အပိုင်း ( ၁ ) ဗိုလ်မှူးသူရခင်လတ်(ငြိမ်း)၏ နွေရာသီ အထူး(ကျား)စခန်း နေရာကား မှော်ဘီမြို ့ အနီး ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အနီးတွင် အထူးဖွင့်လှစ်ထားသော Camp တခုတွင် ဖြစ်သည်။ သင်တန်းကျောင်း ဦးစီးဦးဆောင်သူ သူရခင်လတ်သည်ကား အရပ်ခပ်ပြတ်ပြတ် အသားအနည်း ညိုမှောင်ကာ စူးရှသောမျက်လုံးတစုံဖြင့် အတန်ငယ် မျက်မှောင်ကုတ်၍ အဝေးတနေရာသို့ စူးစိုက်ကြည့်နေလေသည်။ စစ်စိမ်းရောင် ခပ်ရင့်ရင့် ပါရာကျု ဆုထ့်သည် လေထဲတွင် တချက်၂ချက်မျှ ဖျတ်ကနဲ လွင့်သွားသည်မှ အပါ ကျစ်လစ်သန်မာသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှပေသည်။ ထိုစဉ် အနောက်နားမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ပီး တလက်စတည်း “ဘာထူးသလဲ ဗိုလ်ကြီးဒုံ? ” ” ဒီနေတော့ သင်တန်းသား တယောက် ဝမ်းသွားနေလို့ သင်တန်း […]


“သဂျီးခြောက်သွားပီ…” ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ “ဟုတ်ပါ့မလားဟယ်…. မနေ့ဃဒင် အကောင်းဂျီး၊ မာဆက်မှာတောင် တွေ့လိုက်သေးဒယ်”  “အေးလေ ငါလည်းသူနဲ့ 69ဇိမ်ခန်းမှာ တမြန်နေ့ဂ ဆုံမိဒေါ့ တဆက်ရှင်နဲ့ မလောက်လို့ အချိန်ပိုကြေး ပေးရဒါ ညည်းနေသံကြားတယ်” “အဲဒါတော့ အသိဗူးဗျာ အခုဒင် လောလောလတ်လတ် ထွက်လာဒဲ့သဒင်း၊ မယုံ ကိုယ်ဒိုင်သွား မေးဂျေ” ကကြောင်ကြီးနှင့် မန်းဂေဇက် ရွာသူားများ အချေအချ ပြောဆိုသံဖြစ်သည်။ သံသယဖြစ်မည်ဆိုလဲ ဖြစ်လောက်စရာပင်.. တိုင်းသိပြည်ကျော် ရှာပွတ်ခိုမ်ဟု နာမည်ကြီးနေသည်မှာ အကြောင်းမဲ့မဟုတ်၊ ချဲကြွေးပေးဖို့ မရှိသဖြင့် အကြံကုန် ဂဠုန်ဆားချက် လျှာပွတ်ဆေး ဖော်ရောင်းရာမှ ကံကောင်းထောက်မ၍ ကျိကျိတက် ချမ်းသာလာပြီး ဘဝမေ့ဂါ ကာမစည်းစိမ် မပြတ်ရှာဖွေ ခံစားလွန်းသူ၊ တခုမဟုတ်တခု မပွတ်ရလျင် မနေနိုင်သူဖြစ်သည်။ ယခုမူ […]


