သူရႆဝါOctober 19, 20121min882
ဆယ်လီဗြစ်တီ မောင်ဝါဝါ – သူရဿဝါ – ကျွန်ုပ်သည်ကား မြန်မာ့ အသံ၊ မြဝတီ၊ ချန်နယ် ဆဲဗင်း၊ အမ်မာတီဗွီ-ဖော အစရှိသည့် ရုပ်မြင် သံကြား လိုင်းပေါင်းစုံမှ ပြုလုပ်သမျှ အဆို ပြိုင်ပွဲ၊ အက ပြိုင်ပွဲ၊ အဆော့ ပြိုင်ပွဲ၊ ဉာဏ်ကြီးရှင် ပြိုင်ပွဲ၊ မူကြိုနှင့်ပြိုင် ဘယ်သူမှ မနိုင် အစရှိသည့် ပြိုင်ပွဲ ပေါင်းစုံကို အားအား ယားယား ဝင်ရောက် ယှဉ်ပြိုင်ပြီး သကာလ ပြိုင်ပွဲတိုင်း အနိုင် ရရှိကာ မြန်ပြည် တလွှား အမည် ကျော်ကြားကာ သောက်ကျိုးနဲ နာမည်ကြီး လာတော့ လေရာ ကျွန်ုပ်အား ချစ်ခင် အားပေး ကြသော ကောင်မလေး များ အွန်လိုင်း၊ အော့ဖ်လိုင်း […]


ムラカミOctober 19, 20121min14615
ချစ် တယ်ဆိုတာ ပြောဖို့ လွယ်ပါတယ် မောင် တော ရောမြို့ပါ ချစ်တတ်ကြတယ် မဟုတ်ပါလားရှင် နွယ် မြက်သစ်ပင် ဆေးဘက်ဝင်သတဲ့ ချစ်သစ္စာတွေ မြဲတဲ့အခါများ ကို ညီထွဋ် ကတော့ အဲ့လို ဆိုခဲ့တာပဲရယ် ကို ငှက်ကတော့ ချစ်ရဲ့လက်တွေနဲ့ ကမာ္ဘကိုထုဆစ်ပါသတဲ့ ဝင်း ဝင်း အခြေအနေကို တည်ဆောက်နိုင်ဖို့သာ လိုပါတယ်လေ ကြည် ပဲပြုတ် နဲ့ နံပြား ရရင် စားချင်တယ် လို့ ဗိုလ်ချုပ်ရဲ့ စာလေး ဖတ်ဖူးတယ်မဟုတ်လား ..အော်..သူက စ လို့ အညတရ လေးတွေအဆုံး ချစ်တတ် ကြ တယ် မဟုတ်လားကွယ် နောက် ပြီး အချစ်ဆိုတာ စစ်ပွဲတွေအားလုံး အဆုံးသတ် ကြ ဖို့ သဘောဝတရားကြီးက […]


ムラカミOctober 19, 20121min19320
  ငါးကြင်းကင်။ အဲ့လေ။ သတင်းစဉ် အမည်မဖော်လိုသူ အမတ်မင်း တစ်ဦးမှ ၎င်း ဦးဆောင် ဖွဲ့စည်းထားသော နယ်စည်းမခြား အရက်သမား သမဂ္ဂမှ ဦးဆောင်၍ တိုင်းပြည်တဝှမ်း ဆန္ဒ ထုတ်ဖော်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပသွားရန်ရှိကြောင်း ရတနာပုံ မန္တလေးဇေသောက် သတင်းစာအား ယနေ့ မနက်ခင်းက ပြောကြားသွားခဲ့ပါသည်။ သတင်းအစုံအလင်မှာ။ လက်ရှိ အခြေအနေသည် ဝါတွင်းကာလ ကင်းလွတ်တော့မည် ဖြစ်ပါသောကြောင့် အရက်သမားတို့၏ သေသောက်ကျူး ရာသီ စတင်တော့မည်ဖြစ်ပါသည် ။ လက်ရှိအချိန်အခါဝယ် အရက်သမား များ၏ အခွင့်အရေးဖြစ်သော ၁။ အရက်အပေါ် ထားရှိသော အခွန်အခများကို ဝါတွင်းကာလ မှလွဲ၍ ယမကာ အပေါ်တွင် စည်းကျပ်ထားသော အခွန်အတုတ်များ လျှော့ချပေးရေး။ ၂။ ဥပုသ်နေ့ လပြည့်နေ့ မှအပ […]


