+++++++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် လူပျိုသိုး နဲ့ တစ်ညသ၌ – ၂ ကို ဖတ်ချင်ရင် …….. +++++++++++++++++++++++++++++++++++   ဒါ ဇာတ်သိမ်းပိုင်းပေါ့ဗျာ ……. ဟို ဒုတိယ အပိုင်းမှာ မတ်ကြီးက အေးမေ ကို ရည်းစား စကားပြော၊ အဖြေ ချက်ချင်း တောင်းဖို့အတွက် သူ့ဘော်ဘော်တွေနဲ့ လောင်းကြေးတွေ ထပ်လို့ ဖိုးသာထူး တဲထဲကနေ ယိုင်တိုင်တိုင်နဲ့ ထွက်သွားခဲ့တယ် ….   +++++++++++++++++++++++++++++++++++   မတ်ကြီး ထွက်သွားချိန်က ည ၁ဝ နာရီ ဝန်းကျင် …. တောဘက်တွေမှာ ည ၁ဝ နာရီဆိုတဲ့ အချိန်ဟာ […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် ဒီနေရာကို ကလစ်ပါ။ +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – အဆက် ………..   ငတိုက်ရဲ့ ဘေးမှာ ဘိုးမင်းခေါင် ဒီဇိုင်းနဲ့ တင်ကလိမ်ချိတ်ပြီး ထိုင်နေတဲ့ တစ်ယောက်လည်း ရှိသေးတယ် …..။ ဒီကောင်ကလည်း ငတိုက်နဲ့ နင်လား ငါလားပဲ …. လူကြည့်တော့တာ ဘာမှ မဟုတ်တာ ထိုင်နေတဲ့ စတိုင်ကို က ထောင့်မကျိုးတဲ့ စတိုင် ……. နေတော့ နွားခြေရာခွက်၊ […]


သမဓဃျီး ဥသိန်းစိန်မှ အစိုးရအဖွဲ့အား ပါတီပေါင်းစုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန် ကြိုးပမ်းချက်အနေဖြင့် ဂဇက်ရွာပေါရေးစိုဂွင့်ရှိသူ ဦးကြောင်ကြီးအား ပြည်ထဲရေးဝန်ကြီး ခန့်အပ်လိုက်ရာ ပျော်မဆုံးမှီ ပဲခူးထဲရေးဝံကျီး ဖြူးထဲရေးဝမ်ကျီး စသဖြင့် မြန်မာနိုင်ငံရှိ မြို့ပေါင်းစုံ သုံးရာကျော် အမည်ဖြင့် မြို့ထဲရေးဝိန်ဂျိများ ခန့်လိုက်ရာ ဦးကြောင်ကြီး ရေလည်လည် တင်းနေဂျောင်း သိရသည်။ အလားတူ ဘွားဒေါ်ဂျီးအား ပြည်ထောင်စုဝင်ဂျီး တနေရာ ပေးလိမ့်မည်ဟု ခန့်မှန်းထားရာ ဦးကြောင်ကြီးကဲ့သို့ အကစ်ခံရမည် စိုးသဖြင့် ပြည်ထောင်စုအပြင် အင်းစိန်ထောင်စု သာယာဝတီထောင်စု ရှိအုံးမည်လားဟု သမဒဂီးအား မေးခွန်းထုတ်ထားသည်။ စကောလောက်မှ ဇောက်မနက် အကြံပက်စက် စစ်လမ်းနီးသူ အချို့ဂမူ ထောင်စုဆိုသည်မှာ အကျဉ်းစခန်းများစွာ အုပ်ချုပ်သော ညွှန်ကြားရေးမှူးအဆင့်ဖြစ်၍ ဘွားဒေါ်ဂျီးအနေဖြင့် လက်လွှတ်မသင့်ဟု ချွန်တွန်းကြသည်။ လွှတ်တော် ငှက်ကထဂျီး ဥရွှေမန်းမှလည်း […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++    အချိန်ကား .. တောဓလေ့ အဆိုအရ “စာဥတို့ ရေခပ်ဆင်းချိန်” ပေါ့ ……..။ ဝင်လုဆဲ နေမင်းရဲ့ အရောင်ဟက်ခံရလို့ တိမ်တိုက်တွေလည်း တောက်ပနေချိန် …..။ ရွာရဲ့ ပျိုဖြူမေ တွေကလည်း ရေအိုးတွေ ကိုယ်စီရွတ်လို့ …. ရွာရဲ့ အနောက်တံခါးကနေ ထွက်ပြီး သောက်ရေကန်ဆီကို အတင်းတုပ်ရင်း ချီတက်နေကြတယ် …။ သောက်ရေကန် သွားရာလမ်းနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ အမိုးသာ ရှိပြီး အကာ မရှိတဲ့ တဲကလေး တစ်လုံး ….။ ဒီတဲ နာမည်ကို မသိတဲ့လူက […]


