chatsuNovember 27, 20111min783
က…ကလေးငယ် မျက်ရည်လည် ခ…ခရောင်းလမ်း သူဖြတ်သန်း ။ ဂ…ဂန်း(Gun)သံ ဆူဆူညံ င…ငတိများ အလွန်စော်ကား။ စ…စစ်အာဏာ တကယ်ရှည်ကြာ ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။ ဇ…ဇာတ်တွေနာ နိုင်ငံဟာ ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။ တ…တရားဥပဒေ ဘယ်ရောက်နေ ထ…ထမင်းငတ် ရိက္ခာပြတ်။ ဒ…ဒို့အရေး တို့ဟစ်ကြွေး ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။ န…နိုင်ငံရယ် ပျောက်ပြီကွယ် ပ…ပညာရေးဘယ်ထွက်ပြေး။ ဖ…ဖာနိုင်ငံဖြစ်ပြီအမှန် ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။ ဘ…ဘဝတွေဟာ စုတ်ပြတ်လာ မ…မြောင်းထဲကျ ပြန်ထမရ။ ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း ရ…ရှူနေရ လူလုံးမလှ။ လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ ပ…ပယ်လို့မရ တိုက်ယူကြ။ သ…သတင်းစာ မဖတ်ခြင်းဟာ ဟ…ဟာသများ ရယ်ဖို့မအား။ အ…အမေ…တို့တိုင်းပြေ…ဘယ်တော့မှလွတ်လပ်မလေ…??


Don Juan RonaldNovember 26, 20115min34814
ထိုင်ဝမ်းနိုင်ငံတွင် ၂ လတကြိမ်၊ မ ဂဏန်းဖြစ်တဲ့လ၊ဥပမာ၊ဇန္နဝါရီ၊မတ်ချ်၊မေ၊စသဖြင့်လတွေရဲ့၂၅ရက်နေ့ မှာ မီလီယံနာများအလိုအလျောက်ပေါ်ထွက်စေသောရွေးခြယ်ပွဲရှိပါသည်။ မယုံမရှိနဲ့။ ထိုင်ဝမ်းတွင်ကုန်ပစ္စည်းအရောင်းအဝယ်များပြုလုပ်ရာတွင်များသောအားဖြင့် Invoice ဖွင့်ရပါသည်၊ဗမာပြည်မှာဘောက်ချာ (Voucher)လို့ခေါ်တာနဲ့တူတယ်၊အဲဒီ Invoice စာရွက်လေးပေါ်မှာ Serial number ၈လုံးရှိတယ်၊ ဆိုခဲ့တဲ့အတိုင်းအဲဒီ၂၅ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိသည့်၊အခွန်ဦးစီးရုံးကထုတ်ပြန်တဲ့မဲပေါက်ဂဏန်းစုများနှင့်ထပ်တူထပ်မျှတူညီမယ်ဆိုရင်၊ဆုပေါက်ပြီတာမှတ်ပေတော့။ Rules တော့အောက်ပါအတိုင်းဖြစ်၏။ ဥပမာ၊လွန်ခဲ့သောစက်တင်ဘာနှင့်အောက်တိုဘာလအတွက်ဆုပေါက်ဂဏန်းကို၊ဒီနိုဝင်ဘာလ၂၅ရက်နေ့ဖြစ်တဲ့ယမန်နေ့ကတွင်ထုတ်ပြန်လိုက်ပါသည်၊ ၁။   71524465 သည်အထူးစပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော  Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း သန်း၁ဝ ( 10 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားသည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၈ သန်းတိတိကျန်ရှိမှာဖြစ်ပြီး၊ US$ ၂သိန်းခြောက်သောင်းကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သောသူဌေးများခန့်မှန်ချေတကြိမ်လျှင် ၈ ယောက်ကနေ ၁၂ ယောက်ထိထွက်ပေါ်လာနိုင်သည်။  ၂။ 57659487 သည်စပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော  Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း ၂သန်း ( 2 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားနိုင်သည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၁၆သိန်းတိတိကျန်ရှိပြီး၊ US$ ၅သောင်း၃ထောင်ကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သေသူဌေးများခန့်မှန်ချေ […]


ムラカミNovember 25, 20112min25126
တိုက်ပွဲက အရှိန်ကောင်းလာပီ ဖြစ်သည်။ သို့သော် တယောက်ကိုတယောက် ထိခိုက်အောင် အသာစီးမယူနိုင်သေး ။ထိုစဉ်. .. ဘလားဂျီးယို့စ်သို့ ရိန့်ချ်ရိုဗာ ကားတစီး ဆိုက်လာသည်။ ဘိုးတော် တပါး ဆင်းလာ၏ မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် တောင်ရှည် ကို အပီအပြင်ဝတ်ထားသည် ဘေးမှာလည်း မျက်မှန်စိမ်းတပ် ကိုယ်ရံတော် ၂ယောက်နှင့်။ ဟိတ်ဟန်ကကောင်းလွန်းသည် မင်မောင်းက အားလုံး ကြောင်ငေးမိလျက်သား ဖြစ်သွားသည်။ အားလုံးဖိုက်တင်ပွဲကို အာရုံမရတော့ ...... မာန်ပါပါနှင့် တွယ်နေကြသော ဟို၂ယောက်လည်း ကြက်ပျောက်ငှက်ပျောက် .... ဟုတ်တယ်လေ ဒါကိုကသူတို့ အကွက်ကိုး ... ဟုတ်ပါသည် ဝင်လာသူ ၃ယောက်မှာ တောင်ကျွန်းဝိဇ္ဇာ အဘဖော နှင့် သင်္ဘောသီး ၂လုံးတို့ဖြစ်သည်။ ဒါနှယ်နှယ်ရရ သူဌေး မဖြစ်နိုင်ဝူး ဆိုတာ ကိုကိုကြောင် […]


သံုးေလးNovember 25, 20111min1286
ဟိုတယ် အသင်းကို မှတ်ပုံတင်ရန် နံမည်ပေးဘို့လည်းဆိုရော သူက ” မြန်မာ့ ဟိုတယ်လုပ်ငန်းရှင်များ အသင်း” အနေနဲ့ မဟုတ်ဘဲ “မြန်မာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း” အနေနဲ့ မှတ်ပုံတင်လိုကြောင်းပြောတော့တာဘဲ။  သူက ဒါမှ စားသောက်ဆိုင်တွေ၊ ကားလုပ်ငန်းတွေ၊ နောက် ဝန်ထမ်းတွေ ကို အသင်းတွေ ဖွဲ့ခိုင်းပြီး  ဒီအသင်းရဲ့ အောက်ထဲ ထည့်မယ် ။  မြန်မာဟိုတယ်လုပ်ငန်းရှင်များ အသင်း ဆိုရင် ဟိုတယ်လုပ်ငန်းရှင်လောက်ဘဲ ဖြစ်သွားမယ်ဆိုပြီး  အသင်းနံမည်ကို ” မြန်မာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း” ဆိုပြီး မှတ် ပုံတင်ခိုင်းခဲ့တယ်။ အဲ့ဒီ့ အပြင် အဲ့ဒီ့ အချိန်က မြန်မာနိင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက ်ဆိုပြီး လုပ်ဆောင်နေတဲ့ MMC (Myanmar […]


