KyaemonMay 9, 20162min133328
    အဖြစ်မှန် တိုင်းရေးပြည်ရေးကိစ္စဆိုတာနက်နဲကျယ်ပြန့်လှ၏၊ အမှားနဲ့အမှန်ကို ခွဲခြားစိတ်ဖြာနိုင်မှသာလျှင် တော်ရုံကျ၏၊ အဆုံးအဖြတ်မှန်ကန်ရင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်၏၊ အများပြည်သူရဲ့အကျိုးအတွက် ဆွေးနွေး စဉ်းစား၊ သုံးသပ် ဝေဖန်၊ ချင့်ချိန် ဆုံးဖြတ် ရတဲ့နေရာမျိုး မှာ ခေါင်အေးအေးနဲ့ အဖြစ်မှန်တွေပေါ်မူတည်ရမှာပါ၊ သာဓက ကြုံလို့ပြောရရင်၊ အနောက်နိုင်ငံမှာတရားဥပဒေစံနစ်က လွှမ်းမိုးတယ် လွန်စွာကောင်းမွန်ကြံ့ခိုင်တယ်၊ အပြစ်ကျူးလွန်ကြောင်း ယုံမှားသံသယစိုးစိမျှမရှိရအောင် သက်သေထူနိုင်မှသာလျှင် အပြစ်ပေးတယ်၊တဘက်နဲ့ တဘက် အပြန်အလှန် ထုချေခွင့်ပေးတယ်၊ ၎င်းအတွက်လဲ လိုအပ်ရင် တရားခံကိုကာကွယ်ဘို့ ရှေ့နေငှါးပေးတယ်၊နိုင်ငံတော်ကယင်းရှေ့နေစရိတ်ကို ကျခံပေးတယ်၊ သို့ပင်ငြားလဲ ဒီလိုစံနစ်ကောင်းမှာတင်,အပြစ်မဲ့သူတွေကို သေဒဏ်တို့ တသက် တကျွန်းအပြစ်ဒဏ်တို့ပေးမိခဲ့တယ်၊ ဒါကြောင့်မို့ ကောဠဟဠ နားကြားတာတို့၊မလိုမုန်းထားနဲ့ဂုံးချော တာတို့စိတ်လိုက်မာန်ပါပြောတာတို့မိစ္ဆာတွေကို ဖယ်ရှားရမှ အဆုံးအဖြတ်မှန်ကန်ပြည့်စုံနိုင်မှာ တဘက်သားကိုအသလွတ်စွပ်စွဲတာကိုအဟုတ်မှတ်ပြီး စီရင်ချက်ချမိရင် မှန်ကန်မျှတမှာလဲမဟုတ်၊ကိုယ့်သိက္ခာ လဲကျဆင်းနိုင်မှာ၊ ဒေါ်လာသန်းပေါင်း ၈၀ဝ မှ […]


KyaemonMay 9, 20162min333410
    ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတင် တည်ရှိနေတယ်၊ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊လို့ပြောကြတယ်၊ ဥပမာ အောက်ပါ အနောက်မီဒီယာ ကဒီလို ပြောကြတယ်၊ ဒီလိုပြောတာကမှန်ကန်ပါသလား၊ https://en.wikipedia.org/wiki/Myitsone_Dam , location 60 miles from the Sagaing fault line, location 60 miles from the Sagaing fault….   http://www.digplanet.com/wiki/Myitsone_Dam They opposed the dam site because it is less than 100 kilometres (62 mi) from the major Sagaing fault line,   […]


