etoneJune 26, 20121min43558
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ 24-6-12က MRTV 4ရဲ့ မနက်ပိုင်းသတင်းတပုဒ်မှာ ပါတဲ့ သတင်းတပုဒ်က ကျွန်မကို အတွေးတွေပွားစေခဲ့ပါတယ် ။ကမာ္ဘအေးဘုရားလမ်းက အမှိုက်ပုံးပျောက်တဲ့ သတင်းပါ ။ ကြားခါစကတော့ ကိုးလို့ကန့်လန့်ကြီး ဘယ်နှာ့ အမှိုက်ပုံးပျောက်တဲ့အကြောင်း သတင်းထဲ ထည့်လွှင့်ရသလဲပေါ့ … ။ သတင်းကြော်ငြာသူလေးက .. မျက်နှာ ချိုချို နှာသံလေးနဲ့ ကြော်ငြာသွားတော့ ….. သူ ့မျက်နှာလေး လိုက်ငေးနေတာနဲ ့ပဲ သတင်းအစဆုံးဂဃနဏ မမှတ်မိပါဘူး … ။ ကျွန်မက မိုးလင်းမိုးချုပ်အလုပ်သွားပြန်လုပ်ရပေမယ့် …အောက်ကြည့်မြင်တိုင်လမ်းပေါ်က … လမ်းထောင့်တစ်နေရာမှာ ဖိုက်ဘာအမှိုက်ပုံးအစိမ်းကြီးတပုံးရောက်နေတာကိုတော ဇွန်လ16ရက်နေ့လောက်ကတည်းက ညဘက်ကြီးပေမယ့် … သတိထားခဲ့မိပါတယ် … ။ ဓါတ်ပုံတောင် အမှောင်ထဲမှာ ရိုက်ဖြစ်ခဲ့သေးတယ် …. ။ ဘီးတပ်အမှိုက်ပုံးကြီးလာချပေးထားတာ […]


ကို သာJune 26, 20121min21919
ခြောက်ဘာသာ ဂုဏ်ထူးရှင် မချိုချိုဝင်း…. ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ)၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃ရ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၆ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့ အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန်၁ရ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ မချိုချိုဝင်းသည်(ဦးလောကို+ဒေါ်မြင့်ရင်)တို့ […]


အဖေထက် သားတလကြီးဆိုဒဲ့ စဂါးဗုံသာကြားဖူးဒါ ဂုဒေါ့ အမေထက် သား၊သမီး တလကြီးလည်း ရှိနေဗီဗျို့။ မနေ့က တင်လိုက်တဲ့ စနစ်မှာအပြစ်ရှာ System ပို့စ်မှာ https://myanmargazette.net/132139/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle#comments ရွာသူားထင်မြင်ချက် အတော်များများက လူဂိုလည်း အပြစ်နေဒါတွေ့ရဒယ်။ သဂျီးဂဒေါ့ ထုံးစံအတိုင်း ကွန်ဆားဗေးဒစ်အစွန်း ဘာညာဆိုပီး ဝါးလုံးရှည် ချိစ်သုတ် ရမ်းဒေါ့ဒါဗဲ။ ကျန်သူများဂလည်း လူပိုအရေးကြီး ဒါမှမဟုတ် အနည်းဆုံးဒေါ့ မူနဲ့လူ အတူတူ အရေးကြီးဒယ် ပြောဂျဗျံဒယ်။ လောကဂျီးမှာ သူများထက် ဂေါင်းတလုံး ပိုမြင့်ဖို့ ဂုဏ်သိက္ခာနဲ့ ငွေကြေး တပြိုင်ထဲ ရယူနိုင်ရင် အကောင်းဆုံးပေါ့ဗျာ၊ သို့သော ပြည့်စုံမှုမရှိတဲ့လောက imperfect world မှာ တခုလိုဂျင်ရင် အခြားတခုဂို ပေးဆပ်ရဒါ ဓမ္မတာမဟုတ်လား။ ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့နဲ့ မီလျံနာ သန်းကြွယ်သူဌေး […]


