ဇီဇီJanuary 30, 20141min30117
Bubble (1)  က ဒီ မှာ Bubbles ဘာရယ် မဟုတ်ဘူးးး တင်စရာလည်းမရှိ။ စာလည်း မရေးနိုင်သေးလို့ ဖုန်းနဲ့ ဟိုရိုက်ဒီရိုက် ဟိုပြင်ဒီပြင်ကို တင်လိုက်တာ။ :mrgreenn:          


ဇီဇီDecember 12, 20131min54752
အဟွာလေ။   :mrgreenn: အိမ်အောက်က ကလေး ကစားကွင်းမှာ ကလေးတွေနဲ့ ဘာဘယ် ဂန်း နဲ့ ဆော့တာ။ ကိုယ် အမြဲ ရင်ခုန်ရတဲ့ ကိစ္စတွေမှာ ဒီလို ဆပ်ပြာပူဖောင်း တို့ လဲမှို့တို့ လွင့်နေတာကို လိုက်ကြည့်ရတာ……… အဲလို အတွေးတွေကို လွင့်မျောတာတာ တို့ ပါတယ်။ ပြီးတော့ ဖုန်းနဲ့ ပူဖောင်းတွေကို ရိုက်တယ်။ ရုံးပိတ်ရက်နေ့ခင်း  ပျင်းတော့ စနက်စိနဲ့ ဟိုပြင်ဒီပြင် လုပ်ရာက ဒီ လို ပုံတွေ ထွက်လာတော့တာပါပဲ။ ဆိုတော့ အလုံးစုံ မိဒ် အင် အနော့ ဖုန်း ပေါ့။  :mrgreenn: တင်စရာ ဘာစာမှ မရှိလို့ ဓာတ်ပုံကလည်း အသစ်မရိုက်နိုင်လို့ ရှိတာလေး တင်တာ။ တရုတ် နှစ်ကူးမှ […]


ဇီဇီAugust 5, 20137min43833
  ဟီးဟီးးးး ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုက်လာတာ အများကြီးးးးး အလင်းအမှောင်ရယ် ဆက်တင်ချိန်တာရယ် ခုထိ အသုံးမကျသေးလို့ အတော်ဆိုးရွားတဲ့ ပုံတွေ ဖယ်ခဲ့ရပါတယ်။ ဒါတွေက မတို့မထိ ပန်းတွေရဲ့ မူလပကတိ အလှပါ။ တခြား ပန်းတွေလည်း ပါပါတယ်။    


ဇီဇီAugust 5, 20136min48730
ဒီ တစ်ပတ်တော့ သစ်ခွ ဥယျာဉ် ရောက်တာနဲ့ ရိုက်ထားတာလေးတွေ လာပြတာ။ သူများတော့မသိ။ ကိုယ် ကတော့ ပန်းလေးတွေ အပင်မှာ လန်းလန်းဆန်းဆန်းမြင်နေရတဲ့ အချိန်ကို အင်မတန်စိတ်ချမ်းသာပါတယ်။။ မန်းလေးမှာနေတုန်းကဆို ဘွဲ့ယူတို့ ရီဟာဆယ်တို့ဆို သဇင်ပန်းရာသီမဟုတ်ရင် သစ်ခွပန်းပဲ ပန်ကြတာ။ တန်ဖိုးတထားပဲ။ ကျောင်းဆရာမတွေဆို ဒီနေ့ပန်ပြီး ရေစိမ် အထားခံပြီး နောက်ရက် ဆက်ပန်သေးဗျာ။ သူ့မှာ ပန်းရယ်လို့ တခြားပန်းတွေလို အနံ့မရှိဘူး ဆိုပေမဲ့ သစ်ခွ အများကြီးရှိတဲ့နေရာက အနံ့သင်းသင်းလေးကတော့ အတော်စိတ်ကြည်ပါရဲ့။ စလုံးမှာတော့ သစ်ခွပန်းက ဈေးကြီးပန်းထဲမပါ ပါဘူးးးး  


