ကုိ ထြဋ္September 11, 20141min20616
တချို့ကတော့ သိပြီးသားတွေ… တချို့ကတော့ မသိသေးဘူး.. စုစည်းတင်ပြထားတဲ့သူ ရှိတော့ ကျွန်တော်လဲ ပြန်ပြီး ရှယ်တာပါ… 🙂 ၁။Moon = လ။ Shine = တောက်ပသည်။ moonshine = အရက်ပုန်း။ ၂။fish = ငါး။ wife = ဇနီးမယား။ fish-wife = ငါးစိမ်းသည်မ။ ၃။frog = ဖား။ man = လူ၊ ယောက်ျားကြီး။ frogman = ရေငုပ်သမား။ ၄။pea = ပဲလုံး၊ ပဲစေ့။ cock = ကြက်ဖ။ peacock = ဥဒေါင်း။ ၅။under = အောက်မှာ stand = မတ်တပ်ရပ်သည်။ understand […]


ဇီဇီSeptember 10, 20141min79352
    ပြဿနာ တဲ့။   အဟိ။ သိတတ်စကတည်းးး က ကိုယ် နဲ့ တပါတည်း ကပ်ပါလာသလားမှတ်ရ။ ရောက်တဲ့ အရပ်မှာ အငြိမ်မနေနိုင်တော့ ဟိုပါ ဒီပါ (စကား အရာ ကို ပြောတာပါ) ၊ ဟိုပြော ဒီပြော။ ငယ်တုန်းကတော့ မလည်သာ မလည်တာ အရှုပ်၊ မလည်ရှုပ် လုပ်ချင်တော့ သူငယ်ချင်း လူမိုက် မွေးတယ်။ ကိုယ့်များ တစ်ခုခု အပြောခံကြည့် မျက်ရည် လေး ဝိုင်း မျက်လုံးလေး ကလယ် ကလယ်….. (မှုံလေး နဲ့ မဆိုင်ဘူးနော်) နဲ့ သွားတိုင်တာ။ သူ က ရန်ဖြစ်ပေးးး။ အဲဂလိုနဲ့ ဘေးနားက သယ်ချင်းတွေက ကိုယ့်ဆို အလွတ်မပေးရဲကြဝူးးး […]


CourageSeptember 8, 20141min20010
ကျွန်တော် ပြောချင်ရာ ပြောပါမည်   အခုတစ်လော မောင်ကာကြီးတို့ ရပ်ကွက်ထဲမှာ ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ကိစ္စတွေက ပေါင်လံလို့နေပါရောလား။ နားကြပ်တတ်ဖို့ အခက်တွေနေတဲ့ ဘဘကြီးကိစ္စ၊ ခေါင်းလောင်းကြီးရယ် နဂါးကြီးရယ် ရှာဖွေသူရယ်ရဲ့ သုံးပွင့်ဆိုင် မုန့်ကြိုးလိမ်ဇာတ်လမ်း။ ကမာ္ဘသိ တရားဝင်လူကုန်ကူးမှုအဖြစ်သတ်မှတ်ရမယ့် နန်းချခံမယ်လေရဲ့ အမှားဆုံးသူသာ တောင်းပန်ပါဆိုတဲ့ ပြဿနာ (မောင်ကာကြီး စိတ်ဝင်စားတာက အဲ့ကလေးမ တစ်ကယ်ခွဲစိတ်သလား မခွဲစိတ်သလားဆိုတာကိုပါ)။ ပြီးတော့ မကျေနပ်တာက ဥပဒေ၊ ရန်မယ်ရှာခံရတာက ဘွဲ့ဝတ်စုံဖြစ်သွားတဲ့ ကျောင်းသားများရဲ့ ဆန္ဒသဘောထား။ နောက်တစ်ခုက အားလုံးလိုလို စိတ်တွေပျက် မေတ္တာတွေတုံးပြီး အားပေးမယ့်သူ ဘယ်သူမှ မရှိတော့မှ ဖလားတွေ ဆက်တိုက် ယူပေးနေတဲ့ လက်ရွေးစင်ဘောလုံးအသင်းအကြောင်း။ အောင်မလေး… ပြောရရင်တော့ အများကြီး အများကြီး အများကြီး။ ဒါတောင် […]


