ဂ်စ္စူOctober 24, 20111min35121
သူယောင်မယ်သီးတွေ     ဖန်ဖန်ကြံကြံ   အများကြီးဘဲ မတင်ခင်…. ဒီအကြောင်း.တင်ပြီးသားရှိလား..တစ်ချက်ရှာရသေးရဲ့.. သူယောင်မယ်သီး..Nareepool ဆိုပြီးရှာတာ..ရွာမှာမတွေ ့ဝူးဗျာ မတွေ ့ တော့ မရှိဝူးမှတ်တယ်.. မရှိတော့ တစ်ချို ့ မသိဝူးမှတ်တယ်…အဲတော့ ….တင်ဒယ်..ဒါဗျဲ.. 😯   ဆိုဒ်တစ်ခုမှာတွေ ့မိရာက အနော်လဲ တစ်ကယ်လား မှတ်တာပေါ့…. သူပြောတာက.. မိန်ခလေးသဏ္ဌာန်နဲ ့ အံ့ဩစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမဝန္တာတာင်တန်း ဝန်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲ ထပ်မံသိရ ပါသေးတယ်။ Naree ဆိုတာ ကတော့ မလေးလို […]


etoneOctober 21, 20111min30422
ကလေးဘဝကတည်းက သီတင်းကျွတ်ဆိုလျှင် မီးထွန်းရမယ် ၊ ပွဲဈေးသွားရမယ် ၊ လူကြီးမိဘများကို ကန်တော့ကာ မုန့်ဖိုးတောင်းရမယ်လို့ သတ်မှတ်ထားသော်လည်း … ကြီးလာတာနှင့်အမျှ သီတင်းကျွတ်ဧ။် အဓိပါ္ပယ်ဖွင့်ဆိုပုံနှင့် ခံယူချက်တို့ ကွဲပြားလာပါတယ် … ။ ကလေးတုန်းက မီးထွန်းတာကို အပျော်သက်သက်သာ ဖယောင်းတိုင်များ စိုက်ထူပြီး မီးညှိခဲ့သော်လည်း … ယခုတွင်တော့ ဆီမီးပူဇော်ခြင်းဟု နားလည်ခဲ့ပါတယ် ။ ပွဲဈေးသွားခြင်း ၊ အပျော်ပါးလျှောက်သွားခြင်းတို့ဟာလည်း အချိန်ကုန် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာခဲ့တယ် … ။ ဒါပြင် သက်ကြီးဝါကြီး လူကြီးမိဘများကို ကန်တော့ခြင်းဟာလည်း ယခင်ကလို မုန့်ဖိုးလိုချင်လို့မဟုတ်တော့ပဲ … မိမိကိုယ်ကို နှိမ့်ချကာ အပြစ်များကို ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ရှိခိုးတောင်းပန်ခြင်းဖြစ်ဟုပင် အမြင်ပြောင်းလဲခဲ့ပါတယ် … ။ သီတင်းကျွတ်မှာ […]


