etoneMay 24, 20111min47343
ရှင်တို့ကို ပြောပြရဦးမယ်…. ဟိုး လွန်ခဲ့တဲ့တစ်ရက်ကပေ့ါရှင် … ကျမ ရုံးသွားတဲ့ မနက်စောစော ရာသီဥတုက မှုန်ဝါးနေတယ်…. ။ လမ်းမီးကလည်း မလာတချက် လာတစ်ချက်နဲ့ … မနက်စောစောမို့ လူသွားလူလာလည်း ရှင်းပါတယ် … ဒီအချိန် မမြင်ရတဲ့ နာနာဘဝများ လိုက်နှောက်ယှက်လျှင် ကျမဘယ်လိုများ နေရပါ့မလဲ စဉ်းစားမိပြန်တယ်… ကျမ မသိချင်ယောင်ပဲ ဆောင်ပြီး ဟန်မပျက်လမ်းဆက်လျှောက်မလား ၊ အော်ဟစ် အကူညီတောင်းမလား ၊ လာရာလမ်းပြန်ပြေးမလား … ကြိုပြီး စိတ်ပူနေမိတယ်… ။  နောက်ဆုံး ကျမ ဆုံးဖြတ်လိုက်တယ်…. အရိပ်အားဖြင့်သော်လည်းကောင်း ၊ အသံအားဖြင့်သော်လည်းကောင်း နှောင့်ယှက်လျှင် ကျမထွက်ပြေးမှာပါပဲလို့ပါ …. ။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ… အကြံကြီးစွာနဲ့ … လူပြတ်လွန်းပြီး […]


etoneMay 18, 20111min22017
နောက်တယောက် အလှည့်ကျတော့ ….ရာထူးတိုးပြီး နယ်ချထားခံရတာကြောင့် မပြောင်းရွှေ့ချင်လို့ ဓါတ်ရိုက်ဓါတ်ဆင်လာလုပ်တာပါ… ဆရာမမှာ အထူးစပယ်ရှယ် အော်ဒါမှာထားပုံရတဲ့ ခုံဖိနပ်တွေ အများကြီးတွေ့ပါတယ်… ဖိနပ်ပေါ်မှာ ကာယကံရှင်ရဲ့ နေ့နံ အသက်တွေ ရေးပြီး စမတွေ ဆွဲပါတယ်… ဘာဆွဲတာလဲတော့ကျမလည်း မသိပါဘူး ကောက်ကွေးတွေများလွန်းလို့ ဘာစာလုံးမှန်း သေချာမှန်းလို့မရပါဘူး … ။ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ပါတယ်… ။ သူ ရွတ်လို့လည်း အားရရော… ရော့အင့်ဆိုပြီး ခုံဖိနပ်ကို ကာယကံရှင်လက်ထဲ ထည့်လိုက်ပါရော… ဟိုအမျိုးသမီးခမျာ ပါးစပ် အဟောင်းသားနဲ့ …. ဖိနပ်ပေးတော့ ချစီးရမလိုလို… ခေါင်းအုံးလုပ်ပြီး အိပ်ရမလို အူတူတူနဲ့ မျက်လုံးလေးကလည်လည်နဲ့ ဆရာမကို ပြန်ကြည့်တယ်ပေ့ါ…။ အထာနပ်တဲ့ ဆရာမက …ဖိနပ်ကို ကိုင်ပြီး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်မဟုတ်လား …အဲ့ဒါက […]


etoneMay 18, 20111min13912
ဗေဒင်တို့၊ ယတြာတို့ ၊ ဓါတ်ရိုက်ဓါတ်ဆင်လုပ်တာတို့ ဆိုတာ ယုံရလည်းခက် … မယုံရလည်းခက်တယ်နော်… ။ တချို့ အရမ်းကိုယ ုံကြည်တဲ့ လူတွေကတော့… ဘာလုပ်လုပ် ဗေဒင်လေးမေး ယတြာလေးချေပြီးမှပဲ လုပ်တတ်ကြပါတယ်… ။ လုပ်ငန်းအဆင်ပြေစေဖို့ဗေဒင်ရဲ့ အကူညီကိုယူတာပါ… ကဲပါလေ… ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်မယုံတဲ့လူဆိုတာတောင် အနည်းကျဉ်းတော့ စိတ်ဝင်စားကြတယ်မဟုတ်လား… ။ ကျမလည်း ဗေဒင်ကို ယုံတော့မယုံဘူး … စိတ်တော့ဝင်စားတယ်လေ… ။ စပ်စုတတ်တဲ့ အရင်းခံစိတ်ရှိတာမို့ … ဂျာနယ်တွေမှာပါတဲ့ တပတ်စာဗေဒင်ဆို အလုပ်တခုလို ဖတ်ရတာ အမောပဲ… ။ ဒါပေမဲ့ ကျမဖတ်တာက ရက်လွန်ဗေဒင်တွေပါ… လဆန်းအတွက်ဟောထားတာဆိုလျှင် ကျမက လဆုတ်ပိုင်းလောက်ရောက်ကာမှ ဖတ်တာပါ… ။ ဟုတ်မဟုတ် အဖြေတိုက်တဲ့ သဘောနဲ့မို့လေ… ။ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့ […]


