ဖိုးထောင်June 24, 20121min33229
ရွာထဲက ရွာသား ၂ ဦးပါ ဘယ်သူဘယ်ဝါဆိုတာတော့ ကာယကံရှင်တွေနစ်နာမှာစိုးလို့ ဖေါ်မပြတော့ပါဘူး သူတို့တွေ ဖြတ်ဖေါက်ချုပ်လုပ်ပြီး ရှိုးပွဲ(Alkaza) တွင်တွေ့ရှိခဲ့၍ နှုတ်ဆက်ပြီး သူတို့အလစ်တွင် မှတ်တမ်းတင်ခဲ့သောပုံဖြစ်ပါသည်။ (မယုံလျှင် စုံစမ်းနိုင်ပါသည်။)       ရွာသူရွာသားတွေသိအောင်သာ တင်ပေးရတာ သူတို့လဲ အားနာလိုက်တာ သူတို့ကတော့ —————-

U-Thein-Sein.jpg

Don Juan RonaldApril 7, 20125min1408
အားလုံး မင်္ဂလာ ပါ ~~~    ****************************  snack  ******************************** U Thein Sein = Gorbachev  ဖြစ် နိုင် မ လား  ?  ဖြစ် လာ နိုင် မ လား  ?  ဖြစ် နေ ပြီ လား ?                           ကျနော် ဓါတ်ပုံဆိုင်( Photoshop ) မ ရှိ တဲ့ အ တွက် ၊ လူ ပိန်း နည်း […]


PhyoNovember 11, 20111min51855
“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊ သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊ အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊ ကျွန်မလည်း ဘယ်ထင်မလဲ၊ ကိုကြည်မောင်က ကောင်မလေးကို ခေါ်တော့လည်း သမီးတဲ့၊ အခုလို ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို ကျွန်မ သိရတော့တာ၊ ကျွန်မကိုယ်က အ,တာပါလေ” မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိတယ်။ မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေးအတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။ ကိုကြည်မောင်က တစ်သက်လုံး သိက္ခာရှိရှိ နေလာခဲ့ပြီး ဘာမျှ အစွန်းအထင်းမရှိတဲ့လူ။ သားသမီးကလည်း သုံးယောက်။ နှစ်ယောက်က ဘွဲ့ရပြီးပြီ။ တစ်သက်လုံး […]


30 Articles in the Universal Declaration of Human Rights From the very beginning, human rights has been a major concern of the United Nations. On December 10, 1948 the General Assembly of the United Nations adopted and proclaimed the Universal Declaration of Human Rights. Following this historic act the Assembly called upon all Member countries […]


