TTNUFebruary 3, 20121min67483
“ရောင်စုံ မုသားလေးများ” ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ “ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။ စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။ ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။ ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင် ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့ လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။ အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ […]


teekockJanuary 15, 20121min21912
ဈေးဝယ်ဖို့အတွက် ကျွန်မအမြဲရွေးခြယ်တဲ့ supermarket ကတော့ City Mart ပါပဲ။ ကျွန်မအိမ်နဲ့လဲ သိပ်မဝေးတဲ့အပြင် ဝယ်သူကိုအမြဲ အပြုံးနဲ့ဝန်ဆောင်မှုပေးပြီး ပစ္စည်းမှန်ဈေးမှန်ကိုသာ ရောင်းချတဲ့ဆိုင်ဖြစ်လို့ပါ။ အပ်ကစလို့ လျှပ်စစ်ပစ္စည်းအထိ အကုန်အစုံလဲရ စားစရာ ဟင်းချက်စရာပါဝယ်လို့ရလို့ ကျွန်မ အထူးပဲနှစ်ခြိုက်မိပါတယ်။ “နွားနို့တောင်ကုန်နေပြီ” “ညဘက်စားဖို့ ပေါင်မုန့်လေးဖြစ်ဖြစ်ဝယ်ခဲ့ပါဦးကွယ်” “သတင်းကျွတ်အတွက် လက်ဆောင်ခြင်းတွေ သမီးတွေ့ခဲ့တယ်မေမေ” “မင်္ဂလာဆောင်လက်ဖွဲ့ဖို့ အိပ်ယာခမ်းနားလေးဖြစ်ဖြစ် မီးပူလေးဖြစ်ဖြစ် ကြည့်ခဲ့ရမလား” ဒါတွေက ကျွန်မမနက်ရုံးမသွားခင် မေမေနဲ့အမြဲပြောဖြစ်နေကြပေါ့။ ညနေတိုင်း ကျွန်မပုံမှန်ထမ်းဆောင်ရတဲ့တာဝန်ကတော့ မေမေမှာလိုက်တဲ့ပစ္စည်းစာရင်း ကျွန်မလိုအပ်တဲ့ပစ္စည်းစာရင်းစာရွက်လေးကိုင်ရင်း ဈေးဝယ်ခြင်းလေးလက်ကချိတ်လို့ City Mart မှာအဝယ်တော်ဆင်းရတာပါပဲ။ လိုအပ်တာလေးတွေလဲဝယ်ရင်း promotion လေးတွေလဲ စပ်စုရင်းနဲ့ နေ့စဉ်နဲ့အမျှသွားဖြစ်တာ အရောင်းဝန်ထမ်းကလေးမလေးတချို့နဲ့တောင် ရင်းနှီးနေပါပြီလေ။ အသက်၄ဝနားချဉ်းကပ်နေပြီဖြစ်တဲ့၊ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာမမတစ်ယောက်အတွက် တခြားလဲ အပျော်အပါးသွားစရာမရှိပါဘူး။ သူတစ်ပါးကိုအားကိုးဖို့မလိုအပ်တဲ့ အခြေအနေအဆင့်အတန်းတစ်ခုမှာရှိနေတဲ့… […]


aye.kkJanuary 8, 20121min18215
ကျမဘဝတွင်အမြတ်နိုးဆုံးအရာကား အမှန်တရားဖြစ်၏ ။ အမှန်တရားကို မြတ်နိုးသဖြင့် အဖေက မောင်နှမအားလုံးထဲတွင် ကျမကိုလွန်စွာပင်အားထား၏ ။ ကျမ၏ဆုံးဖြတ်ချက်မှန်သမျှက အဖေကလက်ခံ၏၊ ။ အားကိုး၏ ။ ကျမကိုအဖေကယုံကြည်၏ ။ ကျမ၏မွေးလက်စန်းဇာတာအရတူရာသီလဂ်ရ၏ ၊ ဇာတာအရလည်းအမှန်တရားကိုမြတ်နိုး၏ ။ ကျမသည်အမှန်တရားကိုမြတ်နိုးသဖြင့် ၊ မဟုတ်လျှင်ဆတ်ဆတ်ထိမျှလက်မခံတတ် ၊ ထစ်ကနဲဆိုကျမနှင့်ထိတ်တိုက်တွေ ့ရစမြဲပင်။ ကျမ(၁၁)နှစ်သ္မီးအရွယ်က အမေကိုယ်တိုင် ။ ကမ္မဌာန်းကျောင်းပို့ကာ တရားအားထုတ်ခိုင်းရ၏ ။ သည်းခံခြင်းတရားကို အမေကျင့်သုံးခိုင်း၏ ။ အမေမသေခင် တစ်လအလိုလောက်က ကျမထံမှ သည်းခံပါ့မည်ဆိုသည့် “ဂတိ”စကားတစ်ခွန်းကိုသာ အမေကတောင်းခံ၏ ။ ကျမထံမှဂတိတစ်လုံးမပေးနိုင်သည့်အခါ အမေသေရမှာစိတ်မဖြောင့်ဟုပြော၏ ။အမေအသေဖြောင့်နိုင်ရန် သည်းခံပါ့မည်ဟု ကျမထံက ဂတိမရမခြင်း အမေကစောင့်၏ ။ နောက်ဆုံးတွင် ကျမမှ ။ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ။ […]