captainamericaMay 16, 20111min20920
ဖန်ဆင်းရှင်ဘုရားသခင်သည် ကမ္ဘာ၌မြည်းသတ္တဝါကို ဖန်ဆင်းပြီးနောက် ယင်းမြည်းသတ္တဝါများကိုပြောကြားသည်မှာနေထွက်သည်မှနေဝင်သည်အထိ မောင်မင်း၏ကျောပေါ်တွင ်အလေးအပင်များတင်ဆောင်ကာ လူသားများအတွက် မမောနိုင်မပန်းနိုင်အလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း အစားအစာအဖြစ်မြက်ကို သာစားသောက်ရမည်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့ရမည်ဖြစ်ကြောင်း မောင်မင်း၏သက်တမ်းကို အနှစ်(၅၀)သက်မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြားခဲ့သည်၊၊ ထိုအခါမြည်းသတ်တဝါက “အဖဘုရားသခင်ကျွန်တော့်အတွက်အနှစ်(၅၀)ကကြာလွန်းလှပါတယ် အနှစ်(၂၀)သာပေးသနားတော်မူပါဘုရား”ဟုပြန်လည်လျှောက်ထားခဲ့ရာဘုရား သခင်က “ကောင်းပြီမောင်မင်းဟုခွင့်ပြုခဲ့ပါသည်…. ထိုနောက်ဘုရားသခင်သည် ခွေးသတ္တဝါအားဖန်ဆင်းပြီးနောက်ထိုခွေးသတ် တဝါအား မောင်မင်းသည် ်လူတို.၏အကောင်းဆုံးအဖော်မွန်အဖြစ်နေထိုင်လျှက် သူနှင့်သူအိမ်ကိုစောင့်ရှေက်ပေးရမည်ဖြစ်ကြောင်း သူဘာကျွေးကျွေးစားသောက်ရမည်ဖြစ်ကြောင်းနှင်. မောင်မင်း၏သက်တမ်းကို(၂၅)နှစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြား ခဲ့ပြန်ပါသည် ထိုအခါခွေးသတ္တဝါက “အိုဘုရားသခင် ကျွန်တော်အတွက်(၂၅)နှစ်ဆိုတာကြာလွန်းလှပါတယ် (၁၀) နှစ်သာသတ်မှတ်ပေးပါဘုရား” ဟုပြန်လည်လျှောက်ထားရာ ဘုရားသခင်က “ကောင်းပြီ မောင်မင်း” ဟုခွင့်ပြုခဲ့ပြန်သည် တဖန်ဘုရားသခင်သည် မျောက်သတ္တဝါအားဖန်ဆင်းပြီးနောက်ထိုမျောက် သတ္တဝါအား မောင်မင်သည်သစ်ပင်တစ်ပင်မှ အခြားအခြားတစ်ပင်သို.ခုန် ပျံကျော်လျွားလျှက် အသီးအနှံများကိုခူးယူစားသောက်ကာကလေးကလား ပေါကြောင်ကြောင်အလုပ်ကိုလုပ်လျှက် မောင်မင်းကိုယ်တိုင်သဘောကျပြုံး ရွှင်ရယ်မြူးနေရမည်ူဖစ်ကြောင်းနှင့်မောင်မင်း၏သက်တမ်းကိုအနှစ်(၂၀)သက် မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြားတော်မူခဲ့ရာ မျေက်သတ္တဝါမှ ” အို […]