တရုတ်အကြောင်းပြောရင် သူ့နိုင်ငံ တဟုန်ထိုး စီးပွားရေးကြီးထွားပုံ မပါမပီးဘူး။ ဟုတ်လည်းဟုတ်တယ် နှစ်စဉ်တိုးတက်နှုန်း ပျမ်းမျှ ၉%တောင်ရှိသဒဲ့။ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလိုက်တဲ့ ၁၉၈ဝနှောင်းပိုင်း ဂစဒယ်လို့ အများသိဒယ်။ ဓဂယ်ဒေါ့ ၁၉၇၈ခုနှစ် ကူမြူနစ်စနစ် အထွဋ်အထိပ် ရောက်နေဂျိန်မှာ အစပြုဂဲ့ဒါဆို ရွှီးဒယ်ထင်ဂျလေမလား။ အဲဒီအချိန်ဟာ တရုတ်တနိုင်ငံလုံး ဘုံစုပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်နေဂျိန်ဂျီး။ မြေရှင် လယ်ပိုင်ရှင် မရှိ၊ လယ်လုပ်သူ လယ်မပိုင်ဘူး၊ နိုင်ငံဒေါ်ဂပိုင်ဒယ်။ ယုတ်စွအဆုံး ကိုယ့်ခြေလက်သွား အစိတ်အပိုင်းများဂိုတောင် နိုင်ငံပိုင်လို့ သတ်မှတ်တဲ့ ဘုံစနစ်၊ မလိုက်နာရင် တန်ပြန်တော်လှန်ရေးသမားဆိုပြီး ကွက်မျက်ပစ်တယ်။ ကိုယ်လုပ်သလောက် မခံစားရမှဒေါ့ ဘယ်သူမှ အလုပ်ကြိုးကြိုးပမ်းပမ်း မလုပ်ဘူး၊ အကုန်လုံး ဖရီးချိုင်းနား ဖြစ်ကုန်ဒယ်။ အကျိုးဆက်အားဖြင့် အထွက်နှုန်းကျဒယ်၊ အငတ်ဘေးစိုက်တယ်၊ လူဒွေ သိန်းသန်းချီသေဒယ်။ ဒီလိုနဲ့ […]


ကထူးဆန္းJune 13, 20122min739160
အလှုငွေ ထည့်ဝင်သူများခင်ဗျား ။ နံမည် စာလုံးပေါင်း မှားယွင်းခြင်း ၊ ထည့်ဝင်သော ငွေ တန်ဖိုးမှားယွင်းခြင်းနှင့် ပြင်ဆင်လိုသော အကြောင်းများရှိပါက အားမနာတန်းပြန်ပြောစေလိုပါသည် . ပြန်လည် ပြင်ပေးပါမည်.။ 11-6-2011 တွင် စတင်ကောက်ခံရရှိငွေ ၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်) xxxx ့ 12.6.2011 .. ၂။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း) ၃။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) ၄။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) နေ့လည် တစ်နာရီ […]


Swal Taw YwetJune 11, 20125min780
သဝဏ်လွှာ (၄၅) by May Aye Oo on Friday, May 18, 2012 at 8:28am ·    အလှူခံပါရစေ .. ရှင် …. ။   ပညာရေးအလှူ အခမဲ့ဆေးခန်း ပြည် – ပရဟိတကျောင်း ဂန္ဓမာ စက်မှုရပ်ကွက်၊ ပြည်မြို့။ ၂၆-၂ရ မေလ ၂၀၁၂   တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း (ကျန်စစ်မင်း) သည် စိတ်နှလုံးပူပန်ခြင်းကြောင့် ကျရသော ပြည်သူအပေါင်း၏ မျက်ရည်၊ နှပ်၊ ချွေးတို့ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပေးအံ့ ..။ တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း  သည် ပြည်သူအပေါင်းအား […]


