ဇီဇီApril 22, 20153min97548
ကင်းကောင်လေးနဲ့ စကားစပ်မိရင်းက အူသန့်စင်နည်း အကြောင်းရောက်သွားတာနဲ့…… ခုတလော အူဆေးတယ်၊ အစာအိမ်ဆေးတယ် ဆိုတာ ခေတ်စားနေလို့ နည်းနည်းပွါးချင်ပါတယ်။ စလုံးမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က Detoxing စ ခေတ်စားတော့ ကလင်းနစ်အမျိုးမျိုးကနေ ပြီး သူတို့ ရဲ့ ကိုယ်ပိုင်နည်းတွေ ကိုယ်ပိုင်ဆေးတွေ ကိုယ်ပိုင် လမ်းညွှန်မှုတွေနဲ့ အပြိုင်သဘောမျိုးကို လုပ်ကြတာပါ။ အဲဒီကနေ ဘယ်လိုဖြစ်ပြီး ဝိတ်ချနည်းတွေ ဖြစ်သွားတုန်းတော့ မသိဘူးးး :kwi: ဆိုတော့၊ ၂ ပိုင်းခွဲပြောချင်ပါတယ်။ ၁) Detoxing (ဒီ ပို့(စ) မှာ ပြောပါ့မယ်) ၂) ဝိတ်ချခြင်းး (နောက် ကြုံမှပဲ) :kwi: Detoxing ရဲ့ ရည်ရွယ်ချက်က ကျနော်တို့က အစားစုံစား သတ္တဝါ/လူတွေမို့ စားလိုက်တဲ့ အစားအစာထဲက […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min33936
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


ဇီဇီApril 20, 20152min41329
ဟေးဟေးးး ပူတင်း မျိုးစုံကို မွမွအိ ဆီကနေ တူးထားလို့ ဒီ ခေါင်းစဉ်ဖြစ်သွားတယ်။ :chit: သတင်းစာ အတွက် စု ရင်း … မွအိ ဆီက ၄ မျိုး၊ မွဝေ ဆီ က တစ်မျိုး၊ ရွှေပုံ့ ရေးထားတာလေး ရှာလို့ ရတာ တစ်မျိုးမို့  စုလိုက်တယ်။ :sar: ~~~~~~~~~~~~~~~~~~~~~~~~~ 1) အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )- Ma Ei   (https://myanmargazette.net/186774) ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့… ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်… အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး […]


ムラカミApril 19, 20151min27616
ကဲစပြီ အိမ်​​ရှေ့ လမ်​းရဲ့ဟိုဘက်​ခြမ်​း ကန်​ထရိုက်​တိုက်​မှာ ဖျာသယ်​မ​လေး​တေ​နေတယ်​ ​ခွေး​လေး​တွေ ​မွေးထားတယ်​ သူရို့အခန်​းမျျှာ အထိန်​း​တော်​ နဲ့ချာတိတ်​ငချွတ်​​တွေလည်​းရှိတယ်​ ည ဆယ်​့တစ်​ ဆယ်​့နှစ်​ဆို တက္ကစီနဲ့ အလျှို လျှို ​အော်​ဒါလိုက်​ကြတယ်​ တံခါးမပိတ်​သွား​လေ့ရှိတယ်​ ဝရံတာထွက်​တဲ့ သံပန်​း နဲ့မီး ပိတ်​​လေ့မရှိ လူရှိ​နေ​ယောင်​​ဆောင်​ထားတတ်​တယ်​ မနက်​ သုံး​လေးနာရီ ပြန်​လာ​လေ့ရှိတယ်​ ​မွေးထားတဲ့ ​ခွေးပု​လေး​တွေက သူတို့မရှိတဲ့အချိန်​ဆို ဝရံတာထွက်​​ဟောင်​​လေ့ရှိတယ်​ ဆာလို့​သော်​လည်​း​ကောင်​း ​ကြောက်​လို့​သော်​လည်​း​ကောင်​း​ပေါ့ ဒင်​းတို့ အသံ​ကြောင်​့ အိပ်​​ရေးပျက်​တဲ့ မိမိဂီ ဝရံတာထွက်​ စိကရက်​​သောက်​ရင်​း ဒါ​တွေသိလာရတယ်​ တ​နေ့က ဖားသား အိမ်​မှာအလှူရှိလို့ နယ်​က​နေခနလာတယ်​ ညကျ ​ခွေး​ဟောင်​သံ​ကြောင်​့အိပ်​မရဘူး ကား​ရွေ့ရင်​း ​ခွေး​တွေမြင်​​တော့ ကျုပ်​တို့ဘက်​ကိူ လှည်​့ကြိမ်​းတယ်​ မင်​းတို့​ကောင်​​တွေ ရယက မတိုင်​ကြဘူးလား​ပေါ့ သည်​​လောက်​ဆူညံ​နေတာ မိမိဂီ ဇာတ်​စုံရှင်​းပြလိုက်​တယ်​ […]