security_guard_icon2.png

SnowyMay 5, 20111min17713
တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။ သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်… “ဟားလို” “ကိုဖိုးကျော်လား ဗျာ” “ဟုတ်ပါတယ်” “ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ” အောင်မယ်လေး…ရှည်းလျားတော်မူလို   က်တဲ့နာမည် “အော်…အေး…ပြော မောင်မီးသွေး” “မင်းသွေး ပါဗျ” “ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံ း” “ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား” “အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား” “အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ” “အော်…ဒီလိုလား” “ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ အကူအညီတောင်းဖို့ မှာလိုက်လို့” အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့ […]


bigbirdMay 1, 20111min1797
တစ်နေ့သောအခါရဲ့ ညနေခင်းအချိန်မှာ မောင်ရဲလင်းတစ်ယောက် အိမ်ကမိဘတွေကို သတင်းကောင်းအသိပေးဖို့ဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ အပြေးလေးရောက်လာခဲ့ပါတယ်။ ” ဖေဖေ၊မေမေ ..သားတို့မြို့က အချောဆုံးကောင်မလေးတစ်ယောက်နဲ့ သားလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီး၊ သားတို့တစ်လမ်းကျော်က ဝတ်ရည်ဆိုတဲ့ကောင်မလေးပါ။” ညနေစာ စားပြီးချိန်မှာတော့ အဖေဖြစ်သူက သားဖြစ်သူကို နှစ်ယောက်ထဲစကားပြောဖို့ဆိုပြီး အပြင်ကိုခေါ်သွားပါတယ်။ ” သားရေ..မင်းအမေနဲ့အဖေနဲ့ညားကြတာ နှစ်အတော်ကြာပေမယ့် မင်းအမေဟာ အစစအရာရာ တာဝန်ကျေခဲ့ပါတယ်။ ဇနီးကောင်းတစ်ယောက်ဆိုရင်လဲ မမှားဘူးပေါ့ကွာ။ ဒါပေမယ့်..အဖေသဘောမကျတာ တစ်ခုတော့ ရှိတယ်ကွ၊ ညအခါကျရင် အဖေ့အပေါ် တာဝန်မကျေချင်ဘူး၊ ဒါကြောင့်မို့ အဖေလဲ အငယ်အနှောင်းတွေ ရှိနေတာ မင်းအဖေ့အပေါ်နားလည်ပေးပါ၊ နောက်ပြီးအဓိက အဖေပြောချင်တာက ဝတ်ရည်ကို မင်းလက်ထပ်လို့ မဖြစ်ဘူးကွ၊ သူက မင်းနဲ့ ဖအေတူ မအေကွဲ မောင်နှမတော်နေလို့ပါကွာ” ရဲလင်းတစ်ယောက် ဝမ်းနည်းပက်လက် အသည်းတွေကွဲကြေစွာခံစားခဲ့ရတာနှစ်အတော်ကြာ၊ ဒီလိုနဲ့ ဒဏ်ရာဟောင်းကို ကုစားဖို့ […]

bur-newspaper1.jpg

သဂျီးခင်ဗျား ကျနော်လည်း ရွာသား eros လို တပတ်အတွင်း သတင်းကဏ္ဍတခု တင်ဆက်ချင်ပါတယ်။ သူနဲ့ခေါင်းစဉ် မတူအောင် စီစဉ်ထားပါတယ်။ သူ့လိုပဲ Sticky ပို့စ်တင်ပေးပါ။ တင်းမပေးရင်တော့ သဂျီးက နအဖသူလျှို၊ ဖော်လံဖား ဖြစ်ရမယ်၊ ဝိုင်းချကြပါဗျို့….. ၁။ ဒယ်ဒီ့သားအာဘော – ဒေသဖွံ့ဖြိုးရေး တံတားများတိုးမြှင့်တည်ဆောက်၊ တံတားများ ရေရှည်တည်တံ့ရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ၂။ မွန်ပြည်နယ် သစ်ခုတ်ဝံကြီး စိုက်ခင်းများကြည့်ရှုစစ်ဆေး ဝန်ကြီးဦးဝင်မော်ဦး … မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံမှာကြား….. ၃။ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ပကိုယ်စားလှယ်တွေ့ဆုံ အဖွဲ့ဝင်၂၂ဦးပါဝင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့….. ရင်းနှီးစာ ဆွေးနွေး… ၄။ ယဉ်မတော်တဆမှု အစဖျောက်ရေး ကျိုင်းတုံမြို့၌ ကွင်းဆင်းစစ်ဆေး ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး….စည်းကမ်းလိုက်နာရေး.. ကွင်းဆင်းစစ်ဆေးခဲ့… […]


