ဂ်စ္စူJune 3, 20121min36734
တံခွန်မရှိတဲ့ဘုရား၊ အလံမရှိတဲ့ရထား၊ မယားမရှိတဲ့ ယောက်ျား ဘယ်လိုမှ မတင့်တယ်နိုင်တဲ့ခင်ဗျား..။ ဒါကြောင့် ကျနုပ်အူးဗီုက်ကလေးမှ တတ်နိုင်တဲ့ဘက်မှ တတ်နိုင်သော အကန် ့လေးကို တင့်တယ်ပြီး အိုကေ စိုပြည်စေရန်အလို ့ငှာ ခမ်မဏီ တစ်ခုထောင်ရန် အကြံထုတ်မိလေသတတ်။ ယင်း ခမ္မဏီ မှာကား ဂေါ်မစွံ လပြိုကြီးများကို လပြိုဂျီးဘဝမှ ကင်းလွတ်ကျွတ်မြောက်အောင် မိန်းမရှာ ပေးစားခြင်း ဟူသော ဝန်ဆောင်မှုပေးသည့် ခမ္မဏီပင် ဖြစ်ချေ၏။ အူးဗိုက်၏ မိန်းမရှာ အကျိုးဆောင် ပေးမည့် ခမ္မဏီမှ ဂေါ်မစွံ လပြိုဂျီးများကို လျှောက်လွှာခေါ်ယူ၍ လူတွေ ့အင်တာဗျူးပေးပြီးသကာလ လပြိုသိုး ဂျာနယ်၊ လပြိုသိုး ဝဘ်ဆိုဒ်၊ လပြိုသိုး ပြခန်း စသဖြင့် ကြေငြာမောင်းခတ်မှု အမျိုးမျိုးဖြင့် ဂေါ်မစွံ လပြိုကြီး/လေး များအား ပွဲထုတ် […]


ムラカミJune 1, 20121min23020
  (၁) စစ်တမ်းတခု၏ အလိုအရ လူတို့၏ ဗိုက်ထဲတွင် ရှိသော အူ သည် လူ၏ အရပ်ထက် ၄ဆမှ ၅ဆ အထိ ရှည်လျား ကြောင်း သိရ။   (၂) ယောက်ျားများ၏ အူသည် မိန်းမများ၏ အူထက် ပျမ်းမျှ အားဖြင့် ပိုမိုရှည်လျားကြောင်းလည်း ဖော်ပြပါရှိ။ ထို့ကြောင့် ဗမာ ရှေးလူကြီးများ ဆိုခဲ့သော မိန်းမတွေဟာ အူတိုတယ် ဆိုသော အဆိုအမိန့် မှန်ကန်ကြောင်း သက်သေပြပြီးသားဖြစ်။ (၃) အူတိုတာကို စိတ်တို စိတ်ဆိုး လွယ် တယ် လို့ အနက်ပြန်နိုင်သဖြင့် ထိုအချက် မှန်ကန်ကြောင်း သက်သေပြရန် ထင်ရှားကျော်ကြား ပုဂ္ဂိုလ် တစ်ဦးရှာဖွေ။ ဟိုတလောက နားပီ လို့ သတင်းကြီးခဲ့သူ […]