မောင်ဝါဝါနှင့် လိုက်လျှင်လိုက် မလိုက်လျှင်ရိုက် ပရိုမိုးရှင်း – သူရဿဝါ – မောင်ဝါဝါ နေ့စဉ် အင်တာနက် သုံးသည်။ အင်တာနက် သုံးတိုင်း ဖေ့စ်ဘုတ်ခ်က မပါမဖြစ်။ ဖေ့စ်ဘုတ်ခ် သုံးတိုင်းလည်း လိုက်ခ်တွေ၊ ကော်မန့် တွေက မနှိပ်မဖြစ်။ အထူးသဖြင့် လိုက်ခ်ဘတ်တန် (Like Button) ပေါ့။ ဖေ့စ်ဘုတ်ခ် ပေါ်တွင် ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်ရင်း၊ ဟိုဟာ စပ်စု၊ ဒီဟာ စပ်စု လုပ်ရင်း သဘောကျတာ တစ်ခုခု တွေ့လျှင် ကော်မန့် မရေးရင်သာ နေရမည်။ အော်တိုမက်တစ် လွယ်လွယ်ကူကူ လိုက်ခ်ကိုတော့ နှိပ်ချလိုက် ပြီးသား။ ထိုဖေ့စ်ဘုတ်ခ် ပေါ်လာ ကတည်းက၊ လိုက်ခ်တွေ စပြီး နှိပ်မိ ကတည်းက မောင်ဝါဝါ့ […]


ဒဂျီး အဲလိုတော့ ပြောနဲ့ဗျာ၊ ဃဈက်ဝက်ဆိုက် စရိတ်စက သိပ်များနေတယ်ဆိုရင် အဝှာလုပ်တာ တခါလောက် လျှော့ပေါ့။ အခုတော့ ပို့စ်တင်သူတွေကို စာတပုဒ်လောက် လျှော့ရေးပါလား ညာလားနဲ့ ချစ်တီးကြရသလား။ ပွိုင့်တိုးမလာတဲ့အပြင် တနေ့တခြား နည်းသွားတယ်။ ဗျားဂျီးနော်.. အားနာလို့ ကြည့်နေတာ အတယ်မထင်နဲ့။ ကြောင်ကြီး၏ စကားအဆုံးဝယ် ဒဂျီးမျက်နှာ ပျက်သွားပြီး နဂိုမူလ မဲကြုတ်နေရာမှ လုံးဝနက်မှောင်သွားကာ ကတ္တရာစေး လောင်းထားသော မီးသွေးခဲတမျှ ဖြစ်သွားသည်။ ဟ…….. ကိုရင်ကြောင်ရဲ့ ငါပိုက်ဆံနဲ့ ငါပါကွ၊ မင်းဆီက တပြားတချပ် မတောင်းပါဘူး။ ပွိုင့်လျော့တာ ဆာဗာကွန်ပြူတာ အမှားဖြစ်ပါလိမ့်မယ်။ အဝှာလည်း မလုပ်ဖြစ်တာ ကြာပီ။ အလုပ်တဖက် ဆိုက်တဖက်နဲ့ မအားရပါဘူးကွာ။ စကားနဲရန်စဲပြော၍ ရှောင်ထွက်ခိုက် သူ့ထက် ပါးနပ်သော ကြောင်ကြီးှက လက်ဖမ်းဆွဲပြီး […]