သံုးေလးNovember 25, 20111min996
ကိုလင်းဝေကျော် ရဲ့ ` ခင်ရွှေ နင်လေ တကယ် အပြောကောင်း´ ဖတ်ရတော့ သိထားတာလေးတင်ဦးမလို့ ပါ။ မကောင်းတဲ့သူ မကောင်းကြောင်းရေးတာ အမှန်တွေရေးတာ ဆိုပေမဲ့ သူများအကြောင်း မရေးတော့ပါဘူး ဆိုပြီး နေတာ ၊ Voice ထဲမှာ ထပ်ပါလာတာ ဖတ်ရတော့  မရေး  ဘဲ မနေနိင်တော့ဘူး ဖြစ်လာတယ်။ ကျွန်တော်က စာရေးဆရာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ် တော့ ရေးတာ တွေ တောင်ရောက်မြောက်ရောက် ရောက်ကုန်တာ ၊ အချိန်ကာလ တွေ တိကျတာ မရှိတာတွေတော့ ခွင့်လွှတ်ပေးပါ။ ဦးခင်ရွှေကို တစ်ချို့ ကနောက်ပြောင်ပြီး ရှင်ဥက္ကဋ္ဌ လို့ ခေါ်ကြတယ် ။ အသင်းအဖွဲ့တွေ တော်တော်များများမှာ ဥက္ကဋ္ဌ ရာထူးတွေ ယူထားတယ်လေ။ ကျန်တဲ့ သူတွေက […]


KingNovember 24, 20111min30117
ဒီနေ့ တစ်နေ့လုံး အလုပ်တွေလည်းရှုပ် လူလည်း ငြီးစီစီဖြစ်လာသောကြောင့် ယနေ့ထုတ် ဂျာနယ်တစ်စောင်ကို လန်လောကာ သတင်းလေးများ ပုံမှန်အတိုင်းပဲ ဖတ်ကြည့်မိပါတော့တယ် … ကိုယ်ပဲ သည်ဂျာနယ်ကို မဖတ်တာကြာလို့လား မသိဘူး ထပ်တိုးလာတဲ့ ကဏ္ဍာကို အမှတ်တမဲ့ပါပဲ … ယခုဖတ်မိမှာပဲ သည်ကဏ္ဍလေးကို သဘောလည်း ကျမိပါရဲ့ဗျာ … ခေါင်းစဉ်တင်ပဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းတာနဲ့ပဲ ဆက်ဖတ်ဖြစ်ခဲ့တယ်ဗျ .. ခေါင်းစဉ်ကတော့ ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား .. ဆိုပြီးပေးထားလေရဲ့ ….. ကျွန်တော်လည်း အခုတစ်လော ဆက်သွယ်ရေးနဲ့ပတ်သက်လို့တော်တော်လေး စိတ်ညစ်နေတာဆိုတော့ …. စိတ်ညစ်ဆိုဗျာ အင်တာနက်လိုင်းသုံးလို့ရတဲ့အချိန်မှာ ဖွင့်လိုက်လို့ရှိရင် Notice စာကို အရင်ဖတ်ပဲ ဖတ်နေရတယ် ဒီစာက ဆက်သုံးဖို့ စိတ်ဓာတ်ကျစေတယ်ဗျာ …. အဲဒီစာလေး ပေါ်လာတာကိုပဲ […]


ရွှေအိမ်စည်November 24, 20112min25819
မင်္ဂလာပါ တမြန်နေ ့က ကိုရင်ရှုံးကရွာထဲလာဖို့ရွာထဲမှာခြောက်ကပ်နေကြောင်းလာပြောတာနဲ ့ရယ်မောစရာအနေနဲ ့ရေးပေးပါတယ်..။ ပျော်ရွှင်ကြစေရန်ရည်ရွယ်ချက်နဲရေးသည့်အတွက်ကြောင့်… အမှားယွင်းများ..မလေးစားမှုများရှိပါကခွင့်လွတ်ကြစေချင်ပါတယ်..။ ဂေဇတ်မှာ ၄လ ကျော် မန်ဘာတစ်ယောက် အနေနဲ ့မိသားစုလို ့တွေးမိသောကြောင့်ပါ…။ တကယ်လို ့များစိတ်ဆိုးအမှားပါဒေါ်သဖြစ်ခဲ ့ရင်….