ムラカミOctober 11, 20121min26617
ဒီမယ် ခင်ကုမုဒြာလွင် ကိုယ့်အခြစ်ဟာ တဖြည်းဖြည်းထွားလာတဲ့ ဆမ်မဆောင်း ဖုန်း လို ကြာလေ ကြီးမားကျယ်ပျံ့လာလေလေပါပဲ။ မင်းကိုမျှော်ရတာ ကိုယ့်လည်ပင်းတောင် အသစ်ထွက်တဲ့ ပန်းသီး ဖုန်းလို ရှည်လာပါရောလား ..။ ကိုယ်မင်းကို ဘလက်ဘယ်ရီ လို တသက်တကယ် အတည်ကြံတာပါ။ ကိုယ့်အခြစ်က ရှာ့ပ် က ထုတ်တဲ့ ဖုန်းတွေလို ရေစိမ်ခံပါတယ်ကွယ်။ ဟွဝေ လို ခနနေ ပျက်ပြယ်သွားမယ့် မေတ္တာမျိုး မဟုတ်ရပါဘူးကွယ့်။ မင်းဘေးမှာ အိပ်တီစီ လို သိပ်ပြီတီတီ ပြောတတ်တဲ့ ကောင်မျိုးတွေ ရှိလာမှာ စိုးတယ်ကွယ်။ သည်တော့လည်း မော်တော်ရိုလာလို ပျော်ပျော်ကိုယ်ဟာ ဘယ်နေနိုင်တော့မလိမ့်တုန်း….။ ကိုယ့်အချစ်က အယ်လ်တီအီး တက္ကနော်လော်ဂျီ လို ဝေးဝေးကနေလည်း လိုင်းဆွဲအား ကောင်းပါတယ်ကွယ် ..။ အန်အက်ဖ်စီ လို အနီးအနားကပ်မှ […]


သူရႆဝါOctober 11, 20121min1115
အိုင်တီ ကုဋေရှစ်ဆယ် သူဋ္ဌေးသားပုံပြင် – သူရဿဝါ – “ဖိုးဖိုး ပုံပြောပြပါ” အသံနဲ့ အတူ အိမ်ထဲ ပြေးဝင် လာတာက မြေးလေး မောင်ဝါဝါ။ သူပျင်းပြီဆို ဖိုးဖိုးဆီ ရောက်လာပြီး ပုံပြင်တွေ ပြောပြ ခိုင်းတတ်တာ ထုံးစံပဲ။ ဖိုးဖိုးလည်း ပြောဖို့ ပုံပြင်ကို မနည်း စဉ်းစား ရတယ်။ သူပုံပြင် နားထောင် ချင်ပြီဆို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံဖန် ပြောပြနိုင်မှ … မဟုတ်ရင် ဒီကောင်က လွယ်တာ မဟုတ်ဘူး။ ဒါနဲ့ပဲ မြေးလေး မောင်ဝါဝါကို အရင် အမောဖြေ၊ ထိုင်ခိုင်း လိုက်ရတယ်။ “အေးပါကွာ .. ပြောပြပါ့မယ်၊ အသက်လေး ဘာလေး မှန်မှန် အရင်ရှူဦး” “ရပါတယ် […]


ဂ်စ္စူOctober 10, 20121min36839
ဆရာ ကိုခင်ခ ၏ “တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ ” https://myanmargazette.net/151376/health-fitness/food-drink ပို ့စ်အား ဖတ်မိရင်း စာရေးသူလဲ အထိုက်အလျောက် ပါဝင်ကူညီ ချင်စိတ် (နောက်ချင်စိတ်) ပေါက်မိသဖြင့် ဘဝတစ်ကွေ ့သုတေသီလုပ်ခဲ့သည့် စာရေးသူ၏ တွဲဖက် မစားသောက်သင့်တဲ့ အစားအစာများအား ပါဝင် အားဖြည့်သည့်အနေဖြင့် ဗဟုသုတ အလို ့ငှာ စုစည်းပေးလိုက်ပါသည်။ အောက်တွင် ရှုပါလေ..   ဇီးသီး နှင့် မီးသီး ပလာတာ နှင့် ကွန်ပျူတာ ကြက်ဆူဆီ နှင့် ဝက်မူလီ ဖားသား နှင့် မားသား ကြာဇံ နှင့် တာဇံ ဆေးခြောက် နှင့် ပွေးခြောက် ဆပ်ပြာ နှင့် ငှက်နာ ဉာဏ်ရွက် […]