သပိတ် သပိတ် မှောက်မှောက်၊ စစ်အစိုးရ အလိုရှိ၊ ဒီမိုကရေစီ မရရှိရေး ဒို့အရေး ဒို့အရေး.. စသည့် ကြွေးကြော်သံများနှင့်အတူ ဒီချုပ်အစိုးရအား မွပ်ဂဇက်လမ်းမပေါ်တွင် လူတခ ျို့ ပွက်လောရိုက် ဆူညံကန့်ကွက် ဆန်ဒပြနေခြင်းဖြစ်သည်။ စာရှုသူများ မ ျက်စေ့လည် ကုန်ကြပြီထင်၏.. ဟုတ်၏ မှန်၏.. ပိတ်သက်ကြီးကဲ့သို့ပင် ဂဇက်ရွာသားများ ကိုယ့်နားကိုယ်မယုံ အံ့အားသင့်ကုန်ကြသည်၊ ဘယ့်နှယ်ဖြစ်သနည်း၊ ပြီးခဲ့သော ရွေးကောက်ပွဲတွင် ရွာလုံးကျွတ် အန်အယ်လ်ဒီသို့ မဲထည့်ခဲ့သည်မှာ တလစွန်းရုံရှိသေး.. ရွာသားများတော့ မဖြစ်နိုင်၊ တရက် သုံးထောင်စားများ၊ လက်ပတ်နီကြေးစားများသာ ဖြစ်ချေမည်တမုံ့…။ ရွာအမာခံ ဆတ်ဆတ်ကြဲ လူအမှိုက်ခင်ဇော်၊ ၇၈၆ဒေဝီမွပ်ဝေါင်း၊ လောဘ်ဘီစုန်းမြ၊ တဖက်ပိတ်ချဲသွပ်၊ ကွင်သဘုံတုမ၊ ဒေးသရဲခြိမ်းပဒီးမ တို့ကို ထိန်းမရပြီ၊ တောက်စ် လာပလေ့စေအုံး.. အနားရောက်မှ လှံပြလိုက်မယ်၊ […]


ဂ်စ္စူMay 3, 20161min66028
ဟိုတလောက သုံးရာတန် မီးသွေးထုပ်လေးတွေ ထုတ်ပြီး မီးသွေးသည်ကြီးက သူအိမ်ပြန်တဲ့အခါ အဲဒီ မီးသွေးထုပ်လေးတွေနဲ ့ အမ်းစရာအကြွေလေးတွေကို ဆိုင်မှာ ဒီတိုင်း ထားခဲ့တဲ့ သတင်းဖတ်မိကြမယ် ထင်ပါတယ်။ သင့်ကိုယ်ကျင့် တရားကို ကျုပ်ယုံတယ် ၊ မီးသွေး တစ်ထုပ်ယူရင် ငွေသုံးရာ ပိုက်ဆံခြင်းထဲ ထည့်ခဲ့၊ အမ်းစရာ အကြွေလဲ လုပ်ပေးထားတယ်ဆိုပြီး ဆိုင်ရှင်က သူ အိမ်ခဏပြန်နားတဲ့အချိန်တိုင်း မီးသွေးတွေနဲ ့ငွေအကြွေတွေကို အဲသလို စိတ်ချလက်ချ ထားခဲ့တယ်။ မီးသွေးဆယ်ထုပ် ထားခဲ့ရင် ဆယ်ထုပ်ဖိုး ပိုက်ဆံက ခြင်းထဲ အတိရှိတယ် ဆိုတဲ့သတင်းလဲ နောက်ဆက်တွဲကြား ရတော့ စိတ်ထဲ တယ်ဟုတ်ပါလားပေါ့ဗျာ။ စီစီတီဗီ မရှိ အစောင့်မထားပဲ ဈေးဆိုင်ကို ထားခဲ့တာတောင် ခိုးဝှက်သူမရှိ ပိုယူသူမရှိ ကွက်တိရောင်းရတယ် ဆိုတော့ […]