ကျမ ရွှေအိမ်စည်shweaeimsi@gmail.com ကိုအားမနာတမ်း ဝေဖန်အပြစ်တင်နိုင်ပါတယ်..။ ဂေဇတ်မိသားစုကြားဖြတ်ရွေးကောက်ပွဲ မြန္နဒါ….. နေညိုညို ရိတ်ခါသန်းတော့ ….ရွှေမန်းတောင်ရိပ် …… ဒန်တန့်တန်ဒန် … တန်ဒန်တန်တန်…(အဖွံ့သီချင်းသံ) မင်္ဂလာပါရရှင်..ဒီနေ ့အစီစဉ်ကြေငြာသူ ကျမ..မမ ဖြစ်ပါတယ်..။ ဟုတ်ကဲ့ တက်ရောက်လာတဲ့ လူထုကြီးကို အထူးကျေးဇူးတင်ရှိပါတယ် ရှင်…….. အခု အစီအစဉ် ကတော့ ဂေဇတ် ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုခြင်းနဲ့ အမတ်နေရာရွေးကောက်တင်မြှောက်ခြင်းကြားဖြတ်ရွေးကောက်ပွဲအကြို အစီစဉ်ပါ ဒီအစီအစဉ်လေးမစခင် အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲကို ဂုဏ်ပြုသီချင်းရေးသားတဲ့ သူတွေကိုဆုများ […]


loneNovember 21, 20111min34927
gazette က ရွာသူရွာသားအပေါင်းတို့ ပျင်းနေမှာစိုးလို့ lone ဉာဏ်စမ်းမေးခွန်း လေးတစ်ခုတင်လိုက်တယ်နော် …ဖြေကြည့်ကြပါဦးနော်။ တစ်နေ့မှာ ဘုရားသခင်က ကမ္ဘာကြီးကို ဆေးကြောဖို့အတွက် ကမ္ဘာ ကို ရေလွှမ်းလိုက်တယ်တဲ့။ အဲဒီအချိန်မှာ အရူး တစ်ယောက် က သူမသေချင်တဲ့အကြောင်းကို ဘုရားသခင်ကို သွားပြောတော့ ဘုရားက သူ့မေးခွန်းကို ဖြေနိုင်ရင် အသက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်တယ်… မေးခွန်း ။ ။ ကမ္ဘာပေါ်မှာ အရင်ဦးဆုံး ဖြစ်တည်တဲ့လူနှစ်ယောက် စားတဲ့ အသီးက ဘာသီးလဲ…….? အဖြေ ။ ။ … …. အရူးကတော့ဖြေလိုက်ပါတယ်။ အဲဒီဘာသီးလဲ…… ။     လေးစားစွာဖြင့် lone …. 🙂


ムラカミNovember 21, 20113min19614
------------------------------------------------------------------------- ဒါ့ကြောင့် လူစုရခြင်းဖြစ်သည် .. ကုန်ချင်ကုန် ခမ်းချင်ခမ်း သဂျီးရေသုံးကြမ်းနေသည် ။ သူကတော့ ကိုကြောင်လိုမရက်စက် အပြုတ်ဆော်ဖို့ မဟုတ်ပဲ မှတ်လောက်သားလောက်အောင်သာ လုပ်မည်ဖြစ်သည်။ နောက်ပိုင်းတွင် တဦးချင်းစီ၏ အသေးစိတ် လုပ်ငန်းများ ကို ဖော်ပြမည် ဖြစ်သည်။ သည်နေရာတွင် ကပေ့ အကြောင်း နည်းနည်းဖော်ပြစရာ ရှိသည် သူသာမဟုတ် ကပေါက်ဖော်ပါ အတူတူပင် ဟုတ်သည် ကောင်မလေးတွေကို သူတို့က ပင် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတတ်သည်။ မှော်ဆြာ အစ်အောက်ပီး မေးကြည့်တော့ ဩ ခင်ဗျားကတော့ ပြောအား ရှိမှာပေါ့ တဲ့.... ခင်ဗျား Moe Zလေးက ဘာမှ မလုပ်ရတာတဲ့ ....သူရို့ သဂျီး - ဆေးထည့်တဲ့လက်ကြီးနဲ့ ကျုပ်တို့ကို လာကြင်နာနေရင် […]