ムラカミOctober 10, 20121min23421
  မန်းဂဇက် သဂျီးမင်း တယောက် အလုပ်ရှုပ်နေ၏။ ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း သူက ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်ကို အသေးစိတ် စေ့ငုသူ ဆိုလေတော့ … အော်တိုငုတ်တုတ် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရထားလေသူတည်း။ ယခုလည်း တမလွန် ကို သွားမယ် တကဲကဲ လုပ်လေသည်။   ယခင်ကတော့ အတိတ်ကလူ ပစ္စုပ္ပန်ကိုလာ .. ပစ္စုပ္ပန်ကလူ အတိတ်ကို ပို့နှင့် အမျိုးမျိုး စမ်းဖူးလေသည်။ ယခုမူကား … တမလွန်ဆိုသော နေရာကြီးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ပေအံ့ ဟု စိတ်ကို ဒုံးဒုံးချလိုက်သတည်း။     ခက်သည်။ အလွန်ခက်သည်။ ခက်သည်မှာ ရွာသူရွာသားများတည်း။ သဂျီးတယောက် မကြံကောင်းမစည်ရာ ကို ကြံစည် သည်ကို လည်း […]


marblecommetOctober 9, 20121min28933
စာရေးသူရဲ့ ကိုယ်တွေ့အရ စာရေးသူတစ်ခုပြောချင်တာကတော့ စာရေးသူတို့ရဲ့ ပရိသတ်ကြီးဟာ စာရေးသူအတွက် မဟာအင်အားတစ်ခုဆိုတာပါပဲ ချစ်စွာသော ပရိသတ်ကြီးရေ့။ စာရေးသူရဲ့ ပရိသတ်ကြီးအားပေးမှုကြောင့်သာ စာရေးသူဟာ စာရေးဖို့အတွက် အားအင်တိုးပွားလာရသလို စာရေးသူရဲ့ ပရိသတ်ကြီးကိုလည်း စာရေးသူအနေနဲ့ လွန်စွာကျေးဇူးတင်ကြောင်းကို စာရေးသူ ပြောပါရစေ စာရေးသူရဲ့ ပရိသတ်ကြီးရေ့…..။ ……………. ……………. ပရိသတ်ကြီးသိတဲ့အတိုင်း စာရေးသူတို့နိုင်ငံဟာ အခုဆိုရင် ဒီမိုကရေစီအကူးအပြောင်းကာလကို ရောက်ရှိနေပြီမဟုတ်လား။ ဒါဟာ စာရေးသူတို့ ပရိသတ်ကြီးတို့ အနှစ်နှစ်အလလ မျှော်မှန်းခဲ့ကြရတဲ့ အခြေအနေမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရယ်။ အဲဒီအခါမှာ စာရေးသူ ပြောချင်တာကတော့ အဲလို နိုင်ငံရေးအခြေအနေပြောင်းလဲတိုးတက်လာတဲ့အခါမှာ အွန်လိုင်းမီဒီယာဆိုတာကလည်း စာရေးသူအတွက် လွန်စွာမှ အရေးပါလာခဲ့ပြီမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရေ့….။ …………… …………… အဲဒါကြောင့် စာရေးသူမှာဆိုရင် ဖေ့ဘွတ်အကောင့် ခွန်(၇)ခုတိတိ ရှိပြီးတော့ […]


ေမာင္ရိုးOctober 3, 20121min35876
မကြာမီက .….မောင်ဆာမိတစ်ယောက် ထောင်မှထွက်လာသည် ။ အပြစ်ကတော ့ အခြားမဟုတ် ….. ရပ်ကွက်အတွင်းတွင် နားစွန်နားဖျား ကြားခဲ ့သော“ပြည်သူပိုင်ပစ္စည်း ခိုးလျှင် အပြစ်မရှိ”ဟူသောစကားကြောင့် ရထားလမ်းဘေးတွင် ပုံထားသော မီးရထားသံလမ်းများကို တောင်ဒဂုံ သံရည်ကြိုစက်သို ့ ရောင်းစားခဲ့ လေသဖြင် ့ အိုးဘိုထောင် သို့ ထမင်းစားကြွခဲ့ရခြင်းဖြစ်လေတော့သည် ။ မိမိနေထိုင်ရာ ရပ်ကွက်တွင်းသို့ ပြန်ရောက်သော် ထောင်ထွက်ဆာမိဟုခေါ်ကြသည် ။ ထိုမျှမကသေး …. အတိတ်က ဘဝစာမျက်နှာများကိုလှန်လှော၍ ကြာကူလီဆာမိဟုလည်း မကြားတကြား ပြောပြန်သေးသည် ။ အဖြစ်ကဤသို့တည်း……။ တစ်ခါက မင်းဓမ္မလမ်းဘေးရှိ ရေအိုင်ကြီးများထဲတွင်ပေါက်သော ကြာပင် ၊ ကြာရိုး များကို စည်းနှောင်ထမ်းပိုး၍ ဒညင်းကုန်းဈေးသို့ပို့သောအခါ ………ကုန်စိ်မ်းသည်မလေးများက ချစ်စနိုးဖြင် ့ ကြာပင်များထမ်းလာသောဆာမိကို …..ကြာကူလီဆာမိ […]