naywoon niNovember 7, 20101min26410
ဆရာစွမ်းရေ……. ဒီစကားလုံးကလေးကိုတော့ယူသုံးခွင့်ပြုပါ…… ဒီစကားလုံးဟာမြန်မာစာအသုံးထဲမှာဆရာစသုံးခဲ့တယ်ထင်လို့ပါ “မြန်မာစာပေဘာလဲ.?..ဘယ်လဲ? ဆိုတဲ့ဆရာ့ဝေဖန်ရေးစာအုပ်မှာပထမဆုံးတွေ့ဖူးတာမို့ပါ။ ဒီစာအုပ်ကိုကျွန်တော်ဖတ်ခဲ့ရတာက 1985-86မန္တလေးတက္ကသိုလ်ပထမနှစ်ကျောင်းသား ဘဝမှာဖြစ်ခဲ့ရတာပါ……။ ကျွန်တော်ကစာရေးစာဖတ်ဝါသနာပါသူဖြစ်လေးတော ့ဆယ်တန်းကို15နှစ်နဲ့ဇွတ်အတင်းကြိုးစားပြီးအောင်လာရတာပါ…..။ အဲဒိအချိန်ကကျောင်းသားတွေသိပါလိမ့်မယ်..။ ခိုးချတယ်ဆိုတဲ့ဝေါဟာရဟာနှစ်ဟောင်းကျောင်းသားကြီးတွေသာလုပ်ရဲတဲ့ကိစ္စပါ…။ ကျွန်တော်ဘာကြောင့် ဒီလောက်ကြိုးစားခဲ့ရသလဲဆိုတော့ စာရေးခြင်းအတတ်ပညာကိုတက္ကသိုလ်မှာကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ယူချင်လို့ပါ..။ တက္ကသိုလ်ကျောင်းသားလည်း ဖြစ်ရောကိုယ့်ကိုကိုယ်ကဗျာသမားအဖြစ်ခံယူပြီး စာသမားပေသမားတွေနဲ့ပဲပေါင်းဖြစ်ပါတယ်။ ဆရာသိတဲ့အတိုင်းပဲမန္တလေးမြို့တော်မှာစာသမားတွေပေါများ တာက……။ဒါပေမဲ့အဲဒိထဲမှာကျွန်တော်ကအသက်အငယ်ဆုံး..ဖြစ်နေတာ။ ပြီးတော့မဟုတ်မခံတတ်တဲ့အကျင့်ဆိုးကလည်းပါလိုက်သေး။ ဒီတော့ကျွန်တော်ဆရာ့စာအုပ်တွေအပါအဝင်…န်ိုင်ငံရေးစာအုပ်တွေ.. ဘာသာပြန်စာအုပ်တွေ.. စာပေအပေါင်းအသင်းတွေနဲ့တက္ကသိုလ်ကျောင်းသားဘဝကိုဖြတ် သန်းလာခဲ့တာ1987ဒုတိယနှစ်စာမေးပွဲအထိပါပဲ……။ ဒီနေရာကိုဘာလို့ဖြတ်လိုက်ရသလဲဆိုတော့1987မှာစာမေးပွဲတန်းလန်းန ဲ့ကျောင်းတွေပိတ်လိုက်လို့ပါပဲ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့မြန်မာစာဖြေပြီး ကျောင်းပိတ်လို့အိမ်ပြန်ပြေးခဲ့ရတာပါ..။မပြေးလို့လဲမရပါဘူး။ ဇွတ်အတင်းရထားပေါ်တင်ပေးလိုက်တာလေ…….. ကျွန်တော့်ကျောင်းသေတ္တာထဲမှာကျောင်းစာအုပ်တစ်အုပ်မှမပါခဲ့ပါဘူး…။ အပြင်စာပေတွေနဲ့ပြည့်နေလို့အဆောင်မှာချန်ထားပစ်ခဲ့တာပါ နောက်လေးလလောက်နေလို့ စာမေးပွဲပြန်ဖြေခိုင်းတဲ့အခါရောက်တော့စာကူးချတာ ခောတ်စားလာပါပြီ။ခိုးမချရင်ပဲခောတ်မမှီတော့သလိုဖြစ်နေပါပြီ တော်တော်ပြောင်းလဲသွားတာပါ…. ကူးချဖို့စာရွက်တွေကိုသူငယ်ချင်းတွေကဟိုဟိုဒီဒီ ထည့်ပေးလိုက်ပေမဲ့မထုတ်ရဲတာနဲ့ပဲစာမေးပွဲအကျခံလိုက်ပါတယ်…။ ကျွန်တော်သူငယ်ချင်းတွေကေတော့အပြောင်းအလဲကို အလွယ်တစ်ကူလက်ခံလိုက်ပြီးစာမေးပွဲအောင်သွားကြပါတယ်..။ သူတို့လည်းကျွန်တော့လိုပဲစာအုပ်ရှိသူများ မဟုတ်ကြပါ…။ နောက်စာမေးပွဲအောင်စာရင်းလေးသာထွက်လာပြီးကျောင်းပိတ်လိုက်တာကတော့ 3နှစ်လောက်ပါပဲ..။ ကျွန်တော်ကတော့ဝမ်းမနဲခဲ့ပါ ကျွန်တော်ပါလာခဲ့တဲ့စာအုပ်တွေအပြန်ပြန်အလှန်လှန် ဖတ်ရင်းနဲ့နောက်စာအုပ်အသစ်တွေစုလို့ပေါ့…။ စာအုပ်တွေကလည်းဈေးချိုပါတယ်။မဂ္ဂဇင်းအဟောင်း တစ်အုပ်မှနှစ်ကျပ်သုံးကျပ်ပါ..။ ဆရာတို့ရေးခဲ့တဲ့သုံးကြောင်းကဗျာတွေကိုအကြောင်းအရာပြောင်းပြီး ပြန်ရေးကြည့်ခဲ့ပါတယ်။ ဒီဆိုဒ်မှာတင်ခဲ့တဲ့သုံးကြောင်းကဗျာ(ရင်ခုန်သံ)ဟာ1990မှာရေးခဲ့တာပါ။ နောက်တော့ဆရာမောင်သာနိုးရ ဲ့ထင်းရူးပင်ရိပ်စာအုပ်ကိုဖတ်ခဲ့ရပြီးမော်ဒန်ကဗျာ ဘက်ကိုရောက်သွားပါတယ်…။ […]


