ကထူးဆန္းOctober 9, 20141min32129
သိရင်ဖြေကြည့်ပါ ။ အချိန်ကုန် ပြီး အကျိူ း မရှိတဲ့ပုံ လို့ထင်ရင်တော့ ခွေးလွှတ်ပါ ။ ရန်ကုန်မြို ့ နောက် နှစ်နှစ်လောက်ဆိုရင် ပြောင်းလဲ သွားနိုင်လောက်တဲ့ နေရာပါနေလို့ပါ . ကထူးဆန်း ၉-၁၀-၂၀၁၄


မစုဥာဏ္October 8, 20141min25115
အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]


ဇီဇီOctober 6, 20143min35044
ယောက်ခမွသဲ အနော့ကို ဒီ တစ်ပတ် ခွေးလွှတ်ပါ။ ဟီးးး :mrgreenn: သဲ က ငပိမစားဘူးရယ်။   ကျနော်က တစ်ရက် တစ်ရက် ငရုတ်သီးရယ်၊ ငပိရယ် မပါရင် ထမင်းစားမဝင်ဘူးဗျ။ ငပိ ငခြောက် ပုဇွန်ခြောက်ကို လူကြုံတိုင်း မှာမှာစားရတာ။  :mrgreenn:   မြန်မာ ပါးစပ် ဆိုတော့ ဘာမှ မပါလည်း ဆီဆမ်း ဆားဖြူးနဲ့ အဲဒါလေးတွေ ဟိုလိုကြော် ဒီလိုကြော်က ထမင်းသိပ်စားဝင်တာရယ်။ အဲဒီတော့ အိမ်မှာ ပုလင်းလေးတွေနဲ့ ထားရတဲ့ လွယ်ကူမြန်ဆန် အဖုထွက် ဟင်းရံလေးတွေကို ရေးပါ့မယ်။ ညှော်နံ့အတွက် ပြသနာမရှိဘူး ဆိုရင် ကြော်ထားပြီး လိုက်ဖက်ရာ ချဉ်ရည်ဟင်းနဲ့ စားရင်ကို စားကောင်းနေတာပါပဲ။ ငိငိငိ။ :mrgreenn: အဲလိုတွေ […]


kaungngelayOctober 5, 20141min2108
စာပေတန်ဖိုးအား လွန်စွာကျေးဇူးတင်ရပါသည်။ ထို့ထက်ပိုမိုတင်စားလိုသော်လည်း စကားလုံးကား ရှာမရပါ။ နည်းပညာရှင်များတွင် အတော်များများသည် တော်ကြ၏။ သို့သော် မိမိတစ်ဦးတည်းသာ တတ်သိနားလည်သဘောပေါက်၏။ လုပ်ငန်းကျွမ်းကျင်၏။ တွေးခေါ်မှုကောင်း၏။ နာမည်ကြီး၏။ သို့သော် သူတစ်ပါးနားလည်အောင် မရှင်းပြတတ်။ ရှင်းပြရာတွင်လည်း တပည့်များ၊ အောက်ခြေဝန်ထမ်းများအား ထိရောက်အောင် မရှင်းပြတတ်။ အချို့သောနည်းပညာသမားများမှာ ရှင်းပြနိုင်သည်။ သင်ပြနိုင်သည်။ လမ်းညွှန်နိုင်သည်။ သို့သော် စာရေးရန် အင်မတန်ပြင်းကြ၏။ ရေးဖို့ အချိန်မရကြတာလည်း ပါနိုင်သည်။ အချိုသောနည်းပညာသမားများမှာ အထက်ပါ အမျိုးအစား နှစ်မျိုးလုံးတွင်လည်း ပါဝင်သည့်အပြင်၊ သူတစ်ပါနားလည်အောင်၊ နားဝင်အောင် ရေးသားမှတ်တမ်း တင်ပြုစုတတ်ကြပါသည်။ တနည်းဆိုရသော် နည်းပညာကလောင်ရှင်များဟု တင်စား ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်မှာ စာရေးချင်သော်လည်း၊ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပက်သက်သော Health and Safety အကြောင်းဖတ်မှတ် စုဆောင်းနေရပါသည်။ […]