black chawAugust 4, 20131min43636
(နိဒါဏ်း) ချက်အောက်ပျက်လုံး တဲ့…။ မိတ်ဆွေတို့လည်း ကြားဖူးကြမှာပေါ့…။ တချို့သောလူရွှင်တော်တွေဟာ ဖိုမ ကိစ္စတွေကို တစ်တစ်ခွခွ အသုံးပြုပြီး လူတွေ ရယ်အောင်လုပ်တတ်ကြပါတယ်…။ ဒီနေ့ခေတ် မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာလည်း မင်းသားတွေ မင်းသမီးတွေကတောင် အဲဒီ ဖိုမကိစ္စပျက်လုံးတွေနဲ့ ပရိသတ် လက်ခုတ်သံကို ချူဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာကောင်းလောက်အောင် မြင်တွေ့နေရပါပြီ…။ အဲဒီလို ဖိုမကိစ္စတွေ အသုံးပြုထားတဲ့ ပျက်လုံးတွေကို ချက်အောက်ပျက်လုံးရယ်လို့ အပျောင်အပျက်ခေါ်တတ်ကြပါတယ်…။ သွားလေသူ ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီလို ညစ်ညမ်းတဲ့ ပျက်လုံးထုတ်တတ်သူတွေ ရဲ့ ပျက်လုံးတွေကို မရယ်ရတဲ့အပြင်…ရယ်တောင်ရယ်ရသေးတယ် ဆိုပြီး မှတ်ချက်ပြုခဲ့ဘူးပါတယ်…။ ဟေးဟေး…။ ဘီအီးဒီအောင်သိုက်ကြီးပြောခဲ့တဲ့ မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေး ဆိုတဲ့ စကားလေး က ချစ်ဖို့ မကောင်းဘူးလားဗျာ…။ တစ်စိမ့်စိမ့်တွေးပြီး တစ်စိမ့်စိမ့်ပြုံးရလောက်တဲ့ အဖွဲ့အနွဲ့တစ်ခုလို့တောင် […]


အောင်မငှီး တိုက်ကြီး လှုပ်နေတယ်…ပြေးဂျဟ လွှားဂျဟ… ရန်ကုန်မြို့လည်ဂေါင် လူသွားလူလာ အထူထပ်ဆုံး ဆူးလေဘုရားလမ်းအနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အချိန်ဂါး ညဉ့်ဦးယံ၊ ရာသီဥတုမှာ အားကစားသမား အကြိုက် မပူလွန်း မအေးလွန်း အနေတော်…။ ထိုအချိန်ဝယ် ရန်ကုန်မြို့ ကြက်သရေဆောင် ထရေးဒါးဟိုတယ် မိုးမျှော် အဆောက်အအုံဂျီးမှာ ယိမ်းထိုးလှုပ်ရှား ကခုန်နေသယောင်…။ ထူးဆန်းသည်မှာ ဘေးနားရှိတိုက်တာ အဆောက်အအုံများ ဘာမျှမဖြစ်သည့်အလား။  အသို့ဖြစ်သနည်း အပမှီသလော.. ရွာသူလက်ချက်ပေလော.. မည်သို့ဆိုစေကာမူ ဆေ့ဖတီဖွတ် လုံခြုံရေး အရေးကြီးသမို့ အရေးပေါ် ကယ်ဆယ်ရပေမည်။ ဘေးဂို ဘေးဂို… ပီးပေါ် ပီးပေါ်.. ရွှီးရွှီး.. မီးသတ်ကား အချက်ပေးသံ၊ လူနာတင်ကား ဥဩဆွဲသံ၊ ရဲ ခရာမှုတ်သံ ဆူညံသွားသည်။ ဝိုင်းအုံ ကြည့်မနေဂျပါနဲ့.. လမ်းရှင်းဂျပါ… ဟိုတယ်တွင်းကလူများ […]


