နွေဦးNovember 27, 20121min1909
ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက “သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း” “အထက်လူကြီးကို မပြောရသော စကားလုံးများ” စတာတွေဘဲ အတွေ့များပါတယ် ။ ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်  ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ…..တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ […]


ဖုန်း … သွားဆက်မိပါတယ်.. အကြွေမရှိလို့ စက္ကန့် (၂၀) ကို ထားတော့ တစ်မိနစ် ၁၀ဝ တဲ့ .. ကိစ္စမရှိပါဘူး..။ ကား … ဟိုးနားဒီနား သွားစီးမိပါတယ်.. အကြွေမရှိလို့ ၁၀ဝ တဲ့ ထားတော့ ကိစ္စမရှိပါဘူး ..။ ဆိုင် … တစ်ဆိုင်ကို ဝင်ပြီးတော့ ဆေးလိပ်မီးညှိတယ် ၂၀ဝ တန်ပေးတော့ ၁၅ဝ ပြန်အမ်းမပေါ့ .. ၁၀ဝ တန်ကို ချိုချဉ်တစ်လုံးနဲ့တွဲလို့ လက်ဝယ်ရောက်လာ၏ ထားတော့ ကိစ္စမရှိပါဘူး..။ ဟိုနေရာ ဒီနေရာ အကြွေမရှိလို့ ဒီနေရာ ဟိုနေရာ အကြွေမရှိလို့ တစ်လကို ၁၀၀၀ဝ လောက်က အကြွေမရှိသူတွေကို လုပ်ကြွေးနေရပါပေါ့ .. ထားတော့ ငါက သူကြွယ်ဆိုလဲ … […]


black chawNovember 23, 20121min39941
ဆောင်းတွင်းဖြစ်ပြီး ဆောင်းတွင်းမပီသတဲ့ ဆောင်းရာသီ…။ နွေနေ့လယ်ခင်းတွေလို ပူပျင်းခြောက်သွေ့လွန်းတဲ့ ဆောင်းရာသီ…။ အိုဘယ့်…သောက်မြင်ကတ်စရာကောင်းလိုက်ပါတဲ့ ဆောင်းရာသီ…။ ဒီလိုနဲ့ပဲ…ပူလောင်ခြောက်သွေ့တဲ့ ဒီဇင်ဘာဆောင်းရက်တွေကို ဖြတ်သန်းတိုးဝင်ရဦးတော့မှာပါလား…။ အင်း…ဒါလည်း ပါရာဒိုင်း အပြောင်းအလဲလို့တောင် ပြောလို့ရနေပြီလားမသိ…။ ရောင်စုံအနွေးထည်တွေဝတ်ပြီး ဟန်ရေးပြဖို့ပြင်နေတဲ့ မန်းဂဇက်ရွာသူ မမ အတွက်တော့ ဒီနှစ်ဆောင်းက အမြင်ကတ်ချင်စရာကောင်းလွန်းပါတယ်…။ ဒီကြားထဲ ပို့စ်မော်ဒန်မိုးက နားလည်ရခက်လောက်အောင် တစ်ခါတစ်ခါ ထထရွာနေတတ်သေး…။ ဆောင်းတွင်းရဲ့အေးချမ်းမှုတွေကို အုပ်ထိန်းသူရင်ခွင်နွေးနွေးမှာ ခိုနား ပျော်ပါးဖို့ကြံစည်ထားတဲ့ မန်းဂဇက်ရွာသား ရွှေတိုက်စိုး လေးခင်ဗျာ…ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး အုပ်ထိန်းသူကိုထွေးပွေ့ရတော့မယ့် အပေါက်မျိုးကြီးပေါ့…။ လူလယ်ကြီးလုပ်ပြီး ဆောင်းရာသီကိုမှ ရွေးလို့ မင်္ဂလာဆောင်တာတဲ့လား ရွှေတိုက်ရေ…။ အေးပါကွာ…။ ဘဝဆိုတာ ဒီလိုပါပဲ…။ အေးမယ်ထင်ရပေမယ့် ပူချင်ပူနေတတ်ပါတယ်…။ ပူမယ်ထင်ရတဲ့ နေရာကျတော့ အေးချင်အေးနေတတ်ပြန်ရော…။ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့…။ ထောင်ချောက်တွေကိုလည်း ကြည့်တတ်မြင်တတ်ဖို့လိုသေးတယ် ညီလေးရေ…။ အကိုတို့တုန်းကလည်း […]