ေမွာ္ဆရာDecember 28, 20111min36735
သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်ပွင့်ဆိုသလို မှော်ဆရာလဲ ကျောက်ကောင်းလေး တစ်ပွင့် ရောင်းရန် ရှိပါတယ် .. စိတ်ပါဝင်ဝင်စားသူ အပျိုကြီးမမများအနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်နှိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် …။ သားသားက ၁ဝလသား ကျော်ပြီ … ။ ရွာထဲကသူတွေ မြင်ဖူးအောင် မိတ်ဆက်အနေနဲ့ တင်ပေးလိုက်ပါတယ် .. မန္တလေးဂေဇက်ကို ဆက်လက်ထိမ်းသိမ်းမယ့် မျိုးဆက်သစ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် …


pyiminluDecember 26, 20111min43019
ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘဝကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။ ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး […]


koyin sithuNovember 26, 20111min38128
ပထမဆုံး ဒီပို့စ်ကို တင်ရတာတော့ ကာယကံရှင်တွေကော ပတ်သက်တဲ့ လူအားလုံးကို ထိခိုက်စေလိုတဲ့ စိတ်လုံးဝမရှိပါဘူး။ ဒီအကြောင်းအရာလေးကလည်း ကျွန်တော့် မေလ်းထဲကို Forward က တစ်ဆင့်ရောက်လာတာပါ။ ဒါကြောင့် ရွာသူားတွေ အကျိုးနှင့် နောင်လူတွေအတွက် သင်ခန်းစာရအောင် တင်ပေးရခြင်းဖြစ်ပါတယ်။ အကြောင်းအရာကို ကျွန်တော် အကြမ်းရှင်းပြပါ့မယ်။ ဒီလိုပါ… ကောင်လေးက အရင်ကအလုပ်မရှိ အကိုင်မရှိပေါ့။ အဲ့ဒီမှာ အွန်လိုင်းက ကောင်မလေးတစ်ယောက်နဲ့ ငြိတယ်။ ရည်းစားဖြစ်တယ်။ ကောင်မလေးက ရေကော့တော့ ချူတယ်။ ရှင်းရှင်းပြောရရင် အချစ်ကို အယောင်ပြပြီး ဘဝလှေကားထစ်လို အသုံးချတယ်။ ကောင်မလေးက ဘဏ်မှာ အကပ်နဲ့အလုပ်သွင်းပေးလိုက်တယ်။ ဘဏ်ကနေ နေရာချပေးတော့ မန်းလေးကို ရောက်တယ် အဲ့ဒီမှာ နောက်မန်းလေးသူ တစ်ပွေနဲ့ ထပ်ငြိပြန်တယ်။ နှစ်ဦးစလုံးကို လက်ထပ်စာချုပ်အတုနဲ့ နှစ်ဦးသဘောတူ စာချုပ်ချုပ်တယ်။ […]


Moe ZNovember 17, 20111min34334
ကလေးငယ်များသည် အလွန်ဖြူစင်ရိုးသားကြသည်။ သူတို့စိတ်ထဲရှိသည့်အတိုင်း ဟန်မဆောင်တတ်ပဲ ပြုမူပြောဆိုကြသည်။ ကလေးတစ်ယောက်၏ အမူအယာ၊ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့သည် မိဘနှစ်ပါးနှင့် ပတ်ဝန်းကျင်၏အရိပ်ကို ထင်ဟပ်စေသည်။ မိဘတိုင်း မိမိတို့၏သားသမီးများကို ချစ်ကြပါသည်။ သို့သော်နည်းလမ်းမှန်စွာ ချစ်တတ်ဖို့ လွန်စွာအရေးကြီးပါသည်။ ကလေးများသည် မိဘများဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ကြရရှာပါသည်။ မိဘများ၏ အပြုသဘောဆောင်သည့် အပြောအဆို၊ ကိုယ်ဟန်အမူအယာ၊ အတွေးအခေါ်များက ကလေးများကို လွှမ်းမိုးထားတတ်ပါသည်။ (ဥပမာ – သားလေးကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်လုပ်နော် ဆိုတာမျိုး၊ သားလေး ဆရာဝန်ကြီးဖြစ်ရင် ဖေဖေနဲ့ မေမေကို ဆေးကုပေးမှာလား) စသည်တို့သည် ကလေးများအတွက်ကန့်     သတ်ချက်များ ဖြစ်လာပါသည်။ မိဘများသည် မိမိတို့သားသမီး၏ဉာဏ်ရည်နှင့် အရည်အချင်းကို အမှန်အတိုင်း နားလည်သိမြင်ပြီး လက်ခံနိုင်ဖို့လိုအပ်ပါသည်။ မိဘအများစုသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်သည်ဟု အထင်ရှိတတ်ကြသည်။ အရေးကြီးသည့်အချက်မှာ ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားခြင်း ဖြစ်ပါသည်။ […]