Zaw AungOctober 5, 20141min24312
ဒီနေ့ (4.10.14) ကျောက်မြောင်းက ကျနော့်ညီအိမ်ကို ဒါးကိုင် လူ ၃ ယောက် အနုကြမ်း ဝင်စီးပါတယ် ညထဲက ပိုက်လုံးက တွယ်တက်ပြီး ဝရန်တာမှာ တံခါးဖွင့်မယ့် အချိန်ကို စောင့်နေတာ ကံကောင်းချင်တော့ တညလုံး ဝရန်တာ တံခါး မဖွင့်မိဘဲ မနက် ၇:၃ဝ မှာ ဆိုင်ဖွင့်ဖို့ ထွက်သွားကြပါတယ် အိမ်ဖေါ် ကောင်မလေး ၂ ယောက်ပဲကျန်ခဲ့ပါတယ် ၈ နာရီလောက်မှာ အဝတ်လှမ်းဖို့ ဝရန်တာ တံခါး ဖွင့်လိုက်တာနဲ့ ဒါးနဲ့ထောက်ပြီး အိမ်ထဲဝင် မွှေနှောက်ပါတယ် နေ့လည် ၂ နာရီလောက်မှာ ညီရဲ့ သား။ သမီး။ တူ နဲ့ ပန်းထိမ်ဆရာတယောက် အိမ်ပြန်လာပါတယ် ပထမဆုံး ဝင်သွားတဲ့ ၂ ယောက်ကို ဒါးထောက်ပြီး […]


ကျနော်တို့ ရွာထဲမှာဗျာ… စက်တင်ဘာတုန်းက တော်တော်များများ သေကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ရှာဖွေပြီး ကောင်းသမျှလေးတွေ ညွှန်းလိုက်ပါတယ်ဗျာ။ ~~~~~~~~~~~~~ ၁)” မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း” – အာဂ https://myanmargazette.net/203997 “အာဂရဲ့.. အင်တာဗျူးပညာနဲ့..သတင်း ရေးနည်းက.. ကမ္ဘာ့အဆင့်မှီနေတယ်…” ဆိုတဲ့ သူကြီးရဲ့ မှတ်ချက်ချမှု ရခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ရန်ကုန်မြို့လယ်က Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ရဲ့ သမိုင်းကြောင်းကို အမေးအဖြေသဘောမျိုး မပေါ်စေပဲ ရေးသွားနိုင်တာမို့ စာကြမ်းပိုးတို့ အကြိုက်တွေ့မိပါတယ်။ . . . ၂) အကျူ ိးတူ = ??? – ဘဲဥ https://myanmargazette.net/204141 ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဘဲဥရဲ့ […]


ဇီဇီOctober 4, 20142min31955
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


moonpoemOctober 1, 20141min17214
ကိုကိုMPTရေ ရှင်ဟာ ကျွန်မအပေါ်မှာ နွေးထွေးမူှမရှိဘူး။စိမ်းကားတယ်လို့ ထင်ခဲ့လို့ ကိုကို ooredooနဲ့ ကိုကို telenor အပေါ်မှာ ကျွန်မ စိတ်တွေ တိမ်းညွတ်ခဲ့တာ ကျွန်မ ဝန်ခံပါတယ်။သူတို့က အပြင်ပန်း သိပ်smartကျတာတွေနဲ့ စွဲဆောင်ခဲ့တာကိုး။ ကျွန်မအထင်ကြီးတာ မလွန်ပါဘူး ကိုကိုmpt။ရှင်က နေ့နေ့ ညညခေါ်မကြား အော်မကြား၊ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကျွန်မရှင့်ကို စိတ်ကုန်မိတာ ဆန်းသလားလို့ ပြောစမ်းပါ။ ကိုကို Ooredoo နဲ့ ကိုကို Telenor ကို ကျွန်မအပါအဝင် တော်တော်များများ သည်းသည်းလှူပ်ခဲ့ကြတာ မှန်ပေမယ့် သူတို့က ရှင်စိမ်းကားတာထက် ပိုတဲ့ အသည်းမာတဲ့ ရက်စက်တဲ့ နှလုံးသား ပ်ိုင်ရှင်တွေဆိုတာ ကျွန်မ အခု နားလည်ခဲ့ပါပြီ။ အခုလည်း ရှင့်ကို ကျွန်မ သဘောကျ လွန်းလို့ […]