ムラカミFebruary 6, 20131min13011
ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင် ရွှေလင်းပန်းနဲ့ ထမင်းဆီဆမ်းရေ အမေဆိုပြလိုက်တော့ အတူတွဲစားမဲ့.. ဆတ်သားဖုတ် ပဲ မက်မောကာ …ငါဟာ ကောက်ကြိတ်ပလိုက်ပါတယ် ပုခက်တွင်းကဆင်းမြေဂျီးပေါ်နင်းကာစ စမူစာလေးနဲ့ နံပြားပုံပြင် အင်မတန် မွှေးပျံ့တဲ့ .. ကော်ပြန့်လိပ်ကို သိပ်ပြီး စားပြနေခဲ့တော့ ငါဟာ တောက်ညင့် ကပ်လာတယ်. မနက်တုန်းကတခွက် ဆွဲလာခဲ့ပါရက်နဲ့ ရင်ကို အရမ်းကြီး စွဲလမ်းသွားသူ ကျောက်ပတောင်း ကြီးအား အရမ်းကို ဂလုမိတော့… တို့ကျောင်းက ဂျမ်းပုံမတောင် တေနာလေးလို့ ..ငါ့ကိုခေါ် ဘိုင်စကုတ်ကြည့်တော့ အာလူးကြော်ထုတ်တွေကို အလွန်တရာနှစ်သက်တတ်ခဲ့တယ်. ငါ့နဘေးနားက ခြစ်သူလေးကတောင် တဖြည်းဖြည်းငါ့ကိုလန့်လာ.. ချွေတာ တတ်မယ့် တယောက်ကိုရှာ.. ဒီလိုနဲ့ ဝက်ဆီဖတ်ကြော်တွေကို စားသောက်ရင်း နေနေသလို.. ဗရာကြော်က ကောင်းပြီးတန်တယ်လို့ …သုံးသပ်တတ်လာဒယ်… ဟေ… အသိုးနဲ့အကောင်း တွဲနေတတ်တာကို […]


ဇန်နဝါရီ၂၈ရက်နေ့ထုတ် ကြောင်သူတော် သတင်းစာပါ လူပွေကြီးဦးခိုင် ဖဲမွှေ့ယာကတ္တီပါထက် ချစ်ခန်းဖွင့် ချစ်ရည်လူးနေတဲ့ ဓာတ်ပုံဟာ ဟောလီးဝုဒ်အပြာကားတခုမှ မင်းသားတုပစ် tooth pick (တွမ်ခရုစ်၏ညီ) ရဲ့ ဇာတ်ဝင်ခန်း ဖြတ်ညှပ်ကပ်ဖြစ်ကြောင်း ဟောင်ကောင်တွင် အပြာမင်းသားဖြစ်ရန် ကြိုးစားနေသူ ဦးကျောက်ခဲမှ ယနေ့ ဆက်သွယ်ကြောင်းကြားလာသည်။ နောက်ဆက်တွဲ သတင်းစီစစ်မှု ဆောင်ရွက်ခဲ့ရာ ဂဇက်သဂျီးဦးခိုင် ဆီးဂိမ်းအကြို သွေးပူလေ့ကျင့်ခန်းဆိုကာ အချိန်ပိုင်း မိုတယ်တခုသို့ ခြေများနေသဖြင့် ကျွန်ုပ်တို့ သတင်းထောက်မှ စုံစမ်းခဲ့ရာ အိပ်ယာပေါ်တွင်လူခံ၍ ဒိုက်ထိုးနေခြင်း ဖြစ်သဖြင့် သတင်းဖြစ်စဉ်အရ မှန်ကန်ပြီး၊ ဓာတ်ပုံမှာမူ သတင်းအယ်ဒီတာ ဦးအောင်ပု ရေနှင့် ဖားပြုတ်ချက်အရက် မှားသောက်သဖြင့် မူးနေစဉ် သတိလက်လွတ် ဖြစ်သွားပါသည်။ ဒေါက်တာချက်ကြီးနှင့် ညမင်းသား ဆိုက်များတွင်လည်း မတင်ထား၍ သတင်းစာ သုံးစောင်စလုံး အငိုက်မိကာ […]