Don Juan RonaldNovember 19, 20112min16711
 Subic Bay မှ ကိုကိုးကျွန်းသို့ဘာကြေင့်ပြောင်းမလာခဲ့တာလဲ ? သဂျီးမင်းထံပန်ကြားချက်၊ လေးစားအပ်သော၊ရုပ်ရည်ခန့်ချော၍ဉာဏ်ပညာဖြင့်ပြည်စုံနေသော သဂျီးမင်းခင်ဗျား(ဒီအတွက် point သတ်သတ်ပေးရန်မလို) မာမာနဲ့မွှေးတဲ့ဆရာကြောင်ကြီး၏အဆိုအရ၊သဂျီးသည်စီအိုင်အေ(အပျော်တမ်း)ဖြစ်သည့်အတွက်၊ကျနော်မျိုး၏စိတ်ထည်း၌နှစ်ပေါင်း၂ဝကျော်ခန့်ကိန်းအောင်းနေတဲ့၊ဒီမေးခွန်းလေးရဲ့အဖြေကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ ဒီအကြောင်းအရင်းကအောက်ပါအတိုင်းဖြစ်ပါသည်၊ အများသိတဲ့အတိုင်း၊ဖိလစ်ပိုင်နိုင်ငံ၏ Subic Bay ဟာ ၁၉၉၁ခုနှစ်အထိ U.S.Naval Base ဖြစ်ခဲ့ဘူးသည်။ ၈ လေးလုံးမတိုင်ခင်၁ နှစ်လား၂ နှစ်လားသိပ်မသေချာ၊ ကျနော်တို့အရပ်မှာပြန့်နေသည့်သတင်းလေးတခုကား၊ဖိလစ်ပိုင်သည်၁၉၉၁ ပြီးရင် U.S.ကိုဆက်လက်ပြီးမငှားရန်းပေးတော့ပါ၊သည့်အတွက် U.S.တွေကနေရာအသစ်လိုက်ရှာတဲ့အခါ၊ဗမာပြည်ကြီး၏ကိုကိုးကျွန်းကိုမျက်စိကျနေသည် (တချို့လည်းဗမာပြည်ကသွားရောက်ကမ်းလှမ်းခဲ့သည်ဟုဆို၏)၊ များမကြာမည်ထိုအချိန်တုံးကနိုင်ငံတော်ကောင်စီအတွင်းရေးမှူး(ဗမာ့သမိုင်းတွင်တဦးတည်းသော ရ ရက်သမတ)သည် U.S သို့သွားရောက်ခဲ့ပါသည်၊အဲဒီ Deal ကြီးဟာ၊အပေးအယူမတည့်လို့လား? ၈လေးလုံးကြောင့်ပျက်စီးသွားတာလာ? အစွန်းအစရှာရခက်သည်။ ကွန်မြူနစ်များ၏လေသံဖြစ်တဲ့ Yankee go home ! ဆိုသလိုပေါ့ ၊နောက်ဆုံးတော့၊ကုလားဖြူသည် Guam ကိုပြန်သွားရလေတော့သည်။ အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊ယခုကမာ္ဘ့အခြေအနေသည်မည်ကဲ့သို့ဖြစ်နေမည်နည်း? အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးယခုကဲ့သို့ထောင်နိုင်ဦးမည်လော? အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးသည်ဗမာပြည်ကိုချမ်းသာပေးပါ့မလား? ဘာဘဲဖြစ်ဖြစ်တရုတ်ပြည်ကြီးသည်ကံကောင်းသွားသာတော့သေချာသွားသည်။ […]


htet wayNovember 19, 20111min14810