ကထူးဆန္းJune 10, 20121min836110
ဟုတ်ကဲ့ ။ “ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” ပေးကြရအောင်ပါ။ အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ် ဆိုတာ ပြသချင်ပါတယ်။ ပြသကြပါစို့ ့ ဆိုတဲ့ ဘဘဘလက်ရဲ့ ပြောစကားလေး နဲ့အတူ ကျွန်တော်တို့လုပ်မဲ့ အစီအစဉ်လေးကိုတင်ပြလိုက်ပါရစေ။ ဒီ ခေါင်းစဉ်လေးကိုတော့ ကျွန်တော်တို့ ရွာသား တစ်ဦးမှ ရေးပေးတာပါ ။ သူဘယ်သူလဲဆိုတာတော့ ပြောနိုင်တဲ့ အချိန်တစ်ခုမှ ပြောတော့မယ်။ဘယ်သူဖြစ်မလဲဆိုတာတော့ တွေးချင်ရင်တွေးထားပေါ့နော်။ ဒီနေ့ (၁၀-၆-၂၀၁၂) နေ့လည် နှစ်နာရီမှာ ကျွန်တော်၊ ဘဘဘလက်ချော၊ ဦးဦးပါလေရာ၊ ကိုရွှေတို်က်စိုး၊ ကိုအမတ်မင်း၊ နဲ့ ခုန ခေါင်းစဉ်လေး ရေးပေးတဲ့ ရွာသား […]


htet wayJune 3, 20121min23118
စာရေးဆရာ အသင်းတွေ မြို့နယ် တွေမှာ ဖွဲ့ ပြီးကြောင်း မကြာခဏ ဂျာနယ်တွေမှာ သတင်း ဖတ်ရတယ်။ စာရေးတယ်ဆိုတာ ကိုယ့် ခံစားချက်ကို မျှဝေတာ၊ ကိုယ်သိတာကို သိစေချင်တာ။ သူတပါးကို သိစေချင် မြင်စေချင်တာ ကို စာအဖြစ် ခင်းကျင်းပြတာလို့ ကိုယ့် ဘာသာပဲ နားလည် ထားပါတယ်။သုတ ၊ရသ ဘယ်စာပေမျိုး မဆို နက်နည်းတာပဲ ၊ အပျော် ဖတ်စာပေတွေတော့ မပါဘူး။ ဒီနေရာမှာ အပျော် ဖတ်စာပေ ရှိသလို အပျော်ရေးတာ လည်းရှိတယ် ။ တလောက ညီငယ် တစ်ယောက်က ဟာသ ဝတ္ထု တစ်ပုဒ်ရေးပြီး မဂ္ဂဇင်းကို ပို့တယ် ပါမလာသေးတော့ ဖုန်းနဲ့ မကြာ ခဏမေးတယ်။ နောက်တော့ မဂ္ဂဇင်းက […]