moonpoemJanuary 25, 20131min22019
ကျွန်မတို ့အခုတလော ဖေ့စ်ဘုတ်စွဲသည့် ရောဂါဖြစ်နေကြသည်။ ဖေ့စ်ဘုတ်တွင် လှသည်ထင်သည် ့ဓာတ်ပုံတွေတင်ကြသည်။ တည့်တည့်ကြည့်ပြီး ဓာတ်ပုံရိုက်လျှင် မလှသည့်အားလျော်စွာ ဘေးတစောင်းရိုက်ခြင်း အပေါ်စီးမှ ရိုက်ခြင်း၊ ဘေးလှည့်ခြင်း၊ မျက်နှာအောက်ချ ရိုက်ခြင်းတို ့ဖြင့် ဖင်ဘူးထောင်းထောင်သည့် ပို ့စ်ကလွဲပြီး ဓာတ်ပုံရိုက်ကာ တင်ကြသည်။ ဖြစ်ဘူးကြမှာပါ ဖေ့ဘွတ်ကို ကြည့်သောအခါအချို ့သော သူငယ်ချင်းများက ရည်းစားနဲ ့စိတ်ဆိုးတာကအစ၊ အမေက ဆူလိုက်သည်က တစ်မျိုး၊ အရက်သောက်ဖို ု့ချိန်းသည်မှ စပြီး စတေးတပ်စ် တင်ကြသည်။ ကျွန်မသူငယ်ချင်းတချို ့လည်း ဖေ့ဘွတ်စ်ကို စွဲနေကြသည်။ မနက်မိုး လင်း လင်းချင်း မျက်နှာ မသစ်ဘဲ ဖုန်းနှင့် အွန်လိုင်းတက်သည်က စသည့်သူငယ်ချင်းများပင် ရှိကြသည်။ ဒါကြောင့်ပဲ ဂွတ်မောနင်း သူငယ်ချင်းတို ့နှင့် စတင်ပြီး […]


ဒီလိုဗျ …… ဒီပုံက Time မတ်ဂဇင်းက နှစ်ကုန်ရင် ဖော်ပြလေ့ရှိတဲ့ မန်းအော့သယ်ရီးယားကို အားကျလို့ ရွာထဲက ကာတွန်းဆြာ ဘရားသား တယောက်ကို သူခိုးသေဖော်ညှိပီး ထွင်ထားတာ …. ပုံထဲမှာ သူ့အဓိတ်ပယ်တော့ အပြည့်ပါတယ်… အမေးရှိက ကွန်းမင့်တွင် ့ပြန်ဖော်ဖွမည် ဖြစ်ကြောင်း …. ကွိ ကွိ ရွာ့လူကြီးများ ခွင့်ပြုပါက ဆုပေးပွဲနှင့် တွေ့ဆုံပွဲတွင် ဗီနိူင်းလေးထုတ်ပီး ထောင်ထားချင်ကြောင်း …   အီပုံသည် သများ အလွန်တကယ် ချစ်ခင်လေးစား တန်ဖိုုးထား အပ်ပါသော ရွာချစ်အူးလေး ၄ယောက်အား ရည်ရွယ် ဂုန်ပျု ရေးဆွဲထားပါတယ် ခင်ည …. တဂယ်ချစ်တာနော် သောက်ညင်ကပ်လို့ ဟုတ်ဖူး …..