thihayarzarApril 28, 20161min3097
အရိပ်အာဝါသကောင်း၍ ကြီးမားအုံမှိုင်းသော သစ်ပင်ကြီးများမှ တဆင့် ပေါက်ဖွားရှင်သန်လာကြသော အပင်ငယ်လေးများသည် ထိုအပင်ကြီးအား မှီတွယ်၍ ရှင်သန်ကြသည်။ ထိုအပင်ကြီး၏ များပြားလှသော အကိုင်း အခက်အလက်များနှင့် အရွက်တွေက အပင်ပေါက်လေးများအား လေဒဏ်မိုးဒဏ်များမှ ကင်းလွှတ်စေသည်။ သက်သာစေသည်။ အေးမြသော အရိပ်ကိုလည်း ပေးသည်။ အပင်ကြီး၏ အရိပ်ကို သိပ်မရသော အပင်ငယ်လေးများသည် နေရောင်ခြည်ကို အပြည့်အဝ ရသောကြောင့် ကြီးထွားနှုန်းမြန်ဆန်ပီး အရောင်အသွေးစုံလင် လှပသော အညွန့်များဝေဆာစွာဖြင့် ရှင်သန်ကြသည်။ သို့သော် ထိုအပင်ငယ်လေးများသည် လေဒဏ်မိုးဒဏ်ကိုတော့ အနည်းအများ ခံကြရရှာသည်။ တချို့သော အပင်ငယ်လေးများသည် လိုအပ်သော နေရောင်ခြည်ကိုတော့ အပြည့်အဝ မရကြပေ။ အဘယ့်ကြောင့်ဆိုသော် အပင်ကြီး၏ ကြီးမားသောအရိပ်သည် သူ့အပေါ်သို့ အုပ်မိုးထားသောကြောင့် ဖြစ်သည်။ ထိုအပင်ငယ်လေးများသည် ရှင်သန်မှု နှေးကွေးကြသည်။ အရောင်းအသွေး မစိုမပြေဖြင့် […]


manawphyulayApril 22, 20161min1806
ချစ်ခင်ရပါသော မောင်နှမများအားလုံးအတွက် မနောမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံလည်းစမ်းရင်း အပြင်းလည်းပြေဖြစ်ရအောင်။ ကိုယ်တိုင်ကံစမ်းဖူးပြီး ကိုယ်တိုင်မဲပေါက် အမှန်တကယ် ထုတ်ပေးတဲ့ ကံစမ်းမဲဝက်ဂ်ဆိုက်လေး တစ်ခု ချိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် နှစ်သစ်မှာ အားလုံး ကံကောင်းသူများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ပျော်ရွှင်စွာ ကံစမ်းကြည့်ကြပါနော်။ Get Chance (http://get-chance.asia/my) ကံစမ်းမဲ ဝက်ဆိုက်မှ ကြိုဆိုပါတယ် Get Chance တွင် မည်သူမဆို အခမဲ့ လွယ်ကူစွာ ဝင်ရောက် ကံစမ်းနိုင်ပါတယ် Get Chance တွင် ပါဝင်ဆင်နွှဲရန် အဆင့်(၄)ဆင့် ရှိပါတယ်။ အဆင့် (၁) ကိုယ်ပိုင်အကောင့်တစ်ခုရယူပါ အဆင့် (၂) GCMoney စု၍ နှစ်သက်ရာ ဆုပစ္စည်းများကို ကံစမ်းပါ အဆင့် (၃) ဆုရသည့် […]


Swal Taw YwetApril 17, 20166min23310
မင်္ဂလာပါခင်ဗျာ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေ ရဲ့ အလုပ်ပိတ်ရက် က သောကြာနေ့ ဖြစ်နေတဲ့ အတွက် ဒီနှစ် ဒိုဟာ သင်္ကြန်ကို ၁၅ ဧပြီ ၂၀၁၆ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။ ကျနော့် ဆီ ဖုန်းဆက်သတင်းပေးသူ ကတော့ စက်မှုဇုန်အဖွဲ့က လူအားနည်းသွားလို့ အတင်း တိုက်တွန်း စည်းရုံးပြီးကိုယ်တိုင်ပါ သွားချက်ကူညီခဲ့တဲ့ ကိုစိုးမိုးဖြစ်ပါတယ်။ ကျနော်လည်း နီးစပ်သူ စက်မှုဇုန်အဖွဲ့နဲ့ဘဲ ချိတ်ဆက်ပြီး မုန့် ဟင်းငါးချက်ဘို့အလှူငွေ ပါဝင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် သောကြာနေ့ က အလုပ်ဆင်းရမယ့် ဖြစ်နေလို့ တရားဝင်နားခွင့်ရဘို့ Email ပေးပို့ ရက်ရွှေ့ခိုင်းရပါသေးတယ်။ လူမမြင်ဘူးသေးဘဲ FB Friend ဖြစ်နေတဲ့ ကျနော့် ဘော်ဒါရဲ့ ဘော်ဒါကိုပါလှမ်း လက်တို့ […]