တနေ့သ၌ ကျွန်ပ်တို့၏အပေါင်းအသင်းစကားဝိုင်းလေးတွင်မေတ္တာအကြောင်းပြောဆိုရောက်ရှိသွားရာမြို့၏နာမည်ရရှေ့နေကြီး ဦးငွေကြည်ကသူလည်းမေတ္တာပို့နေကြောင်းပြောကြားလာသဖြင့်ဆရာငွေ၏မေတ္တာပို့ကိုပြောပြပါဟုတောင်းဆိုလိုက်မိရာဆရာငွေကအောက်ပါအတိုင်းပြော ပြခဲ့ပါသည်။ ကျွန်တော်မေတ္တာပို့ကတော့ “ဗိုလ်လူများစွာ.ဆွေသဟာတို့ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ” ဖြစ်ပါတယ်ဗျားလို့ပြောလာပါတယ် ကျွန်ပ်မှဒီမေတ္တာပို့လေးကရိုးရိုးရှင်းရှင်းလေးပဲလူနတ်ဗြဟ္မာသတ္တဝါတွေ ကျမ်းမာစေကြောင်းချမ်းသာစေကြောင်း မေတ္တာပို့တာဟာကောင်းပါတယ်ဟုပြော ကြားလိုက်သောအခါဆရာငွေကရှေ့နေလေသံဖြင့်ကန့်ကွက်ပြောကြားလာပါတော့သည်။ဆရာငွေကကျွန်ပ်အား ကျွန်တော်မေတ္တာပို့ကိုအနက်အဓိပါယ်ပြောင်းလဲ ဲအောင်မပြုလုပ်ပါနှင်ကျွန်တော်မေတ္တာပို့မှာ ရည်ညွှန်းတာကလူနတ်ဗြဟ္မာသတ္တဝါတွေမဟုတ်ဘူး ဗိုလ်လူများစွာဆွေသဟာတွေဇြစ်တယ်ဟုထောက်ပြကန့်ကွက်လာပါသည်။ ဆရာငွေကဆက်လက်ရှင်းပြသည်မှာ..၎င်း၏မေတ္တာပို့သာမာန်နှယ်နှယ်ရရမေတ္တာပို့မဟုတ်ကြောင်းအကြောင်းတရား အကျိုးတရားများကိုဆင်ခြင်တွေးတောပြီးမှ ပို့သတဲ့ကိုယ်ပိုင်မေတ္တာပို့ဖြစ်ကြောင်း ပြောဆိုလာသဖြင့်လင်းစမ်းပါအုံးဆရာငွေရယ်ဟု ကျွန်ပ်မှမေတ္တာရပ်ခံတောင်းပန်သောအခါ ဆရာငွေက ဝင်းပသောမျက်လုံး ရွှင်မြသောအပြုံးကိုပြုလျျှက် မေတ္တာရှင်တို့၏အမူအရာဖြင့်….ကျန်းမာပါစေဆိုတာက အမူအခင်းတွေဖြစ်ကြတာကိုသုံးသပ်ကြည့်မယ်ဆိုရင် ကျန်းမာလို့အမူတွေဖြစ် ်ကြတာဗျ ဥပမာ..ရိုက်မူ..မုဒိမ်းမူ..လူသတ်မူ..ကာမရယူမူ.မယားခိုးမူ.စတာတွေဟာ ကျန်းမာလို့ကျူးလွန်နိုင်ကြတဲ့အမူတွေဖြစ်တယ် အဲ့ဒါကြောင့်ကျန်းမာကြပါစေလို ့မေတ္တာပို့တာဗျ။ ချမ်းသာကြပါစေဆိုတာက အမူတွေကျူးလွန်ပြီး ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာမူမရှိဘဲ ဆင်းရဲနေလို့လဲမဖြစ်ဘူးလေ ဒါကြောင့် ချမ်းသာကြပါ စေလို့လည်း မေတ္တာပို့တာဖြစ်တယ်လို့အားတက်သရောလင်းပြပါတော့သည်။ ဆက်လက်ပြီးဆရာငွေကဆိုသည်မှာ..ဆရာတို့လည်း(ကျွန်ပ် အား) မီဒီယာလုပ်ငန်းတွေ ကျန်းကျန်းမာမာနဲ့လုပ်ဆောင်နိုင်ကြပါစေ မလွတ်မကင်းပြဿနာတွေပေါ်လာရင်လည်း ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာပါစေဟု ကျွန်ပ်ကိုပင်မေတ္တာပို့သလိုက် သေးတော့သည်။ ကဲရွာသားအပေါင်းတို့…စာရေးတဲ့သူကိုပုဒ်မ၅၀ဝနဲ့တရားစွဲတာမြို့ကြီးတွေမှာရှိတယ်လို့ကြားနေရတဲ့အချိန်မှာကျွန်ပ်ကိုပို့တဲ့မေတ္တာကကျောချမ်းစရာ မဖြစ်ပေဘူးလား။ကျွန်ပ်မြို့မှာကလည်းသတင်းပါတာတောင် ရန်ရှာနေတတ်တော့….အင်း….ကျောချမ်းစရာရွှေမေတ္တာပို့ပါလားဆရာငွေရေ့…..။ အဲဒီနေ့ကဘေးရန်ကင်းပါစေ၊အမူအခင်းကင်းပါစေဟု ကျွန်ပ်လည်းမေတ္တာပို့ပြီး ခပ်ကုတ်ကုတ်ပြန်ခဲ့ရလေတော့သည်။ ။ […]