ကြွက်ကင် ငါးကင် ငှက်ကင်တို့ အရှင်သခင် နိုင်ငံဒေါ်သမဒအကြီးကြီး ဦးကြောင်ကြီးအား ကြက်ကိုက်ခွေးပါတီ အုတ်ကထအဖြစ် ပြန်လည်တင်မြောက်လိုက်သည်။ ဒူဝေဝေဝေ… ဖြောင်းဖြောင်းဖြောင်း… ဝူး.. အူ အူ အူ…. ပွဲကတော့ သိပ်ကြည့်မကောင်းပေ၊ ဘယ့်နှယ် ခွေးပါတီတွင် ကြောင်ဥက္ကဌဖြစ်နေသည်ဆိုတော့ တိရစာ္ဆန်သမိုင်း ပြင်ရမလို ဖြစ်နေပြီ။ သို့သော် ကိစ္စမရှိ ခွေးကျင့်ခွေးကြံပါတီတွင် ဘာမဆို ဖြစ်လို့ရသည်။ အရေးကြီးသည်က ခွေးများဆက်ကောင်းစားဖို့ဖြစ်သည်။ အခြေအနေက အရင်လိုမဟုတ်၊ စစ်ခွေးဈေး လွန်စွာကျဆင်းနေသည်။ မြန်မာပြည်သူ ပြည်သားများ လွန်စွာဖင်ခေါင်း ကျယ်သွားကြပြီ။ ခွေးမွေးခြင်းတောင် စစ်ခွေးဆိုလျင် ရိုင်းသည် ကြမ်းသည်၊ တယ်ရီယာခွေး အမွှေးစုတ်ဖွားလေးမှ၊ အင်းစပ်အလှမွေးခွေးလေးမှ အိမ်မွေးခွေး ထင်တော့သည်။ ဒီအတိုင်းဆို စစ်ခွေးများ တောပြန်ရတော့မည်။ တောကလည်း ကြေးမုံဂျီးအမျိုး တရုတ်ကြီး အခုတ်ကောင်း၍ ပြုန်းကုန်ပြီ။ […]


ムラカミOctober 18, 20121min18116
ကို .. မ ချစ်တော့ဘူးလားကို ပြော ပါကိုရယ် ပြောပါ ဘာမှ မ ပြောဘဲ မနေပါနဲ့ကွယ် ခုတော့ နေ နိုင်သူကြီး သူစိမ်းကားကြီးပေါ့လေ နိုင် ရှုံး ဆုံးဖြတ်စတမ်းဆို ချစ်က မိန်းမသားပါ တကယ် လို့ ဝေးရမယ် ဆိုရင် ဆိုတဲ့အတွေးက အရမ်းကို ခြောက်လှမ့်နေ ပါ တယ် ဗျာ လို့ ခနခန မထူးနဲ့ ကွယ် ကြောင် တောင်တောင် မလုပ်နဲ့နော် .. ဘာလဲ အစာ ဝ သွားတဲ့ ငှက်ကလေး လို သူများ ကို ပစ်ပြေးတော့မလား ဟင် တကယ်ဆို မိန်းမသားမို့ ပြန်တွေးတိုင်း အနာပေါ် တုတ် ကျသလို နာကျင်ခံစားရပါတယ် […]


ムラカミOctober 18, 20121min12615
နေရာက တောင်ပေါ်မြို့လေး တစ်မြို့ ၏ သေတင်းကုတ်တွင် ဖြစ်သည်။ မှုန်ပြပြ မီးရောင်အောက်တွင် လူ၄ယောက် ဝိုင်းဖွဲ့၍ အရက်သောက်နေကြသည်။ သို့ရာတွင် မည်သူမျှ စကားမပြောကြ …။ မှုန်ကုပ်ကုပ်နှင့် အရက်ကိုသာ တွင်တွင်သောက်နေကြသည်။ အမြည်း ကို လည်း မတို့ကြ။ ဘယ့်နှယ့် သည်လူတွေ …။ တာဝန်တခု ထမ်းဆောင်သည့် အလား …အရက်သောက်နေကြပုံကို ကြည့်ရင်း ဆိုင်ပိုင်ရှင် ဦးဖက်တီး သက်ပြင်းချမိ၏။ အတွေ့ အကြုံ အရမို့ သိသည်။ ဒါဟာ တခုခု ထူးတော့ ထူးဆန်းပြီ ။ သို့သော် သူ့တာဝန်က မှာတာ ချပေးယုံ ။ ကျသင့်ငွေ ရှင်းလျင် လက်ခံယူရုံ သာ ဖြစ်သည်။ ပဲလှော်လေး မြည်းပါဦးလားဗျ။ ငါးရှဥ့်ခြောက် […]