Travis ZawApril 18, 20151min1595
https://www.facebook.com/tin.nyunt.338?fref=ts ပလေတိုပြောသွားဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြီးတော့ ကိုးကားချင်ပါတယ်။ “ကလေးသည် မသင်ယူချင်လျှင် သင်ကြား၍မရ” ဆိုတဲ့ စကားပါ။ ခု ဆရာတို့ ဆရာမတို့ သင်ကြားနေတဲ့ ကလေးတွေဟာ တကယ်သင်ယူချင်လို့ သင်နေကြတာလား၊ မိဘတွေက အတင်းလာပို့ထားလို့ သင်ကြားပေး နေကြရတာလား။ ပြန်စဉ်းစား ဖူးပါသလား။ ကျောင်းဆိုတာ လေးဘက်နံရံကာထားပြီး၊ ကျောင်းတက်လျှင် ဝင်းဝတံခါးကိုပါ ပိတ်ထားကာ ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်လိုက်သော နေရာကို ကျောင်း လို့ ထင်ထားစဲဆိုရင်တော့ ကျွန်တော်တို့ ခေတ်ကို မမြင်တော့ဘူးလို့ ဆိုရမယ်ထင်တယ်။ ဆိုဗီယက်ရုရှားခေတ်က သတင်းကားတိုလေးတစ်ခုကိုကြည့်ဖူးတယ်။ ပါမောက္ခကြီးတစ်ယောက်က မူလတန်း ကလေးတွေကို စာသင်တာ။ ကလေးတွေကို သစ်တောထဲခေါ်သွားတယ်။ စမ်းချောင်းလေးတွေကို ဖြတ်ကြ တယ်။ ပန်းလေးတွေ ခူးကြတယ်။ ခူးလာတဲ့ ပန်းလေးတွေကို အမည်ရွတ်စေတယ်။ စာလုံးပေါင်း […]


ဝေါ်ထဖာထီ ယေဖာထီ အေ့… ဆိုတဲ့ သီချင်းစာသား သင်္ကြန်တွင်း ခေတ်စားတယ်။  ဝေါ်ထဆိုတာ ရေ..၊ ပါတီဆိုတာ ပီတာ.. Pita ဆိုတာ နံပြားလို မီးဖုတ်ထားတဲ့ ဂျု ံပြား ဖြစ်တာမို့ နှစ်သစ်အခါ သမယမှာ ရွာဓါးများကို ရေတဖန်ခွက်နဲ့ ပီတာပေါင်မုန့်ပြားမီးဖုတ် ကျွေးပါဒရယ်။ ဆားဂျပါစ်……


ဇီဇီApril 15, 20152min44932
ဘာရယ် မဟုတ်။ ဘာပန်းမှန်း မသိရပဲ လှတဲ့ ပန်းလေးတွေကို ချစ်လို့ ဒီမှာ လာစုထားတာ။ ငိငိ။                       ဖဘမှာ တင်ရင် တော့ အရောင်ပိုတင်ရတယ်။ သူက ပုံရဲ့ ကွာလတီကိုလျှော့ပစ်လို့။ တဂျီးဆီမှာတော့ တင်ရင် မူရင်းအတိုင်း တက်တာမို့ ပုံတင်လို့ ပိုကောင်းတယ်။   :k:  