ဇီဇီSeptember 29, 20144min47959
ထမင်းဆိုင် ပြန်ဖွင့်မို့ သာ ကြိုးစားပြီး စု ရတာ။ ဘာဟင်းမှ လက်ထဲမရှိဘူးးး ဟီးဟီးး  :mrgreenn: တဂျီးကလည်း လူလည် (အဟွတ်! သူမလာခင် အတင်းအုပ်လိုက်ဦးမယ်) :kwi: ဟင်းစပ်ရော… ဟင်းချက်နည်းရော… ဖြစ်နိုင်ရင် အချိုးအစား ရော လိုချင်တာ… ကိုယ့်မလည်း စားဖိုမှူးတွေကို ဒီထက် ချေးများလို့ တွန်းလို့ က မကောင်းးးဘူး လေ.။ :mrgreenn: အဲဒီတော့လည်း ဂလိုပဲ ကြံရဖန်ရတော့မယ်။ ဒီ တစ်ပတ်တော့ ကြာဇံ စား ရအောင်။ လူတိုင်း စားလို့ ရအောင် ကြက်သားနဲ့ပဲ အားပြု ပေးထားပါတယ်။ (ကြာဆံလို့ ပေါင်းရမယ်ထင်တယ်၊ မသိဘူးး အားရသလို ပေါင်းလိုက်ပြီ) ပဲကြာဇံ ကြိုက်သူက ပဲကြာဇံ ချက်နည်းယူပေါ့။ ဆန်ကြာဇံ […]


ခင္ခSeptember 26, 20141min70023
” နေ့ချင်းထပ်မြတ်သလား နှင့် ဘာနဲ့ထဲ့စားမလဲ “   နေ့ချင်းထပ် မြတ်သလား အိမ်ထောင်ပြုတဲ့အခါ တစ်ချို့က ဘယ်နေ့သား ဘယ်နေ့သမီးနဲ့ လက်ထပ်ကြတာလဲ အဲဒီလိုလက်ထပ်ကြတဲ့ အခါ မွေးနေ့တူ နေ့ချင်းတူသူနှစ်ဦး လက်ထပ်ယူမိကြတဲ့အခါ နေ့ချင်းထပ်မြတ်တယ်လို့ ဆိုလေ့ရှိကြတယ်၊ ဒါဆိုနေ့ချင်းထပ်မြတ်သလားဆိုတာနဲ့ပက်သက်ပြီး သိထားသလောက်ပြန်မျှရရင်ဖြင့် ဒီလိုရှိပါတယ်။ မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့ အယူအဆကြောင့် နေ့ချင်း ထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ် ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ် ထားသူတွေ၊ ထပ်ချင်သူတွေ၊ ထပ်ဖို့ရည်ရွယ်သူတွေအတွက် ရည်ရွယ်လို့ပေါ့။   တနင်္ဂနွေ- တနင်္ဂနွေ `ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´ ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသမီးချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ် တနင်္ဂလာ-တနင်္ဂလာ `ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´ အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ […]


ခင္ခSeptember 25, 20141min22820
” မကြာမှီ သီတင်းကျွတ်တော့မယ် “     မကြာမှီ ဝါလကင်းလွှတ် သီတင်းကျွတ်တော့မယ်ဆိုတော့ ဘဝခရီးလက်တွဲဖော်အဖြစ် လက်ထပ်ထိမ်းမြားခြင်း တွေပြုကြတော့မှာမို့ ဖတ်မိတာလေးတွေ သိရှိတာလေးတွေ အခြေပြုပြီးရေးပြပါရစေဗျာ။ ယောက်ျားနှင့်မိန်းမ အတူတကွပေါင်းသင်းနေထိုင်ပြီး အိုးအိမ်တည်ထောင်ကြသည်ကို အိမ်ထောင်ပြုသည် ဟုခေါ်ဆိုခဲ့ကြသည်။ ထိုသို့အိမ်ထောင်ပြုခြင်းကို မိတ်ဆွေ အပေါင်းအသင်း အသိအကျွမ်း စသည်တို့ကို ဖိတ်ကြားကာ လူသိရှင်ကြားအခမ်းအနားဖြင့် ဆင်ယင်ကျင်းပခြင်းကို ထိမ်းမြားမင်္ဂလာ ဟုခေါ်ခဲ့ကြလေသည်။ မြန်မာအခေါ်အဝေါ်ဝေါဟာရအနေနဲ့တော့ ထိမ်းမြားသည်၊ လက်ထပ်သည်၊ စုလျားရစ်ပတ်သည်၊ ပုဆိုးတန်း တင် အကြင်လင်မယားအဖြစ်နေသည်၊ ပေါင်းသင်းဆက်ဆံနေကြသည် စသည်ဖြင့်အမျိုးမျိုးခေါ်ဆိုကြ လေသည်၊ ထိမ်းမြားသည် ဟုဆိုလျှင် ပေးစားသည် ဒါမှမဟုတ် အရေးတယူဆောင်နှင်းပေးအပ်သည်ဟု ဖြစ်လေသည်။ တစ်ဖန်ထိမ်းမြားမင်္ဂလာပြုခြင်းကို အာဝါဟ ဝိဝါဟ ဟူပြီး မင်္ဂလာနှစ်ပါးအဖြစ် ပြောဆိုကြသည်လည်းရှိပေသည်၊ အာဝါဟ မင်္ဂလာ ဆိုသည်မှာ […]