ကြောင်လေးOctober 18, 20111min1537
ရွာထဲရှိ အပျိုများ အားလုံးကိုရည်ရွယ်ထားသောရည်းစားစာ   {အချစ်ရယ်  ဆင်မယဉ်သာလျှောက်သလို   လျှောက်လှမ်းလာတဲ့မင်းကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ရင်တွေ အရမ်းခုန်နေပါပြီ။ ရင်ခုန်သံတွေနဲ့အတူ  ဆင်ခေါင်းခွေးမချီနိုင်  တဲ့ ကိုယ့်ဘဝကိုလည်းတွေးပြီးအားငယ်မိပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ဟိုတချိန် သူငယ်ချင်းဘဝတုန်းက ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ သလိုအမြဲပဲတတွဲတွဲသွားခဲ့ကြတာလေ။ လူတွေကတော့ ပြောကြတာပေါ့ အမြင်မတော် ဆင်တော်နဲ့ခလောက်  တဲ့။မနာလိုလို့ပြောတဲ့စကားတွေကို ကိုယ်ဂရုမစိုက်ပါဘူး။ ကိုယ်ဂရုစိုက်တာမင်းတစ်ယောက်ထဲပါ။ ကိုယ့်ရဲ့ဖြည့်စီးပေးနိုင်မှုဟာမင်းအတွက်တော့ ဆင်ပါးစပ်နှမ်းပက်သလို  ဖြစ်ရင်လည်းဖြစ်နေမှာပေါ့။ ဒါပေမဲ့လေ  ဆင်လဲဆင်အထွာနဲ့ဆိတ်လဲဆိတ်အထွာနဲ့  ဆိုသလိုကိုယ်လဲဒီလောက်ပဲတတ်နိုင်အချစ်ရယ်။ မင်းအချစ်တွေကိုရဖို့မျှော်လင့်ရတဲ့ ကိုယ့်ရဲ့အဖြစ်ဟာ ဆင်အမြီးခွေးမျှော်  နေရသလိုပါပဲ။ မင်းကိုယ့်ကိုအဖြေတိတိကျကျမပေးပဲ ဆင်ဝေ့ရန်ရှောင် လုပ်နေတာတော်တော်ကြာပြီနော်။ ကိုယ့်ကိုချစ်သလိုမချစ်သလိုနဲ့ လုပ်မနေပါနဲ့ကွာ ဆင်ကျီစားရာ ဆိတ်မခံသာ ပါဘူး။ မင်းအတွက်တော့ ဘာမှမဖြစ်ပေမဲ့ ကိုယ့်အတွက်ကတော့ ဆင်မှာတော့ ကျင်ငယ်၊ယင်မှာတော့ပင်လယ် လိုခံစားရပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေကို  ဆင်သေကိုဆိတ်ရေနဲ့ ဖုံး   လို့မရသလို မင်းတို့အသိုင်းအဝိုင်းက သိသွားကြတယ်လေ။ […]


မောင် ပေOctober 17, 20111min14611
စုံထောက်ကြီး ဦးလန်ဘား တစ်ယောက် ရန်ကုန်သို ့ရောက်နေပါသည် ။ ရွာသာယာ မှ ဦးသာဝ နှင့် ဒေါ်မြ တို ့၏ သီတင်းကျွတ်မင်္ဂလာပွဲ အပြီး ၊ သူတို ့လင်မယား က  ဦးလန်ဘားကို ဘုရားဖူး၊အလည်အပတ်ခရီးအတွက် စပွန်ဆာပေးခြင်း ဖြစ်သည် ။ ရန်ကုန်မြို  ့သို ့တစ်ခါ မှ မရောက်ခဲ့ဖူးသူ ၊ ဦးလန်ဘား အတွက် တွေ  ့သမျှ ၊ မြင်သမျှ အားလုံးထူးဆန်းနေသည် ။ ဘုန်းကြီးလမ်း ရှိ ဦးသာဝ အမျိုးအိမ်တွင် တည်းခိုရသည် ။ ဦးသာဝ အမျိုး ကမ်းကြီး ဆိုသော လူငယ်က ဦးလန်ဘားကို ရန်ကုန်မြို  ့ထဲ အဖော်အဖြစ် လိုက်ပေးသည် ။ […]


