“ပျစ် ပျစ် နှစ် နှစ်   တစ် တစ် ခွ ခွ” (ရှက်တတ် သူ များ မ ဖတ် ရ)   ဘာ လင် တိုင်း ဒေ း ကို မြန် မာ မူ့ ပြု လို်က် တဲ့ “မဟာ သံ ဝါ သ နေ့ “ မှာ အခန်း ငှား ရ  တာ ခက်တဲ့ ဇာတ် လမ်း ကို “ခရီး သည် ကြီး “က ရေး ပြီး လျောက် သွား နေ  တော့ “က ထူး […]


Shwe EiMarch 11, 20141min25534
” ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ကူရွေ့တွန်းပေးကြပါ လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ ဩဝါဒတွေထဲက တစ်ခုပါ။ ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂ဝမြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။ ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။ စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဉာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။ စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဉာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။ ပညာရေးပဒေသာပင် […]


myat pearl phyuFebruary 13, 20142min40028
အချိန်က ဖေဖော်ဝါရီ ၁၁ ရက် ည ၁ဝ နာရီ .. ဒေါ်MPP တို့ ဖုန်းတစ်လုံးနဲ့ တိုင်ပတ်နေပါပြီ …။ ကိုယ့်ဖုန်းကို Security ပိုင်း လုံခြုံအောင်ဆိုပြီး GSM ဖုန်း Sim Card ကို Password နဲ့ Lock ချထားမိတာကနေ … သောကြာနေ့ညက ဖုန်းကို Restart ပေးပြီး ပြန်တက်လာတော့ Sim card password တောင်းတော့ ရိုက်လိုက်တယ်… xxxxxx ပေါ့.. မရဘူး မှားတယ်..။သုံးကြိမ်မှားခွင့်ရှိတယ်ပေါ့ 2 times left. ဒါနဲ့ နောက်တစ်ခါ ထပ်ရိုက်လိုက်တယ်..ထပ်မှားပြန်ပြီ ၁ကြိမ်ပဲကျှန်တော့တယ်..စိတ်ထဲလည်း ထွေသွားတယ်..ငါဒီပက်ဝက်ကို အမြဲရိုက်နေကျပါ..ဘာများမှားလို့ပါလိမ့်ဆိုပြီး ..ကဲ ဒိတစ်ခါ ထပ်ရိုက်မယ်ဆိုပြီး ရိုက်တာမှာ ၃ […]


ဇီဇီFebruary 10, 20142min32840
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။ ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။ ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။ ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။ ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။ ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။ ဒီနေ့က တနင်္လာနေ့။ အတွေးတို့ ခဏရပ်ပြီး အိပ်ယာက […]


Shwe EiFebruary 7, 20142min20010
ဒါဇင်ပလပ်စ် အဖွဲ့ဧ။် ၁၉ ကြိမ်မြောက် (ဖေဖော်ဝါရီလ အလှူ)ကို ဒါဇင်ပလပ်စ် မန်ဘာများနှင့် စေတနာရှင်များက ယနေ့ ၂ -၂ -၁၄ တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လှေလမ်းကျေးရွာရှိ ဗုဒ္ဓရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ပြီး ပညာရေး ထောက်ပံ့ငွေ ၅၃၀, ဝ၀၀/- ကျပ် နှင့် စာရေးကိရိယာ ၁၀၀,၀၀၀/-ကျပ်ဖိုး စုစုပေါင်း ၆၃၀,၀၀၀/-ကျပ်ဖိုးကို လှူဒါန်းခဲ့ပါတယ် ။ ဒါဇင်ပလပ်စ် မန်ဘာများကလည်း အဝတ်ထည်များ သယ်ဆောင်လှူဒါန်းခဲ့ပါတယ် ။ ဒါ့အပြင် ဒါဇင်ပလပ်စ်အဖွဲ့ဧ။် မန်ဘာဝင်များဖြစ်ကြသော ဦးစိုးမင်းနောင်+ ဒေါ်မို့မို့တို့မှလည်း သားဖြစ်သူ မောင်မင်းခန့်နောင်ဧ။် ၁၄နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျောင်းသား ကျောင်းသူ ၂၀ဝကျော်နှင့် ဆရာ/မများအား ထူး ရေခဲမုန့်များ ကျွေးမွေးပြီး ဒါနပြုခဲ့ပါတယ် […]