လူကြီးများရန်ဖြစ်နေကြသည်…ခလေများမပါကြေး စပ်စုတတ်လျှင်ချောင်းကြည့်နိုင်ပါသည်….တက်နင်းမိလို့အိုုပုတ်ကွဲမည်သတိထားပါ တုတ်ဆွဲဒါးဆွဲဖြစ်လျှင်ဝေးဝေးနေပါ…..ပစ်ကြခတ်ကြဖြစ်လျှင်မျက်လုံးမှန်နိုင်သည် နဖူးကွဲမြည်သတိထားပါ…..။။။။     သူကြီးရောက်လာပြီ….နှစ်လုံးပြူးလည်းပါသည် ကျည်ဆန်ကတော့အိမ်မှာမေ့ကျန်နေခဲ့သည်….သူကြီးမဒံလိုက်လာပေးမှာသေချာသည် ရဲဆေးတင်တာအော်ငေါက်ထုတ်ရသည်…..အရေးမလုပ်သူထိတ်တုံးခတ်မည် ရပ်ကြည်သူများသက်သေပါနိုင်သည်……။။။။။     သူကြီးအိမ်မှာအကုန်စုကြပြီ…..ခြံစည်းတန်းကစောင့်လို့ကြည့်ကြသည် တိုင်တဲ့သူလည်းပါသည်ဖွတဲ့သူလည်းပါသည်….သက်သေများကိုသေချာစစ်မေးသည် သူကြီးခေါင်းကုတ်နေတာပဲတွေ့ရသည်….အလွန်ကြီးတဲ့ပြသနာပဲဖြစ်ရမည် ခလေးများမို့သိပ်မတွေးတတ်ပါ…. ရွာပြင်ထွက်လို့ငှက်ပစ်နေတာပဲကောင်းပါ၏…


ဆူးApril 22, 20111min20515
ပျားလေး ဖိုးတုတ်တို့ မိသားစု အိမ်ပြောင်းဖို့ လိုနေပြီ။ ဖိုးတုတ် မိခင်က သားတို့ရေ.. အမေတို့ ဒီအရပ်ကနေ ခွာပြီး တခြား တနေရာမှာ အခြေချပြီးနေနိုင်အောင် လုပ်ပါအုန်း။ သားတို့ အဖွဲ့ နေရာသစ် တခုကို ရှာပြီး လာပြောပါအုန်း။ ပြီးရင် ဒီကနေ ထွက်ခွာပြီး ပြောင်းနေကြရမယ်။ မိခင်ပျားမကြီးရဲ့ စကားကို မြေဝယ်ကျ နားထောင်တဲ့ ပျားကလေး ဖိုးတုတ်ကတော့ အိမ်ကနေ ထွက် အစာရှာထွက်ရင်း အိမ်ပြောင်းရွှေ့နိုင်ရန် နေရာလိုက်ကြည့်ခဲ့တယ်။ ပန်းခြံ တခုက ပန်းခင်းထဲမှာ ပန်းဝတ်ရည်များ စားသုံးပြီး အနားမှာ ရေကန်လည်းတွေ့တော့ ဒီလိုနေရာမှာ နေမယ်ဆိုရင်တော့ စားဖို့ ပူစရာ မလိုဘူး ဟု ဆုံးဖြတ်ချက်ချပြီး အိမ်ဆောက်ဖို့ နေရာလိုက်ကြည့်တဲ့ အခါ အိမ်ပုပုလေး တခုတွေ့တယ်။ […]


minhtettharApril 16, 20111min1063
သူငယ်ချင်းရဲ့…ဟာသလေးတစ်ခုရယ်ရလို့ဝေမျှလိုက်ပါတယ်စာသားကတော့နဲနဲပြောင်းထားတယ်။ ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို စီစဉ်သူပွကြီး၊ တွေ့ဆုံမေးမြန်းသူပွကြီး၊ ပြန်လည်ဖြေကြားသူ ပွကြီး တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။. “ဖြောင်း….ဖြောင်း…ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ) စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..” အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်များထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။ “ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ပြီး ထွက်လာပါပြီ။ သူကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့ မစ်ဆတာပွကြီးဘဲဖြစ်ပါတယ်” ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ပွကြီးသည် အကျင်္ီပွပွကြီးကို […]