ဒီကိစ္စ ပို့စ်တင် ဆွေးနွေးတာ ကျနော်က လူ့အခွင့်အရေး၊ ဥပဒေရေးရာတွေ သိ တတ် နားလည်လွန်းလို့ရယ်လို့ မဟုတ်ပါ ကိုယ့်စိတ်ထဲ မရှင်းတာလေးကို ရွာထဲက ကိုယ့်ထက် အသိပညာ ဗဟုသုတ အတွေ့အကြုံ ရှိသူများက ဘယ်လို ပြောပြနိုင်မလဲ သိချင်လို့ မေးတဲ့သဘော အစဆွဲထုတ်ကြည့်တဲ့ သဘောပါဗျ။ (သေချာသိပြီးသွားရင် ချက်ကျလက်ကျ ပြန်ပြောလို့ရအောင်လို့ပေါ့) သိကြတဲ့ အတိုင်းပဲ.. ကျနော်တို့ နေပြည်တော်ကြီးမှာက မင်းစိုးရာဇာ ပွဲလမ်း အခမ်းအနားတွေကများတာကလား..။ တော်ကြာ ဘုရားပွဲ ထီးတင်ပွဲ၊ ဟိုဟာဖွင့်ပဲ ဒါပိတ်ပွဲနဲ့။ ပြည်ထောင်စုပွဲလည်းပါရ၊ အားကစား လမ်းလျှောက်ပွဲလည်း ပါရပေါ့။ ကျနော်တို့ခမျာလည်း သူ့ဆန်စား ရဲရတဲ့သူတွေဆိုတော့ကာ  တစ်ရုံးကို အင်အား ၅၀၊ ၁၀ဝ ဆိုတာမျိုး တောင်းတတ်လေတော့ကာ ပါရပြီပေါ့။ ၂၀၁၃ မှာ […]


ကထူးဆန္းNovember 17, 20121min27440
ဘာရယ်မဟုတ ်။ တစ်ကျော့ပြန် မေးခွန်းလေးပါ ။ လင်းယုန်တို့ မြန်မာပြည်မှာ ခြေချတော့မှာပါ ။ မြန်မာနိုင်ငံ တံခါး ဖွင့်လာ တဲ့ ရှစ်လ အကြာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခြေချခဲ့ပါသည် ။ အဲ့ဒီ့တုန်းက Myanmar ဆိုတဲ့ အခေါ်အဝေါ်ကို ရှောင်ကွင်းခဲ့ပါသည် ။ အခု လ ၂ဝ အကြာမှာ အမေရိကန် သမ္မတ မြန်မာပြည်ကို ခြေချပါတော့မယ် ။ အခြား ပြောင်းလဲ ခဲ့တဲ့ နိုင်ငံတွေဆီ အမေရိကန် သမ္မတ သွားရောက်ခဲ့တာ နဲ့ ဆိုရင် အရမ်း မြန်လွန်းနေပါတယ် ။ လမ်းကြုံလို့ဘဲဝင်ဝင် ၊ သူ့ နိုင်ငံကစီးပွားရေး ကုမ္မဏီတွေ မြန်မြန်ဆန်ဆန်ဝင်နိုင်အောင် အားပေးတာဘဲဖြစ်ဖြစ် ၊ အစိုးရ […]