etoneMay 28, 20121min27629
ဒီလပိုင်းအတွင်း ရုံးတက်တိုင်း မြင်နေရတဲ့ မြင်ကွင်းကတွေ့နေကြဖြစ်နေပေမယ့် ။ ကျွန်မအတွက်တော့ မြင်လေတိုင်း အမည်မသိတဲ့ စိတ်ခံစားမှုတစ်ခုခု ဖြစ်နေသလိုပါပဲ ။ ကားဖြတ်သွားတိုင်းတွေ့နေရတဲ့ သူတို့မျက်နှာတွေမှာ မျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့ ။စိုးရိမ်မှုတွေရောယှက်နေတဲ့ မျက်လုံးတွေထဲ သောကတွေလည်း တစွန်းတစနဲ့ ။ နေပူမရှောင် ၊ မိုးရွာမရှောင် ပိတ်ထားတဲ့ စက်ရုံတံခါးဝအနီး ဟိုတစ်စု ဒီတစ်စု ရပ်သူကလည်းရပ် ၊ ဖိနပ်လေးတွေင် ဖင်ခုထိုင်လျက်စောင့်သူကလည်းစောင့်နဲ ့ မမောနိုင် မပမ်းနိုင်အောင်ပါပဲ ။ အားလုံးရဲ့ အကြည့်ကတော့ စက်ရုံဘက်ဆီက ပိတ်ထားတဲ့ သံတခါးဆီကိုပါ ။ တစ်ခုခုကို စောင့်စားနေတဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတာ ကျွန်မရိပ်မိခဲ့ပါတယ် ။ ယခုနှစ်များအတွင်း စက်ရုံ အလုပ်ရုံများတွင် ဆန္ဒပြခြင်းသည် အတော်ပင်ခေတ်စားနေခဲ့ပါတယ်။ စက်ရုံအများပြားတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်ပျက်တစ်ခုလို့တောင် သတ်မှတ်လို့ […]


စဉ်းစဉ်းစားစား…လုပ်ကြဖို့တော့…လူတွေ..အစဉ်အမြဲ ပြောတာပဲ…လက်တွေကျတော့ ကွေကွေကောက်ကောက်…ဒီလိုလူများ..များနေဆဲ…. သူငယ်ချင်း…ဖြောင့်ဖြောင့်သွားရဲ့လား…. တရုတ်နိုင်ငံနဲ့ဖက်ဆက်လုပ်ကိုင်နေတဲ့ သပိတ်ကျင်းမြို့နယ်၊တကောင်းတောင်မြို့နယ်ခွဲမှ တကောင်းတောင် တောကြီးမျက်မည်းတွင် ထိုကဲ့သို့ လျှပ်စစ်မီးများ ထိန်ထိန်လင်းနေကို လူအများသိပါလေစခင်ဗျာ… တရုတ်ကဆောက်လုပ်ပေးထားတဲ့ ရွှေလီ(၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ဓါတ်တွေကို တရုတ်ပြည်ကိုပေးရသလို ပြည်တွင်းအတွက်လည်းပြန်လည်ရယူနေရပါတယ်။ နေပြည်တော်ကြီးကို လျှပ်စစ်မီးများ ထိန်ထိန်လင်းသကဲ့သို့ ကျန်ရှိသည့်မြီု့ကြီးများကိုလည်း ဘယ်လောက်ကြာရင် ပေးနိုင်မှာလည်း၊ဓါတ်ငွေ့များရောင်းချထားသည်များကိုလည်း ပြည်သူတွေသိခွင့်ရှိပါသလား၊ မိုးလာတော့မှာပါ၊သိပ်မကြာခင်ပဲ အစဉ်ပြေသွားမှာပါလို့ပဲ ပြောကြအုံးမှာပါ။ မူရင်းလင့်…ဒီမိုဝေယံမှ ပြန်လည်မျှဝေပါသည်။  


htet wayMay 22, 20121min23959
ညီမလေးရေ မိုးက သည်းသည်းမည်းမည်းရွာနေတယ် မေလ လယ်ပေမယ့် မိုးက တစ်နာရီလောက် ပင်လယ် တစ်ခု မှောက်ချ လိုက်သလို ရွာ ချလိုက်တာ ဓနိ မိုး အိမ်လေးတွေ မိုး ယိုလို့ တစ်ချို့ဆို ဓနိဟောင်းလေးတွေ ကေက်လို့ ပေါ့ အကိုကတော့ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ မိုးကို ငေးလို့ အတွေး နယ်ချဲ့မိတယ်။ ဆရာ သစ္စာနီ ကဗျာ ထဲက လို မိုးကလွဲလို့ အားလုံးနဲ့ လွဲခဲ့ပေါ့ ဆိုသလို လွဲချော် ခြင်းတွေနဲ့ ပေါ့ ညီမလေးရယ်။ အကို က မိုးရေထဲပြေးနေတဲ့ ကလေးတွေကို ကြည့်လို့ ။ကလေးတစ်ယောက်က အိတ်တစ်လုံး လွယ်ပြီး မိုးရေထဲ အဆောင်းမပါဘဲ လျှောက်နေတယ် လက်ထဲမှာ […]


