နိုင်ငံကြော် ရှေ့နေဂျီး ဦးကြောင် (B.A, L.L.B, R.L, L.L.M, မီညောင်, ခွီးဂရား) ဗဟိုတရားရုံး အသစ်ကြီးတွင် ရေရေလည်လည် ဇိမ်ကျနေသည်။ ရုံးသစ်ဖွင့်ပွဲ ကျင်းပထားသည်မှာ များမကြာသေး၍ ရုံးဥပစာမျက်နှာသာမက ရုံးခန်းအပြင်အဆင်၊ ရုံးသုံးပရိဘောဂများပါမကျန် အားလုံးသစ်လွင် တောက်ပနေ၏။ ရုံးထဲလည်း ကြည့်ပါအုံး.. တိုက်ပုံအမဲ၊ ကော်လာလည်ပတ်အဖြူ၊ ပိုးပုဆိုး တရွှမ်းရွမ်းနှင့် ရှေ့နေကြီးငယ်များ၊ ပျားပျမ်းခပ်မျှ ဟိုဒီပြေးလွှား အလုပ်များနေကြသည့် ရုံးအမှုထမ်းများ လှုပ်ရှားသက်ဝင်နေသည်မှာ လောကပါလတရား ထွန်းကားတော့မည့် အတိတ်နမိတ်ဖြစ်သည်။ “ဒေါ်မိုးစက်.. ပုဒ်မ၃၇ရ လိင်တူခြင်း မုဒိမ်းမှုနဲ့ အဖမ်းခံထားရတဲ့ မောင်ဘပုအမှု အခြေအနေ ဘယ်လိုရှိသလဲ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်၊ တရားလို စီတုံးဆိုတဲ့ သတ္တဝါကို သိပ်မသင်္ကာဘူး။ အလိုတူအလိုပါ ဖြစ်နိုင်တယ်။ ဘပုကြည့်ရတာ လူဂျီးလူဂေါင်း၊ ထိုင်းနိုင်ငံ […]


Mr. MarGaNovember 11, 20121min26334
ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၅၀ဝ ခန့် ရှိတဲ့အထဲကမှ ၁၀ဝ ခန့်ကသာ လူတွေကို အဓိက ဒုက္ခပေးတာဖြစ်ပါတယ်။ (အားလုံးသာဆို ဘယ်လိုနေမယ်မသိဘူးနော် တစ်ရာထဲမို့ တော်သေးတာပေါ့) ခြင်တွေ ဟာ ဂေဟစနစ်မှာ အဓိကကျတဲ့ နေရာမှာရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပန်းတွေကို ဝတ်မှုန်ကူးပေးရုံသာမက ငါးတွေ၊ ငှက်တွေနဲ့ အခြား အင်းဆက်တွေအတွက် အစာလည်း ဖြစ်ပါသေးတယ်။ ခြင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း တစ်ရာခန့်ကတည်းက ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ကျန်တဲ့ မျိုးစိတ်ပေါင်း မြောက်များစွာနဲ့ ထွေးရောယှက်တင် ရှိနေခဲ့တဲ့အတွက် သူတို့တွေဆီကနေ အခြားသတ္တဝါတွေရဲ့ အကြောင်းကို သိရှိနိုင်ပါသေးတယ်။ (ဟိုတစ်လောကတောင် ခြင်တစ်ကောင်ရဲ့ သွေးထဲက ဒိုင်နိုဆော DNA တွေ့တယ်လို့ ကြားလိုက်သေးတယ်) ခြင်တွေဟာ လူသားတွေအတွက်တော့ […]


black chawNovember 8, 20121min30826
အားကျစရာလား…၊ တရားရစရာလား…။ ယူချင်သလို…၊ ယူတတ်သလိုသာ ယူကြပေတော့ ကျောင်းဒကာတို့…။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သာမာန် Torist Guide မလေး အဖြစ် ဘဝကို ဖြတ်သန်းနေခဲ့တဲ့ နန်းခင်ဇေယျာ ဆိုတဲ့ ၂၄ နှစ်အရွယ် ရှမ်းပအို့(ဝ်) မလေးတစ်ယောက် … ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းပေါ်မှာ ကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲကြီးမှာ Miss Internet ဆုနဲ့ Miss People Choice ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အချိန်မှာတော့ တိုင်းသိပြည်သိ ထင်ရှားကျော်ကြားသူများစာရင်းထဲကို နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါရောလား ဗျာ…။ အောင်မယ်…သူလေးနဲ့ အင်တာဗျူးမယ်…ဓါတ်ပုံရိုက်မယ်ဆိုရင် အခကြေးငွေပေးရမယ်ဆိုလား… မန်းဂဇက်ပေါ်အထိတောင် သတင်းတွေတောင်ကြီးလိုက်သေး…။ တစ်ဆက်တည်းမှာပဲ… လွယ်ဟိန်းကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ… […]