:chee: ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသောအဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ :chee: ကျွန်မရဲ့ရသစာပေတစ်ပုဒ်ကို အစမရရအောင်ဆွဲထုတ်ပြီးငြင်းခုံပွဲကြီးတစ်ရပ်ကျင်းပနေတဲ့အဘဖောထံကျွန်မ ဝင်မမန့်ဖြစ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် အစကတော့ကျွန်မတို့ကျောင်းမှာကထိန်အတွက်တော်တော်လေးအလုပ်ရှုပ် နေပါသောကြောင့်။ သို့သော် ကျွန်မဝင်အငြင်းပွားစရာမလိုသည့်အတွက်ကြောင့် ဝင်မမန့်ဖြစ်ပါ။ ကျွန်မကအဘဖောကိုလေးစားသူအနေနဲ့သတ်မှတ်ပါတယ်လို့ စိတ်ဝယ်မခံစားမိသလိုအဘဖောက တစ်ယူသန်ကြီးဟုလည်းမမြင်ပါ။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်မို့လို့ပါ။ အဘဖောက ကျွန်မပို့စ်မှာအတင်းဝင်ငြင်းပေမယ့် ကျွန်မကအဘပို့စ်မှာဝင်မငြင်းခြင်းဟာ အဘကိုအမြင်စောင်း၍မဟုတ်ပါ။ အဘရဲ့ကြီးပွားကြောင်းစာစုတွေဟာ ချမ်းသာချင်တဲ့သူတွေတကယ်လိုက်နာရင် တကယ့်ကိုအသုံးဝင်ပါတယ်။ သို့သော် ကျွန်မရဲ့ခံယူချက်ကကျတော့ တစ်မျိုးဖြစ်နေတာနဲ့ ကျွန်မဝတ္ထုတိုနဲ့စတဲ့ဆွေးနွေးပွဲကြီးမှာ ကျွန်မကငြင်းတဲ့ဘက်ကမပါဝင်ခြင်းပါ။ (အဘဖောကိုချစ်ခင်ရင်းနှီးလိုတဲ့စိတ်ရင်း အလျဉ်းရှိပါတယ်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မနေ့ညကရွာထဲဝင်မိပေမယ့် သူများတွေမန့်ထားတာပဲဝင်ဖတ်ရင်း ဝတ္ထုတိုတစ်ပုဒ်သာအပြေးအလွှားတင်သွားနိုင်ပါ တယ်။ အဘနဲ့ကျွန်မစခဲ့တဲ့ကိစ္စမှာကျွန်မဝင်မန့်ဖို့ရာဝင်ကြည့်ပြန်တော့ မန့်ထားတာတွေတော်တော်တောင်များနေပါပြီ။ ကျွန်မအတွက်ကတော့ဆင်းရဲသားတွေဆင်းရဲတာကိုအပြစ်တင်သင့်၊မတင်သင့် ငြင်းဆန်ရန်လုံးဝမရှိ။ ထို့အတွက် အဘရဲ့အငြင်းစကားဝိုင်းတွင်ဝင်မမန့်ဖြစ်တော့ပါ။ ကျွန်မရဲ့ခံယူချက်နဲ့သဘောထားလေးကိုပဲထုတ်ဖော်ဆွေးနွေးပါရစေ။ အားလုံးကလည်းပြန်ဆွေးနွေးမယ်လို့မျှော်လင့်ပါတယ်ရှင်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်မ၏စိတ်ရင်းအမှန်ကိုတစ်ချက်တင်ပြပါရစေ။ ကျွန်မသည်ငယ်စဉ်ကအတည်းက ကိုယ့်ထက်နိမ့်ကျတဲ့သူငယ်ချင်းများကိုပေးကမ်းကျွေးမွေးရတာဝါသနာထုံ သည်။ သူတို့ဘာကြောင့်ဆင်းရဲလဲဆိုတာကျွန်မအတွက်မလိုအပ်။ကျွန်မအတွက်ကတော့ မရှိဆင်းရဲသားတစ်ယောက ကိုပေးကမ်းချင်တဲ့ပရဟိတအငယ်စားလေးတွေအမြဲလိုလိုကိန်းအောင်းနေတတ်သည်။ ကျွန်မသည်ကိုယ့်ကိုယ်ကိုမို့အမွှန်းတင်သည်မဟုတ်။ကျွန်မရှေ့မှာသူများမကောင်းကြောင်းအတင်းအဖျင်းများ လာပြောလျှင်မကြိုက်တတ်။ကျွန်မကိုယ်တိုင်လည်း […]