ကျနော်တို့ ရွာထဲမှာဗျာ………. ဩဂုတ် လ အတွက်တော့ တခြား ထွေထူး မပြောတော့ပါဘူးဗျ နော့။ ပို့(စ) ညွှန်းလေးတွေသာ ကြည့်ပါတော့။ . . . . https://myanmargazette.net/202190 ခေတ်သစ်ဈေးလည်ခြင်း – ကိုပေါက်(မန္တလေး) ဟိုး အရင် ရပ်ကွက်အိမ်ဆိုင်မှ စ ခု နောက်ဆုံးဝယ်နေကျနေရာများဖြစ်တဲ့ မီနီမတ် တွေ အကြောင်းပါ။ ကိုပေါက် ရဲ့ ရေးဟန် အတိုင်း အတော် နှံ့နှံ့စပ်စပ် ပြည့်ပြည့်စုံစုံရေးထားပါတယ်။ ခေတ် အလိုက်ပြောင်းလဲလာတဲ့ ဈေးသည် ဈေးဝယ် ဟန်တို့ရဲ့ နောက်ကို နည်းပညာ၊ အသိစိတ်ဓာတ်၊ ဝန်ဆောင်မှုတို့ က အမှီလိုက်ရဲ့လား ဆိုတာ အတွေးပွါးစရာ ပို့(စ) တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး ခင်ဗျာ။ . . […]


ကုိ ထြဋ္September 4, 20141min38622
1.  He Who Has Never Loved Has Never Lived… – မည်သည့်အခါကမှ မချစ်ခဲ့ဘူး သူသည် အသက်ရှင်နေထိုင်သူတစ်ယောက်မဟုတ်… ( တသက်မှာ တခါတော့ ချစ်ခဲ့ဖူးမှာပါ… )   2.  It Is Not The Most Beautiful Women That Inspire The Greatest Passion… – အမျက်ဒေါသကြီးသည့် မိန်းကလေးသည် မိန်းမချော မိန်းမလှ မဖြစ်ပါ…   3.  A Good Wife Is A Good Prize… – ဇနီးကောင်းတယောက်သည် ကောင်းသောဆုတခုဖြစ်သည်…   4.  Hearts Are […]


ကုိ ထြဋ္September 4, 20141min63324
. အရမ်းကောင်းတဲ့နေရာလေးပါ…( သေဖို့ပြောပါတယ်… ) Ice Berry ( မြေနီကုန်း ) . ဒီရက်ပိုင်းတွေမှာ မြေအရောင်းအဝယ်တွေအေးတော့ ခဏနားမယ် ကြံတုန်း ယောက်ဖက ကွန်ပျူတာ ဂိမ်းဆိုင်ဖွင့်ချင်တယ် ကူညီပါဆိုတာနဲ့… ကူညီမိပါတယ်…. . အွန်လိုင်းကနေ ဆိုင်ပြုတ်လေးတွေ ရှာပေးရတယ်… ရလဲရတယ်.. တန်လဲ တန်တယ်… . အရောင်းအဝယ်က မြေနီကုန်းမှာဆိုတော့ ဆုံချက်အနေနဲ့ အဲဒီဆိုင်မှာထိုင်ဖြစ်တာပေါ့ဗျာ… . ဆိုင်လေးက လူငယ်တွေချည်းပဲ… တချို့လူကြီးတွေတောင် စုရပ်ဈေးသက်သာဆိုပြီး လာထိုင်ကြပါတယ်… . အရင်တုန်းကလဲ ထိုင်ဖူးတယ်… စထိုင်ခါစက လူငယ်ဆိုတော့ ကော်ဖီသောက်တာပေါ့…  အဲမှာစတာက ကော်ဖီဂျိုးကို သေချာမဆေးတော့ ခွက်တွေမှာ သောက်တဲ့နှုတ်ခမ်းနေရာတွေက ညိုညစ်ညစ်လေးပေါ့… . ဒါပေမဲ့ ရွေးစရာမရှိတော့ ထိုင်ဖြစ်တယ်… ဒီလိုနဲ့ မသွားတာကြာတော့ […]