မီး၊ရေ ပုံမှန်ရရှိရေးအတွက် ယနေ့ ညနေ(၇)နာရီခန့်မှာ မန္တလေးမြို့နေ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေစဉ်… မန္တလေးပြည်သူများက မန္တလေးမြို့တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ချီရေးရုံးသို့ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖေါ်နေကြပါတယ်လို့သိရပါတယ်၊ သတင်းဓါတ်ပုံကို …ဒီမိုဝေယံမှရရှိပါသည်။


  ကားသစ်တွေပေါလာတော့မည့် မြို့တော်မဟာရန်ကုန်နဲ့ လိုက်ဖက်တဲ့ လမ်းကောင်းတွေ၊လမ်းသစ်တွေ လည်းပေါလာဖို့ လိုအပ်မှာပါ။ဒါမှလည်း ပဏာသင့်မှာပါ၊သို့မှ မဟုတ်ရင်တော့ မျက်နှာသနှပ်ခါးနဲ့ ပေါင်မှာ သေးစီးချောင်းနဲ့ဆိုသလိုဖြစ်နေမှာပေါ့။ နောက်ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ ကားရပ်နားရန်နေရာ ပြဿနာမဖြစ်စေရန်အတွက် ကြိုတင်စီမံမူများပြုလုပ်သင့်ပါတယ်လို့ယူဆပါတယ်။အမှန်တစ်ကယ်လိုနေတာပါ၊ ရန်ကုန်မြို့ရဲ့ မြို့လည်မှစ၍ မြို့နယ်များစွာမှာ ကန်ထရိုက်အဆောက်အဦးတွေပဲများပါတယ်၊စနစ်တကျ စီမံထားတဲ့ Housing တွေက အင်မတန်နည်းနေပါသေးတယ်။ဥပမာ… လမ်းတစ်ထဲမှာ အိမ်ခြေအလုံး(၄၀)ရှိတယ်ပဲထား၊ကန်ထရိုက်တိုက်အဆောက်အဦးက အလုံး(၂၀)ရှိတယ်ထား၊ကန်ထရိုက်တိုက်တစ်လုံးမှာ (၈)ထပ်၊အခန်း (၁၆)ခန်း။ဆိုတော့…အခန်းပေါင်း(၃၂၀)…တစ်ခန်းကို မိသားစု တစ်စုအတွက် ကားတစ်စီးစီပိုင်တယ်ထား၊ကားပေါင်း (၃၂၀)စီး၊ကျန်တဲ့ အိမ်တွေမပါသေးဘူးနော်…။အဲဒီလမ်းထဲမှာ ဘယ်လိုများထားကြမလဲပေါ့…။တစ်ကယ့်လက်တွေပါပဲ….ငါ့ အိမ်ရှေ့လာမရပ်နဲ့ တစ်ခြားသွားရပ်…နေ့စဉ် အိမ်ရှေ့ကားလာရပ်လို့ ရန်တွေ့ရန်ဖြစ်နေကြတာကို မြန်မာပြည်ခဏပြန်စဉ် ကြားရမြင်ခဲ့ရပါတယ်…။ အဲဒီတော့…ခိုင်ထူး သီချင်းလေးပဲ ဆိုချင်ပါတော့တယ်… “ပြဿနာ အခြေအနေမစခင်.. မင်းစဉ်းစားဖို့ကောင်းတယ်…ယခုလို အခြေနေမျိုးမှာ ရုံးထွက်ဖို့ မကြိုးစားနဲ့..” Free Parking Zone.,မည်သူမဆို အခမဲ့ […]