Noe NoeOctober 21, 20111min1224
အချစ်ဆိုတာ ဘာလဲ? အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ်တယ်။ ချစ်သူကို တမ်းတလိုက်ရုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားပြီး ရင်ခုန်သွားစေတဲ့အရာဖြစ်တယ်။ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။ ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ်။ အချစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း သတိ္တရှိရှိ ရင်ဆိုင်နိုင်တယ်။ အချစ်ဟာ ရောဂါဝေဒနာကို […]


နည်ရဲဇော်October 3, 20113min1142
ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။ ၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent […]


loneAugust 17, 20111min1476
ဆည်ဆောက်တာနဲ့ ပတ်သက်လို့ ကိုယ်တွေ့ အဖြစ်အပျက်ကလေး တစ်ခုပြောပြချင်လို့ ပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်ကျေးရွာ ရှိ အမှတ်(၁) စစ်တောင်းစက္ကူစက်ရုံ အနောက်ဘက်မှာ ၂၀၀၆-၂၀၀ရ ခုနှစ်လောက်က နိုင်ငံတော်အစိုးရက ဆည်တစ်ဆည်တည် ဆောက်ခဲ့ပါသည်။ အဲဒီ့နှစ်က lone ၁ဝ တန်းနှစ်ပါ။ lone ၈ တန်းထိ သိမ်ဇရပ်မှာနေခဲ့ပါတယ်။ အဘိုးတို့နဲ့အတူတူနေပါတယ်။ အဖိုးက စစ်တောင်းစက္ကူစက်ရဲ့ လက်ထောက်စက်ရုံမှူးတစ်ယောက်ပါ။ အဖိုးက ဘာသာရေးတရားသမားကြီးဆိုတော့  ဘုရားတည်ကျောင်းဆောက်ဖို့အရမ်းစိတ်အား ထက်သန်ပါတယ်။ အဲဒါ့ ကြောင့် ယခင်က စစ်တောင်းစက္ကူစက်ရုံရဲ့ အနောက်ဘက် (ဆည်ဆောက်ခဲ့သောနေရာတွင်) တွင် အဖိုးက ဘုရားလေးဆူအမည်ရှိ စေတီနှင့် တကွ ဘုရားလေးဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဇရပ်များစွာ နဲ့ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် အတူ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းလိုလို ဘုရားလေးဆူတွင် ဘုရားပေါင်းများစွာ […]


KyaemonAugust 6, 201123min920
SINGAPORE DURING BUDDHA BIRTHDAY CELEBRATIONS.     YouTube – Singapore Vesak 2011 HD Version. http://www.youtube.com/watch?v=2sswH6JiNZE Uploaded by dhammakayasg on May 27, 2011  YouTube – Celebrating Vesak Day in Chinatown http://www.youtube.com/watch?v=iaV2NB0CjLs&feature=related Uploaded by sgchinatown on May 3, 2011 We take you through the footsteps of a typical devotee celebrating Vesak Day in Chinatown!   YouTube – […]


PareByokeJuly 19, 201133min1402
LEST WE FORGET, HERE ARE REMINDERS TO HELP OUR LESS FORTUNATE SIBLINGS AND TO LOVE OUR FELLOW HUMAN BEINGS.   THIS FLOWER SHOP OWNER IS A BURMA EXPATRIATE. SHE DONATED HER SALES PROCEEDS FOR BURMA. 20080520 Tzu Chi Taiwan’s donation drive Sichuan & Myanmar‏ – YouTube http://www.youtube.com/watch?v=mqK_xpFUk-o&NR=1 Da Ai Headlines 20080520 For donation info please […]


PareByokeJuly 18, 201117min1162
OVER THREE YEARS AGO, A TERRIBLE CALAMITY BEFELL IRRAWADDY DELTA. WHO COULD EVER FORGET NARGIS CYCLONE AND THE THOUSANDS OF DEAD, HOMELESS, AND HUNGRY? WHILE SOME FELT POWERLESS TO HELP, TZU CHI BUDDHIST AFFILIATES WERE THERE WITHIN A FEW DAYS, HELPING. LEST WE FORGET, HERE ARE REMINDERS TO HELP OUR LESS FORTUNATE SIBLINGS AND TO […]