ပိုဂေါက်သူ မလေးရှား ဗိုလ်ချုပ်ကြီး အဗ္ဗဒူလာ စားအုန်းဆီ၊ စင်ကာပူ ဒုဗိုလ်ချုပ်ကြီး ဖြတ်စားလတ်စား လူရှောက်ညာ၊ ထိုင်း ဗိုလ်ချုပ်ကြီး ပက်ပုံး နှဖွန်ချက် တို့ပါဝင်သည့် ကာချုပ်များ ဂေါက်ပြိုင်ပွဲတွင် ရာထူးခြင်း အတူတူ မြန်မာဖက်မှ ဗိုလ်ချုပ်မှူးဂျီး မင်းအောင်လှိုင် ဂေါင်းတလုံး ပိုမြင့်နေဂျင်းမှာ ဒေါက်ဖိနပ် ဝတ်ထား၍ မဟုတ်ကြောင်း ဆိုသည်။ စဉ်းစားစရာဗဲ ယဉ်ထိန်းရဲ ဝတ်စုံဖြင့် ၎င်းတို့ရိုက်ကူးခဲ့သည့် ကြော်ငြာကြောင့် မရှိတော့သည့် ယဉ်ထိန်းရဲအဖွဲ့ ဂုဏ်သိက္ခာ ထိခိုက်ပါမည်လောဟု ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းတို့မှ မေးခွန်းထုတ်လိုက်သည်။ အယူခံခွင့်မရှိ မြန်မာနိုင်ငံရဲအဖွဲ့မှ ဝေဟင်မှုခင်းများအတွက် ရဟတ်ယဉ်၊ ဂျက်လေယဉ်များ အသုံးပြုနေရာ ယနေ့အချိန်ထိ ကျီးကန်းဆယ်ကောင်၊ စာကလေးငါးကောင်၊ ခိုရှစ်ကောင်အား လေစည်ကမ်း ဖောက်ဖျက်မှုကြောင့် သေဒဏ် အပြစ်ပေး […]


ムラカミJuly 19, 20131min1889
    ဂုဏ်ပြုကဗျာတော့ မရေးတတ်ဘူး သွားလေသူ အဘိုး ဗိုလ်ချုပ်ရေ ..။ သားက ဖရုဿဝါစာ ပါမစ် ရထားတဲ့ လှည့်ပတ် ဆဲတတ်သူ တော့ မဟုတ်ဘူးခည။ လိုမယ်ထင်ရင်တော့ ပယ်ပယ်နယ်နယ် ဆဲ သဗျ..။ မယုံရင် ဟိုနွားကင်စားသူဂျီးမေးကြည့်။   ဘုန်းတော်ဘွဲ့ ရေးမှ လူရာဝင်တယ်ထင်တဲ့ သားတို့ လူမျိုးကို သား သိပ်ချဉ်တယ် အဘိုး ဗိုလ်ချုပ်ရေ..။ မင်းလောင်း အစ ကယ်တင်ရှင်အလည် တန်ခိုးရှင်အဆုံး မျှော်တတ် တဲ့ ခပ်ချာချာ ငတုံးတွေကိုလည်း သောက်မြင့်ကပ်တယ်..။ အူးစော အစ ပါပါကြီး အလည် စာဖတ်သူကြီး အဆုံး လှည့်ပတ် ဆဲနေသူတွေကို သား မေးခွန်းထုတ်ချင်တယ် အဘိုး..။   အဲ့လူတွေကို ဆဲရတာ […]


မြန်မာလို တထောင့်သုံးရာနဲ့ ဘယ်နှစ်ခုနှစ်မှန်း သေချာမသိ … မှတ်မိတာ နောင် ဆယ်နှစ်ကျော်မှ အဖေက ကရင်လူမျိုး တလိုင်းပေါ့ … အသားခပ်လတ်လတ် ညိုတောင်မညိုရှာပါဘူး အမေက ဧရာဝတီတိုင်း ဝါးခယ်မသူ ဖြူတာမှ ဖွေးရော … ရန်ကင်းမှာ တွေ့ပီး လူငယ်တို့ သဘာဝ ဒွန့်လိုက်တော့ အစ်မတော် ၂ယောက် တရုတ်ပြည်က ကြွာလာလို့ … ကြုံတယ်ထင်ပါတယ် ….. ဖြူဖြူဖွေးဖွေးပေါ့ ။ ဘယ်နဲ့ဗျာ ကျုပ်ကျမှ …. အဲ့တုန်းက နယ်လ်ဆင်မန်ဒဲလားလဲ ခေတ်မစားသေးပါဘူး … အမီတာဘရ်ဂျန်းလဲ ခေတ်မထသေး … ကျုပ်ကျမှ ဂဲမွေးတဲ့ ကာတော်လိပ်က ဆင်းဆင်းချင်း နာ့စ်တွေကြား ဦးအောင်ဇေယျ လက်ရုန်း မီးတောက်တာတော့ ပျင်းတောင် ပျင်းသေးတယ် … ထားပါတော့ … ၈၈မှာ ဥက္ကလာတခွင် ပြဲပြဲစင် မြောင်းထဲမှာ ဝဲဘလက်ဗျစ်နဲ့ ၁၁နှစ်သားကျုပ် ဒေါင်းငါးတွေ ဖမ်းနေချိန် […]


