politicalviewJuly 12, 20101min780
ရုပ်ရှင်သရုပ်ဆောင်ထိုက်ထိုက်မိုးဦးနှင့်အင်တာဘူး မေး။ ။မထိုက်..နေကောင်းပါစ။ ဖြေ။ ။မကောင်းဘူးတော့။ဟိုတလောကမှဗို က်ပြုတ်သွားတာတော်ရေ။ မေး။ ။အော်..ဝမ်းသာပါတယ်ရှင်။မထိုက်……ပါပါရာဇီတယောက်ကိုပါးဆွဲချလိုက်တယ်ဆို…။ ဖြေ။ ။ဟုတ်တယ်ရှင့်။သူကကျုပ်ကိုဘယ်လောက်လဲတဲ့။ကျုပ်လဲရှောင်လင်၄နှစ် , ဝူတန်းရနှစ်အားရယ် ,ဂျက်မတို့တတ်အပ်တဲ့ပညာနဲ့ လေဟုန်ဆန်ပြီး ပါးဆွဲရိုက်လိုက်တာလေ။ ပြီးတော့မှကျွန်မကအသက်မေးတာပါရှင်ဆိုမှ….ကျုပ်လဲလည်ပင်းညှစ်ဆံပင်ဆောင့်ဆွဲပြီးတောင်းပန်လိုက်တယ်ရှင့်။ မေး။ ။ကောင်းတာပေါ့ရှင့်.ကျေအေးသွားတာပေါ့နော။ ဖြေ။ ။ဟုတ်တယ်။ခုတောင်ရုံးတရုံးမှာနဖူးဆောင့်ပြီးတိုင်တယ်ဆိုလားဘဲ။ မေး။ ။ဦးတိုက်တယ် လုပ်ပါရှင်။ခုပေါ့နော်…ရုပ်ရှင်လောကမှာပေါ်ပူလာဖြစ်နေတာဘယ်သူ တွေလဲရှင့်။ ဖြေ။ ။ကျွန်မကြားတာတော့ဆောင်းဟေကိုရယ်..တီဇာဝက်ကျော်ရယ်..အေးမြတ်ချိုရယ်ထင်တာဘဲရှင့်။ မေး။ ။ဟုတ်လား။ဘာကြောင့်လဲရှင့်။ ဖြေ။ ။အော်…ဆောင်းဟေကရင်လူးဆေးကြေညာတယ်။ တီဇာဝက်ကျော်ကရေကူးဝတ်စုံကြေညာတယ်။  အေးမြတ်ကပေါက်စီရောင်းတယ်လေ။show ပွဲတွေမှာ။ မေး။ ။ခုပေါ့နော်။အဆိုတော်တွေထဲမှာဘယ်သူနာမည်ကြီးနေတာလဲရှင့်။ ဖြေ။ ။ကတ္တရာကျော်သိန်းပါရှင့်။ ဟဲဟဲ..နာမည်နဲ့အသားရောင်ကဟပ်နေတာရယ်။ဂါဝန်ရှည်ရှည်ကြီး တွေ ဝတ်တာရယ်။ english သီချင်း တွေကော်ပီရိုက်တာရယ်ကြောင့်ပါရှင့်။သူ့ show ကရတနာ့ဂူမယ်ဝဏ္ဏနတ်ပွဲနဲ့တောင်မှားတယ်ရှင့်။ဟဲ.သူ့မျက်နှာကြည့်ရတာလေ။ မေး။ ။ခု .. အဆိုတော်..ဂျုတ်ဂျက်…..မိုက်မိုက်ရိုင်းရိုင်းတွေမဆိုတော့ဘူးဆိုတာ။ ဖြေ။ ။ဟုတ်။သူပြောတယ်။မဆိုတော့ဘူးတဲ့။ထိုင်ဘဲဆဲတော့မယ်တဲ့ရှင့်။ မေး။ ။ ဟိုတလောကသီချင်းမူပိုင်ခွင့်ဆိုတာ… ဖြေ။ […]