kaungngelaySeptember 24, 20141min2598
မိုနိုရေးဆိုတာ… မိုနိုရေးဆိုတာ မိုနို (တစ်)၊ ရေး (ရထားသံလမ်း)၊ အဓိပါယ် ဖွင့်တော့ ရထားလမ်းတစ်လမ်းတည်းပေါ်သွားသော ရထား….  ဒီရထားလေးတွေက တန်ဖိုးရှိတယ်ဗျ…. မွန်ဘိုင်းလို ကားကြပ်၊ လူထူ နေရာမှာ ဒီရထားစနစ်ကြောင့် အတော်လေး သွားရေးလာရေးအဆင်ပြေလာတယ်ကြားတယ်… မရောက်ဘူးပါ… အရက်ဆိုင်မှာတုန်းက သူများပြောပြတာ… Beam လို့ခေါ်တဲ့ သံတန်းရက်မတန်းထူကြီးတစ်ခုပေါ်မှာ ခွညှပ်လိုခွပြီး လျှပ်သွားတဲ့ ရထားတွေပေါ့… ဘူးလက်ထရိန်းလို မမြန်ပေမယ့် မြန်သင့်သလောက်အမြန်နှုန်းနဲ့သွားတယ်… ဒို့ဆီက မြိုပါတ်ရထားလို့ ဂျုတ်ဂျုတ် ဂျက်ဂျက်လေးတော့ မကြားရတော့ဘူး ဆိုဘဲ… ဂျပန် မိုနိုရေးတွေကျတော့ တွဲလောင်းသွားတာ တကယ်လှပါတယ်… ဘက်စ်ကား သုံးစီးစာလောက်တော့ လူတင်နိုင်မယ်ထင်တယ်…. အစားစားပေါ့…. သူရဲ့ ပြေးလမ်းဖြစ်တဲ့ သံရက်မတန်းတွေကို အမြင့်ဘက်မှာ အောက်ပါပုံထဲကအတိုင်း နေရာအကျယ်ကြီးပေးစရာမလိုဘဲ လမ်းလယ်ကျွမ်းလေးတွေနေရာမှာလောက်တင် တည်ဆောက်နိုင်တယ်လို့ သိရပါတယ်… ပတ်ဝန်းကျင် […]


kaungngelaySeptember 24, 20143min24711
SMR ဆိုတာ ဘာပါလဲ ခင်ဗျာ? SMR ဆိုသည်မှာ လက်ရှိနိုင်ငံအတော်များများတွင် အသုံးပြုနေသော အဏုမြူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများ၏ ဓါတ်ပေါင်းဖိုငယ်မျိုးဆက်သစ်ပုံစံ ဖြစ်ပါသည်။ Light Water (H2O) စနစ်သုံး ဓါတ်ပေါင်းဖိုငယ် အမျိုးအစားဖြစ်ပါသည်။ NIEA အသိအမှတ်ပြုထားပြီး အနောက်နိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဓါတ်ပေါင်းဖိုကြီးများ နေရာတွင် အစားထိုး တပ်ဆင်နိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ဓါတ်အား ထုတ်လွတ်မှု ၃၀ဝ မီဂါဝက် ထက် နည်းသော ပမာဏသာ ထုတ်ယူနိုင်သော ဓါတ်ပေါင်းဖိုအား IAEA မှ SMR အဖြစ် သတ်မှတ်ထားပါသည်။ ဓါတ်အား ထုတ်လုပ်မှုပမာဏ ၁ဝ မီဂါဝပ်မှ ၃၀ဝ မီဂွါဝပ်အထိ လိုအပ်ချက်အလိုက် တပ်ဆင် အသုံးပြုနိုင်ပါသည်။ SMR သုံးစွဲခြင်းကြောင့် ဘာအကျုိးကျေးဇူးရနိုင်မလဲ? Gen-II, […]