နွေဦးNovember 14, 20121min20512
နွေဦးတယောက် ခလေးတယောက်မွေးပြီး ရွာလယ်လမ်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လွှတ်လိုက်တယ်လို့  ဆိုပြီး သူတကာ အပြစ်မပြောခင် ကိုယ့်ဖါသာ စဉ်းစားမိလို့ ဘယ်လို ဆင်ခြေပေးရကောင်းမလဲ တွေးမိသွားတယ်..။ တော်သေးတာပေါ့..။ကိုယ်ဆွေမျိုးသားခြင်း များနေတဲ့ ဒီလို ဂေဇက်ရွာထဲလွှတ်လိုက်မိလု့ိပေါ့ ။ တခြားရွာထဲများ သွားလွှတ်မိ လို့ကတော့ ဂျို နဲ့ သားရေနဲ့ အရိုးနဲ့ အသားနဲ့ ရစရာမရှိလောက်အောင် စုတ်ပြတ်သတ်သွားမှာ  ။ တွေးမိရင်းကြက်သီးတောင် ထမိပါရဲ့ ။ ကိုယ့်ခလေး ရွာထဲ တုံးလုံးလေး ဝင်သွားပေမဲ့ ရွာထဲကလူတွေက ဖေးဖေးမမ ကြည့်ကြ ပြောကြတာတွေ နွေဦး နောက်က တိတ်တိတ် စောင့်ကြည့်နေခဲ့ပါတယ် ။ တချျို့ကတော့ “ခလေးက ဖြူဖြူချောချောလေး ” ဆိုပြီး ဝိုင်းချီမွမ်းကြတယ် ။ တချို့ကြတော့လဲ “ဒီကောင်နွေဦး ခလေးသာမွေးလိုက်တယ် အင်္ကျီ ဘောင်းဘီလေးတွေတောင် မဆင်ပေးလိုက်ရကောင်းလား”ဆိုပြီး ဂရုဏာ တွေနဲ့ ပြောကြ ဆိုကြတယ် ။ ဒါတွေကိုလဲ နွေဦးက နောက်က တိတ်တိတ်လေး ပီတိတွေနဲ့ နားထောင်နေခဲ့ပါတယ် […]


KyaemonNovember 11, 201233min1711
ဒေါ်စုရောက်ခဲ့တဲ့လန်ဒန်ကို ဒို့လဲစိတ်ကူးဘဲဖြစ်ဖြစ် ရောက်ဖြစ်အောင် ‘ရောက် ‘ ခဲ့ ပြီး ပို၍ပို၍‘လေ့လာ’ ခဲ့တာ၊ ခုလဲနံမယ်ကြီးSt Paul စိန့် ပေါလ် ခရိယာန် ဘုရားရှိခိုးကျောင်းတော်ကြီးကိုဝင်ကြည့်ရအောင်၊ စိန့် ပေါလ် ခရိယာန် ဘုရားရှိခိုးကျောင်းတော်ကြီး နဲ့ Millennium တံတားကြီးရှုခင်း London – St. Paul’s Cathedral and the Millennium Bridge | Flickr – Photo Sharing! http://www.flickr.com/photos/rainprel/7661359744/ St.Paul’s and the Millennium Bridge – London, U.K. The London Millennium Bridge is a pedestrian-only steel suspension bridge […]


KyaemonNovember 5, 201230min811
  နော်ဝေက Vieddekke ရေကာတာဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့ကြီး ရဲ့အဆက်   Veiddekke ရဲ့လက်ရာ အကြွင်းအကျန် အချို့ကို ဆက်လက်ပြီး တင်ဆက်လိုက်တာပါ၊    ၎င်းအဖွဲ့က ရေကာတာတွေရဲ့ Core ဗဟိုရ်ချက်မ အူတိုင်တွေကို Asphalt  နိုင်လွန်ကတ်တရာ ခင်းပေးတဲ့လုပ်ငန်းတွေမှာ အထူးကျွမ်းကျင်ကြောင်းဖော်ပြပြီးပါပြီ၊   နော်ဝေက Vieddekke ဆိုတဲ့ရေကာတာ ဆောက်လုပ်ရေးအဖွဲ့ကြီး – XVIII | The Mandalay Gazette-Myanmar/Burma News Media Forum Network   Asphalt core history – Asphalt core Dams http://www.asphaltcoredams.com/asphalt-core-history/  ၁၉၆ဝ ဝန်းကျင်မှာ  ဂျာမနီ က ရေကာတာ အူတိုင်တွေမှာ နိုင်လွန်ကတ်တရာ စ […]