yannaingechJune 23, 20101min1152
ဒီဇင်ဘာ ၃၁ ဆိုတော့ ၂၀၁ဝ မကုန်ခင်လို့တော့ ပြောလို့ရတာပေါ့နော်… ဝန်ထမ်းအဖွဲ့အစည်းတွေကို အောက်တိုဘာ ၃၁ ကနေ ဒီဇင်ဘာ ၃၁ကြား မှာ ၁၈နှစ်ပြည့်မယ့်သူတွေစာရင်း ပြုစုခိုင်းနေပြီဆိုတဲ့အကြောင်း သတင်းစကားကြားရပါတယ်။ မဲပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီသတင်းအတိုင်းဆိုရင် မဲပေးမယ့်ရက်ဟာ ဒီဇင်ဘာ ၃၁ ဖြစ်ရပါတော့မယ်။ အစိုးရက ၂၀၁ဝ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ မှာ မဲပေးရင် ရွေးကောက်ပွဲရလာဒ်တွေကို ၂၀၁၁ ဇန်နဝါရီ မှသိရမှာ ဖြစ်ပြီး လွှတ်တော်တွေစဖို့ကတော့ အဲဒါတွေရဲ့ နောက်မှ ဖြစ်ပါမယ်။ ဘာရယ်ညာရယ်မသိရဘဲ ဝါးတားတားလုပ်နေတာထက်စာရင်တော့ ကာလအကန့်အသတ်တစ်ခုထွက်လာတာပဲ ကျေးဇူးတင်ရပါတော့မယ်…


yannaingechJune 21, 20101min1042
တစ်ချို့အယူအဆများမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ တစ်ချို့အယူအဆကြတော့ လွန်စွာ အစွန်းရောက်ပါသည်။ တစ်ချို့အယူအဆတွေက အလွန်အံ့ဩဖို့ကောင်းပြီး တစ်ချို့မှာ ခံစားချက်ပြင်းပြင်းတွေကို ပေးစွမ်းနိုင်ပါသည်။ ငြင်းသင့်၊ ရှင်းသင့်သည်ဟုယူဆသည့် အတွေးတစ်ချို့ကို ငြင်းပေး၊ ရှင်းပေးနိုင်ရန် ချပြလိုပါသည်။ ၁။   ကမ္ဘာပေါ်မှာ အကြွင်းမဲ့အမှန်တရားမရှိ (There is no absolute truth on Earth) ကိစ္စတစ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့သူရဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မှာသာမူတည်တယ်။ ရှုထောင့်တစ်ရပ်မှာ မှန်နေတဲ့သဘောတစ်ခုဟာ တစ်ခြားရှုထောင့် တစ်ခုမှာ မှားနေနိုင်တယ်။ အမှန်လို့ယူဆထားတဲ့အဆိုတစ်ခုကို အပေါ်ကအယူအဆလက်ကိုင်ထားသူနေရာက အချေတင်ကြည့်ပါတယ်။ အဆို- လူမှန်သမျှ မွေးပြီးရင် သေရမယ်။


ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည် တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို ၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် ဘဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏ ဂုဏ်ကျေးဇူးကြောင့် ၎င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။ သင်တန်းဆင်းသောနေ့။ ပထမ … အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က “ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကျနော် ဘာဘဲလုပ်လုပ် ဘဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို စံပြဆု ရရှိခြင်းဖြစ်ပါတယ်။” လက်ခုပ်သံများ […]


yannaingechJune 15, 20101min1466
အပေါ်ယံကြည့်ရင် သူတို့ဟာ ကံထူးသူတွေပါ။ ဘွဲ့တစ်ခုကို အလွယ်တကူ ရခဲ့ပြီး ရာထူးတစ်ခုပါ ချက်ချင်းရခဲ့ကြသူတွေ။ ရတဲ့ဘွဲ့ကလည်း အင်ဂျင်နီယာဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာပါရဂူဘွဲ့တွေ။ ရတဲ့ရာထူးတွေကလည်း လက်ထောက်ကထိက၊ ကထိက၊ ဒုတိယပါမောက္ခ၊ သုတေသနအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး…။ အသက် ၂၂ နှစ်ကနေ ၃၂ နှစ်ကြား လူငယ်လေးတွေမှာ အဲဒီလောက်အရေးပါတဲ့ရာထူးတွေရှိနေတာ အံ့အားသင့်စရာ။ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ ကိုပိတ်လိုက်ပါတယ်။ ၁၉၉၆ အောက်တိုဘာ ၂ မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို မြန်မာနိုင်ငံရဲ့ အခု ၃ဝမြောက် ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးလိုက်ပြီး ပထမဆုံးနဲ့ တစ်ဦးတည်းသော ဝန်ကြီးအဖြစ် အမေရိကန်သံအမတ်ကြီးဟောင်း ဦးသောင်းကို အပိုင်စားပေးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ် စတာတွေကို ၁၉၉ရ ဇန်နဝါရီ ၁ […]


