Mon LaySeptember 20, 20192min2310
ဒီတစ်ပတ်ပြောပေးမယ့်အကြောင်းအရာကတော့ အမျိုးသမီးတို်င်း အထူးသဖြင့် အမျိုးသမီးကြီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ပါတိတ်အကြောင်းပဲဖြစ်ပါတယ်။ ပါတိတ်မှာဆို ဒါးကြီးကအကောင်းဆုံးပဲလို့တော့အက်မင်ကြားဖူးပါတယ်။ အဲ့ဒါးကြီးပါတိတ်ကို ဘယ်နိုင်ငံကထုတ်ပြီး နာမည်ပိုကြီးသလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံကပဲဖြစ်ပါတယ်။ အက်မင်တိုု့မြန်မာနိုင်ငံမှာ ပါတိတ်ကို အမျိုးသမီးတွေသာ ဝတ်ပေမဲ့ သူတို့နိုင်ငံမှာ တော့ အမျိုးသားရော၊ အမျိုးသမီးတွေပါဝတ်ဆင်ကြတယ်။ သူတို့ရ ဲ့ရိုးရာအထည်ဖြစ်လို့ဆိုပြီး ပါတိတ်ကို အမြတ်တနိုးထားဝတ်ဆင်ကြပါတယ်။ အက်မင်တို့ ဘာလီကိုသွားတုန်းကဆို အမျိုးသားဂိုက်ကိုယ်တိုင်ကကို ခေါင်းပေါင်းကအစပုဆိုးအဆုံး ပါတိတ်ပဲဝတ်တာတွေ့ပါတယ်။ အက်မင်တို့လည်း ဘာလီဆို ပါတိတ်ကမဝယ်မဖြစ်ဆိုတော့ အိမ်ကအမေတွေ၊ အဒေါ်တွေအတွက်ဝယ်သွားတာပေါ့။ နာမည်ကြီးတဲ့အတိုင်း အသားလည်းကောင်းတယ်။ လမ်းဘေးမှာလိုက်ရောင်းတဲ့ပါတိတ်ကအစသူတို့မှာကောင်းတာ။ အနံ့လည်းမွှေးလို့။ ပါတိတ်ကအသားကောင်းရင် အနံ့မွှေးတယ်တဲ့။ ဒီတော့ အက်မင်က ဘာလီရောက်ခဲ့ရင် ပါတိတ်ဝယ်လို့ကောင်းမယ့်ဆိုင်များကိုဖော်ပြပေးပါမယ်နော်။ #Bali_Bidadari_Batik လိပ်စာကတော့ Jl. WR Supratman No.343, Kesiman Kertalangu, Kec. Denpasar Tim., […]


Mon LaySeptember 19, 20193min2300
ဟိုတစ်ပတ်က ထိုင်ဝမ်နို်င်ငံဟာ လည်လို့ပတ်လို့ကောင်းတဲ့နိုင်ငံဖြစ်ကြောင်းပြောပြပေးပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ အက်မင်က ထိုင်ဝမ်မှာဈေးဝယ်လို့ကောင်းမယ့်နေရာများကိုပြောပြပေးသွားပါမယ်။ Shilin Night Market shilin ညဈေးဟာ တို်င်ပေမှာနာမည်အကြီးဆုံး ညဈေးတစ်ခုဖြစ်ပါတယ်။ ဈေးဆိုင်ငယ်လေးတွေ အများကြီးနဲ့ လမ်းဘေးစားသောက်ဆိုင်တွေလည်းရှိတာမို့လို့ အရမ်းကိုစည်ကားလို့နေတာပေါ့။ အက်မင်တို့ ကြိုက်တဲ့ပစ္စည်း၊ လိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာထဲတောင်ရနိုင်တဲ့နေရာမျိုးပါ။ သွားမယ်ဆိုရင် – No. 101, Jihe Rd, Shilin District, Taipei City, Taiwan 111နီးစပ်ရာ ရထားဘူတာ – Jiantan MRT Station ဆိုင်တွေဖွင့်ချိန် – ညနေ (၄)နာရီလောက်ဆို ဆိုင်တွေစဖွင့်ပေမယ့် စသွားလို့ကောင်းတဲ့အချိန်ကတော့ ည(၉)နာရီပါ။ Wu Fen Pu ဘန်ကောက်က Platinum shopping mall ကိုကြားဖူးမယ်ထင်ပါတယ်နော်။ ခု တိုင်ပေမှာရှိတဲ့ […]