သူရႆဝါNovember 3, 20121min1669
ဦးမောင်နှင့် အခပေးရုပ်သံလိုင်း – သူရဿဝါ – ဦးမောင်က အိမ်မှာ မိသားစုနဲ့ သိုက်သိုက် ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် နေချင်တဲ့လူ။ ဦးမောင် မှာက ဇနီး ဒေါ်ယုနဲ့ သားနှစ်ကောင် ရှိတယ်။ တစ်ကောင်က မောင်ဘုန်း၊ တစ်ကောင်က မောင်ကျော်တဲ့။ ဦးမောင်က ခုနက ပြောသလို အိမ်မှာ မိသားစု စည်စည် ကားကား နေချင် ပေမယ့် သူ့သား နှစ်ကောင် စလုံးက တစ်ကောင်မှ အိမ်မကပ်ဘူး။ အကြီးကောင် မောင်ဘုန်းက လူပျိုပေါက်ပေါ့။ မနက်ဆို တက္ကသိုလ် သွား၊ ကျောင်းသွား၊ ညနေ အိမ်ပြန် ရောက်ရင် ရေမိုးချိုးပြီး သူငယ်ချင်း တွေနဲ့ လက်ဖက်ရည် ဆိုင်လေး ဘာလေး ထိုင်ပေါ့။ ညမိုးချုပ်မှ […]


black chawNovember 1, 20121min24437
အပျော်ပါဗျာ…။ ပေါ့ပေါ့ပါးပါး ဖတ်ပေးကြပါဦး…။ မောင့်ဘက်တန်က စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဘူးတယ်တဲ့ ကျောင်းဒကာတို့ရေ…။ လူတွေမှာတဲ့ Active & Lazy ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်တဲ့…။ တက်ကြွလှုပ်ရှားသူနဲ့ မတက်ကြွမလှုပ်ရှားသူလို့ မှတ်လိုက်ရအောင်ပါ…။ ဆိုတော့ ဒီနေရာမှာ Lazy ကို Negative Image နဲ့ မမြင်ကြစေချင်ပါဘူး…။ မတက်ကြွမလှုပ်ရှားသူလို့သာ မှတ်ပေးပါဗျာ…။ နောက်ထပ်တစ်ခါ Clever & Stupid ဆိုပြီးလည်း ခွဲလို့ ရပါသေးတယ်တဲ့…။ တော်တဲ့လူနဲ့ မတော်တဲ့လူပေါ့ဗျာ…။ ဆိုတော့ အဲဒီ Active & Lazy နဲ့ Clever & Stupid တို့ကို ထပ်တွဲကြည့်လိုက်ရင် လူလေးမျိုးရပါတယ်တဲ့…။ ၁။ Clever & Lazy တော်ပြီး မတက်ကြွမလှုပ်ရှားသူပေါ့ဗျာ…။ အဲဒီလူမျိုးကို […]


ဂ်စ္စူOctober 30, 20121min27040
သီတင်းကျွတ်မှာ ကျွတ်ဖို ့တိုက်တွန်းသူတွေကော မကျွတ်ဖို ့တိုက်တွန်းသူတွေကော မျှားနတ်မှောင် ပွဲဇား အောင်သွယ်တွေကော တောင်းပန်ပါတယ်ဆိုပြီးမုန် ့ဖိုးလာတောင်းကြတဲ့ ရွှေကျိတို ့ အလင်းစပ်တို ့ အူးပေတို ့ကော ပြီးတော့.. ရေခွက်နဲ ့ပက်ပြီးတောင်းပန်တဲ့အူးခင်ခတို  ့ နှစ်ခါပြန်တောင်းပန်တဲ ့ ရွှေအိမ်စိတို ့. သီတင်းကျွတ်အကြောင်း ရှင်းပြတဲ့ ဘဲအုတို ့ ဘုရားဖူလိုက်ပို ့တဲ့အူးပေါက်တို ့ စသဖြင့် ရွာထဲ ရွာပြင်ရှိ ကြီးသော ငယ်သော ကြီးကြီးသေးသေးပဲကော တန်းတူတန်းကော အဆိုပါ အစားစားသော လူတန်းစားတို ့အား အကျွန်ုပ် အူးဗိုက်မှ ကံသုံးပါးတို ့ဖြင့် ပြစ်မှားလွန်ကျူးမိခဲ့သည်ရှိသော် အပြစ်တို ့အား သည်းခံခွင့်လွှတ်ပေးတော်မူကြပါကုန်။ ကျွန်ုပ်သူဒေါ်ဂေါင်းအူးဗိုက်အား ကံသုံးပါတို ့ဖြင့် ပြစ်မှားခဲ့သူအပေါင်းတို ့အားလည်း […]


