၍ အဘယ်အရာ ဖြစ်ဘိသနည်း ဟု စူးစမ်းဆင်ခြင်လျက်ရှိရာ အခြား မျောက်တို့လည်း မြင်တွေ့ သည်ဖြစ်ရကား စုစုရုံးရုံး အုန်းအုန်းကျက်ကျက် နှင့် ဆူညံသောင်းသဲ ပွဲတော်ကြီးကဲ့သို့ဖြစ်လာလေတော့ သတည်း။ မျောက်အကြီးကဲတို့လည်း မနေသာဘဲ သင်တို့ အဘယ်အကြောင်းရာကြောင့် ဤမျှ ဆူညံ ငြင်းခုန်နေ သနည်း ဟုမေးမြန်းရာ မျောက်တို့လည်း မိမိတို့ထင်ရာ တောရမ်းမယ်ဘွဲ့ အကျယ်ချဲ့၍ တွေ့ကရာရှစ် သောင်း ကို အခိုးချောင်းချောင်း ထွက်လုမတတ် အလုအယက် ဆိုကြကုန်လေ၏။ တစ်ကောင်သော မျောက်က – “ကျွန်တော်မျိုးတို့သည် မျောက်ပြူးတစ်ကောင် ယူဆောင်လာခဲ့သော […]


(၁)   လိပ်ဆိုတဲ့ကောင်ဟာ သိပ်ပြီး အာချောင်တယ်တဲ့ အရင်ဆုံး ငါးစင်လုံးက ထပြောတယ်။   ဟုတ်ပါ့၊ တစ်နေ့တစ်နေ့ တွေ့ရာလူနား လိုက်ကပ် သူ့ခွင်ထဲဝင်တာနဲ့ 150 wps နှုန်း ပစ်ခတ်တော့တာပဲတဲ့ အနားက ဖားက ဝင်ထောက်ခံတယ်။   ဒါတင် ဘယ်ကမလဲဗျ သူပြောတာတွေကိုလည်း ကြည့်ကြဦး အန္တာတိကဒေသမှာ မြေဈေးဘယ်လောက် သက်သာတယ်ဆိုတာမျိုး ကမ္ဘာကြီး တဖြေးဖြေး ပူနွေးလာနေလို့ နေလုံးကြီးကို ဘယ်အရပ် ပို့ရမယ်ဆိုတာမျိုး သက်တံတွေကို ကွန်နဲ့ပစ်ဖမ်းပြီး ပန်းထုတ်လုပ်ရင် ဘယ်လို လှပမယ်ဆိုတာမျိုး သူ့အချိုးတွေ ရိုးနေပြီတဲ့ ပိုးနသန်ကောင်ကလည်း ဝင်လှောင်ပြန်တယ်။   နောက်တစ်ခါ ပုရွက်ဆိတ်ခေါင်းကြီးက ခေါင်းထောင်ပြီး ပြောတယ် လိပ်ဆိုတဲ့ကောင် ပါလေရာကြောင်ချေးတဲ့ တစ်ခါက ပုရွက်ဆိတ်တွေ အခွန်ကိစ္စ တိုင်ပင်နေကြတုန်း […]


sorrowSeptember 14, 20131min19117
တရံရောအခါ က …တောတောင်ထူထပ်တဲ့..လှိုင်ဂူကြီးတခုထဲမှာ ..သွေးစုပ်လင်းနို့တွေစုနေကြသတဲ့…. လင်းနို့တစ်သန်းလောက်နေတာဆိုတော့….အနံ့တွေက တော်တော်နံဆိုပဲ…သို့သော်လည်း .သူတို့ဟာ သူတို့ကျတော့…ရှယ်မွှေးတယ်လို့ထင်မှာပေါ့…ကိုယ့်အနံ့ဆိုဘယ်သူမှ နံတယ်မထင်ဘူးမလား …အဟီး အဲ့ထဲမှာ ..နှလုံးလမ်းကြောင်းမှာ ကျွန်းအကြီးစားခံနေတဲ့ ….လင်းနို့လေးတစ်ကောင်လည်းရှိသတဲ့… တော်တော်ရုပ်ဆိုးဆိုပဲ….ရုပ်ဆိုးတဲ့လင်းနို့အမျိုးအစားထဲမှာမှ …ရုပ်ဆိုးတယ်ဆိုတော့ စဉ်းစားသာကြည့်ကျတော့…. နောနော်…လိုမျိုး…အတိုင်းထက်အလွန်ပဲနေမှာပေါ့…… ဖွန်သမျှလည်း…သဲထဲရေသွန် …လင်းနို့မလေးတွေ…တစ်ကောင်တစ်မြီးမှပြန်မကြိုက်ဘူးတဲ့……လင်းနို့ ဒသဂီရိ လေးပေါ့… ( ငါနဲ့များကွာချက်…..ငါဆိုလိုက်သမျှရ အာဟိ ) အဲ့ဒါနဲ့…အဲ့ကောင်လေး က …စိတ်ညစ်ရင်းနဲ့ အသက်တိုခဲ့သည်ပေါ့ကွယ်…….. ဒါနဲ့ သူကလေးက ..နောက်ဆုံးအချိန်မှာ….ကံများကောင်းချင်တော့…ဘုရားနဲ့သွားတွေ့သတဲ့…… ဒီမှာသူက ပေါက်ကွဲတာပေါ့…ဘုရားဘယ်လိုလုပ်လိုက်တာလဲပေါ့….အလွန်ကြီးပဲပေါ့…ကျွန်တော့်ကိုဖန်ဆင်းတဲ့နေ့က အရှင်ဘုရား ပျင်းများနေသလားပေါ့… အဖြစ်ဖန်ဆင်းချင်ရင်လည်း ..အသဲနှလုံးထည့်မပေးပါနဲ့လား အဲ့လောက် နှိပ်ကွပ်ရသလားပေါ့ …..မျက်ရည်တွေနဲ့ကွိုင်တာပေါ့…… အဲ့မှာ ..ဘုရားကသနားသွားပြီး….. အေးကွာ…ငါသတိမထားလိုက်မိဘူး……ဒီဘဝတော့ရှိစေတော့ပေါ့…..နောက်ဘဝ ကိုမင်းဖြစ်ချင်သလို…ဖန်ဆင်းပေးမယ် ဆိုပြီးကတိပေးလိုက်သတဲ့…. အဲ့မှာ …သကောင့်သား က အပီတောင်းတာပေါ့. 1) ဒီဘဝမှာမစွံသမျှ ..နောင်ဘဝတွင် …မိန်းကလေးများနှင့်သာနေလိုသည် […]