PhyoNovember 6, 20101min870
၂၀၁ဝခုနှစ် စက်တင်ဘာလထဲမှာ ကျမ တစ်ခါမှ မကြားခဲ့ဖူးတဲ့ သင်တန်းတစ်ခုကို ကြားခဲ့ရပါတယ်။ အမျိုးသမီးချင်း ချစ်သူများ သီးသန့်သင်တန်းတဲ့။ ကြားခါစက တော်တော်အံ့ဩခဲ့ရတယ်။ ကျမအတွက် ပိုပြီးအံ့ဩစရာ ဖြစ်စေတာက အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေဆိုတာက ကျမတို့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ တော်တော်လေးကို မရှိသလောက် ရှားပါးတာမို့လို့လေ။ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ပြုလုပ်လေ့ရှိတဲ့ လိင်တူချစ်သူများ အခွင့်အရေး သင်တန်းတွေတော့ ကျမကြားသိခဲ့ဖူးတာပေါ့။ ပြီးတော့ ၂၀၁ဝခုနှစ် မေလ ၁ရ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုလည်း လိင်တူချစ်သူ တယောက်ဖြစ်တဲ့ ကျမကိုယ်တိုင် တက်ရောက်ပါဝင် ဆင်နွှဲခဲ့တာပဲလေ။ အခုက ထူးထူးခြားခြား လိင်တူချင်းချစ်တဲ့ သူတွေထဲကမှ အမျိုးသမီးချင်း […]


PhyoNovember 4, 20101min74937
လိင်တူချင်း စုံမက်တယ်ဆိုတာ ဘာလဲ။ လိင်တူချင်းစုံမက်တယ်ဆိုတာက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားဘဲ ယောက်ျားလေးက ယောက်ျားလေးကိုပဲ မျက်စိကျတာ၊ မိန်းကလေးက မိန်းကလေးချင်းပဲ မျက်စိကျတာမျိုးကို ခေါ်တာပါ သား။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ကွာ လိင်တူချင်းမှ စုံမက်တဲ့ ယောက်ျားကို ‘မိန်းမလျာ’၊ ‘အခြောက်’၊ ‘ဂန်ဒူး’၊ ‘ဂျီပုန်း’၊ ‘ဂျယ်’ စသဖြင့် အမျိုးစုံခေါ်တတ်ကြတယ်။ လိင်တူချင်းမှ စုံမက်တဲ့ မိန်းကလေးကိုကျတော့ ‘ယောက်ျားလျာ’ လို့ အခေါ်များပြီး အခြားဘန်းစကားတွေကကျတော့ နည်းနည်းရိုင်းလို့ သားတင်မက အများပါ ဖတ်နေတဲ့ စာထဲမှာ ထည့်မရေးပါရစေနဲ့တော့၊       တကယ်တော့ သားရယ် လောကမှာ ယောက်ျားလျာ၊ မိန်းမလျာတွေဟာ လူတောမတိုးလှတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်။ အများစုအနေနဲ့ သူတို့ကို မူမမှန်သူများ၊ ဒါမှမဟုတ်ရင်လည်း ဖောက်ပြန်နေသူများအဖြစ် သတ်မှတ်ထားကြလေတာကိုး။ သတ်မှတ်ကြဆို အဲသလိုဖြစ်နေတာကလည်း လူနည်းစုသာဖြစ်နေတာက […]