ဂ်စ္စူOctober 28, 20121min25515
  အသက် ငယ်ငယ်နဲ ့ (၈)မိနစ်ကျော် တရားဟောနိုင်တဲ့ အူးဘဇင်းလေးပါ အူးဘဇင်းလေး အသက်က သုံးနှစ်ပဲ ရှိသေးတယ်လို ့ဆိုပါတယ်။ တရားဟောရင်း အောက်က ဒဂါတစ်ယောက်မေးလို ့ ပြန်ဖြေရာက ဘွဲ ့တော်မှာ အူးဘဇင်း အူးညာနိတ်သရလို ့ သိရပါတယ်။ ယခင်က ပါရမီတွေကြောင့် သုံးနှစ်အရွယ်နှင့် ယခုလို တရားရှည်ရှည်နဲ ့ ပြတ်ပြတ်ဟောနိုင်တာ အင်မတန် အံ့ဩမိတာနဲ ့ခုလို လက်တို ့လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ ယူတျု ့ http://www.youtube.com/embed/-FRBpOySGGU  မှာ သွားပြီး နာယူမယ်ဆို သင်တို ့ လက်တလော ခံစားနေရသော ဝေဒနာများ ခေတ္တ လျော့သွားမည်မလွဲဟု ကျနော်အူးဗိုက်မှ ရာနှုန်းပြည့် အာမခံပါတယ်။ အူးဘဇင်းလေးအကြောင်း သေချာသိချင်ရင် https://www.facebook.com/cho.yee.35  နဲ […]


သူရႆဝါOctober 26, 20121min1375
မောင်ဝါဝါနှင့် လေခွန်တော် နောက်ဆက်တွဲ – သူရဿဝါ – ထုံးစံအတိုင်း ညနေ ကျောင်းဆင်းလို့ အိမ်ရောက်ပြီး ခဏနေ တာနဲ့ မြေးကလေး မောင်ဝါဝါဟာ ဖိုးဖိုးဆီ ရောက်လာ တော့တာပဲ။ ပုံပြင် ပြောပြပါလို့ ပူဆာဖို့ ပေါ့လေ။ ဖိုးဖိုး ကလည်း မောင်ဝါဝါ့ကို လှမ်းမြင် ကတည်းက ဘာပြောပြ ရမလဲလို့ စဉ်းစား ထားရတာပေါ့။ မောင်ဝါဝါ ရောက်လာပြီး သူ့နား ထိုင်တာနဲ့ “ပုံပြင် ပြောပြ ခိုင်းတော့မယ် မဟုတ်လား” မေးလို့ ခေါင်းငြိမ့် ပြတာနဲ့ “သေချာ နားထောင်ကွ” လို့ အစချီပြီး ပြောပြတယ်။ “ဒီလို ငါ့မြေးရ၊ ဒီတစ်ခါတော့ ပုံပြင် မဟုတ်ဘူး၊ ဦးပေါ်ဦး အကြောင်း ပြောပြမယ်၊ သိတယ် […]