ムラカミOctober 17, 20121min23722
Aကိုက်နေတဲ့ Bယာသမား Cလုပ် တစ်ယောက် သည် ဟိုဟိုဒီD သွားရင်း Eဇီး Fအမ်မှ ထုတ်လွှင့်လျက်ရှိသော အဆိုတော် Gလတ်၏ သီချင်းကို Hချင်မူးတူးနှင့် နားထောင်ပြီးသကာလ သူတပါး၏ iပေါ့ ကို Jဝင်ကာ ခိုးယူရင်း Kတီဗီမှ ကောင်မလေး အား မျက်နှာလိုအားရဖြင့် သွားပေးရာ Lဆိုင်းဇီ နှင့် Mဆိုင်းလု တို့ သီချင်းများ ထည့်ပေးရန် ပူစာသဖြင့် Nဖတ်ဆို့ အောင် Oပါး လို့ ခေါ်ရမည်ဟု အကျပ်ကိုင်ပြီး Pကေ ဝါးကာ ဂိုက်အပေးကြမ်းမိသောကြောင့် ဗိုက်တာမင်Q များသော နှူးဘာကြီးဟု Rဂေါင်ခြစ်၍ အော်ခံထိသည်တွင် လန့်ဖြန့်ပြီးသကာလ တုန်ခါSကွဲနေသော မြေကြီးတွင်းမှ ထွက်လာသော Tကောင် လို တွန့်ဝင်သွားပြီး Uချင်ယူ မယူချင် […]


ムラカミOctober 16, 20121min11415
ရန်ကုန်မြို့ ၊ အင်းယားကန်ဇောင်း တွင်ဖြစ်သည်။ ဘူးသီးကြော်ရောင်းသော အကြော်သည်ဦးလေးကြီးသည် သူ၏ ဆိုင်ကို တပည့်၂ယောက်နှင့် လွှဲထားခဲ့ပြီး မလှမ်းမကမ်းသို့ ထွက်လာခဲ့သည် ။ ထို့နောက် ဘေးဘီကို ကြည့်ကာ ခါးကြားမှ ဟန်းဖုန်းကိုထုတ်၍ ပြော ကိုဘလက် ..ဘယ်ကို လာခဲ့ရမလဲ …။ ဟုတ်ပါသည် သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ပင် ဖြစ်သည်။ ဆက်သွယ်ရေး တာဝန်ခံ ဂိုဏ်းထောက်ချုပ် ကိုဘလက်ဆီမှ အချိန်း အချက် ဖုန်းဝင်လာခြင်းဖြစ်၏။ သူတို့ ဂိုဏ်းသည် ရှေးယခင် စိန့်တိုင်းမှ ဝူတန်း ရသေ့ဂိုဏ်း မှ ဆင်းသက်လာကြောင်း ပြောစမှတ်ရှိပေသည်။ ဘာသာ ရေမြေ ယဉ်ကျေးမှု ကွာခြားသောကြောင့် ရသေ့မဝတ်ကြသော်လည်း လူသူတော် များ အဖြစ် နေထိုင်ကာ အရက်သေစာ […]