Travis ZawApril 9, 20156min1698
https://www.facebook.com/kothet.win.5/posts/767056366742114 ကားနဲ့အပျော်ခရီးထွက်မယ့်သူများအတွက်-အထူးမှာကြားချက်– အထူးသဖြင့်-ဧရာဝတီတိုင်း–မှာ-ရှိတဲ့-ချောင်းသာ-ငွေဆောင်-ဆိုတဲ့ပင်လယ်ကမ်းခြေများသို့လူတော်တော်များများက-ကားအမျိုးမျိုးနဲ့ သွားကြပါလိမ့်မယ် Skill—ရှိပြီးသားရော–Beginner—များရော—-ပါကြပါလိမ့်မယ်– . ရန်ကုန်နဲ့ပုသိမ်အကွာအဝေးကတော့-ဘုရင့်နောင်တံတားက-တိုင်းလိုက်ရင်-ပုသိမ်မြို့ဝင်အထိ-၁၁၃-မိုင်-ရှိပါတယ်– ပုသိမ်တစ်ဖက်ကမ်းကဆက်သွားလိုုက်ရင်-ငွေဆောင်ကို-၃၇-မိုင်ဆက်သွားရပါလိမ့်မယ်– ချောင်းသာကိုဆိုရင်တော့-မိုင်-၃၀-ကျော်ကျော်ပါပဲ– ဘာပဲဖြစ်ဖြစ်-ဒီခရီး-၂-ခုစလုံးကို-မိုင်-၁၄၀–ပဲထားလိုက်ပါတော့— . ဒါကြောင့်မို့-မိတ်ဆွေတို့ရဲ့–ကားဟာ-ဒီဇယ်ဖြစ်ဖြစ်-ဓါတ်ဆီဖြစ်ဖြစ်—ရန်ကုန်ကမထွက်ခင်-တိုင်ကီအပြည့်ဆီထည့်သွားပါ– မထည့်ဖြစ်ရင်လည်း-လမ်းမှာဆီဆိုင်တွေအများကြီးပါပဲ— ရန်ကုန်-ပုသိမ်လမ်းရဲ့-ထူးခြားချက်ကတော့—လမ်းခရီးကွာဝေးမိုင်-၁၀၀-ကျော်လေးမှာ–ဆီဆိုင်က–မရေမတွက်နိုင်အောင် ရှိနေတာကိုမြင်ရလို့ပါ—၅-မိုင်-မှာ-၁-ဆိုင်လောက်ကိုပျမ်းမျှရှိနေပါတယ်–မယုံရင်-ရေတွက်သွားလိုက်ပါ– ဘယ်လမ်းမှ-ဒီလောက်-ဆီဆိုင်အရေအတွက်များတာမတွေ့ဘူးလို့ပါ– အရေအတွက်နဲ့အရည်အချင်းဆိုတာကို-သိပ်မယုံသေးလို့-ကျွန်တော်ကတော့–ရန်ကုန်ကပဲဆီအပြည့်ထည့်သွားပါတယ်– . -ဈေးကတော့-သယ်ယူခအတွက်–ရန်ကုန်ထက်-10%-ပိုယူပါလိမ့်မယ်– ရန်ကုန်မှာနာမည်ရပြီးသားဖြစ်တဲ့-MAX-/MMTM-/GL-/NEWDAY-/ဆိုတဲ့ဆိုင်မျိုးတော့မဟုတ်ပါဘူး– ဒေသခံဆိုင်နာမည်အမျိုးမျိုးနဲ့မို့–ဆီ-ကွာလတီအတွက်-စိတ်မသန့်ရင်–ဆိုက်ကိုဆိုတဲ့စိတ်မချင့်မရဲ နဲနဲဝင်ရမှာမို့ပါ— . MAX–ဆိုတဲ့-နာမည်ကြီးဆိုင်ကိုတော့-ရှားရှားပါးပါး–တစ်ဆိုင်တော့တွေ့ရပါလိမ့်မယ်— . ဗိုလ်မြတ်ထွန်းတံတားကိုကျော်အပြီး—သင်ဖျူးဖျာ-မျိုးစုံထွက်တဲ့–အပြင်—ကုလသမဂ္ဂ-အတွင်းရေးမှုးချုပ်-ဦးသန့်ထွက်ပေါ်လာခဲ့တဲ့- ပန်းတနော်ဆိုတဲ့—မြို့မှာတော့–MAX–ဆီဆိုင်ရှိပါတယ်—-နာမည်ကိုယုံကြည်ပြီးသာဆိုရင်တော့-အဲ့ဒီမှာထည့်လိုက်ပေါ့– ဘယ်ကားမဆို-ဆီတိုင်ကီအပြည့်ရှိခဲ့ရင်–ရန်ကုန်-မှ-ပုသိမ်ကိုကျိန်းသေရောက်ပါတယ်— မိုင်-၁၀၀-ကျော်ကို-ဘယ်ကားဖြစ်ဖြစ်-ဆီ-၅-ဂါလံထက်ပိုမကုန်လို့ပါ—ပုသိမ်မြို့အဝင်လေယာဉ်ကွင်းမှာ-ရန်ကုန်ကဆီဆိုင်အချို့ရှိပါတယ်–ဒီမှာထည့်လည်းရပါတယ်– ငွေဆောင်မှာဆိုရင်တော့—GL–ဆိုတဲ့ဆိုင်ကျိန်းသေရှိပါတယ်—-ငွေဆောင်အထိအရောက်သွား-အပြန်မှာအပြည့်ဖြည့်လိုက်လည်း