black chawOctober 25, 20121min27330
ဘုရားစူး…မိုးကြိုးပစ်… နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ… ခုတလော ဘလက်ကြီးတစ်ယောက် အဲဒီလိုကြီးကို ပြောပြောနေတော့တာဗျာ…။ သူ့အသက်အရွယ်ကြီးမှ အားမနာ…။ နွားအိုမျက်နုကြိုက်ကြီး…။ ဘယ်လိုခေါ်မလဲ…မျက်လေးကနုတော့ ချိုတယ်ပေါ့နော် ပုံမှန်မှီဝဲရင် အရွယ်တင်နုပျိုတယ်ပေါ့နော်… အော် ဘလက်ဆိုတဲ့ ဘဲနာကြီးတော့ ကိုယ့်ဟာကိုယ် နွားဖြစ်လို့ ဖြစ်မှန်းတောင်မသိတော့ဘူး… သနားစရာ…။ အဲဒီဘလက်ဆိုတဲ့ ကောင်ကြီးက မရှင်းမရှင်းဗျ…။ စကားပြောလိုက်ရင်လည်း အကိုးအကားတွေနဲ့…။ အခုလည်း ပြည့်တန်ဆာမတစ်ယောက်ပြောတဲ့စကားတစ်ခွန်းကို ကြိတ်ခိုက်နေလို့တဲ့ဗျာ…။ ခင်ဗျားနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ရှင်းရောရှင်းရဲ့လားလို့ မေးရင် ဘုရားစူး…မိုးကြိုးပစ်… နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့… ဆိုပြီး ကျိန်ကျိန်ပြနေတာများ နားကြားပျင်းကတ်စရာကြီးကို ဖြစ်လို့…။ ဆိုလိုတာက သူနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ကင်းတယ်ရှင်းတယ်ပေါ့ဗျာ…။ ပြည့်တန်ဆာမ နာမည်က အကြိုင်တဲ့…။ ပါးမှာ ပါးချိုင့်လေးနဲ့ ချစ်စရာလေးတဲ့ဗျ…။ အဲဒီချစ်စရာကောင်းတဲ့ ပြည့်တန်ဆာမလေး အကြိုင်က ပြောသွားတဲ့ စကားလေးတစ်ခွန်းတဲ့ဗျာ…။ […]


သူရႆဝါOctober 23, 20121min992
မောင်ဝါဝါနှင့် အစစ်အမှန် တန်ဖိုးနည်းဖုန်း – သူရဿဝါ – နေရာတကာ ဟိုစပ်ဒီစပ် ဟိုယောင် ဒီယောင်ဖြင့် ကြောင်တောင်တောင် လုပ်လေ့ ရှိတဲ့ မောင်ဝါဝါ တစ်ယောက် အခု တလော သိပ်ပြီး အခက်တွေ့ နေတာပဲ။ ကိုယ့်ဟာကိုယ် ဂျာနယ်လေး တစ်စောင် နှစ်စောင်မှာ စာမူလေးတွေ ပုံမှန် ရေးနေ ရတာကို မကျေနပ် နိုင်ပဲနဲ့ အပျော်တမ်း ဗီဒီယို ရိုက်ကူးရေး အဖွဲ့ ထောင်ပြီးတော့ ဒါရိုက်တာပဲ လုပ်သလိုလို၊ ဇာတ်ညွှန်းပဲ ရေးသလိုလို၊ သရုပ်ဆောင်ပဲ လုပ်သလိုလို၊ ရိုက်ကူးရေးပဲ နေ့တိုင်း သွားနေရ သလိုလို လုပ်လိုက်တာ ဟိုလိုလို ဒီလိုလိုနဲ့ အလုပ်တွေက များလာ ပါလေရော။ စာမူကိစ္စ အယ်ဒီတာ တွေဆီ ဖုန်းဆက်ရ […]


ムラカミOctober 23, 20121min24929
မေမေ   သားသား သတိရခြင်း များစွာနဲ့ စာရေးလိုက်ပါတယ် မေမေ။ မေမေ နေကောင်းပါတယ်နော်။ သားလေ မေမေ့ကို သတင်းကောင်း တခု ပြောချင်လို့ပါမေမေ။ သား လေ ဟို ဘုရားမကြိုက် နတ်မကြိုက်တဲ့အရည်ကို ပါနုပေတံလိုက်ပါပြီမေမေ။ သတင်းဆိုးကတော့.. အဲ့ဒါတွေ ကျိကျိက စိတ်မဝင်စားတော့တာပါပဲ ဗျာ။   စကားမစပ် သတင်းကျွတ်ပြီ မေမေ။ မေမေ ပါဠိဘွဲ့ ယူနေတုန်း မေမေ့သူငယ်ချင်းသမီးတွေလည်း တယောက်ပီးတယောက် လင်ရကုန်တာပဲ မေမေ။ မေမေ သဘောကျတဲ့ နိချိဒါ ချန် လေးလည်း အမေရိကား ကို ထွက်သွားပါပီမေမေ။ ကံကောင်းပါဇီကွယ် လို့ သားဆုတောင်းပေးလိုက်ပါတယ်မေမေ။ စကားမစပ် ဟို အရက်သမားကုတဲ့ ဆြာဝန်မလေး ကို ကျေးကျေးပါ လို့ ပြောပေးပါမေမေ။ […]