ကြောင်လေးOctober 17, 20111min1326
ကျွန်တော်တို့နယ်မှာ စကားတစ်ခုထွက်လာတယ်။ သီတင်းကျွတ်လပြည့်ကျော် (၁) နေ့လောက်ကစကြားရတာ။ ဒီစကားကဘယ်တုန်းကထွက်ထားသလဲတော့ကျွန်တော်မသိဘူး။ ဇာဂနာထောင်ကထွက်မှပြောတယ်လို့ ပြောကြတာပဲ။ ရွာထဲမှာရေးထားတာမတွေ့သေးလို့ ရေးလိုက်တာ။သိပြီးသားလူတွေလည်းရှိမှာပါ။ ဒီလိုပါ။ သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်းကို မြန်မာ လေးယောက်ကဆွေးနွေးဖို့တောင်းဆိုပါတယ်။ အိုင်းစတိုင်းကပြန်မေးတယ်၊ ခင်ဗျားအိုင်ကျူ ဘယ်လောက်ရှိလဲဆိုတော့  ၂၀ဝ ပေါ့။ ဒါဆိုဆွေးနွေးလို့ရတယ်၊ဆွေးနွေးမယ်။ နောက်တစ်ယောက် -ဘယ်လောက်ရှိလဲ  ၁၅၀၊ ရတယ် ဆွေးနွေးမယ် နောက်တစ်ယောက် –  ၁၀၀  ရှိတယ် ၊ဒါဆိုလဲဖြစ်ပါတယ် ဆွေးနွေးမယ်ပေါ့။ နောက်ဆုံးတစ်ယောက်   –၅ဝ ရှိပါတယ်၊ ဟာအဲဒါဆိုရင်ခင်ဗျားကိုလက်ခံမဆွေးနွေးနိုင်ဘူး၊ လွှတ်တော်မှာပဲသွားဆွေးနွေးပါ—–လို့ပြောလိုက်ပါတယ်တဲ့။ သိပြီးသားသူများရှိနိုင်သလို မသိသေးတဲ့သူများအတွက်ပါ ၊ကျွန်တော်ကတော့ အခုမှကြားတဲ့စကားတစ်ခုပါ။


ဂ်စ္စူOctober 12, 20111min15513
သတင်းကျွတ်လပြည့်နေ.. ဗုဒ္ဓဘာသာဝင်ကော…မဝင်တာတွေကော..ပါသလားမသိ.. ဒီနေ ့.. ဘုရားတွေ.ကျောင်းတွေ..ပန်းခြံတွေ..ကစားကွင်းတွေမှာ..လူတွေ ကျက်ပျံမကျပဲ စည်ကားနေလိုက်တာ… တွေ ့မြင်ရတာ.တော်တော်လေးကြည်နူးစရာ ကောင်းလှတယ်ဗျာ ရွှေတိဂုံ ဘုရား အရှေ ့ဘက်မုခ် မှာ..လူတွေများ..ပုရွက်ဆိတ်အုံအလားပဲ..ကျိတ်ကျိတ်တိုး.. ကန်တော်ကြီးပတ်လမ်းလဲ..တဖွဲဖွဲ..သွားလာနေကြတယ်….တိရစ ္ဆာန်ရုံထဲလဲ လူတွေအပြည်.. ပြည်သူ ့ရင်ပြင်..လူတွေအပြည့်၊အင်းယားကန်ဘောင်..လူရောင်စုံပဲ….. မိသားစုတွေ…ပျော်ပျော်ရွှင်ရွှင်..စုံတွဲတွေ..လက်ချင်းချိတ်….လန်းလန်းဆန်းဆန်း..ဖလန်းဖလန်းပဲ….. ကိုယ့်မှာတော့..သူတို ့လန်းသလို..မလန်းနိုင်.. ညက ဆွဲထားတဲ့..ဘီယာနဲ ့.ဝီစကီ..တန်ခိုးတွေကြောင့်….ငိုက်စို်က်ငိုက်စိုက်….   ခုတော့..မထနိုင်ထနိုင်နဲ ့..ယိုင်တိုင်ယိုင်တိုင်ပဲ… သူများတွေလန်းတာကြည့်ပြီး..ကိုယ်ကတော့ ငေါင်တောင်တောင်နဲ ့..မလန်းနိုင်..ဘူး ************************************************************* ဒီလို..ဒီလို.. မနေ ့ကညကို ရေလည်တင်းတယ် တစ်ယောက်ထဲဆို..အပျင်းပြေသဘောနဲ ့….ပါးပါးပဲ ပုတ်နေကျ အပေါင်းအသင်းတွေနဲ ့ဆွဲရင်..စ လိုက်နောက်လိုက်.နဲ ့..ပေါက်ကရပြောရင်း သောက်တဲ့အခါ ပိုသောက်ဖြစ်မိသလို..…ရှိတဲ့..ဖွတ်ကလိင်္ဒါးလဲ….ပြောင်သလောက်ရှိမှ..အားရကျေနပ်တတ်လို ့.. အပေါင်းအသင်း ရှောင်ပြီး..ဂျောင်ထဲ ခိုးခိုးပြီး ခွက်ပုန်းကစ်တာ ဒါကို မရရအောင် တိုင်ပတ်သေးတယ်….   […]