Mon LaySeptember 16, 20195min100490
ရွှေစက်ချရာ..ရွှေရောင်ဝင်းစေမယ့် Shwe FM ရဲ ့၁ဝ နှစ်ပြည့် ပွဲလေးကိုတက်ခဲ့ပါတယ်။ Congratulations 🎊🎈🍾!! ၁ဝ နှစ်သားလေးတောင်ဖြစ်လာခဲ့ပြီ။ Shwe FM နားထောင်ရတာအရမ်းကြိုက်တယ်။ သတင်းတွေလည်းစုံတယ်။နယ်ဘက်ခရီးတွေ သွားတဲ့အခါလည်း နားထောင်ဖြစ်တယ်။ နယ်တွေလည်း အသံဖမ်းယူနားထောင်လို့ရနေတာကိုး။ ကားထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ်နားထောင်လို့ရတော့ သီချင်းကြိုက်တဲ့မွန်လေးအတွက် ဟန်ကိုကျနေရော။ ကိုယ့်အတွက် ဗဟုသုတရော၊ ရသ ရောရတဲ့အပြင် စိတ်ပင်ပန်းတဲ့အခါနားထောင်လိုက်ရင်လည်း ပင်ပန်းမှုတွေပျောက်လို့.. Shwe FM ကိုအရမ်းကြိုက်ပါတယ်။ May you continue the journey of success with pride! You rock!! #shwefm#shwefm10thanniversary#radiostation#congrats#congratulations 👛 fashionlaprincesse


Mon LaySeptember 5, 20192min1970
မွန်လေးဟိုတလောကမျက်နှာမှာ ဝက်ခြံလေးတွေပေါက်ချင်သလိုလိုဖြစ်နေတယ်။ မှန်ထဲကြည့်ရင်ကိုယ့်ကိုယ်ကို စိတ်ကိုမချမ်းသာဘူး။ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းက အိပ်ရေးပျက်လို့၊ စိတ်ရှုပ်နေလို့၊ အစပ်တွေ၊ အငံတွေစားမိရင်လည်းဖြစ်တတ်ပါတယ်တဲ့။ ပြီးတော့ မိန်းကလေးတွေ ဟော်မုန်းပြောင်းလဲတာတို့၊ ရာသီလာခါနီးရင်လည်းဖြစ်တတ်တယ်ပေါ့နော်။ ဒီတော့ဝက်ခြံပေါက်ရင် ဘာလုပ်ရမလဲ စာတွေရှာဖတ်တော့ အိပ်ရာကထတဲ့အချိန် Facial form သုံးပေးရင်လည်း ပျောက်ကင်းနိုင်ပါတယ်တဲ့။ ပတ်ဝန်းကျင်မှာ Facial Foam ​တံဆိပ်​​ပေါင်​း​သောင်​း​ခြောက်​​ထောင်​တောင်ရှိတာလေ။ အဲဒါမှ ရွေးချယ်မှုမှန်ကန်ခဲ့တဲ့၊ သုံး​နေတဲ့ထဲမှာအရမ်​းကို အဆင်​​ပြေပြီး သုံးလို့​ကောင်​းတဲ့ Dabo ကထုတ်တဲ့ Facial Foam လေးအကြောင်းကိုပြန်ရှယ်ချင်ပါတယ်။ မွန်လေးသုံးခဲ့တာကတော့ Green Tea Natural Rich Foam Cleanser ပါ။ Dabo က မျက်နှာအသားအရည်ပေါ်လိုက်ပြီး ထပ်ထုတ်ထားတာ အမျိုးပေါင်း (၅)မျိုးရှိပါတယ်။ ကို်ယ့်အသားအရည်နဲ့ လိုက်ဖက်မယ့်၊ သင့်တော်မယ့် foam ကိုရွေးချယ်သုံးစေချင်ပါတယ်။ ✅ […]