အထူးသတင်းစာ ရှင်းလင်းပွဲ တမြန်နေ့က လပြည်တော်တွင် ပြုလုပ်သော နိုင်ငံဒေါ်သတင်းစာရှင်းလင်းပွဲတွင် သမဒဦးကြောင်ကြီးမှ မြန်မာ့ နိုင်ငံရေးတွင် ကြောင်များပါဝင်နေမှုအား နိုင်ငံကြက်ရင့်လာသည်နှင့်အမျှ လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယခု လောလောဆယ် ဈေးများတွင် အလေးမခိုးရန် ကြက်သားသည်များတွင် တာဝန်ရှိကြောင်း၊ ကြောင် အစိုးရမှ  စီအိုင်အေ ဂြိုလ်တုမှတဆင့် စီစီတီဗွီရိုက် ကြပ်မတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုးမိုးရေး ကော်မတီမှာ အများထင်ကြသလို ဘာဘာညာညာအတွက် မဟုတ်ဘဲ ကြက်သားရောင်းချမှု မှန်ကန်တိကျရန် နိုင်ငံဒေါ်အဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖြေကြားသွားသည်။ မေးခွန်းများ ဖြေကြားရာ၌ တဖြည်းဖြည် အရပ်ဖက်အာဏာ လွှဲပြောင်းခြင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိုနည်းတူစွာဖြစ်ကြောင်း၊ အာဏာရှင် ဆူဟာတိုအား လာဘ်စားမှုဖြင့် အရေးယူခဲ့သလို မြန်မာနိုင်ငံတွင် မလုပ်ရခြင်းမှာမ  နှစ်နိုင်ငံ မတူကြောင်း၊ မိမိပြောလိုသည်မှာ တူချင်သည့်အခါတူ၊ မတူချင်သည့်အခါမတူ၊ […]


San Hla GyiOctober 21, 20121min327105
ယနေ့ ကမ္ဘာတွင် ခေတ်စားနေသော အယူအဆနှစ်ခုမှာ အများ သိတော်မူပြီးသည့်အတိုင်း conservative နဲ့ liberal လို့ဆိုကြပါစို့။ တကယ်က ထိုအယူအဆနှစ်ခု ဝါ အုပ်စုနှစ်ခုမှာ အတော်ရှေးကျကတည်းက ရှိခဲ့သည်သာ ဖြစ်ပါ၏။ ဘယ်ကတည်းက စခဲ့သလဲဆိုရင် သေသေချာချာတောင် မသိပါ။ ဒါပေမယ့် အတော်ရှေးကျကတည်းက ရှိခဲ့တာတော့ သေချာလှသည်။ ဆီလျော်အောင် မြန်မာမှု ပြုရသော် ရှေးရိုးစွဲဝါဒီများ နှင့် တိုးတတ်ရေးဝါဒီများ ဟုဆိုရမည် ထင်သည်။ ဂေဇက်သူကြီး၏ စကားလုံးကို သုံးစွဲရသော် လွတ်ပြန့်စွဲ ရှိသူများနဲ့ လွတ်ပြန့်စွဲမှ လွတ်မြောက်သူများဟုလည်း ဆိုနိုင်ပါ၏။ နှစ်သက်ရာကို ယူတော်မူကြပါကုန်။ ဆိုခဲ့ပြီးသည့်အတိုင်း အုပ်စုနှစ်ခု ဝါ အရှေ့နှင့်အနောက်ပမာ ဆန့်ကျင်ဘက် ဝါဒနှစ်ခု ဖြစ်ရကား အခါအားလျော်စွာ ဓမ္မဖိုက်တင်ပွဲလေးများလည်း ရှိကြကုန်၏။ ကျွန်ုပ်မှာကား ပြာမှုန်မှိုင်းရီ […]