– – – – – – – – – – +++++++++++++++++++++++++++++ ယနေ့ …………… စ် ….. အင်တာနက် လောကဂျီးအား … လွန်စွာမှ တုန်လှုပ်သွားစေလောက်သော သတင်းတစ်ရပ် ထွက်ရှိလာလေသည် ….။ မသိသူ မရှိစေရန် ထိုသတင်းအား ပုံနှင့်တကွ ရှဲလိုက်လေသည် ……။ ရှုလော့ ……… ဘောတို့ …………။ +++++++++++++++++++++++++++++ +++++++++++++++++++++++++++++


လွှတ်တော် ကိုယ်ဇလည် ဦးကြောင်ကြီး ပြည်သူ့လွှတ်တော် အလကားအကြိမ် ပေါက်ကရအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည်။ လွှတ်တော်ပင်ပ အဆောက်အဦးနှင့် အဝင်တံခါးမအကြား နေရာလပ် အတော်ခြားရကား အတော်ပင် လျောက်လှမ်းရသည်။ ကြံ့ဖွတ်ကိုယ်ဇလည်များအတွက် ပါတီဘွတ်စ်ကားရှိပြီး မိုးကျရွှေကိုယ်တော် စစ်ဗိုလ်ကိုယ်ဇလှယ်များက ဟက်စကီးရဟတ်ယာဉ်များဖြင့် လွှတ်တော်ခေါင်မိုးပေါ်သို့ ဆင်းသက်သည်။ ခရိုနီဂျီး ဦးဂွင်ရွှေကတော့ စကိတ်ဘုတ် စီးသွားသည်။ အတိုက်အခံ ကိုယ်ဇလှယ်အများစုမှာ ဗိုင်ကောင်များ ဖြစ်ရကား နေပူကြဲတဲတွင် ၉၆၉၃ လမ်းလျောက်ရသည်။ မြန်မာနိုင်ငံ ပြည်ဒေါင်ဇု လွှတ်တော်၏ နေ့စဉ် မရိုးနိုင်သော နံနက်ခင်းရုံးချိန် မြင်ကွင်းပေတည်း…။ မဲဆန္ဒရှင် ပြည်သူ့ကျေးဇူး ရှေးရှုပြီး ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ဂေါင်းဇောင်ဆိုတာ ငယ်သားကိုညှာရတယ်။ ရုံးတက်ရုံးဆင်း လမ်းလျောက်တာ ဘာမှမပင်ပန်းဘူး၊ လူတိုင်း ကိုယ့်အိတ်ကိုယ် လွယ်သင့်တယ်၊ မီဒီယာထဲ အိတ်ဆွဲတော် […]


မြန်မာ ပုရိသယောက်ျားတို့ ပြောကြတာရှိသည် မိန်းမဟူသည် မရှိမကောင်း ရှိမကောင်း။ မပေါင်းလဲခက်၊ ပေါင်းလည်းခက်၏ .. တဲ့။ အခုတော့ ခေတ်နဲ့အညီ တမျိုးပြောင်း ပြောနေကြပြန်ပြီ။ မိန်းမဟူသည် တီဗီ (သို့မဟုတ်) လက်ကိုင်ဖုန်း နှင့် တူ၏.. တဲ့ အိမ်သူဇနီးမယားသည် ဧည့်ခန်းထဲက တယ်လီဗီးရှင်းနဲ့တူပြီး မိန်းခလေးမိတ်ဆွေ (စမောလေး)က ဟန်းဖုန်းနဲ့ တူသတဲ့ဗျာ..။ ရှင်းပါမယ်..။ ကျွန်တော်တို့ ယောက်ျားတွေ အိမ်မှာ တီဗွီ ကြည့်ပြီး အပြင်သွားရင် ဟန်းဖုန်းေလး ဆောင်သွားကြတယ်လေ။ ပိုက်ဆံမရှိ ပြတ်လပ်နေချိန် အခန်းအောင်း တီဗွီကြည့်နေပြီး ငွေယားလေးအဆင်ပြေတော့ ဟန်းဖုန်းေလး အသစ်လဲကိုင်တတ်ကြပြန်ရော။ တီဗွီကို တစ်ခါတရံမှ ကြည့်ဖြစ်ပေမယ့် ဟန်းဖုန်းကိုမူ အမြဲတမ်းကလိနေကြရဲ့။.. ဟဲ ဟဲ ခင်ဗျားတို့ အိမ်က တီဗွီဟာ တစ်သက်လုံး […]