ဇီဇီJuly 17, 20132min24017
ဘာရယ်မဟုတ်။ အင်တာနက်ပေါ်က တစ်ကွက်ကာတွန်းလေးတွေ လိုက်ဖတ်ရင်းက တစ်ချို့ပြန်ရှယ်လိုက်တယ်။ ခရက်ဒစ်တူ : ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ် ပေါ့ဗျာ။                    


ခေါရ် တယောက် ဒီနေ့လည်း ဖွဘုတ်ပေါ် တက်ရင်း … ခါတိုင်းလို ဝေါလ် ပေါ်တက်လာသမျှ ဒတ်ပုံတွေ ဒွန့်ပုံတွေ …. Like မလုပ်တော့ဘဲ နည်းနည်းလူရှိန်အောင် ကီတချက် သွင်းရင်း နိူင်ငံရေး/လူမှုရေး/စီးပွားရေး စာမျက်နှာတွေ ဖတ်ဖြစ်တယ်။ ငြိမ်းချမ်းရေးမရတာ ဘာဖြစ်လို့လဲ ? (ဆလိုင်းမီးဒုတ် ) comment : အဝေမတည့်သေးလို့ပါ ဟယ် … မှန်ချက်က ပက်ပက်စက်စက်  🙂   မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဘာကွာသလဲ ( ကိုကိုနီ ကြီးပွားရေး တက္ကသိုလ် ) comment : ကုလားကြီး နဲ့ အရာကြီး ဟယ် … ထပ်မှန် နေပြန်ပါဘီ   🙂   မြန်မာနိူင်ငံရေးသမား အစစ်အမှန် ရေငုပ်သန်၏  ( […]


ကျားဖူးဘောင် ၁၉၈၂ နိုင်ငံသား ဥပဒေတွင် ရိုဟင်ဂျာလူမျိုး မရှိဂျောင်း သမတပေါဂွင့်ရ ပုပ်ကိုယ် ဦးရဲထွဋ်မှ ပြောကြားသဖြင့် အီတွန့်ဗွမ် လူမျိုးစာရင်းပေါက်ရန် ကြိုးပမ်းနေသော မဟုတ်တရုတ်သဗုံ ကြေးမုံဂျီး မျှော်လင့်ချက် ဆုံးခန်းတိုင် သွားပြီဖြစ်သည်။   ပျံရင်ပစ်မယ် လက်ပံတောင်း အစီရင်ခံစာ ဆောင်ရွက်ချက်များအား ပြည်သူများ မကြေနပ်လျင် လွှတ်တော်ပျံ တင်ပြမည်ဟု ပုလဲအန်အယ်လ်ဒီအမတ် ဒေါ်ခင်စန်းလှိုင်မှ ပြောသောကြောင့် လွှတ်တော်ရှေ့တွင် လေယဉ်ပစ်အမြောက်များ ချထားဂျောင်း လေတပ်ဗိုလ်မှူး ဖားပြုတ်အောင် လေယဉ်ဆီ မှောင်ခိုလာရောင်းစဉ် သိရသည်။ လက်ကြီးနဲ့ UWSA စီးပွားရေး ဌာနဂျီးမှူး မိုက်ခဲကြေးမုံဂျီးနှင့် တြိဂံတိုင်းမှူး စမူဆာကြောင်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရမှ တောင်းဆိုသော ဝတပ်မြေပုံအစား ကြေးမုံဂျီး၏ စွဲမက်ဖွယ် ကိုယ်အတိုင်းအထွာ ၃၅-၂၃-၃၆ အား ကြောင်ကြီးကိုယ်တိုင် ပေကြိုးတိုင်းခွင့် […]