မောင် ပေOctober 11, 20111min19913
မင်္ဂလာပါ ခင်ဗျား ဂေဇက်လာ မိတ်သဟာများနဲ ့ဂေဇက်ဝင်များ အတွက် အပျင်းပြေစေဖို ့ ၊ ကျွန်တော် မောင်ပေ ရဲ  ့တစ်ပါတ်အတွင်း ဖတ်ဖြစ်ခဲ့တဲ့ သတင်းများကို ပြန်ပြောပြချင်ပါတယ် ။ ကျွန်တော့် သတင်းလေးတွေ ဟာ ဆိုရင် သတိထားစရာလေးတွေ ပါသလို ခိုးလိုးခုလု ဖြစ်စရာ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဦးစွာပြောချင်တာကတော့ ၊ ကျွန်တော့် ရဲ  ့တစ်နေ ့တာ လုပ်ငန်းဆောင်တာများထဲမှာ ဟိုပြေး ဒီပြေး ခရီးစဉ်လေးတွေ လဲ ပါပါတယ် ။ တစ်ခါတစ်လေကြတော့ အချိန်တော်တော်ကြာအောင် ထိုင်စောင့်ရတဲ့ အလုပ်မျိုးလည်း ရှိပါတယ် ။ ထိုအခါ မျိုးဆိုလျှင် ဟိုဒီပြေးလွှားရင်း လမ်းက ဝယ်လာတဲ့ ၅၀ဝကျပ်၊၆၀ဝကျပ်၊၇၀ဝကျပ် အသီးသီးတန်ဘိုးရှိ […]


မောင် ပေOctober 11, 20111min20216
ယခုရက်ပိုင်းအတွင်း ဂေဇက်ရှိ blackchaw နှင့် etone တို ့၏ ဖုန်းအကြောင်း ဇါတ်လမ်းများကို ဖတ်ပြီးသကာလ ကျွန်တော် ကြုံခဲ့ဖူးသော ဖုန်းဇါတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြန်ရေးပြချင်လာပါသည် ။ အဖြစ်မှန်ဟု ထင်ချင်လည်း ထင်နိုင်ပါသည် ။ ယခုပို ့စ်အတွက် မြင်ဆရာများမှာ blackchaw နှင့် etone တို ့ဖြစ်ပါသည် ။ Ok ! Let’s start the show ! တူ…တူ….တူ.. ဟူး…. ကျွန်တော် ခေါ်ဆိုလိုက်သော ဖုန်းနံပါတ်မှာ ဝင်သွားပြီ ဖြစ်သော်လည်း တစ်ဘက်က မကိုင်သေးသောကြောင့် သက်ပြင်းရှည်ကြီး ချမိသည် ။ ကျွန်တော် ခေါ်နေသော ဖုန်းနံပါတ်မှာ ၊ ကျွန်တော့် မိန်းမ ၏ […]