ရွာသူ/ရွာသား အပေါင်း မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေဗျာ။ ဘာရယ်မဟုတ်ပါဘူး ဗျာ။ ခဗျာတို့ ကျုပ်အပေါ် စိတ် မပြေတာများ ရှိရင် စိတ်ပြေလက်ပျောက် ဖြစ်ရလေအောင် လုပ်နိုင်ဖို့ ပိုစ်တင်ပေးတာပါ။ ဇာတ်ကားတွေထဲကလို ပင်လယ်ကိုမျက်နှာမူပြီး အသကုန်အော်ပစ်လိုက်ာတမျိုးပေါ့။ နှစ်သက်သလို ကျုပ်ကိုအော်နိုင်ပါတယ်။ ကျုပ်ဗွေမယူပါဘူးဗျ။ ခဗျားတို့စိတ်ကြည်လင်နေမှ ကျုပ်လဲ ခင်ဗျားတို့ ပိုစ့်ကောင်းကောင်းကို ဖတ်ခွင့်ရမှာမို့လား။ လာပါမကျေနပ်သမျှ (ရှိရင်) ဖေါက်ခွဲ ပစ်လိုက်စမ်းပါ။အားမနာပါနဲ့။ ကျုပ် ရဲရဲ ဖိတ်ခေါ်ပါရစေ။ (ပြန်မဖောက်ခွဲပါဘူး စိတ်ချ)


ဇီဇီMay 7, 201312min41932
 ဓာတ်ပုံတင်တိုင်း ပြဿနာတက်နေတာ တောင်းပန်ပါရဲ့။ ခုဟာက ကိုရဲစည် ပြင်ပေးထားတဲ့ ဓာတ်ပုံတွေပါ။ ကြည်လို့ရမယ် ထင်ပါတယ်။ ဟီးဟီး။                                                                          


ဇီဇီMay 6, 20136min22024
ဟိုဘက်မှာ ပုံထပ်တင်လို့မရတော့လို့ ခွဲလိုက်ရခြင်းဖြစ်၏။ ဟောဟဲ။ မြန်မာပြည်ကနေ ဓာတ်ပုံပို့ (စ) တင်တဲ့လူတွေကို ချီးကျူးလေးစားပါကြောင်း။                                                                                                […]


ဇီဇီMay 6, 20137min27231
မေ ၅ ရက် တနင်္ဂနွေနေ့က ငှက်ဥယျာဉ် ကိုသွားတာ။ ဒီရောက်ကတည်းက အဲ့ဒီ ကို မသွားဖူးတာ။ ငှက်တွေကို သိပ်မချစ်တတ်တာရော၊ သွားပျင်းတာရောနဲ့။ ခု ဧည့်သည်လိုက်ပို့ရင်းသွားလိုက်တာ။ ရိုက်လာသမျှတော့ တင်လိုက်တယ်။ – သံဇကာနဲ့ ငှက် ဖိုးကတ်မှာ ချိန်မိလို့ ငှက်က ဝါးပြီး သံဇကာကြီး ထင်းသွားတာတို့ – ချိန်တာကြာလွန်းလို့ ငှက်က ထ ပျံပြီး နေရာပြောင်းလို့ နောက်က ရိုက်ဖို့ စောင့်နေတဲ့လူက မျက်စောင်းထိုးသွားတာတို့ – ငှက်ကိုပဲ အာရုံစိုက်မိလို့ လိုက်ရင်း ရိုက်ရင်း မြောင်းထဲ ချောကျတာတို့ – အကြိုက်ဆုံး ငှက် သိန်းငှက် ကို ရိုက်တော့မယ် အလုပ်မှ မိုးတွေရွာလာတာတို့ စတဲ့ အလွဲတွေ ဖယ်၊ တင်ရလွယ်အောင် […]


Ma EiMarch 28, 20131min71534
စိုက်သင့်ပါသည် ဂမုန်းစေတီ… ဂမုန်းပင်များကို နေအိမ်ခြံဝန်းများတွင် ကျက်သရေဆောင် အလှအဖြစ်လည်းကောင်း၊အကျိုးသက်ရောက်မှုကို ယုံကြည်၍လည်းကောင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ဂမုန်းအမျိုးမျိုးတို့တွင် ဆေးဖက်ဝင်သော၊ ဥစ္စာစည်းစိမ် ချမ်းသာနှင့်ပြည့်စုံစေသော၊ စုန်းနတ် ပယောဂဘေး၊ ရန်သူတို့၏ ဘေးရန်မှ ကာကွယ်ပေးတတ်သော ဂမုန်းများရှိသကဲ့သို့ စီးပွားလာဘ်လာဘ တိုးတက်စေသော်လည်း၊ မိသားစုတွင် ကျန်းမာရေး ချူချာစေသော အမှုအခင်း ပြသနာ အဖုံဖုံ၊ ဘေးရန်များခြင်း စိတ်သောက မျိုးစုံဖြစ်စေတတ်သော ဂမုန်းများလည်း ရှိကြောင်း ဖတ်မှတ်ရဖူးပါသည်။ ဂမုန်းစေတီတွင် ရွက်ဖတ်များ ကြွေသွားမှ စေတီပုံဂမုန်းဥကိုတွေ့ရမည်ဖြစ်သည်။ မတ်လလောက်တွင် ရိုးတံရှည်အဖူး ထွက်လာပြီးသစ်ခွပွင့်ကဲ့သို့ စိမ်းဝါရောင် အပွင့်များ ပွင့်တတ်ကာ တစ်ခါတစ်ရံ အသီးသီးပါသည်။ စေတီပုံ ဥတစ်ဥမှ အဖူးတစ်ခိုင်နှင့် ပင်ပွားတစ်ပင် ထွက်ကာ မျိုးပွားတတ်ပါသည်။ သို့သော်လည်း စေတီဥတိုင်း အဖူးခိုင်ထွက်ခြင်းမရှိပါ၊ စေတီဂမုန်းပင်မှ အဖူးခိုင်များများထွက် […]