black chawApril 7, 20163min42817
ခေးမလေး တစ်ယောက် အတော်မိုက်တယ်ဆိုပြီး မိတ်ဆွေ တချို့ က တဖွဖွ ပြောနေတာကြောင့် အစဉ်အလာ မပျက်အောင် သူမရဲ့ Page မှာ တင်ထားတဲ့ ပုံလေးတွေ သွားအားပေးရပြန်ပါတယ်။ ပုံလေးတွေ တစ်ပုံခြင်း ကြည့်ပြီး ပြစ်မှား…အဲ..အဲ..အားပေးနေရင်း တစ်ပုံမှာ student party with my kid ဆိုတဲ့ စာသား တွေ့လိုက်ရပါတယ်။ OMG!!! အဲဒါနဲ့ သတင်းပေးတဲ့ မိတ်ဆွေ ကို လှမ်းပြောရပါတယ်။   ခေးမလေး က မိုက်တယ် ဆိုတာကိုတော့ လက်ခံပါတယ်ဗျာ။ ဒါပေမယ့် ကြည့်လည်း ပြစ်မှားဦးဗျ။ အိမ်ထောင်ရှိ တယ်ထင်တယ်နော်…၊ student party with my kid ဆိုတာ တွေ့လိုက်တယ်။ ကလေးပုံတစ်ပုံလည်း တွေ့လိုက်တယ်ဗျ။ […]


ဇီဇီApril 6, 20165min77231
Right Approach to get Good Attention ~~~~~~~~~~~~~~~~~~~~~~ ဘာရယ်လို့ အမည်တတ်လို့မရတဲ့ အကြောင်းအရာလေးတွေ ပြောပြမို့။ ငိငိ၊ လူတွေ ရဲ့ စိတ်လိုအင် တစ်ခု က အာရုံစိုက်မှု (Attention) ခံချင်တယ်။ အာရုံစိုက်ခံရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ချဉ်းကပ်နည်း (approach) ပေါ် မူတည်ပြီး ရရှိတဲ့ ပမာဏ ကွာသွားတာပါပဲ။ အဲဒါကို ကိုယ်တွေ့လေးနဲ့ ယှဉ်ရေးချင်လို့ပါ။ :mrgreenn: ယခင် နဲ့ ယခု အသက် အပိုင်းအခြားဟာ ၂၆ နှစ် မတိုင်ခင်နဲ့ အလွန် ကို ပိုင်းခြားထားပါတယ်လို့။ ကိုယ်ကတော့ ကွကိုယ် ရင့်ကျက်လာတယ်လို့ ယူဆပြီး ထင်ရာစိုင်းနေတာ ခုထိပဲ။ :mrgreenn:   ကံကောင်းတာ တစ်ခုက အသက် […]


ဇီဇီMarch 26, 20163min38513
    နက်ဖန် စနေည ကို အိမ်မှာ စမ်းချင်သူများးရှိရင် စမ်းသပ်နိုင်အောင် တင်ပေးးလိုက်တာပါ.. တညားးလည်းး ခုမှ စမ်းးရင် မူးးမူးးနဲ့ ရေးးလိုက်ပါတယ်.. :k:   Kiwi & Strawberry Sangria   ပါဝင် အချိုးး ၁) ကီဝီ – ၃ လုံးးး ၂) စတော်ဘယ်ရီ အကြီးး – ၂ဝ လုံးး ၃) Rum – ဖန်ခွက် အရှည် တစ်ဝက် ၄) White wine – ၂ ဖန်ခွက် ၅) သကြား – ထမင်းစားဇွန်း ၃ ဇွန်း ၆) သကြားရည် – ဖန်ခွက် […]