Mon LaySeptember 3, 20192min26310
နေရာလှလှလေးသွားပြီး ဓါတ်ဖမ်းကြမယ်…. ဓါတ်ဖမ်းတိုင်းလည်း ပုံလှလှထွက်တာမျိုးမဟုတ်ဘူးဆိုတာ သိတယ်ဆိုရင် မွန်လေးက ဓါတ်ပုံလေးတွေကိုလှလှလေးပြင်လို့ရမယ့်…အသုံးဝင်မယ့် ဖုန်း app လေးတွေအကြောင်းပြောပြချင်ပါတယ်။ ပြီးတော့ မှတ်တမ်း ဗီဒီယိုရိုက်ခဲ့ရင်လည်း သီချင်းလေးတွေ စတစ်ကာလေးထည့်လို့ရမယ့် video app လေးတွေလည်းထပ်လောင်းပြောပြပေးသွားပါမယ်။ ပြီးရင် ဖေ့ဘွတ်ပေါ်တင်ပလိုက်ပေါ့။ အရမ်းကိုလန်းသွားမယ်နော်.. ခုပြောပြပေးမယ့် app တွေက android ရော ios ပါ ရပါတယ်။ ဖုန်းထဲဒေါင်းပြီး ရိုက်ခဲ့သမျှပုံ တွေကို အကုန်retouch ပြန်လုပ်လို့ရပါတယ်။ အရမ်းကိုလွယ်ကူပါတယ်။ ပုံတွေလှလှပြင်ဖို့ကိုအရင်ပြောပေးမယ်နော် ၁။ Camera 360 သူကဓါတ်ဖမ်းကတည်းက ပုံလှလှထွက်အောင် ကင်မရာအဖြစ်နဲ့သုံးလို့ရပါတယ်။ ပြီးရင် အသားရည်ဖြူဝင်းသွားအောင်လုပ်လိူ့ရပါတယ်။ sticker လေးတွေလည်းပါတော့ ချစ်ဖို့ကောင်းတယ်။ Selfie camera ကိုလည်း ကာတွန်းပုံလေးတွေနဲ့ တစ်ခါတည်းရိုက်လို့ရတယ်။ ၂။ Snapseed သူကတော့ […]


Mon LayAugust 26, 20194min30292
မြန်မာ့လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးပြီး စိတ်ကြိုက်ရွေးဝယ်ချင်လို့ ပြီးခဲ့တဲ့အပတ်က YK collections ဆိုင်လေးကို မွန်လေးရောက်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တော့ သွားရောက်အားပေးခဲ့ပါတယ်။ YK Collections Social Enterprise ဟာ ၂၀၁ဝ ခုနှစ်ကတည်းကစတင်ပြီး မြန်မာ့လက်မှုပစ္စည်းလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းက ပစ္စည်းတွေနဲ့ပဲ နားဆွဲ၊ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ မြန်မာ့ရိုးရာအရုပ်တွေ၊ လက်ဖက်ခြောက် စတဲ့စတဲ့ ထုတ်ကုန်တွေအများကြီးကို နှစ်ပေါင်းများစွာ ​ထဲက ​တော်​​တော်​ဖြည်​းဖြည်​း​လေးနဲ့  အောင်မြင်အောင်ထုတ်ဝေနိုင်ခဲ့တာ အခုဆိုရင် သက်တမ်း၉နှစ်ထိ ရောက်ရှိခဲ့ပါပြီ။ ကိုယ်ဆို ဆို်င်ထဲဝင်လိုက်တာနဲ့ စပါးလင် အနံ့သင်းသင်းလေးရလိုက်လို့ စိတ်ကိုကြည်လင်သွးတာပဲ။ ပြထားတဲ့ပစ္စည်းလေးတွေကလည်း ချစ်စရာလေးတွေ..သေးသေးကွေးကွေး ဘုစုခရုကနေ..တောင်းအကြီးကြီးတွေအထိရှိတယ်။ ဝယ်ယူရရှိနိုင်သော ပစ္စည်းများ ချည်သားအိတ်လေးတွေ ချိုင်းညှပ်အိတ်ကအစ ရှော့ပင်အိတ်လေးတွေထိ၊ ဒေါ်စုပုံပါတဲ့ စာအုပ်လေးတွေ၊ စကျင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ ကြာပန်းပုံ ပန်းကန်ပြားတွေ ကိုယ်ဆိုလာဘ်ကောင်းအောင် […]