ဇီဇီSeptember 4, 20143min47355
မွေးမေလေ့ တို့ လာတော့ ဟိုဒီ လိုက်ပို့ရတာနဲ့ တန်အောင်………… ………………………………………. ဟိုရိုက် ဒီရိုက် ရိုက်လာတာလေးတွေကို အများသူငါ မျက်စိနောက်အောင် တင်လိုက်ပါတယ်။ အဟွတ်။ :kwi: ဟိ။ Marina Bay Sand က ၅၆ ထပ် Sky Park ထိ တက်ရတာကို လိုက်ပို့ပြီး စလုံးကို အပေါ်စီးက မြင်ရပဟဲ့ ဆိုပြီး ရိုက်လာတာ။ အမှန်တော့…. အဝေးမှုန်သ မား က…. ပါဝါမျက်မှန်မပါပဲ… နေကာအမဲကြီးတပ်ပြီး…. မမြင်မစမ်း ရိုက်လာတာတွေကို…. စမ်းတဝါးဝါးပြင်လိုက်တာ ဂလို တွေ ထွက်လာတာပဲ။ အဟိဟိ။ :mrgreenn:   ကိုယ့်ပုံတွေ ကိုယ်တော့ မတင်ရဲဘူးးး . မုန်းဆေးကုန်နေချိန်ဆိုတော့ မြင်ရင် အရမ်းချစ်ကြမစိုးလို့။ . […]


Shwe EiSeptember 4, 20141min41739
(၁) ပွိုင့်စိမ်းဘီဟေ့ ဆိုသော အသံနဲ့အတူ ဆောင့်ထွက်လိုက်သော ဘတ်စ်ကားပေါ်သို့ မီးပွိုင့်မှ ကားတက်စီးကြသော သူငယ်မတစ်စု အပြေးအလွှားခုန်တက်လာတာမြင်လိုက်၏။ ကားခပ်ချောင်ချောင်ပေါ်တွင် သက်တောင့်သက်သာ စီးရချည်ရဲ့အောက်မေ့ နေရာမှ ပွိုင့်ဖြတ်မယ်နော် တန်းတွေ ကွင်းတွေ ကိုင်ထား ဟူသော အသံနှင့်အတူ ဒေါက်ဖိနပ်ချွန်ချွန်နှင့် ခြေဖမိုးကို အားပါးတရတက်နင်းခံလိုက်ရလေသည်။ ကားပေါ်တက်တက်ချင်း မှီရာလှမ်းဆွဲဖို ့ မစဉ်းစားဘဲ ထိုင်ခုံနေရာရှာနေသော အနှီ ပေမမှီဒေါက်မမှီ တစ်ယောက်ကို ခပ်ချဉ်ချဉ်ရှိတာနဲ့ မျက်စောင်းလှည့်ထိုးလိုက်မိသည်။ ဘယ့်နှယ့်တော် ဒေါက်ဖိနပ်အချွန်စီးပီး တန်းမမှီရတဲ့ကြားထဲ ထိုင်ခုံလဲရှာနေသေး ကိုဖာသာ အေးဆေးရပ်နေတဲ့လူခြေထောက်ကို လဲ လာတက်နင်းရသေး…ဒွတ်ခ (၂) ကဲ ဒီဘက်က အမ အပေါက်ဝပိတ်မရပ်နဲ့ အလယ်ခေါင်ကိုတိုး….ကားကအချောင်ကြီးကို ဘယ့်နှယ့်အေပေါက်ပိတ်ရပ်နေတုန်း…ကွကို မစီတတ်ရင် စပယ်ယာဝင်လာလိုက်မယ်နော်…အိုက်ကျမှ ဘာဖစ်တယ် ညာဖစ်တယ် မလာနဲ့ ..ဟွန်း သောက်ကျိုးနဲ […]