jullies cezerOctober 15, 20121min1146
(၁) တစ်ခါက အလွန်ဝေးလံခေါင်ဖျားသောရွာလေးတစ်ရွာတွင် မောင်လှနှင့်မောင်မြ သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် မောင်လှမှာ ရန်ကုန်မြို့သို့အလုပ်သွားလုပ်သဖြင့် သူငယ်ချင်းနှစ်ယောက်မှာကွဲကွာသွားကြလေသည်။ နှစ်အနည်းငယ်ကြာသောအခါ မောင်လှမှာ အဆင်ပြေပြေဖြင့်ရွာသို့ပြန်လာပြီး သူငယ်ချင်းမောင်မြအားလာတွေ့လေသည်။ ပြီနောက်သူငယ်ချင်းအား ရန်ကုန်မြို့သို့အလည်ခေါ်ရာ လမ်းတွင် မောင်လှမှ မောင်မြအား “သူငယ်ချင်းမောင်မြ မင်းကို ငါမြို့ရောက်ရင် ဖာလူဒါဝယ်တိုက်မယ်သိလား အရမ်းအရသာရှိပြီးသောက်လို့ကောင်းတယ်ကွ” မောင်မြမှာ “ဟုတ်လားသူငယ်ချင်း စားရချည်သေးရဲ့” ဒီလိုနှင့်မြို့ရောက်သောအခါ မိုးများသည်းထန်စွာရွာသွန်းသဖြင့် မိုးအေးသောကြောင့်အအေးဆိုင်များမှာမဖွင့်ချေ။ မောင်လှ ခမျာ မောင်မြဆာနေမည်စိုးသဖြင့် အနီးနားတွင်အသင့်ရောင်းနေသော အမဲအူပြုတ်အားမောင်မြအားဝယ်ကျွေးလေသည်။ ထိုအခါ မောင်မြ မှ မောင်လှ အားပြောလိုက်သည်မှာကား….. ” မင်းတို့မြို့က ဖာလူဒါကလဲကွာ ငါတို့ရွာက အမဲအူပြုတ်အတိုင်းပဲ ” တဲ့ ။ (၂) တစ်ခါက ရွာတစ်ရွာတွင်မြေးအဖိုး နှစ်ယောက်ရှိလေသည် ။ မြေးဖြစ်သူမှာမြို့သို့ မကြာခဏ သွားရောက်အလုပ်လုပ်ကိုင်သဖြင့် […]


တောက်စ်… (အရီးလတ် တောက်ခေါက်သံ မဟုတ်ပါ)။ ဂေဇက်ရွာ သူရဲကောင်း ကြောင်ကြီး၏ မချိတင်ကဲ ဝမ်းခေါင်းတွင်းမှ ထွက်ပေါ်လာသံဖြစ်သည်။ သူ့အား လဒငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ရန် စီစဉ်နေကြောင်း ရပ်သိရွာသိ ဟိုးလေးတကျော် ဖြစ်ထားပြီးမှ ဥလောဘအဖွဲ့အား ပေးလိုက်သောကြောင့်ဖြစ်သည်။ မပေးချင်လဲ မပေးပါနဲ့လား၊ အခုတော့ ဆန်ကာတင် ငါးယောက်ထဲ ပါသလေး ဘာလေးနှင့် အခုတော့ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ရပြီ။ ကြောင်ကြီးခါးတွင် ပစ္စတိုမချိတ်ထား၍လော သို့တည်းမဟုတ် အဘအစား သမဒဂျီး ဟု လေစားသမှု ခေါ်ဆိုခြင်းကို အရာကျပြီး မှတ်ထင်မှား၍လော၊ ဘာလော ညာလော မာရှယ်လောလောက် မနိပ်တော့သည်မှာတော့ ဧကန်ဖြစ်ကြောင်း ယခုပင် မြက်ဝါးထင်ထင် တွေ့မြင်ရပြီ မဟုတ်ပါလော။ ထို့ကြောင့် ခြံထဲမြက်အပြောင် မရှင်းသူ လုံခြုံရေးမှူး မှိုဗူးကြီးအောင်ပုအား […]


ムラカミOctober 12, 20121min19514
နှလုံးသားထဲ ကြွက်ဝင်နေတယ် မကြည်ပြာ … မခြစ်မိလို့ သေသွားတဲ့လူမရှိဘူး ခြစ်မိလို့ အစင်းထင်သွားတဲ့လူပဲရှိတယ် ..ကဲကဲ … ကိုရဲ သွားမယ်… အဲ့သည့်လိုပြောပြီးသကာလ ဘောက်ဆတ်ဆတ် ထထွက်သွား သူကတော့ ပိုစ့် မော်ဒန် သိုင်းလောကရဲ့ သိုင်းအကျော်အမော် တစ်ယောက်ဖြစ်သူ သံမဏိကျောက်သင်ပုန်း ကိုရဲပေပါ ဖြစ်သည်(စည် နဲ့ ပေပါ ဘာကွာတာလိုက်လို့..အာဟိ..) သူ့အကြောင်း မိတ်ဆက်ပေအံ့ သူသည် သာမန်အားဖြင့် သဘက်ကလေး ပုခုံးပေါ်တင်ကာ အနေအေးလှသော်လည်း သူစိတ်တိုလျင် အလွန်ကြောက်ဖွယ်ကောင်းလှသည် ။ သူ၏ လက်နှက်မှာ အောစု တံဆိပ်တပ် သံမဏိ ကျောက်သင်ပုန်းပင်ဖြစ်သည်။ မုန်တိုင်းဆင်သကဲ့သို့ ကျောက်သင်ပုန်းသံ တဝှီးဝှီးပေးပြီး တိုက်ခိုက်တတ်သူဖြစ်သည်။ သူ၏ သိုင်းပညာမှာ ပြင်းထန်သလို ယနေ့ခေတ်တွင် တတ်မြောက်သူ အလွန်ရှားပါး သွားပြီဖြစ်သည့် ရှေးပဝေဏသီ က […]