Kaung Myat HtutJune 3, 20101min1500
ယခုနှစ် ၂၀၁ဝ မှစတင်၍ British Council တွင်အလုပ်လုပ်သူဝန်ထမ်းများအားလုံးကို အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးပြီးမှ အလုပ်ခန့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ လက်ရှိအလုပ်လုပ်နေသောဝန်ထမ်းများလည်း ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။ အကယ်၍ လက်ရှိဝန်တမ်းများမှ အင်္ဂလိပ်စာအားနည်းနေပါက မည်ကဲ့သို့ အရေးယူမည်ဆိုတာကတော့ မသိရသေးပါ။ ထိုကဲ့သို့ British Council ဝန်ထမ်းများအား အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်းသည် ယခင်က ၎င်းဌာနမှအကြီးအကဲဖြစ်သူ ဒေါ်သင်းသင်းနိုင်လက်ထက်အထိစစ်ဆေးခဲ့ပြီး၊ ၎င်းကိုဆက်ခံသူ ဦးကျော်ထင်ကမူ စစ်ဆေးခြင်းများမလုပ်တော့ဘဲ ယခုဒေါ်တင်ဝင်းကြည်လက်ထက်တွင်မှ ပြန်လည်အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ Pay Band J နှင့်အထက်ဝန်ထမ်းများအားလုံး IELTS အဆင့် 5.0 ရှိရမည်ဖြစ်ပြီး ရာထူးမြင့်လေ အင်္ဂလိပ်စာပိုကောင်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Library Assistant ရာထူးအတွက်လျှောက်လွှာခေါ်ယူခဲ့ရာမှာ အလုပ်လျှောက်သူပေါင်း နှစ်ရာကျော်ရှိပြီး၊ အလုပ်လျှောက်သည့် Application Form တွင်ရေးရသော Competency writing နှင့်ဖြတ်ချလိုက်ပြီး၅ ယောက်သာ ကျန်သည်ကို […]


Kaung Myat HtutJune 2, 20101min1130
၂၀၁ဝ ဇွန်လ ၁ ရက်နေ့ နံနက် ၉း၃ဝ မှ ၁၁း၃ဝ အထိ၊ ရန်ကုန်မြို့ Myanmar Info-Tech၊ Room 205 တွင် NUS က GDSS (Graduate Diploma in Systems Studies) ဝင်ခွင့်စာမေးပွဲကျင်းပပြီးစီးခဲ့သည်။ စာရင်းရှိ ၆၃ ဦးရှိပြီး ၆၂ ဦးဝင်ရောက်ဖြေဆိ်ုခဲ့သည်။ အားလုံးအတွက် ကံကောင်းပါစေဟု ဆုတောင်းပေးပါတယ်။ ဝင်ရောက်ဖြေဆိုသူအများစုမှာ ရန်ကုန်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM) မှဘွဲ့ ရအများစုဖြစ်သည်။ အသက်အားဖြင့် ၁၉၇၃ခုနှစ်မွေးဖွားသူ (၃ရ နှစ်) မှ ၁၉၈၉ခုနှစ်မွေးဖွားသူ (၂၁ နှစ်) အထိရှိကြောင်းတွေ့ ရသည်။ ဖြေဆိုသူအများစုသည် သချာင်္ပိုင်းတွင်တော်ကြသော်လည်း အင်္ဂလိပ်စာပိုင်းတွင်အတော်အားနည်းကြောင်းတွေ့ ရသည်။ Myanmar […]


yannaingechMay 29, 20101min872
ဆာဗာဒေါင်းနေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းမျက်နှာကို မတွေ့နိုင်တော့ဘူး ပရောက်ဇီကျွသွားပြီချစ်သူ။ အင်တာနက်ထဲမှာ မင်းအပြုံးတွေ မချိုနိုင်တော့ဘူး လိုင်းကျပ်နေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းအလှတွေ မလှပတော့ဘူး


kaiMay 21, 20104min28417
အီလဲဗန်င်းမီဒီယာဂရုက သတင်းကိုဖတ်မိတာပါ။ အဲဒီမှာ ..ဒီလိုရေးပါတယ်..။ အင်တာဗျူးပြုလုပ်ချိန်တွင်  မေးခွန်းခုနစ်ခုခန့် မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေက ပြောကြတယ်၊ ထက်ထက်မိုးဦး ဘဝကိုခဏခဏ ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့”ဟု ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ ပြန်ထွက်လာခဲ့ရာ  ထက်ထက်မိုးဦးမှာ အပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက် မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်း ဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။ မူရင်းကို.. ဒီမှာဖတ်ပါ။ http://www.news-eleven.com/ နောက်..အဲဒီမှာ..ကွန်မန်င့်တွေလိုက်ဖတ်ပါတယ်..။ လူတွေအစုံအလင်ရေးထားတာတွေ့ရပေမဲ့..ထူးခြားတာလေးတချို ကူးတင်ပေးလိုက်ပါတယ်။ လူတွေ အနှုတ်အများဆုံးပေးထားတာနဲ့..အပေါင်းအများဆုံးပေးထားတာရယ်။ […]