သမဒဂျီး ဦးသိန်းစိန် အသစ်ဖွဲ့လိုက်သော အမျိုးသား အကြံပေးကောင်စီတွင် ဦးကြောင်ကြီး ပါဝင်နေသည်။ အကြောင်းမူဃား ကြောင်ကတိုးတဂေါင် ဖြစ်သောကြောင့်တည်း…။ သူ့ထံမှ ထွက်လာမည့် ဒေါ်လာသန်းပေါင်း မြောက်များစွာတန်သော စွန့်ပစ်ပစ္စည်းများမက်၍ဖြစ်သည်။ အစည်းအဝေးတွင် မည်သည့်တပါဒမျှ ဦးကြောင် ဝင်ရောက်ဆွေးနွေးရန်မလို၊ နေ့စဉ်ကျွေးမွေးသော အစာအဟာရများ တနင့်တပိုးစားပြီး ဝမ်းမှန်မှန်ပါရန်သာ အရေးကြီးလေသည်။ ဦးကြောင် ဝမ်းချုပ်လျင် ကောင်စီတဖွဲ့လုံး မျက်လဲဆန်ပြာ အရေးဘော် အစည်းအဝေး ထိုင်ရလေသည်။ ဆုံးဖြတ်ချက် မချနိုင်လျင် သမဒဂျီး ဦးဆောင်၍ ကက်ဘိနက်ဝံကျီးတဖွဲ့လုံး ပါဝင်ပတ်သက် ရသည်။ ထိုမျှ မရလျင်ဂါး ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကာ/လုံ အစည်းဝေးထိုင်ဂါ နိုင်ငံဒေါ်ထိပ်ဆုံး အာဏာပိုင် လူညစ်ကြီးကိုးဂေါင် ဆုံတွေ့ရဒေါ့သည်။ ဦးကြောင်ကြီးဂါး ဤမျှ ဘုန်းကြီးသူတီး။ နေရာတိုင်း၌ လူကောင်း လူဆိုး၊ အမှန် အမှား […]


Don Juan RonaldMay 27, 20124min19613
အား လုံး မင်္ဂလာ ပါ ~~~   ကြွက် သေ တ ကောင် အရင်း ပြု ။ လွန် ခဲ့ သော နှစ် ပေါင်း ၅ဝ ကျော် လောက် က ၊ အ များ  ပြည် သူ ၏ ဆန္ဒ မဲ ဖြင့် ရွေးကောက် တင်မြောက် ထား သော ဦးနု အစိုးရ  ခေတ် မှာ ကျနော် တို့ အလယ်တန်း ဗမာ စာ ဖတ်စာ အုပ် ထဲ တွင် “ ကြွက် သေ တ ကောင် အရင်း ပြု ” […]


yawaiMay 25, 20121min1588
တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီ နိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့ အရင်ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။ သူတို့နဲ့ သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိ မဲဆန္ဒနယ်မှ ပြည်သူတွေ […]


black chawMay 25, 20121min21219
တကယ်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး မယ်ပုချ် ရေးတဲ့ ပို့စ်လေးနဲ့ အီးတုန်းရေးတဲ့ ပို့စ်လေးတွေ ဖတ်ပြီး ဝမ်းသာအားရအားပေးချင်ပေမယ့် လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ဆိုတဲ့ကွန်းမန့်မျိုးကိုတော့ မပေးချင်တာနဲ့ ကွန်းမန့်ဝင်မပေးဖြစ်ခဲ့ပါဘူး။ မယ်ပုချ် ဆိုရင် ပို့စ်လေး နည်းနည်းလေးနဲ့ အရည်အချင်းကို ဦးစားပေးတဲ့ ဆရာမတစ်ယောက်လို့ ကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခုအထိလည်း အရည်အတွက်ထက် အရည်အချင်းကို ဦးစားပေးရေးနေဆဲဖြစ်တဲ့အတွက် လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။ ကွန်းမန့်ပေးမယ့်သာ မပေးတာပါ…။ မယ်ပုချ်ရဲ့ ဘယ်အချိန်ထိလဲ ပို့စ်အပေါ်မှာ ထောင်ထားတဲ့ လက်မ ၁၂ ချောင်းထဲမှာ ကျွန်တော့်လက်မ တစ်ချောင်းပါပါတယ်။ မယုံရင် ကိုနိုဇိုးမိကြီး မေးကြည့်ဗျာ။ ကိုနိုဇိုးမိကြီး ကိုယ်တိုင်လည်း ပုချ် ရဲ့ ပို့စ်လေးကောင်းတဲ့အကြောင်း ဖတ်ကြည့်ဖို့ ကျွန်တော့်ကို ကြော်ငြာထိုးပါတယ်။ အမှန်က ကျွန်တော်က အစောကြီးကတည်းက […]