etoneOctober 1, 20121min49649
ငထုံတဲ့ …..ငထုံ ဆိုတာ တခြားတော့မဟုတ်ပါဘူး …. မနေ့ကမှ သစ်စက်စက် ကင်ပွန်းတပ်လိုက်တဲ့ ကျွန်မရဲ့ နာမည်သစ်လေးပါပဲ ။ တစ်မိသားစုလုံးကလည်း ၊ နာမည် အသစ်ပေါ် အကြွင်းမဲ့ ထောက်ခံလိုက်ကြပါတယ် ။ ထိုက်တန်တဲ့ နာမည်လို့လည်း ဆိုကြသတဲ့ 😥  မိအေးကဖြင့် နှစ်ခါပဲ နာပါတယ် … ကျွန်မကတော့ အကြိမ်ကြိမ်ကိုနာတာတောင် အမှတ်မရှိလို ့ နောက်နောင် အမှတ်သည်းခြေရှိသွားအောင် နာမည်ပါပြောင်းလိုက်ရတဲ့ အဖြစ်ပါ ။ အကြိမ်ကြိမ်နာတယ်ဆိုတာ အသည်းနာတယ် ၊ (ရင်ခံတယ်၊ နင်တယ်) ရင်နာတယ် ၊ စိတ်နာတယ်ဆိုတာကို ရည်ညွှန်းပါတယ် ။ :hee: ကံစမ်းမဲ ၊ ဒစ်စကောင့်တွေအတော်များများ မက်လုံးပေးတဲ့နောက်ကို ယောင်လိုက်ရင်း ၊ အမြဲတမ်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ […]


သမဒရုမ်းဝံဂျီး ဦးဆိုးသွမ်း အမေရိကန်ရောက် မြန်မာများအား နယူးယောက်မြို့ ကွမ်းကောလိပ် ထုံးဆောင် အာမွှေးခန်းမတွင် တွေ့ဆုံပြောကြားသည်မှာ.. ဂလို ဂလိုရှိတယ်ဗျ၊ ဂနိုဆိုတာ ဟိုဟာလုပ်လို့ မသန့်ရှင်းရင် ဖြစ်တယ်၊ ဟိုလို ဒီလို အာဘာယာဘာ ပလာတာ အီကြာကွေး ပေါက်ဆီ ပဲပေါင်မုန့် အမေရိကန်မှာတော့ ဟမ်ဘာဂါ၊ ပီဇာ၊ စပါဂီတီ ငှဲလျောင်း ငှဲလျောင်း….။ ဘွတ် ရွှတ် ဒိုင်းညှောင့် ဒက် ဒက် မအေးညွှန့် မကြည်ညွန့် ညီအမ ငါ့မချစ် လင်နောက်လိုက်သွား ပြည်တွင်းစစ်ဖြစ်…။ အမဂျီးနဲ့တွေ့ အဘဂျီးကခွေ့ သမပြီးတော့မွေ့ လဒဂျီးပျော့ကွေ့၊ သူ့အိမ်သွား ငါ့ရုံးလာ ပြီးတော့ ဘချုပ်ကြီးဆီပြေး သံတော်ဦးတင်.. အနိစ္စ ဒုက္ခ အနတ္တ မမြဲ အသဲ တပဲ ဖရဲ..။ […]