မြန်မာနိုင်ငံဒေါ်ဂျီးတွင် တက္ကသိုလ်ဝင်ခွင့် အမှတ်များ ထုတ်ပြန်လိုက်ရာ ရေကြောင်းတက္ကသိုလ် ဝင်ခွင့်သည် အခြားထိပ်တန်း အင်စတီကျူဂျီး များနှင့်တန်းတူ ထိပ်ဆုံးမှဖြစ်သည်။ သို့သော် မြန်မာပြည် တက္ကသိုလ် ဝင်ခွင့် သတ်မှတ်ချက်မှာ ၂၁ရာစု စံနှုန်းဖြင့်ဆိုသော် ခေတ်နောက်ကျ နေပေသည်။ အဆင့်မြင့် ပညာရေးဆိုသည်မှာ အတန်းပညာသာမက လူမှုဆက်ဆံရေး၊ တီထွင်ကြံဆမှု၊ ခေါင်းဆောင်နိုင်စွမ်း၊ အတွေးအခေါ် အမျှော်အမြင်ရှိမှု စသည်တို့ ပါဝင်ရ၏။ တနည်းဆိုရသော် မှတ်ညဏ် ဖြတ်ထိုးညဏ် အိုင်ကြူသာမက ဘဝရှင်သန် ရပ်တည်စွမ်း အီးကြူနှင့်လည်း သက်ဆိုင်သည်။ ဒါတွေကို ပညာရေးဌာန ဝံဂျီး ဝံဂလေး လူဂျီးမင်းများ လိုက်မမှီပေ၊ သူတို့၏ ညဏ်တထွာတမိုက် စပါးလုံးတထောက် အသိလေးဖြင့် လမ်းဟောင်းဆက် ကြိတ်နေကြသည်။ ဤသည်ကို မကြည့်မမြင် မခံစားနိုင်သဖြင့် နိုင်ငံကျားပျံ ဒေါက်တာ မဏိဇောတ […]


ေမာင္ရိုးOctober 12, 20121min17821
တစ်နေ့သ၌ …..ဂဇက်ရွာ၏ အထူးစုံစမ်းစစ်ဆေးရေး ရုံးခန်းတွင်းရှိကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေရင်း ကျွန်ုပ် ဆားပုလင်းဆာမိ မှာအထူးပင်ဇိမ်ကျ၍နေပေရာ   ရာသီကပူ …ကြွေးကထူ ၊ ချစ်သူကမုန်း ဖဲကရှုံး ….ယူကြုံးမရ …အီးထွက်ကျ ..ဆိုသလိုပင် ကိုယ့်ဘဝကိုယ် အားမရခြင်းဖြင် ့ အပျင်းကြီးနေလေ တော့သည် ။ ရွာကြီးကား…အထူးငြိမ်သက်လျှက်ရှိသည် ။ ကျွန်ုပ်၏အတွေ ့အကြုံအရ ငြိမ်သက်ပြီးပါက လှိုင်းတံဘိုးထန်မည်မှာမလွှဲ …။ လောလောလတ်လတ် ရွာထဲတွင်သောင်းကျန်းခဲ့လေသော ကျွန်ုပ်နှင် ့ လွန်စွာရုပ်ခြင်းဆင်၍ နံမည်ပါတူသော ဂိုဏ်းချုပ်ဆာမိအား နှိမ်နင်းခဲ့ရသေးသည် ။ ကျွန်ုပ်၏ အတွေးများမဆုံးသေး  ရုံးစာရေး မောင်အံဇာမှာ အပြေးလာရောက်၍ စုံထောက်မင်းကြီး မစ္စတာမိုက်ကယ်ဂျော်နီအောင်ပုမှ အရေးတကြီး ခေါ်နေပြီဟု သတင်းပို့လေ၏ ။ သို့နှင် ့ ထောက်ဖေါ် ထောက်ဘက် မိတ်ဆွေများဖြစ်လေကုန်သော  ဘိလတ်ပြန် […]