water-melonMay 23, 20121min36732
မနေ့ကဘေးအိမ်က အန်တီပြောပြတဲ့ ဟာသလေးကို ပြန်မျှတာပါ။ သူတို့ရွာက ဒေါ်သူရဆိုတဲ့ မိန်းမကြီးတစ်ယောက်က ရွာကနေမြို့ကို ဘုရားဖုူးကားနဲ့အလည်လိုက်လာတယ်။ တည်းတော့လေး ဘုန်းကြီးကျောင်းမှာ တည်းတာပေါ့။ တစ်နေ့ကျတော့  ညနေစောင်းမှာ ရွာက အတူတူပါလာတဲ့ ဘုရားဖူးတွေနဲ့ ဘုန်းကြီးကျောင်းရှေ့က အအေးဆိုင်မှာ အအေးသွားသောက်တယ်။ ကြံရည်မှာတဲ့သူနဲ့ အစုံမှာတာပေါ့နော် မြို့ရောက်တုန်းသောက်တာရတာဆိုတော့။ ဒေါ်သူရက ဘာသောက်ရမလဲ စဉ်းစားတယ်။ ရွာမှာတုန်းက ဘေးအိမ်က ဒေါ်မိထိုက်ပြောလိုက်တဲ့ ဖာလူတာ ကတော်တော်ကောင်းတယ်တဲ့။ အဲဒါကို ပြောရမှာ နာမည်မေ့နေတော စားပွဲထိုးကို ခေါ်ပြီး သူက ခေါင်းထဲရှိတာကိုပြောချလိုက်တယ်။ ဒီကို ‘ ဖင်နီတာ’ တစ်ခွက်ပေးပါတဲ့ ။ အဲလိုလဲပြောရော ဘေးကသောက်နေတဲ့သူတွေရော စားပွဲထိုးကရော ရယ်တာပေါ့။ ရှက်တဲ့ ရွာသူားတွေကတော့ ထပြန်သွားတယ်တဲ့။ ဟီး ဟီး ရွာသူားတို့လည်း မှားမပြောနဲ့နော်။ တစ်နေ့ […]


၂၀၁၂၊ ဧပြီလ ၂ရရက်နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အဲယားပူစီ (Air Pussy) ဥက္ကဋ္ဌ ဦးကြောင်ကြီးမှ ၂၀၁၅ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းစုများအား သူ၏မျိုးဆက် ကြောင်လေးမှ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ဦးကြောင်ကြီးလက်အောက်တွင် ကြောင်ထရေးဒင်း(Cat Trading)၊ပူစီယူနိူက်တက် အက်ဖ်စီ(PUFC)နှင့် ပူစီများကြီးထွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(PGD Bank)၊ပူစီကွန်စထရက်ရှင်ဂရု(Pussy Construction Group) အပါအဝင် အခြားစီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဝန်ထမ်းအင်အားမှာ ထောင်ဂဏန်း ရှိသဖြင့်ထောက်ခံ အားကောင်းနိူင်ကြောင်း သူနှင့်မကင်းမရှင်းသော အသိုင်းအဝိုင်းမှ ကြားသိရသည်။မတ်လအတွင်းကလဲ ကြောင်လေးမှာ(ECU) ဥရောပကြောင်သမဂ္ဂနှင့် အမှုရင်ဆိုင်ခဲ့ရာ အနိူင်ရရှိထားသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုများ ကျယ်ပြန့်စွာ ဆက်လက်လုပ်ကိုင် နိူင်တော့မည် ဖြစ်သည်။ ကိုးကားသတင်း  Pussy Weekly News, April 28 […]