Mr. MarGaFebruary 14, 20133min42820
အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ   သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ် ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။ အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။ သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ် ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။ စိတ်ဝင်စားတာနဲ့ပဲ […]


နွေဦးNovember 12, 20122min50139
နေ့တိုင်းမဖြစ်မနေ သုံးနေကြပေမဲ့ ဘယ်လိုသုံးရမယ် ဘယ်လိုသုံးသင့်တယ် ဆိုပြီး ဘယ်သူ့ကိုမှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။ ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။ ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။   ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး […]


Ma EiSeptember 18, 20121min50729
သဇင်နီ လေးတွေပွင့်နေပြီ… မအိတို့ အိမ်မှာ သဇင်နီလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပန်းကလေးတစ်မျိုးရှိပါတယ်… သဇင်ဥလိုမျိုး ဥခတ်ကြီးကြီးတစ်ဥမှာ အရွက်တစ်ရွက် အပွင့်တစ်ခက် တွဲလောင်းကျ ပွင့်ပါတယ်… အဖူးဖူးနေတာ နှစ်လ၊သုံးလနည်းပါးကြာမှ အပွင့်လေးတွေ စပွင့်လာတာပါ… သိသူများအနေနဲ့ အခြားနံမည် ရှိရင်လဲ ပြောပြပေးပါနော်… ခင်တဲ့ မအိ


Ma EiAugust 3, 20122min38320
ဝါဆိုမိုး ၊ ဝါဆိုပန်း နှင့် အတူ…   ဝါဆိုမိုးနှင့်အတူ ဝါဆိုပန်းကလေးတွေ ဖူးပွင့်လာခဲ့ပါပြီ်… ဝါဆို၊ဝါခေါင် ရေဖောင်ဖောင် ဆိုသလို မိုးများများရွာလာရင်ဖြင့် ခြံရှေ့မှာ ဝါဆိုပန်းပင်လေးတွေပေါက်လာခဲ့ပါတယ်… ကျမ ဝါဆိုပန်းလို့ခေါ်တဲ့ ပန်းကလေးတွေသည် ပန်းတိမ်ငိုကဲ့သို့ မျိုးရင်းထဲကဖြစ်ပါလိမ့်မည်… ပန်းတိမ်ငိုပန်းသည် တွင်ကျယ်စွာစိုက်ပျိုး ရောင်းချနေသော ပန်းမျိုးဖြစ်ပြီး၊ယခု ဝါဆိုပန်းကလေးများကိုဖြင့် မည်သည့်နေရာ ဒေသများတွင် ပေါက်ရောက်သည်၊မည်ကဲ့သို့ အမည်ရှိသည် ဆိုသည်ကိုဖြင့် မသိပါကြောင်း စကားဆိုထားပါရစေ…       ဝါဆိုပန်းများပွင့်သော ဝါဆိုလသည် ဗုဒ္ဒဘာသာ မြန်မာလူမျိုးတို့အတွက်ထူးခြားသော လထူးလမြတ်လည်းဖြစ်ပါသည်။ သနေ၊္နတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ ဆို၍ ဝါဆိုလတွင် မြတ်စွာဘုရားရှင်အလောင်းတော်ကိုဖွားမြင်ရန် မယ်တော်၌သန္နေခခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ဘုရားဖြစ်တော်မူ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဦးဟောတော်မူခြင်း၊တိတ္တိတို့အား တန်ခိုးပြာဋိဟာ ပြတော်မူခြင်းတို့ကိုပြုခဲ့သောလပင်ဖြစ်ပါသည်။ ဝါဆိုလသည် ရဟန်းသံဃာတော်များ ဝါဆို၊ဝါကပ်တော်မူသော […]