htet wayNovember 18, 20111min1617
ကျွန်တော်ဟာ၂၀၀ဝခုနှစ်ကအကျိုးဆောင်ဂျာနယ်မှာအမှားတခုကိုထောက်ပြလိုက်တဲ့ဆောင်းပါးတပုဒ်ကြောင့်ခုထိ မခေါ်နိုင်မပြောနိုင်နဲ့လူတယောက်ရဲ့မုန်းတီးခြင်းခံခဲ့ရပါတယ်။အဲ့ဒီနှစ်မှာပဲမူခင်းဂျာနယ်မှာမုဒိမ်းကြံစည်မူ၃ရ၆/၅၁၁တပုဒ် ်ရေးလိုက်မိပါတယ်ရှေ့နေကရဲချုပ်အထိတိုင်တာခံရပါတယ်။ကျွန်တော်ကစခန်းမှူးထောက်ခံစာလည်းပါတယ်FIRကကူးတာပါ အမူစစ်ရဲ့ထောက်ခံချက်လည်းပါလို့သာပေါ့ ဘာမှမဖြစ်ခဲ့ပါဘူး။ သတင်းကိုဝါသနာပါလို့သာရေးမိတာပါ။ကျွန်တော်လန့်သွားပါတယ်။သတင်းဆိုတာ…သတင်းဆိုတာဘာလဲ လို့တွေးမိရင်း၉.၁၁.၇၄ထုတ်ဟံသာဝတီသတင်းစာခေါင်းကြီးပိုင်းက“ အမှန်တရားအရှိတရားအဖြစ်တရားကိုပိတ်ဟဲ့၊ဆို့ဟဲ့၊တားဟဲ့ သတင်းထောက်ကတကောက်ကောက်လိုက်ခြင်း၊သတင်းစာကတစာစာရေးခြင်း၊မခံမရပ်နိုင်ဖြစ်ကာပြည်သူတို့ကိုမျက်စိပိတ်ပြီး အကြံတုန်းဉာဏ်တုံးနလပိန်းတုံးများဖြစ်အောင်ပြုလုပ်ရာ၌အသုံးပြုသည့်စက္ကူမျက်နှာဖုံးလား။” ဟူသောစာသားကိုတွေးဆဆင်ခြင်မိ ပါတော့တယ်။ ယခုကာလသည်ဒီမိုကရေစီဖြစ်သည်။ဒီမိုကရေသဘောသည်“လူအများကိုလူအများအကျိုးငှာလူအများ၏ဆန္ဒအတိုင်း တရားသဖြင့်မျှမျှတတ လူအများကိုလူအများကအုပ်ချုပ်ခြင်းဖြစ်ပါသည်။ဒီမိုကရေစီသည်သဘောထားကြီးသောစိတ်ထားရှိရပါမည်။ “ဒီမိုကရေစီသည်အကြောက်တရားပေါ်မှာအခြေပြုသည်မဟုတ်၊ အသိတရားပေါ်မှာသာအခြေပြုပါသည်” ။ ပြည်သူ့အသံ…လွှတ်တော်အသံ ပြည်သူ့ဆန္ဒ…..လွှတ်တော်ဆန္ဒ ပြည်သူတို့မျှော်လင့်ချက်…..လွှတ်တော်ကဖေါ်ဆောင်ရွက်။ (အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင်သူရဦးရွှေမန်း..(လွှတ်တော်ဥက္ကဋ္ဌ)ပြောသောမိန်ခွန်း) ကျွန်တော်တို့စာပေဝါသနာကြီးသူတွေကသုတ၊ရသ စာပေတွေဖန်တီးရာမှာတခါတရံအမှားကိုထောက်ပြတတ်သည့်ညဉ်ရှိလေရာ လူအများနှင့်သဟဇာတမဖြစ်တာတွေလည်းရှိတတ်ပါသည်။အမှားကိုအမှန်ဖြစ်လေအောင်ပြုပြင်လိုသောစိတ်ရှိရာအမှားလုပ်သူများ၏ ငြိုးသူရန်ဘက်လည်းဖြစ်ရပြန်ပါသည်။အသိဉာဏ်အားနည်းသူတို့၏တလွဲအတွေး၌စိတ်အနောင့်အယှက်ဖြစ်ရပြန်ပါသည်။ တချို့လူပုဂ္ဂိုလ်မများသည်သိခြင်းဗဟုသုတနှင့်အလှမ်းဝေးလေရာ သတင်းကို..