တိုက်ပွဲတပွဲတပွဲကား ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင် မှတ်မထားနိုင်သောအကြောင်းတရားများကြောင့် ဘိုနီအကြောင်းမေ့ထားကြပါစို့။ ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင် ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ် တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။ ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။ ၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။ ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင် သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။) ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ် မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက် လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။ အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး” “သွေးလက်ဝါး” “မိစ္စာ […]


လေအိုးပေါက်ဖော် မြစ်ဆုံနှင့်လက်ပံတောင်း စီမံကိန်းများ ဆက်လုပ်ခွင့်ပြုရေး သတင်းစာရှင်းလင်းပွဲတွင် မဟုတ်တရုတ် သံအမတ် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ အချိန်နဲနဲပေး ပေးစေလိုဂျောင်း၊ သေသွားသော အဘိုး၊ ပက်လက်မျော အဖေနှင့် ဂိလာန သားတို့ကိုကြည့် ဆိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းထက် အကောင်းပတိ ရှိနေသေးသည့် မြေးငယ်လေး သူတို့လက် ဝကွက်အပ် အကဲဖြတ်ပါဟု တိုက်တွန်းသွားသည်။ မကြားလိုဒေါ့ဗာ စာနယ်ဇင်းကောင်စီမှ တင်ပြသည့် မီဒီယာ ဥပဒေကြမ်းကို အချိန်ကြန့်ကြာသွားနိုင်၍ လက်မခံဂျောင်း၊ မိမိတို့ တိုင်းပြည်အာဏာကို နှစ်ပေါင်း ငါးဆယ်ကျော် မလွှဲမရှောင်သာ ယူခဲ့ရ၍ ထပ်မံ အချိန်ဆွဲသည်ဟု အပြောမခံ လိုဒေါ့ဂျောင်း ပျံကျားရေးဝံကျီး ဦးပလီစိချောက်ချက်မှ ပြောသည်။ ညောင်ညိုလမ်းခွဲ အမည်မသိ အစွန်းရောက် ၇၈၆များ၏ ဗုဒ္ဓဂါယာ ဗုံးခွဲတိုက်ခိုက်မှုကို ရေငုံနှုတ်ပိတ်နေသူ အယာတိုလာ […]


ムラカミJuly 9, 20131min23015
ဘာရယ်မဟုတ်ပါဘူး … ဟိုကျေးဇူးရှင် ၁ကျပ်သားနဲ့ ဂျေးအောင်းရမလိုဖစ်နေတော့ နင်အစား ဝင်လိုက်ပလား လို့ ဝိုင်း မေတ္တာပို့ကြတဲ့ အမျိုးတွေ ကိုချဉ်ရင်း မောင်ဂီ့နဲ့ ဆေးဘဲတို့ရဲ့ ကြားက အမှတ်တရလေးတွေ ပြန်တူးကြည့်မိတာပါ.. ဟိဟိ… ဗေထိ ဆို ကိုယ်ချည်း ခံရတာချည်း.. ကဲ ..စပြီ..   သားယီး ကနေ့ည လာခဲ့ကွာ ။ ဗျာ ..အော်.. ဟုတ် ..ဟုတ်..။ ကြောက်ရသဗျ.. ဒီဘဲဒွေက စိတ်မထင်ရင် မထင်သလိုဖောက်တာ..။ ဘယ်ဘဲတွေလဲဆိုတော့ ရေကြောင်းသိပ္ပံက ဘော်ဒါဘော်ဂျွတ်တွေပါခီညား…။ ဘယ်ကဘယ်လို အောက်ပါ့စ်ရလာလဲမသိဘူး ဆေးကျောင်းကို ဆော်လာကြောင်ရင်း ပါလာတဲ့ ဂစ်တာကြီး လက်မှတ်ကောက်ကတ်ထိုးရင်း ကျုပ်ကို လှူသွားရင်း ပြောတဲ့ ဇဂါးပေါ့ဗျာ..။ အဲ့လိုနဲ့ အဲ့သည့်ည မောင်ဂီ့လည်း ဒင်းတို့ကျောင်းကို […]