Mon LayAugust 26, 20193min33880
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


Mon LayAugust 22, 20191min31160
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့။ တကယ်ကိုမှန်တဲ့စကားပါ။ ခုဆို ပတ်ဝန်းကျင်မှာ ဆင်တုပ်ကွေးဖြစ်နေကြတဲ့သူတွေ၊ သွေးလွန်တုပ်ကွေးဖြစ်နေကြသူတွေမှ အားကြီးပဲ။ ပြန်လည်းဖြစ်ကြတယ်ဆိုပဲ။ ကို်ယ်လည်း မဖျားအောင် အမြဲဂရုစိုက်နေရတယ်။ အလုပ်လုပ်နေရတော့ ဖျားလို့မဖြစ်ဘူးလေနော်။ ဖျားတယ်ဆိုတာက ခုခံအားကျဆင်းလို့ဖြစ်တာတဲ့။ ကိုယ်ခံအားနည်းလို့ပေါ့နော်။ ပြင်ပက ရောဂါတွေ၊ virus တွေမဝင်လာအောင် ကိုယ်ခံအားကောင်းနေမှဖြစ်ပါမယ်။ ဒီတော့ မွန်လေးမဖျားအောင်..အမြဲခေါင်းကြည်ပြီးလန်းဆန်းနေအောင် နေ့တိုင်းသောက်တဲ့ အားဆေးတစ်ခုကို ပြန်ရှယ်ပေးချင်ပါတယ်။ ခုမှသောက်တဲ့အားဆေးမဟုတ်ပါဘူး။ ဆယ်တန်းလောက်ကတည်းက အဖွားက စာကျက်ရ ကောင်းအောင်၊ မှတ်မိအောင်၊ ဉာဏ်ကောင်းအောင်သောက်ခိုင်းခဲ့တာဆိုတော့ ခုထိဆက်သောက်နေခဲ့တာဆိုတော့ တော်တေ်ာကြာပါပြီ။ အဲ့ဆေးကို မေ့လို့ ၃-၄ရက်လောက်မသောက်မိရင် လူဆိုတာနှုံးချိပြီး အဖျားဝင်လာရော။ ဖျားပြီဆိုရင် ငါအဲ့ဆေးသောက်မိလား..မသောက်မိလားပြန်တွေးရင် အာ..ငါမသောက်မိပါလားဆိုပြီးဖြစ်ရော။ အရမ်းကိုသိသာတယ်။ လူတစ်ယောက်က ဗီတာမင်ကိုတစ်နေ့ထဲပြည့်ဝစွာ စားဖို့လိုပါတယ်။ အဲလိုပြည့်ဝအောင် တစ်နေ့ထဲစားဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ခု #Centrum အားဆေးတစ်ထောင့်ထဲက multivitamin […]