ムラカミSeptember 5, 20131min30021
တနေ့သ၌ ကျွန်ုပ် နေထိုင်သော အမှတ် ၃၇၆၊ မရိမ်းတပ် လမ်း သို့ မိတ်ဆွေကြီး ဆားပုလင်း မမနှင်း ရောက်ရှိလာတော့လေသည်။ ကျွန်ုပ်မှ တွန်းဝင်ခဲ့လေ အိုင်ပီ တံခါးက စေ့ထားရုံပါ …   နှင်း။ ဟာ ဟေ့လူ အိုင်ပီဂီ့ လွဲနေဘီ … ဆြာခ စာမှာဆိုရင် ဒါမိုးက ကျုပ်ပြောရမှာလေ။ ကျွန်ုပ်လည်း .. ဒမယ် ဆားပုလင်း မမနှင်း အဲ့ဒါနိုင်တီးဂွိုင်တီး က စာတွေ ။ဒါ ကာလပေါ်ဆားပုလင်းတွေခေတ်။ နှင်း။ ဟုတ်ပါဘီကွယ်…ဒါနဲ့ အမှုပေါ်လို့ အိုင်ပီလိုက်ကြည့်ပါဦးလား လာခေါ်တာဗျ။ ဂီ။ ဘာအမှုတုန်း ဆားပုလင်းရဲ့။ နှင်း။ကျောက်ကုန်း ဘက်မယ် ၃လောင်းပြိုင်လူသတ်မှုဖြစ်သဗျို့။ ကျုပ်လည်း ဌာနကရတဲ့ကား ဆီထုတ်စားတာ လက်လွန်သွားလို့ အိုင်ပီ့ […]


ムラカミSeptember 4, 20131min22816
ဂဇက်ရွာ တရွာလုံး ဒေါသဗုံကျနေလေသည်။ ဟုတ်တယ် ဖြစ်ပုံက ကြည့်အူး။ ဟို ချာတိတ်တယောက် သဂျီးသမီးချာတူးလန်ကို ဗိုက်တလုံးနှင့် ထားပြီး ထွက်သွားသတဲ့လေ..။   တောက်ခ် … ဒါက ကန္နားစီး ရဲ့ တက်ခေါက်သံ။ ဘယ့်နှယ့် ငညီမလေးကို …။ ကန္နားစီးပါးပြင်တွင်မျက်ရည်တို့ စီးကျနေ၏။   ရှောက်သီးဆေးပြားအရောင်းထွက်ရာမှ ပြန်လာသော မာဂယောက်ပြားနှင့် ဒညင်းဝက်တို့လည်း မျက်နှာမကောင်းလှ။ မာမီသော်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အံကို ဂျစ်ဂျစ်မြည်အောင်ကြိတ်သည်။ မတ်မမ ကတော့ သန်းဝေချင်ယောင်ဆောင်ရင်း သူမျက်ရည်လည်တာကို လူမသိအောင်ပြု၏။ မမအံ့က အိမ်တိုင်ကို ဂျပန်ပါးရိုက်နည်းဖြင့် သမနေ၏။   ဟုတ်သည် မန်းဂဇက် အချော်တကောက်ရွာမှ အစ်ကိုမောင် တသိုက်၏ ချစ်လှစွာသော တဦးတည်းသော ညီမလေး မဟုတ်ပါလား။ မားခိုမ်ပင် […]