ဇီဇီFebruary 5, 20147min45719
ဘယ်က စပြောရမတုန်းဆိုတော့ ဟိုဘက် ပို့(စ)မှာပြောခဲ့သလိုပေါ့။ ဆုတွေ များကြီးရထားတယ်။ ရည်ရွယ်ချက်ကောင်းတယ် ဘာညာသာရကာနဲ့ အတော်ကို ထင်ထားတာပေါ့။ ထင်တာလည်း ကိုယ့်အမှားမုတ်ပေါင်။ ခါတိုင်းဆို ဥယျာဉ်မြို့တော်ဖြစ်ရမယ်ဘာညာ ဆိုပြီး အလှဆင် စိုက်သမျှ ဘာတွေတုန်းဆိုတော့ ………. စက္ကူပင်တွေ။ စက္ကူပန်းပင်လောက် ဖြစ်တဲ့ မြေကိုးးး ပန်းတွေ မမွှေး အသီးတွေ မချိုသောမြေ….. စက္ကူပန်းကတော့ ရောင်စုံရှိတယ်။ သူတို့လေးတွေ ရေလောင်းဖို့က အလုပ်တစ်လုပ်အနေနဲ့ လုပ်ကြတာ ဆိုတော့။  :mrgreenn: သူတို့ကလည်းပြောတယ်လေ။  Gardens By the Bay – အပင်မျိုးပေါင်း ဘယ်လောက်၊ ကမ႓ာ ရှားပါး အပင်မျိုးစိတ် ဘာညာရှိတယ်ပေါ့။ ကိုယ်ကလည်း အပင်နဲ့ ပတ်သက်ရင် အမြစ်နဲ့ အကိုင်းတောင် ကွဲတာမဟုတ်တဲ့ လူပြိန်းဆိုတော့ အတော်ထင်ထားတာပါ။ […]


လုပ်သားပြည်သူဂျီးခင်ဗျား   အနော့်မှာ မန်းဂဇက် အယ်ဒီတာချုပ် သဂျီးဇုတ် မာမုခိုမ်၊ သဂျော်ဂဒီးနဲ့ သမော်ဒီးလေး ဓာတ်ပုံများ ဘော်ဒါတဗွေ ကျေးဇူးပြုထားလို့ လက်ဝယ် ရထားပါတယ်။ အဲဒါ ဂဇက်မှာ ပို့အနေနဲ့ တင်ရမလား၊ ဖေ့ဘွတ်မှာပဲ ဖွရမလား ဝေခွဲရခက်နေလို့ ဆန္ဒပြု  ထုတ်ဖော်ပေးကြပါလို့ မေတ္တာရပ်ခံရင်း လူသားအားလုံးကို လေးစားလျက်… ကကြောင်ကြီး။


Shwe EiJanuary 27, 20141min32830
သင့်မျက်လုံးအတွက် Yoga ကွန်ပျူတာကြည့်တာလေးခဏရပ်ပြီး ဟောဒီကလေ့ကျင့်ခန်းလေးတွေနဲ့ ညောင်းညာကိုက်ခဲနေတဲ့ မျက်လုံးတွေကို သက်သာအောင် လုပ်ကြစို့ Nicole Kwan တခါတရံမှာ ကျွန်မတို့ ဟာ ကွန်ပျူတာစခရင်ကို နာရီပေါင်းများစွာကြာအောင် သတိလက်လွတ် စိုက်ကြည့်နေမိတတ်ပါတယ်။ သိထားရမှာက ရှင့်ရဲ့ နောက်ကြောတွေ ပုခုံးတွေလိုဘဲ ရှင့်မျက်လုံးဟာလဲ ညောင်းညာကိုက်ခဲတတ်ပါတယ်။ မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်တာဟာ တနေကုန်အညောင်းထိုင်ပြီး လေလည်လိုက်သလိုပါဘဲ လို့ Karin Wiedemann of Urban Yoga in Washington, DC ကပြောပါတယ်။ (စိတ်ထဲထင်သလိုဘာသာပြန်ခြင်းဖြစ်သည် 😛 ) အောက်ဖေါ်ပြပါ နည်းလမ်းတွေကို အသုံးပြုပြီး eye strain ဖြစ်တာသက်သာအောင် ဒါမှမဟုတ် eye strain မဖြစ်အောင် ကာကွယ်ကြတာပေါ့။ Eye Warming ၁) ထိုင်ခုံမှာထိုင်လိုက်ပါ၊ […]