ဇီဇီNovember 2, 20124min44459
သူငယ်ချင်းတစ်ယောက်က မျှလို့  ၁၂ရာသီဖွားလေးတွေရဲ့ အကျင့်ကို ကာတွန်းလေးတွေနဲ့ပြထားတဲ့ ပုံလေးတွေရလိုက်တယ်။ ယုံတာမယုံတာ အပထား၊ မှန်တာမမှန်တာ အပထား ဘာသာပြန်ထားတာ ချစ်စရာလေးတွေမို့ တင်လိုက်ပါတယ်။ ကျနော့ဆီမှာ အများကြီးပေမဲ့ ဖတ်လို့ကောင်းတာလေးတွေပဲ တင်လိုက်တယ်နော်။ အပျော် ပေါ့။ ကျနော်က ကန်ရာသီဖွားပါ။     :harr:    


ဒီပို့စ်ကို အမျိုးမျိုးစဉ်းစား အခါခါ ရေးလိုက်ဖျက်လိုက် လုပ်ပြီးမှ အတိုဆုံး (ဒါတောင် ၄မျက်နှာရှိတယ်) :kwi: အရိုးအရှင်းဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်းလေရှုပ်လေ ရေးလေရှည်လေ ဆိုတော့လည်း အခက်သားပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုးက ပြောတယ်၊ ဖြစ်ကြောင်းသိရင် သိယုံနဲ့ပြတ်တယ်၊ လိုက်ဖြတ်စရာ မလိုဘူး။ အဲဒီစကားအရ ဒီလောက် ပေရှည်ထားတာ တကယ်မသိသေးကြောင်း ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါ။ ဆွေးနွေးချင်တာ ဒီလိုဗျ။ စိတ်သည် အရှိလား မရှိလား။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရားထဲ ထည့်တယ်။ ဒါနဲ့ လူအများ အတွက်လွဲတယ်။ စာလိုတော့ သိကြတာပေါ့လေ၊ ရှေ့သုံးခုက […]


ပ႑ိတ ဂုရုOctober 31, 20121min601
ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂ရ ရက်နေ့ သတင်းမှာ တော့- ဒုတိ ယဗိုလ်ခုျပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း […]


နွေဦးOctober 20, 20121min19611
ဘာပြောရမလဲ..လုပ်တဲ့သူတွေက လုပ်ပေးနေပါတယ်..။ ရည်ရွယ်ချက်လည်းကောင်းပါတယ်..။ အမြန်ဆုံးလဲ အကောင်အထည်ဖေါ်နေပါတယ်..။ ဒါကို အကောင်းမမြင်တဲ့သူတွေ အမျိုးမျိုးဝေဖန်လဲ လုပ်သင့်တယ်ထင်တာကို လုပ်နေကြတာပါဘဲ..။ ကောင်းလာမယ်မကောင်းလာဘူးဆိုတာ အသေအချာတော့ မပြောနိုင်ဘူးပေါ့..။ ခုဘဲကြည့်…… ဘယ်လိုနားလည်ပေးရမှာလဲ.. ကြိုးစားပြီးလုပ်ပေးနေတဲ့ သူတွေကိုမှအားမနာ.. ခပ်ဝေးဝေးတောင်မရောက်သေး.. မျက်စေ့အောက်မှာတင်ရှိနေသေးတာတောင်.. မျက်နှာပြောင်ပြောင် သူတို့မို့လုပ်ရက်တယ်.. အော်..အလုအယက်ဆိုင်ထွက်နေတဲ့သူတွေ ပြောပါတယ်… ဘယ်အချိန်မှာ ဘယ်သူတွေက ကူပြီး ဘယ်လိုခရီးကို ဘယ်တော့ရောက်လိမ့်မလဲ လို့…. နွေဦး..တွေးမိသလို ရေးကြည့်ပါသည်..။