Mon LayAugust 9, 20191min3272
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayAugust 6, 20192min56140
သက်တန့်(မေရီ) ရေးတဲ့ စစ်မှန်သော မိမိနှင့်တွေ့ဆုံခြင်း စာအုပ်ကိုဖတ်ပြီးနောက် မွန်လေးကိုယ်တွေ့ပါ တကယ်ခံစားပြီး ကျင့်သုံးလိုက်လို့ အဆင်ပြေသွားတာလေးကို မွန်လေးရဲ ့follower လေးတွေလည်း ဗဟုသုတရပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးနို်င်စေဖို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ အရင်ဦးဆုံး မေးခွန်းလေးကသိပ်လှတယ်။ ငါ..ဘယ်သူလဲတဲ့။ ခုစာဖတ်နေတဲ့သူလည်း ဖြေကြည့်ပါ..ငါဘယ်သူလဲ။ စစ်မှန်တဲ့ ငါကဘယ်သူလဲ။ စစ်မှန်တဲ့..ငါကို ဘယ်လိုရှာလို့ရသလဲဆိုရင် အပြင် ပရောဂကြောင့်ဖြစ်လာတဲ့ ကို်ယ့်အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ရဲ ့အတားအဆီးနဲ ့ ကန့်သတ်မှုတွေရ ဲ့အောက်မှာ မရှိတဲ့လူတွေဟာ စစ်မှန်တဲ့မိမိကိုရှာဖွေနိုင်တဲ့သူတွေပါတဲ့။ အဆုံးသတ်မှာ စစ်မှန်တဲ့မိမိရှိတဲ့သူဟာ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု နှင့် ငြိမ်းချမ်းမှု တို့ရှိတဲ့သူပါပဲ။ ဟုတ်ပြီ။ မွန်လေးတို့ဘယ်လိုရှာမလဲ။ အရင်ဦးဆုံး စက်ဝိုင်းပုံဆွဲလိုက်ပါ။ ပုံလည်းပြထားပါတယ်။ အဲ့မှာ စစ်မှန်တဲ့မိမိဆီရောက်ဖို့ က Body လည်းကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ဟုတ်ပါတယ်။ လူတွေက နေ့စဉ်အလုပ်နဲ့ […]


Mon LayAugust 1, 20191min56632
ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။ တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။ ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်.. နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ […]


Mon LayJuly 26, 20192min29800
ဓါတ်ပုံရိုက်ရတာ အရမ်းကြိုက်တဲ့ သယ်ရင်းတစ်ယောက်မွန်လေးမှာရှိပါတယ်။ သူကဘယ်သွားသွးရိုက်မယ်ဆိုတာချည်းပဲ၊ စားမယ်ဆိုလည်းရိုက်တာပဲ။ တစ်လတစ်ခါ တွေ့မိရင်လည်း လှတဲ့၊ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာပဲ သွးစားတတ်ကြတော့ ခုတစ်ခေါက်လည်း လှသထက်လှတဲ့ ရူခင်းအမိုက်စားလေးရှိရာ Esperado Lake View Hotel က Rooftop Barကိုရောက်ခဲ့တာပေါ့ကွ်ယ။ #တည်နေရာ အမှတ် 23, ကန်ရိပ်သာလမ်း, မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိပါတယ်။ ကန်တော်ကြီး ကရိတ်ဝိတ်အေပေါက်နဲ့နီးပါတယ်။ ဖုန်း 09969933399, 09969905963 . #ဆိုင်ဖွင့်ချိန် 6:30AM – 11:00AM ( breakfast)11 Am to 11 pm ( Lunch & Dinner ) မနက်ပိုင်း 6နာရီခွဲကနေ ၁၁နာရီအထိကို ဘူဖေးမနက်စာ (၇၀၀၀)ကျပ်တည်းနဲ့စားနိုင်ပါတယ်။ ကိုယ်တွေသွးခဲ့တဲ့အချိန်က နေ့လည်၁ခွဲဆိုတော့ နေ့လည်စာကို view လှလှငေးရင်း […]