ဇီဇီMarch 21, 20163min64733
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ ချယ်ရီကိုသာပန်ပါ ကျေနပ်ကွယ်~~~~~~~   “ချယ်ရီကိုသာပန်ပါကွယ်” ရဲရဲတင်းတင်း ချယ်ရီပန်းလို့ပဲ သုံးနှုန်းလိုက်ပါတယ် ပိတ်သတ်ကြီးး :chit: ဖြစ်ပုံက Gardens by the Bay   မှာ ချယ်ရီပန်းတွေ (သူတို့ အခေါ် ဆာကူရ) ပြပွဲရှိတယ် ဆိုလို့ သွားရာက ဟိုရောက်တော့မှ ချယ်ရီပန်းဆိုတာ အမျိုးစုံပါပဲလား အံ့ဩခဲ့ရတာပါ။ 😳 တစ်ချို့က ချယ်ရီမဟုတ် မက်မုံပွင့် လို့လည်း ပြောရဲ့။ အဲဒါနဲ့ ဓာတ်ပုံကိုလည်း ဒီ တိုင်းမတင်ရဲပဲ ဆရာဂီကို အရင်လှမ်းမေးး၊ ရှာဖတ် ရှာကြည့်တော့မှ ဂလိုတွေ့ပါတယ်။ . .     မက်မုံသီး (Peach) (တညားကတော့ စွန်းဝူခုန်း ခူးစားခိုးစားတဲ့ အသီးလို့မှတ်ထားတာပဲ) မက်မန်း […]


ဇီဇီMarch 11, 20162min51219
ဘာရေးရမှန်းလည်းမသိ။ စိတ်ထဲရှိတဲ့ အပြောင်းအလဲတွေကိုလည်း ရေးချင်။ စိတ်ထဲ သွားသလောက် လက်က လိုက်မရှင်းပြနိုင်၊ လိုက်မဖော်ပြနိုင်တာမို့ ရောက်တတ်ရာရာလေး ပြောအူးမယ်။   ကိုယ်တွေက ရှင်ဘုရင်ခေတ်ကနေစလို့ ကိုလိုနီခေတ် မဆလ နဝတ ကနေ ခု ကသစ (ကသေးစိမ်) ခေတ်ထိက အကြောက်တရားနဲ့ နေခဲ့ နေသားကျခဲ့တာမို့ အစိုးရဟေ့ ဆိုရင်ကို …. ဘုရင်မျိုး မှတ်ပြီး ကြောက်ရမယ် စိတ်မှာ စွဲနေကြတာ။ အစိုးရ ဆိုတာ ကိုယ့်ကို အုပ်ချုပ်မယ် အပြစ်ပေးမယ် ထောင်ထဲထည့်နိုင်တယ် စသည်ဖြင့်လောက်ပဲ တွေးနိုင်နေသလိုဖြစ်နေကြလို့သာ။ .   ကိန်းသေ/ကိန်းရှင်ပုံစံနဲ့ တွက်ကြည့်ရင် … ပြည်သူက ကိန်းသေပါ။ ပြောင်းလဲလို့ မရဘူး… အစိုးရဆိုတာ ကိန်းရှင်ဖြစ်ရမှာ။ . နောက်ပြီး ဥပဒေဆိုတာ […]


Happy Birthday ပါ ကို… ယနေ့မွေးနေ့မှစ.. နောင်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်ပါစေ…။ မိဘကျေးဇူး အထူးပြန်ဆပ်နိုင်ပါစေ…။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ…။ ချစ်သူနဲ့ရွှေလက်တွဲ သက်ဆုံးတိုင် ခိုင်မြဲပါစေ…။