ဂ်စ္စူSeptember 30, 20121min37027
အားလုံးသတိ..။ တစ်ကမ္ဘာလုံးဆိုင်ရာ အောလ်အင်ဝမ်း ဘာသာဂိုဏ်းချုပ် အူးဗိုက်လာပြီ.။ မင်းတို ့လက်တွေ လေထဲကို မြှောက်ထားလိုက်။ (ဂျိုင်းမှာ ချွေးတွေနဲ ့ လှောင်နေမှာစိုးလို ့) အလုပ်မရှိ အကိုင်မရှိ အားအားယားယား ဘာလုပ်ရမှန်းမသိ၊ ရွေးကောက်ပွဲမှာ အမတ်လုပ်ဖို ့ဝင်ရွေးတာလဲ မဲရလာဒ်က ဘဲအုမကွဲခဲ့၊ အခုတော့..သိပြီ..လုပ်စရာ ရှာတွေ ့ပြီ။ ဟုတ်သည်။ အနှီလုပ်စရာဆိုတာ ဝါဒီထောင်ခြင်းပင်ဖြစ်၏.။ သူများတွေလဲ ထောင်နေတာတွေ ့သည်။(ဝါဒီ) မိုးပြာ ကျုပ်လဲ ထောင်လိုက်ပြီ..အူးဗိုက် ဝါဒီ အားရင် ဘာသာရေးတွေလိုက်လေ့လာမယ်..ပြစ်ချက်တွေ ဖွမယ်..ကောင်းချက်တွေ ကိုယ်ပိုင်သုံးမယ်..ဝါအား..သမ္ဘာအားဖြင့် ကျင့်ကြံအားထုတ်ခဲ့ကြကုန်သော ဆရာသမားတို ့ရဲ့ ဆရာ လုပ်မယ်… ဘယ်လောက်ဂွတ်လဲ.. စင်ပေါ်ကဝါဒီ..ပဲ ။ ကဲ.ကဲ. အူးဗိုက် ဝါဒီ .စမယ်..။   ရိုရိုသေသေ၊ ၄.၄ […]


ဂေဇက်ရွာသဂျီးဦးခိုင်အား သာသနာအရေခြုံ၍ ဗုဒ္ဓသာသနာ ဖျက်ဆီးမှု၊ မိုးဗြားဂိုဏ်း ဒုတိယဂိုဏ်းချုပ်ရာထူး လျှို့ဝှက်ရယူထားမှု တို့ဖြင့် ရွာခုံသမာဓိအဖွဲ့မှ စွပ်စွဲပြစ်တင်ရန် စီစဉ်နေသည်။ အပြစ်ရှိကြောင်း ထင်ရှားပါက ကျူးလွန်ခဲ့သမျှအတွက် ရုံးတော်တွင် ဝန်ချတောင်းပန်ရန်ဖြစ်သည်။ သဂျီးကား အရှောင်အတိမ်း ဂျက်ဆီဂျိမ်း၊ အကြောင်းအမျိုးမျိုးပြ ပုန်းနေသည်။ သူ့အိမ်ရှေ့တွင် ယူအက်စ်အစိုးရ၏ ကမာ္ဘတလွှား ဘာသာရေးဖိနှိပ်မှု အစီရင်ခံစာအား ပုတ်လောက်ကြီး စာလုံးဖြင့် ရေးကပ်ထားသည်။ ခြံဝန်းထဲတွင် စင်ဆောက်၍ ဂိုဏ်းတူညီအကို များဖြစ်သော ယှင်အယိယာ၊ ကိုအောက်အော့၊ ကိုသမ့်တို့အား ယီးလေးလေး ယီးလေခို ဒုံးယိမ်းကစေလျက် စင်နောက်မှ ဗုံတီးပေးသည်။ ရွာသူရွာသားများမှ ကန့်ကွက်လျင် လိုက်ဖ်ရှိုးခေတ္တ ရပ်နားပြီး ကာရာအိုကေ တလှည့်ဆိုစေသည်။ ပြီးလျင် မသိရပါ၊ သူနှင့်ဘာမျှ မဆိုင်ပါဆိုပြီး ဗလိုင်းဂျီး ဝက်သားကို အမဲသားလုပ်သည်။ ယုံ၍စားသူအချို့ […]


သူရႆဝါSeptember 26, 20121min1708
လူကြီးလူကောင်း မောင်ဝါဝါ – သူရဿဝါ – တကယ်က မောင်ဝါဝါက ကြီးကျယ်တယ်။ လူကသာ ဘာမှမဟုတ်တာ … သိပ် ကြီးကြီး ကျယ်ကျယ် ပြောတတ်၊ လုပ်တတ်တယ်။ ငယ်ငယ် ကတည်းက သူ့ကို အရေးပေး အရာလုပ်ရင် မောင်ဝါဝါက အရမ်း ကျေနပ်ပြီး ပြုံးပြုံးကြီး လုပ်နေ တတ်တယ်။ ကိုယ့် အပြုံးကိုလည်း ကိုယ့်ဟာကိုယ် ကြီးကြီး ကျယ်ကျယ် နာမည် ပြန်ပေး ထားသေးတယ်။ Big Smile တဲ့။ Big Smile ဆိုတာ ဘာလဲလို့ မေးရင်လည်း “အပြုံး ထွားထွားကြီး” ပေါ့ဗျလို့ ပြန်ဖြေ တတ်တယ်။ မျက်နှာကြီး မော့ပြီး ဂုဏ်ယူ ဝံ့ကြွားတဲ့ အသံနဲ့ပေါ့။ ဒါပေမယ့် မောင်ဝါဝါက […]