ရတာပဲ–အဲ-ဒီလိုလည်းမယုံနဲ့အုံး–ဆီပြတ်နေခဲ့ရင်လည်း-ဘယ်လိုလုပ်မလဲ– လမ်းမှာဆီထည့်ရမယ့်ကိစ္စကို-ခုလို-ဘာလို့-ဇာချဲ့ပြီးပြောနေရတာလဲဆိုရင်–ဘယ်ကားမဆို-ဆီကုန်ရင်-ရပ်သွားမှာပါ– ခု-ခေတ်ပေါ်ကားအားလုံး-ဘာဆီသုံးသုံး–ဆီလုံးဝပြတ်ခဲ့ရင်နာသွားပါတယ်– ဒီဇယ်ဆို-အဆိုးဆုံး–လေခိုတဲ့ကိစ္စ-ဆိုတဲ့အသေးအဖွဲလေးကအစ-တော်တော်-ဒုက္ခရောက်ပါတယ်— ဆီကုန်တဲ့ကိစ္စလောက်နဲ့ကားပျက်တာဆိုပြီး-အချိန်ကုန်လူပမ်းဖြစ်တာမတန်ပါဘူး– ဆီတိုင်ကီထဲမှာ-ဆီတစ်ဝက်ကျော်ကျော်အမြဲရှိနေတဲ့-ကားအင်ဂျင်ဟာသက်တမ်းရှည်ပါတယ်—- အနည်တို့ရေတို့ဆိုတာ–ဆီတိုင်ကီအောက်ဆုံးမှာအမြဲရှိနေပါတယ်—ဆီနည်းနည်းနဲ့မောင်းနေတဲ့ကားအတွက်–ကားကလှုပ်နေတာနဲ့အမျှ- အနည်တု့ိ-ရေတို့က–ဒပ်လဘိုင်လိုက်ပြီးအပေါ်ကိုတက်လာလို့-မသန့်တဲ့ဆီတွေ-ဖေလ်တာထဲကိုအမြန်ဆုံးဝင်ကြပါလိမ့်မယ်— ဖေလ်တာက-မသန့်ပေးနိုင်တဲ့အဆုံး-ဆီပိ်တ်တာ-ဂျီးကပ်တာဖြစ်ကြမှာအသေချာပါ– ——————————————————————– နောက်အရေးတကြီးကိစ္စက-ဘက်ထရီကိစ္စပါ— မိမိကားဘက်ထရီသက်တမ်း-ဘယ်လောက်ကြာနေပြီလဲ-ဆိုတာ-တွက်ဆထားပါ– ပုသိမ်ကပြန်လာရင်–ရန်ကုန်မရောက်ခင်အထိ-ကျိန်းသေမိုးချုပ်ပါမယ်— ဒီရာသီကလည်း-ပူအိုက်နေလို့–ဘယ်ကားမဆို-အဲကွန်းဖွင့်လာမယ်—မီးကြီး-လည်းအသားကုန်ဖွင့်လာမယ်– သက်တမ်းရင့်ဘက်ထရီအတွက်–စိုးရိမ်ရပါတယ်—လမ်းခွတ်လပ်မှာ-မတော်တစ်ဆ-ကျန်းမာရေးအတွက်-ရှုးရှုးအတွက်– ကားစက်သပ်ပြီးသကာလ-ပြန်နှိုးခဲ့ရင်ဘက်ထရီဝပ်သွားတတ်ပါတယ်— ဒါကြောင့်ဆီကုန်မှာကိုမကြောက်နဲ့-စက်မရပ်မိစေနဲ့–စက်မသတ်နဲ့— ခုကားအားလုံးနီးပါးက–အော်တိုဂီယာဆိုတော့-တွန်းနှိုးလို့မရနိုင်ဘူးပေါ့— ဒါကြောင့်–ဘက်ထရီ-ကိစ္စအတွက်-ထောက်ကြိုး-ဘက်ထရီ-နီ/နက်—ကလစ်ကြိုးတစ်စုံကောင်းကောင်းဆောင်သွားသင့်ပါတယ်- အရေးပေါ်ဘက်ထရီ-Jump Starter–လေးတွေကိုဆောင်သွားရင်တော့ပိုကောင်း— အဓိက-နီ/နက်-ထောက်ကြိုးဆောင်သွားတာတော့အကောင်းဆုံးပါ—ဘဝတူကားများ-လမ်းမှာ-ဥဒဟိုသွားလာနေမှာမို့– လိုအပ်ရင်-လက်တားပြီးအကူအညီတောင်းနိုင်ပါတယ်—-အမျိုးအစားကောင်းကောင်း-ဓါတ်မီးတစ်လက်လည်းဆောင်သွားပါ– တစ်ချို့ဆို-အတွေ့အကြုံတွေရှိအားကြီးလို့–ကားဆွဲဘို့-နိုင်လွန်သို့မဟုတ်-စတီးကြိုးအသေးလေးတွေတောင်ဆောင်ထားကြပါတယ်- ဒါတွေအားလုံးပြောမယုံ-ကြုံဘူးမှသိပါလိ်မ့်မယ်- […]