loneOctober 11, 20111min26422
သီတင်းကျွတ်ဆိုတော့ Lone တို့ ဓလေ့ ထုံးစံအရ သူကြီးကို လေးစားစွာနဲ့ ကန်တော့လိုက်ပါတယ်….ရွာထဲမှသူကြီးနှင့်တကွ lone ထက်အသက်ကြီးသူ အစ်ကို အစ်မ အားလုံးကို lone က ဒီကနေပဲ…ကာယကံတော့ပါမယ်မထင်ပါဘူး… ဝစီကံ မနောကံ  နဲ့ တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွှတ်ပေးပါ လို့ ပြောပါရစေနော်…….. 🙂 … သူကြီးအတွက် ကန်တော့ ပစ္စည်း…. ဒါကတော့ သူကြီးကတော်အတွက် အသည်းပုံလေးနဲ့…. ဒါကတော့ အစ်ကိုတွေအစ်မတွေအတွက် …… lone တို့ စိန်တိုက်က လေ….lone ကကန်တော့ ပြီးပြီဆိုတော့ ထုံးစံအတိုင်း…. မုန့်ဖိုး….ဟဲဟဲ….. 🙂


moonpoemOctober 10, 20111min76114
ကျွန်မတို ့တတွေကျန်းမာရေး မဂ္ဂဇင်း ဖတ်သောအခါတွင်လည်းကောင်း၊ ဖက်ရှင်မဂ္ဂဇင်း ဖတ်လျှင်သော်လည်းကောင်းတွေ ့ရသည်က ကျန်းမာရေးကောင်းစေရန် လုပ်ရမည့် လေ့ကျင့်ခန်းများ၊ အလှအပဆိုင်ရာ မေးခွန်းတွေ ဆောင်ရန် ရှောင်ရန်တွေသာဖြစ်သည်။ ဗဟုသုတရသည့်အတွက် ဒီစာတွေ ဖတ်ရတာ အကျိုးများပါသည်။ သို ့သော် သူတို ့တွေ မသိတာ တစ်ခုရှိသေးသည်။ ကျွန်မတို ့သည် ရုံးခွင့်ယူချင်သောအခါများတွင် ချောင်းလေးလောက်တော့ ဆိုးပြတတ်ရမည်။ နှာစီး နေတတ်ရမည်လေ။ ထို ့အတွက်ကြောင့် ခဏတစ်ဖြုတ် ကျန်းမာရေးမကောင်းရန်အတွက် ပြုလုပ်ပုံ ပြုလုပ်နည်းများ ဂျာနယ်များတွင် မပါဝင်သေး။ အဲပြီးတော့ ရှိသေးသည်။ ဒါကတော့ အစိုးရရုံးတွေမှာ အဖြစ်များသည်။ ကောင်မလေး နည်းနည်းပါးပါး ကြည့်ကောင်းပြီဆိုလျှင် ချောပြီဆိုလျှင် ဘာဖွင့်ပွဲ ညာဖွင့်ပွဲအတွက် ဖဲကြိုးကိုင်ရန် ဗန်းကိုင်ရန် အစုံကိုင်ရန်ရုံးပိတ်ရက်တွင် ပိုက်ဆံမရသောဖွင့်ပွဲ ပိတ်ပွဲ […]


မောင် ပေOctober 10, 20111min40934
ဝမ်းနိုက်ဝမ်းပေါ့ ဘယ်လို ဝမ်းနိုက် လဲ ဆိုတော့ လပြည့်ည ကြီး … ဘယ်လို လပြည့်ညကြီး လဲ ဆိုတော့ တစ်ရွာလုံး ဆူညံနေအောင် ဗြောက်တွေ ဖောက်တဲ့ ဆူဆူပူပူည … ဘယ်နေရာတွေ ဆူပူနေလဲ ဆိုတော့ ရွာရဲ  ့အနောက်မြောက်ပိုင်းတွေ မှာ … ကြာပါပြီလေ…မောင်ပေ တို ့ရွာ ဆူဆူပူပူညံနေခဲ့တာ တွေဟာ ။ ဒီလပြည့်ည မတိုင်ခင် ကတည်း ကို က ၊ ရွာအနောက်မြောက်ပိုင်း က လူတွေ ဗြောက်အိုး အရမ်းဖောက်နေခဲ့ကြတာမလား ။ သက်ကြီးရွယ်အိုတွေ ဆိုရင် နားပူလွန်းလို ့၊ တစ်ခြားကို ခဏပြောင်းရွှေ  ့တဲ့သူလဲ ရွှေ  ့ကုန်ကြတာပေါ့ ။ သူတို ့ဟာ […]