အတင်းမှတ်ကြသည်။ပြည်သူကိုအသိပေးခြင်းကို ကန်ံ့ကွက်ကြသည်။ သတင်းရေးသူကိုဝေးဝေးရှောင်ကြသည်။ “အသိဉာဏ်ပညာသည်ဒီမိုကရေစီ၏အခြေခံတရားကြီးပင်ဖြစ်သည်”။ ဒီမိုကရေစီစနစ်တွင်လူတိုင်းလူတိုင်းစဉ်းစားတတ်သော ဉာဏ်၊ဝေဖန်တတ်သောသတ္တိနှင့်ပြည့်စုံရပေမည်” သတင်းသည် ဝေဖန်ပေးသော၊အသိပေးသော၊ အချက်အလလက်နှင့်တကွဗဟုသုတဖြစ်စေသောစာပင်ဖြစ်ပါသည်။ သတင်းသမားသည်တိကျရမည်၊ပြည်သူကိုအကျိုးဖြစ်စေရမည်။ပုဂ္ဂိုလ်ရေးကင်းရမည်။စေတနာကိုရှေ့တန်းတင်ရမည်။ ယခုထိသတင်းသမားကိုနားမလည်နိုင်သောပြည်သူတွေရှိနေသေးသည်၊သတင်းကိုအတင်းထင်နေသောခောတ်ကုန်ပြီဆိုတာမသိသူ တွေရှိနေသေးသည်မှာစိတ်မကောင်းစရာဖြစ်သလိုနိုင်ငံတော်၏ရည်မှန်းချက်ဖျက်ရာရောက်နေသည်ဟုထင်မြင်မိပါသည်။ နိင်ငံတော်သမ္မတသည်ပြည်သူများ၏ဆန္ဒကိုအလေးထားသည၊ပြည်သူ့ဆန္ဒကိုအလေးထား၍ဖြေရှင်းပေးရာ သတင်းသည် အရေးကြီးသောအစိတ်အပိုင်းကပါဝင်နေပါသည်။ အမှားလုပ်နေသူသာသတင်းကြောက်ကြသည်၊ဝါဒစွဲကျန်ရစ်သူတွေသာသတင်းကြောက်ကြသည်ဟုဆိုချင်ပါသည်။ပြည်သူတွေကို ထူးချွန်အောင်၊ထက်မြက်အောင်ဆောင်ရွက်ရာတွင်ဖျက်မျဉ်းတချို့ကြောင့်သတင်းသမားများရန်ရှာခံနေရခြင်းသာ။ အလင်းဖေါ်ဆောင်ရာတွင် ်အမှောင်ကြိုက်သူတစ်ချို့ရှိနေသေးသည်မှာဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ သတင်းကွန်ယက်များဖြစ်ထွန်းတိုးတက်နေသောခောတ်တွင်သတင်းများကိုကြိုဆိုကြရမည်ဟုဆိုချင်ပါတော့သည် သတင်းဆိုတာ…ေဩာ် သတင်းဆိုတာ…………။


ムラカミNovember 17, 20113min24914
နေရာကား ရန်ကုန်မြို့လည်ခေါင်။ မိုးမျှော်တိုက်တွေက တမျှော်တခေါ် တခုသော မိုးမျှော်တိုက်အောက်သို့ ဂိုင်း ရောက်ချလာသည်။ သူ့ထုံးစံအတိုင်း ဘေးလွယ်အိတ် ၁အိတ်နှင့်။ ယခင်က ထိုနေရာသည် ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း သာဖြစ်သည်။ ယခုမူ အဟောင်းတွေ တန်ကြေးကြီးလာသောခေတ်တွင် ထိုသို့ထိုနှယ် ပြောင်းလဲသွားတော့လေသတည်း။ Mandalar Gandawin Enterprise (MG) ကိုပဲကြည့်။ မူလက မလန ရုံးဘေးတွင် အဖီထိုးကာ စာအုပ်ဟောင်းရောင်းရသော ဆိုင်ကလေးဖြစ်သည်။ ရုံးကို အမှီသဟဲပြုကာ ကွမ်းယာ ဆေးလိပ် နှင့် စာအုပ်ချုပ်လုပ်ငန်းကို တွဲလုပ်ရသော ကိုခိုင်မာ တယောက်တည်း စခဲ့ရသော လုပ်ငန်းဖြစ်သည်။ကိုခိုင်မာ ဆိုသည်မှာ မဟာဂန္တဝင် စာရေးဆြာ မောင်ခိုင်မာကို လေးစား အားကျသဖြင့် သူ့ နာမည်ကို ယူထားသော ဆိုင်ပိုင်ရှင် ဦးလေးကြီး ဖြစ်သည်။ […]