အချိန်ကား …..သက္ကရဇ် AD 2212 ခုနှစ် ….။ ယခင်က ဗားကရာသင်္ဘောဆိပ်ဟုခေါ်တွင်ခဲ.၍ ငှက်ပျောသီး လှေများ ၊ ငါးဖမ်းလှေများ ဆိုက်ကပ်ခဲ.သောနေရာတွင် တိုင်ငုတ်တိုများ အုတ်ကျိုး အုတ်ပဲ.များသာရှိ၍ပျက်စီးယိုယွင်းနေပြီဖြစ်သော မြို.ပျက်ကြီးတစ်ခုကိုအနားသပ်ထားသည်. ရန်ကုန်မြစ်ဟု အမည်တွင်သော ခဲ တစ်ပစ်စာမျှမြောင်းသာသာ မြစ်ကမ်းဘေးတွင် အဖိုးအိုတစ်ယောက်သည် အလုပ်ရှုပ်လျက်ရှိလေသည် ။ဆံပင်များဖြူ၍ မုတ်ဆိပ်မွှေး တဖွားဖွားနှင်. ထိုအဖိုးအိုသည်လက်ထဲရှိအိပ်ကလေးအတွင်းမှ ပဲကြီးလှော်များကို ကလေးတစ်သိုက်အားဝေပေးလျက်ရှိချေတော.သည် ။ ဗိုက်ကလေး ၊ မောင်ပေ ၊ ကောက်ပို ၊ ကြီးမိုက် ၊ အောင်ဘု အစရှိသောကလေးများသည် အဖိုးအိုဝေပေးသော ပဲကြီးလှော်များကို မိန်ရှက် စွာစားသောက်ရင်း အဖိုးအိုပြောသော ပုံပြင်ကို ပဲကြီးလှော်မျက်နှာထောက်၍ ပျင်းရိငြီးငွေ.စွာ နားထောင်ကြရလေတော.သည် ။ ဗိုက်ကလေးသည်ကား ပဲကြီးလှော်ဝါးလိုက် ၊ လက်ထဲရှိပုလင်းထဲမှ […]


ムラカミMay 15, 20122min31332
၂၀၁၁-၂၀၁၂ ဘောလုံးရာသီကား ပြီးချေပြီ…။ သို့ရာတွင် မပြီးနိုင်သေးသော အကြောင်းတရားများ ကား တပုံတပင်။ ပိတ်သတ်ကြီးသိတော်မူသည့်အတိုင်း MandalayGazette United ဘောလုံးအသင်း(Man Utd.) သည် ခါးသီးသော မြို့ခံပြိုင်ဘက်အသင်းအား …အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒူးထောက် အရှုံးပေးလိုက်ရကာ အမှတ်ပေး ချန်ပီယံ ဖလားအား လက်လွှတ်လိုက်ရပေသည်။ အကြောင်းတရားများကား မကောင်းတော့ …။ Man Utd. ၏ သက်တော်ရှည် နည်းပြချုပ် သူရဂူဆန် ကို ပုံတွင်မြင်တွေ့ရသည့်အတိုင်း အသင်းပိုင်ရှင် ဂလေတိုက်စိုး က ဖိအားပေနေပြီ ဖြစ်သည်…။ သည်နှစ် ပွဲကား ပြီးသွားသော်လည်း နောက်နှစ် နောက်နှစ်များအတွက် ပြင်ဆင်မှုများ သွေးသစ်လောင်းမှုများ မဖြစ်မနေလိုအပ်ပေသေည် …။ အမှတ်ပေးဖလား၏ နည်းပြဘဝသည် ခေါင်းမီးတောက် သည် ဟု ဆိုစမှတ်ရှိပေသည်။ […]


၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။ သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။ ” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း”  တဲ. သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ  ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင် တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။ သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။ လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။ ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. … စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်. ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. […]


MTYMay 9, 20121min18710
ဘုရားရှိခိုးကျောင်းတစ်ကျောင်းထဲတွင် ကြားရသောဆုတောင်းသံ…….      ဘုရားသခင် လွန်ခဲ့သော၃/၄နှစ်ဟာကျွန်တော်၊ကျွှန်မတို့အတွက်ဆုံးရှုံးမှုများစွာကြုံတွေ့ရတဲ့နှစ်များဖြစ်ပါတယ်အရှင်။ ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသားPatrick Swayzeအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအဆိုတော်Michael Jacksonအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသမီးElizabeth Taylorအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ အခုနောက်ဆုံးကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအမျီုးသမီးအဆိုတော်Whitney Houston အားလဲအရှင်ခေါ်ဆောင်သွားခဲ့ပြန်လေပြီ။ ဘုရားသခင်အားအထူးသိစေအပ်ပါတယ်အရှင်၊…….. ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးစစ်အာဏာရှင်ကြီးမှာဗိုလ်ချုပ်မှုုးကြီး……..   လစ်ပြီဗျို့……….   Fowarded email  အားဆီလျှော်သလိုဘာသာပြန်ပေးထားပါသည်။