ThuyazawSeptember 3, 20141min36431
ပို့စ်လေး အစပထမမှာ နှုတ်ခွန်းလေးဆက်သရလိုက်ပါရစေ အားလုံးပဲမင်္ဂလာပါလို့ ကျွန်တော် ဒီရွာလေးထဲကို မရောက်တာကြာခဲ့ပါပီ။ အကြောင်းအရင်းကတော့ အနော့ရုံးတော်ကြီးဖြစ်တဲ့ ဟက်ဘလိုင်းကြီး မရှိတော့တဲ့အတွက်ပါ…… ရွာသူရွာသားအားလုံးကိုလဲ လွမ်းတသ နွမ်းလျတဲ့စိတ်တွေနဲ့ မေ့မရနိုင်ဖြစ်နေခဲ့ပါတယ်….. ကျွန်တော်ရွာလေးထဲမှာ ကဲနေစဉ်က သိတဲ့လူများဖြစ်တဲ့ လေးကိုင် ၊ လေးဘလက်၊ လေးကြီးမိုက်၊ လေးပေါက်၊ လေးဖောရိန်း၊ လေးပီချို၊ လေးနိုဇိုမိ၊ လေးစွယ်တော်၊ လေးကျောက်၊ လေးနေဝန်းနီ၊ လေးဘဲဥ၊ လေးကြောင်၊ လေးအမက်၊ လေးဖက်ကပ်၊ လေးရွှေတိုက်၊ လေးအိုဘား၊ လေးအမ်လုလင်၊ လေးရဲစည်၊ လေးအံဇာ၊ လေးပေါက်ဖော်၊ လေးကမ်း၊ လေးအာဂ၊ လေးသုဝေ၊ လေးကေကေအို၊ လေးအင်ဇာဂီ၊ လေးဖရဲ၊ လေးမိုးမင်းသား၊ လေးအလင်းစက် အင်းအဒူတွေကြံသေးပါလိမ့် လေးစံလှ၊ လေးထက်ဝေး၊ လေးနိဂိမိ တော်တော်စုံပီ ဟီး ကျန်သေးရင်ခွင့်လွှတ်တော်မူကုန်…….နှင့် ရွာသူများဖြစ်ကြတဲ့ […]


“ဘယ်အသီးစားရင်ကောင်းမလဲ”   လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။ လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့ နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။ ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့ နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။ ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။ တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။  — at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .


Shwe EiAugust 30, 20142min24713
တစ်ပတ်ကိုခေါင်းဘယ်နှစ်ကြိမ်လျှော်လေ့ရှိသလဲ????? -ခေါင်းလျှော်တဲ့အကြိမ်ရေဘယ်လောက်များများရှိသင့်ပါသလဲ???? ဒီလိုမေးခွန်းမျိုးကိုအလှပြင်ဆိုင်တွေမှာခေါင်းသွားလျှော်တိုင်းကျွန်မအနေနဲ့ မေးလေ့ရှိပါတယ်။ ယုံချင်ယုံမယုံချင်နေအဖြေကတော့ ရိုးရိုးလေးပါဘဲ။ ကဲအဖြေအတွက် အဆင်သင့်ဖြစ်ပြီလား ??? -ခေါင်းကိုလျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းဘဲလျှော်ပါ။ ကွန်ပျူတာစခရင်ကို ကြည့်ပြီးမျက်စိလည်နေပြီလား။ လျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းလျှော်ဆိုတဲ့ အရေအတွက်ကဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။ ဒီအဖြေကိုပြောဖို့ အတွက် ပထမဆုံးသိစေချင်တာကဆံပင်ကိုလျှော်တယ်ဆိုတာဆံပင်သန့်ရှင်းရေးလုပ်ရုံသက်သက် မဟုတ်ဖူးဆိုတာပါဘဲ။ ဒါဟာကျန်းမာတဲ့ဦးရေပြားရရှိအောင် ထိန်းသိမ်းတာမျိုးပါ..ဒါပေမဲ့ ဦးရေပြားယားယံမှုကိုသက်သာစေဖို့ တနေ့တကြိမ် ခေါင်းလျှော်နေရတာမျိုးကျတော့ ကံမကောင်းစွာနဲ့ဘဲ ကျန်းမာတဲ့ဦးရေပြားလုံးဝမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ဆပ်ပြာ(ခေါင်းလျှော်ရည်)တွေဟာသင့်ဆံပင်ကိုကျန်းမာရေးကောင်းစေတဲ့ အဆီတွေကိုထိန်းသိမ်းထားပေးတဲ့ ဦးရေပြားအလွှာကို ခွါချပစ်လိုက်ပါတယ်။ အိုက်လိုလုပ်လိုက်တာနဲ့ တပြိုင်နက် အဆီထိန်းလွှာဟာအဆီတွေကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက် (စိတ်ဆိုးဆိုးနဲ့) ပိုများတဲ့အဆီတွေကိုထုတ်ပေးပါတော့တယ်။ အဆီထွက်တာများလေဆံပင်မှာစေးကပ်ကပ်ဖြစ်လေပါဘဲ။ ဒါနဲ့ဘဲခေါင်းထပ်လျှော်ရပြန်ပါရော။ အပြန်ပြန်အလှန်လှန် အဆီထွက်လိုက် ခေါင်းလျှော်လိုက် သံသရာမှာနေ့တိုင်းလည်ပတ်နေရတာစိတ်ရှုပ်စရာပါဘဲ။ ဒီလိုကိစ္စမျိုးတွေကိုရှင်လဲကြုံဖူးသိဖူးပြီးသားဖြစ်မှာပါ။ ဆံပင်ကိုနေ့တိုင်းလျှော်ခြင်းရဲ့ ကြီးမားတဲ့ အကျိုးဆက်ကဘာပါလဲ???? ကျွန်မဆီကိုလာတဲ့ လူနာအများစုကတော့ နေ့တိုင်းခေါင်းလျှော်ရမှဖြစ်မယ်လို့ပြောကြပါတယ်။ စေးကပ်ကပ်ဖီလင်ကိုမခံစားနိုင်လို့ပါတဲ့။ အဆီထွက်များလွန်းတဲ့ ဦးရေပြားကလဲသည်းမခံနိုင်စရာပါဘဲ။ ကျွန်မလဲဒါကိုကောင်းကောင်းနားလည်ပါတယ် အမျိုးသမီးတို့ရေ။ […]