Shwe EiJanuary 24, 20141min21636
၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူတိုင်း မျက်လုံးနဲ့ပတ်သတ်တဲ့ပြသနာတော့ရှိကြတာပါဘဲ..သတိမထားမိတာကလွဲလို့ပေါ့လေ။ ကာကွယ်ခြင်း မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာဟာ ကုသဖို့ခက်ခဲတဲ့ရောဂါအဆင့်ထိဖြစ်လာတတ်ပါတယ်။ By Markham Heild အမေရိကန်လူမျိုးတွေဟာ စမတ်ဖုန်း၊ လက်ပ်တော့ပ်၊ ဒါမှမဟုတ် တက်ဘလက် တခုခု အစရှိတဲ့ ကွန်ပျူတာစခရင်လိုပုံစံမျိုးကို တနေ့ ခြောက်နာရီမှကိုးနာရီလောက်ထိ စိုက်ကြည့်နေလေ့ရှိပါတယ်။ ရှင်တို့လဲ တူတူဘဲဖြစ်လိမ့်မယ်လို့ခန့်မှန်းပါရစေ။ အိုက်လိုသာဆိုရင်တော့ “Digital Eye Strain” ဆိုတဲ့ ဝေဒနာတမျိုးခံစားနေကြရတဲ့ ၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူ လူတန်းစားထဲမှာ ရှင်လဲတစ်ယောက် အပါအဝင်ဖြစ်လို့ရပါပြီ။ “Digital Eye Strain” ဆိုတာ မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာတစ်ခုအဖြစ်ကနေ ကုသဖို့ခက်ခဲတဲ့ မျက်စိဝေဒနာအဆင့်ကို ရောက်သွားနိုင်တဲ့ ရောဂါအခြေအနေတခုဖြစ်ကြောင်း The Vision Council လို့ခေါ်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု (Non Profit Organization ) ကသတင်းထုတ်ပြန်ထားပါတယ်။ The […]


ဒီစာဖတ်နေတဲ့ အချိန်သုံးမိနစ် အတွင်းမှာ ယူအက်စ် လက်လီအရောင်းဆိုင်များမှနေ ပစ္စည်းအမျိုးအမယ်ပေါင်း ၁၅၀၀၊ ပမာဏအားဖြင့် အကြမ်းဖျဉ်း ဒေါ်လာနှစ်သိန်းဖိုး အခိုးခံနေရသည်။ သချာင်္ဂဏန်းချ တွက်လိုက်လျင် အလစ်သုတ်မှု နှစ်သောင်းငါးထောင် နာရီတိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ဆိုပါက ငါးသိန်း ထက်မက ရှိပေမည်။ အဲလိုမြင်တတ်ရင် ကိုယ့်ဆိုင် အလစ်သုတ်ခံရခြင်းမှ ကာကွယ်ဖို့ လိုအပ်နေပုံအား ရှင်းလင်းစွာ သိနိုင်သည်၊ အထူးသဖြင့် ယခုလို နှစ်ကုန်ဈေးရောင်းရာသီ လူရှုပ်ချိန်တွင် ဖြစ်သည်။ အလစ်သုတ်မှု ပြသနာဟာ ရှုပ်ထွေးပွေလီတာမို့ ရာဇဝတ်မှုမြောက် ပြစ်မှုဖြစ်ပေမဲ့ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် ConvergEx Group ဈေးကွက်ဗျူဟာ အရာရှိချုပ် နစ်ကိုလတ် မှဆိုသည်။ (၁) အသက်ကြီးလေ ပိုခိုးလေ လွန်ခဲ့သောငါးနှစ်အတွင်း လူဆယ်သန်း အလစ်သုတ်မှုဖြင့် အဖမ်းခံရသည်။ အရွယ်ရောက်ပြီးသူ […]