Travis ZawApril 7, 20151min2529
ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220) ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။ ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။ ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။ ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။ […]


Travis ZawApril 7, 20151min4125
https://www.facebook.com/notes/733942689997506/     ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုး လူကြီးအထွေထွေအကြိ်ုက်လိုက်ကာ အရောင်အသွေးပြောင်းနေရသော သုခုမ အနုပညာရှင်တွေ (အများစု) ကို လူတွေက ဝေဖန်ကဲ့ရဲ့ကြသည်ကို မကြာခဏ တွေ့ရသည်။ ကိုယ်ပိုင်ခံယူချက်မရှိသူများ သာကူုးများဟူ၍။ အနုပညာသမားဟူသည်ကား ဘုရင်လက်ထက်၊ အင်္ဂလိပ်လက်ထက် ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊  လွတ်လပ်ရေးရအပြီး (၁၉၄၈-၆၂)၊ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ရာမှသည် အသွင်ပြောင်းလာသော မဆလပါတီ လက်ထက်ကတည်းကစပြီး မင်းပွဲစိုးပွဲလည်းတက်  ပြည်သူကိုလည်းဖျော်ဖြေ။ အစိုးရ၏မူဝါဒကိုဖြန့်ရာတွင် ပါဝင်ရ။   ဟော.. ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကျတော့လည်း ပြည်သူနဲ့အတူ တက်တက်ကြွကြွရော သူများတွေပါ၍မလွှဲမရှောင်သာလို့ရော ပါလိုက်ကြပြန်။   တခါ အာဏာသိမ်းအပြီးကာလ..၁၉၈၉ လှေပြိုင်ကြီးမှအစချီကာ .စစ်အစိုးရက အခြေခိုင်လာသောအခါ နဝတ-နအဖ ကြံ့ဖွံ့ဇာတ်များ သူ့ကျွန်မခံ  ပါပီမတွေ အဖေနဲ့သားတွေ ကြယ်တွေလတွေ တိမ်စင်တွေမှာ […]