Shwe EiAugust 25, 20141min25414
ဗောက်ထမှိုစွဲခြင်းရောဂါတမျိုးအတွက် သဘာဝဆေးနည်း (၄)မျိုး သဘာဝဆေးဘက်ဝင်ပစ္စည်း တော်တော်များများကို ဗောက်ထမှိုစွဲတဲ့ရောဂါ တနည်းအားဖြင့် ရိုးစင်းတဲ့အရေပြားပြဿဿဿ နာတစ်မျိုးကို ကုသတဲ့နေရာမှာ သုံးလို့ရပါတယ်။ တချို့ကိတ်စတွေမှာတော့ ဦးရေပြားတွေခြောက်ပြီးကွာကျတာဟာ ကိုယ့်ပတ်ဝန်းကျင်က အကျိုးသက်ရောက်မှုတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာ…အခန်းထဲမှာရှိနေတဲ့လေဘဲဖြစ်ဖြစ် အပြင်ဘက်လေထုဘဲဖြစ်ဖြစ် ခြောက်သွေ့နေတာမျိုးပေါ့။ ပုံမှန်အားဖြင့်တော့ dandruff (ဦးရေပြားဆဲလ်သေတွေဟာ အဖတ်တွေအဖြစ်နဲ့ကွာကျလာတာ), eczema သို့မဟုတ် atopic dermatitis (အရေပြားမူမမှန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဦးရေပြားခြောက်သွေ့ယားယံခြင်း နီရဲယောင်ယမ်းခြင်းတို့ဖြစ်စေပါတယ် ) and psoriasis (အရေပြားရဲ့ နာတာရှည်ယားယံမှုတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာကို ပိုဆိုးမလာအောင် ထိန်းပေးရုံအပြင် တခြားနည်းလမ်းမရှိတဲ့ ရောဂါတစ်မျိုး) စတာတွေနဲ့ စပ်ဆက်ပြီးဖြစ်တာမျိုးပါ။ အောက်မှာ ဆက်ပြောမှာတွေကတော့ အလုပ်ဖြစ်တယ်လို့ပြောလို့ရတဲ့ သဘာဝဆေးနည်းတချို့ပါ။ ၁) Hair Oils ခေါင်းလိမ်းဆီတွေကတော့ ဦးရေပြားရဲ့ အစိုဓါတ်ကိုပြန်ထိန်းပေးခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့ကွာကျမှုကို ကုသပေးပါတယ်။ […]