manawphyulayJanuary 10, 20141min1162
ကျွန်မတို့အားလုံး အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေတို့ မရှိမဖြစ် လိုအပ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ကျွန်မတို့အားလုံး စားသုံးသော အစားအစာများကို မြေပေါ်တွင် စိုက်ပျိုးမွေးမြူရသလို ရေအောက်မှာလည်း ဖမ်းယူရပါသည်။ ချည်ထည်၊ ပိုးထည်၊ သားရေနှင့် သိုးမွေး စသည့် အဝတ်အထည်များကို အပင်များနှင့် တိရစ္ဆာန်များမှ ရရှိပါသည်။ ဒါ့အပြင် အုတ်၊ ကျောက်၊ သဲ၊ သစ်၊ ဝါး၊ ဘိလပ်မြေ၊ သံထည် စသည့် အိမ်ဆောက်ပစ္စည်းများကိုလည်း မြေကြီးနှင့် သစ်တောများမှ ရရှိပါသည်။ ကျွန်မတို့အားလုံး အသက်မွေးဝမ်း ကျောင်းအတွက် အဓိက မြေပြင်နှင့် ရေပြင်ကို အားထားရပါသည်။ မြို့နေလူထုသည်လည်း သဘာဝကို မှီခိုရပါသည်။ ယခုနောက်ပိုင်း လူနေထူထပ်မှုည် အဆမတန် များပြားလာသဖြင့် မြို့များ၊ နယ်များ၊ […]


Shwe EiJanuary 10, 20142min1519
မင်္ဂလာနှစ်သစ်မှာ ရွာသူား အပေါင်းတို့ရှင်…. လစဉ်လတိုင်း ပညာရေးပရဟိတအလှူငွေတွေကို ဒါဇင်ပလပ်စ်ဆိုတဲ့ နာမည်နဲ့ ကျွန်မတို့ မန်းဂဇက်ရွာသူားများအဖွဲ့က ဦးစီးဦးဆောင်ပြုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သီလရှင်စာသင်ကျောင်းတွေကို သွားရောက်လှူဒါန်းနေခဲ့တာ အခုဆိုရင် ၁၈ကြိမ်တိုင်ခဲ့ပါပြီ။ ဒီတခေါက်မှာတော့ လှူခဲ့သမျှကျောင်းတွေထဲက အချို့တဲ့ဆုံးလို့ ယူဆရတဲ့ ဒေါ်ဖွားသီလရှင်စာသင်ကျောင်းကို ဒုတိယအကြိမ်သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလှူရှင်အသစ်တွေကို ဖိတ်ခေါ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့လေ 🙂 ကျောင်းရဲ့တည်နေရာက ဒဂုံမြို့သစ်တောင်ပိုင်း ရှမ်းတဲကြီးရပ်ကွက်ပါ။ ကျောင်းထိုင်ဆရာလေးကို တော့ ဒီဖုန်းနံပတ်အတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်…၀၉ ၄၂ဝ ၁၁၄၄ ၈၁ မြန်မာဂဇက် ရွာသူားအပေါင်း နှစ်သစ်မှာ တောင်းတအပ်တဲ့အလိုဆန္ဒတွေ တလုံးတဝထဲပြည့်စုံကျပါစေဗျာ 🙂


Mr. MarGaJanuary 10, 20141min24822
မိသားစု တစ်ခု ဆိုတာ သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။ မိသားစု တစ်ခုဖြစ်ဖို့ သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။ ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ် မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။ မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့် ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။ သံယောဇဉ် ဆိုတာကတော့ အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။ အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။ […]