comegyiOctober 9, 20111min12111
သင်ဟာ ဘယ်လို ရုပ်ဝတ္ထုပစ္စည်းကို ကိုင်ဆောင်လေ့ရှိကြောင်း၊ သင်ဟာ ဘယ်လောက်တောင်အဆင့်မြင့် ဈေးကြီးပေမဲ့ ဒီလိုရုပ်ဝတ္ထုပစ္စည်းမျိုးကိုတော့ သုံးစွဲလို့ လုံးဝ အဆင်မပြေတဲ့ အကြောင်း၊ နည်းနည်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ လက်ရှိ  ဘယ်နိုင်ငံမှာ ရောက်ရှိနေတဲ့အကြောင်း၊ သင်ဟာ ဘယ်လို ရာထူးမျိုးရထားပြီး ဘယ်လိုအတတ်ပညာအဋ္ဌာရသတွေ တတ်မြောက်ထားတဲ့အကြောင်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ ဒီကမ္ဘာမြေကြီး မှာဖြစ်ပေမဲ့ အခြားတစ်နိုင်ငံကိုရောက်နေတဲ့အတွက် ကိုယ့်နိုင်ငံကြီးကိုအလွန်ပင် သနား နှစ်သိမ့်သလို ( ယုန်သူငယ်လိုမျက်နှာထားဖြင့်) ပြန်ကြည့်ပြီး သကာလ ကိုယ့်ကိုယ်ကိုယ် တန်ခိုးရှင်တစ်ယောက်လို ထင်ယောင်ပါ။ မိမိ နိုင်ငံသားများကိုပြောဆို ဆက်ဆံသောအခါ အလွန်သနားသောလေသံ၊ အလွန် သဘောထားပြည့်ဝသော လေသံဖြင့် ဖေးဖေးမမ ပြောဆိုဆက်ဆံပါ။ ပြီးတော့ သင်ဟာ သင်ကိုယ်ရည်သွေးဖို့ရာ အကြောင်းကိစ္စများကို လိမ်မာပါးနပ်စွာ တွေးတော […]


စဆရ ႀကီးOctober 9, 20111min23815
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ရိုက်ခတ်မှုဒါဏ်သည်ကား အတော်လေးပင် ပြင်းထန်လှပေစွ.. ဆင့်ကာပူရ (Singapura) ခေါ်၊ စလုံးဟု အများက ခေါ်ဝေါ်ကြသောနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော လစာနည်းမြန်မာလုပ်သားများမှာကား အတော်လေးပင် ဒုက္ခရောက်ကြတော့သည်။ ထိုအထဲတွင် ကျွန်တော်သည်လည်း အပါအဝင်ဖြစ်တော့သည်။ Fair Price မှ ၅ ကီလို တစ်အိတ်လျင် ၄ ကျပ်ခွဲခန့်ပေးနေရရာမှ တစ်အိတ်လျင် ၁၂ ကျပ်ခွဲထိ တိုးသွားခြင်း၊ ဆီဈေး၊ MRT ခများတိုးသွားခြင်း၊ Bus ကားခများ တိုးသွားခြင်း၊ မြန်မာကျပ်ငွေနှင့် စင်္ကာပူဒေါ်လာ လဲလှယ်နှူန်းမှာ ၉၀ဝ နီးပါးမှ ၆၅ဝ ထိ ကျဆင်းသွားခြင်း၊ လုပ်ငန်းခွင်တွင် Overtime များလျှော့ချလာခြင်းကြောင့် ယခင်က တစ်လ ၃ သိန်းခန့်သာကျန်သော ဖွတ်ကလိဒင်္ဂါးမှာ တစ်လ တစ်သိန်းကျန်ရန် မနည်းပင် စုဆောင်းရတော့သည်။ […]