weiweiApril 2, 20154min25520
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]


ဇီဇီApril 2, 20154min54933
  ရုပ်ရှင်တွေက ကြည့်ဖို့ လွယ်သလောက်… ဇာတ်ကားညွှန်းဖို့ကျ ခက်သဗျ။ ကြည့်တဲ့ ကားတိုင်းက အညွှန်းရေးလို့မရ … (အဲလေ) အညွှန်းရယ်တော့ မဟုတ်၊ အာရိုက်လို့ မရ၊ ရွှီးလို့ မရ၊ ပွါးလို့ မရတာတွေရှိတယ်။ . ပြီးတော့ ကြည့်ပြီးတာနဲ့ စိတ်ထဲရောက်သွားမှ၊ စိတ်ထဲရှိနေမှ၊ တွေးစရာပေါ်တိုင်း သတိရနေမှ အာရွှီးပွါးလို့ ကောင်းပါတယ်။ :k: ကျနော် ညွှန်းတာ ကြည့်စေချင်လို့ မဟုတ်ပါဘူးးး ကိုယ့်ဟာကိုယ် ကြည့်ပြီး မိသားစုကို ကိုယ်ကြည့်ထားတဲ့ ရုပ်ရှင် အကြောင်း ပြောပြချင်တဲ့ စိတ်နဲ့ ပြောပါတယ်ခင်ညာ။   ဒီတစ်ပတ်တော့ ၁၈ နှစ် အထက် ကား တစ်ကားအကြောင်းပြောပြချင်သဗျ။ ကိုရီးယားမှာတော့ ရ ဆုလောက် ရထားတဲ့ ရုပ်ရှင်တဲ့။ Obsessed […]


ဇီဇီMarch 31, 20159min68745
  ဟိုတစ်နှစ်ကတော့ သင်္ကြန် ကို လွမ်းကြောင်း ရိုးရိုးလေးရေးဖူးတယ်။ မနှစ်ကတော့ စိတ်ပျက်စရာမြင်ကွင်းတွေနဲ့ ဖတ်ရတဲ့ သတင်းတွေကြောင့် ဆရာလုပ်သလိုလိုဆုံးမစာလိုလို ရေးဖူးတယ်။ ဒီ နှစ်တော့ မမြင်အပ် မမြင်ဝံ့တဲ့ မြင်ကွင်းမျိုးတွေ လည်း မရေးတော့ပါဘူးး။ စိတ်လည်း ညစ်ညူးမခံတော့ဘူးး :k: ကျနော့ သင်္ကြန် တော်တော်များများက နယ်မှာ များတယ်ဗျ။ ဒက်ဒီ အညာဘက် ပြောင်းတဲ့ နှစ်ပိုင်းတွေ ဆို သင်္ကြန်ရုံးပိတ်ရက်အမှီ နယ်ကို ပြန်ရတယ်။   ပူတာတော့ အတော် ပူပါတယ်။ ရာသီဥတု ကို ပြောတာ။  :mrgreenn: ဒါပေမဲ့ ပြန်တဲ့ လမ်းတစ်လျှောက် ထနောင်း ရိုးကျဲကျဲတွေနဲ့ လေပူတွေ တိုက်တဲ့ ကြားက ရလာတဲ့ အညာနွေ အနံ့ကို အရမ်းနှစ်သက်ခဲ့ဖူးတယ်။ […]