koyin sithuSeptember 26, 20121min34621
ကျွန်တော်တို့ ကိုရီးယား Costal သဘောင်္လိုက်တုန်းကပေါ့။ သဘောင်္တစ်စီးမှာ မြန်မာ တစ်ယောက်စ နှစ်ယောက်စရှိပါတယ်။ သုံးယောက်ဆိုတာအလွန်ဆုံးဘဲလေ။ ကျွန်တော်ကတော့ထုံးစံအတိုင်း တစ်ယောက်တည်းဘဲလေ။ ဒီတော့လည်း မြန်မာစကားပြောချင်တာတို့ မြန်မာစာလေးစားချင်တာတို့ ဖြစ်မိတာပေါ့။ ဒါကလည်းမြန်မာပါတဲ့ သဘောင်္ချင်းတွေ့မှ အဆင်ပြေတာမဟုတ်လား ဒီတော့လည်း မြန်မာပါတဲ့ သဘောင်္တွေကိုမျှော်ရတာပေါ့။ ကိုရီးယားက ယိုဆူး ဆိုတဲ့မြို ့ က Tanker ဆိပ်ကမ်းတစ်ခုကိုရောက်ရင်တော့ မြန်မာပါတဲ့ သဘောင်္တွေ အမြဲတွေ့ရတတ်တယ်လေ။ တစ်ခါတစ်လေဆိုရင် တစ်ခြားနိုင်ငံကလာတဲ့ သဘောင်္တွေမှာမြန်မာတွေပါလာရင် မုန့်ဟင်းခါးတို့ ဘာတို့ စားရတတ်တယ်။ အဲဒီဆိပ်ကမ်းရောက်ရင်တော့ ကျွန်တော်မှာ နားချိန်မရှိတော့ဘူး သဘောင်္တွေလိုက်လည် ပြီးရင် စာအုပ်တွေလိုက်လဲနဲ့ အလုပ်ကိုဖြစ်နေတာပါဘဲ။ တစ်နေ့ ကျွန်တော်ဆီကို တစ်ခြားသဘောင်္က ကိုအောင်နိုင်ဆိုတဲ့လူရောက်လာတယ်။ ကျွန်တော်နဲ့လည်း တော်တော်ခင်ပါတယ်။ ညကို သူ့ဆီမှာ ထမင်းလာစားဖို့ လာခေါ်တာပါ။ ဒါနဲ့ […]


မြန်မာပြည်တွင် ဘဘဂျီးဦးသိန်းစိန် ကျေးဇူးဖြင့် နိုင်ငံရေးရာသီဥတု ပွင့်လင်းလာရာ အမေရိကန်နိုင်ငံရောက် ဦးခိုင် ပါတီထောင်ရန် အလျင်အမြန် အိမ်ပြန်သည်။ သဂျီးကား လူလည်ပန်ကာ၊ ပါတီကို ရိုးရိုးသားသား အစမှ မထောင်လို၊ လူသိများပြီးသား အမည်ကို အသုံးချလိုသည်။ အန်အယ်လ်ဒီခမောက်လည်း သူများ ယူသွားပြီ၊ ခွပ်ဒေါင်းမှာလည်း ပွစာကြဲနေပြီ၊ ၈၈နာမည်လည်း မသုံးရဲ..ဤသို့ဖြင့် စဉ်းစားရင်း မည်သူမှ မတို့မထိရဲသော မြန်မာ့သမိုင်းဝင် ဗမာပြည်ကူမြူနစ်ပါတီအား ပုံတူရိုက် အသုံးချ လေတော့သည်။ ရှေးဦးစွာ မြန်မာ့နိုင်ငံရေး သုခမိန် ဦးကြောင်ကြီးအား ပါတီထောင်ရန် စည်းရုံးပြီး ရွေးကောက်ပွဲကော်မရှင်တွင် ဗမာပြည်ကြောင်ပါတီ (ဗကပ) Burmese Cat Party (BCP) တည်ထောင်ခွင့် လျောက်ထားလိုက်သည်။ ကော်မရှင်မှာ အစတွင် အင်တင်တင် ဖြစ်သော်လည်း ကြောင်များဆူပူ သောင်းကျန်းကြမည် […]