စိန်ကြက်ဆင်September 4, 20122min53358
နိဒါန်း မနေ့က ရွာထဲမှာ ပွဲဆူနေတော့ အီဖေကိုယ်လဲ အမြီးတောင် မထောင်နိူင်ဘူး …. ကြောက်လိုက်တာလဲ ဖင်တောင် တုန်လို့ဗျာ …. မန်းလေးဂဇက်ဆိုတဲ့ အမေဒစ်ကန် ဖောင်ဒါတွေ တည်ထောင်ထားတဲ့ ဝက်ဆိုဒ်ကြီးကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိူးတဲ့ လူတစုက ပညာရှင်ဆန်ဆန် ဘမ်းကျတယ်တဲ့။ အဲ့ မန်းဂေဇက်က အသိတွေ ပြောလို့ သိရတယ်……. ဟိုက်ရှာဘား အလွန်ထိတ်လန့်ဖွယ် ကောင်းတဲ့ သတင်းပါဘဲ။ ဒါနဲ့ ဘာဆက်ဖြစ်လဲ မေးကြည့်တော့ အခုမန်းဂဇက်ကို ဝင်လို့မရတော့ဘူးတဲ့ ဃိန် …. ဂိန် …ကိန် သွားပီဟလို့ အော်မြည်လိုက်မိတယ် …..။ ဒါနဲ့ဘဲ ညနေလောက်ကျတော့ ပြန်ဝင်လို့ ရပီ ဆိုလို့ ကြောက်ကြောက်လန့်လန့်နဲ့ အိုင်ပီလေးချိန်း ( အထင်တော့ မကြီးနဲ့ ကျုပ်တို့ဆီမှာ အိုင်ပီချိန်းတာ ဆော့ဝဲမလိုဘူး ထိုင်နေကြ အင်တာနက်ဆိုင် မသွားဘဲ တခြားဆိုင် သွားလိုက်တာကို ပြောတာ 😀  ) […]


Alpha VanishingSeptember 4, 20121min33326
Mandalay Gazette Members များနှင့် အတိသဉ္ဖာ နာဂရချစ်သူ သိစေရန်…….   We don’t care u r အေးဝတီကြီး(or)သန်းထွှဋ်ဦး(or)ရိုဟင်ဂျာချစ်သူ(or)အတိသဉ္ဖာ နာဂရချစ်သူ…. ကျွန်တော်တို ့ရဲ ့ Myanmar Cyber Army, Operation Rohingya, Myanmar Cyber Counter DDos Team တွေဟာ အမျိုးဘာသာ သာသနာကို စော်ကားလာတဲ့ မည်သည် ့ ပြည်တွင်း ပြည်ပ Site များကိုမဆို ပြန်လည်သတိပေး တိုက်ခိုက်နေကြခြင်းဖြစ်ပါသည် ယခုလည်း MG ကိုအသုံးပြုနေကြသော စာပေဝါသနာရှင်များ အကျိုးကိုရှေးရှု ပြီးတော့ သတိပေးနေခြင်းဖြစ်ပါသည် အေးဝတီကြီး(or)သန်းထွှဋ်ဦး(or)ရိုဟင်ဂျာချစ်သူ(or)အတိသဉ္ဖာ နာဂရချစ်သူ… သည် ကျွန်တော်တို ့ cyber စစ်သူကြီးများ ကို […]


DEPARKO DEPARKOSeptember 3, 20121min22215
ကမာ္ဘကြီးဟာရွာကြီးတဲ့လား? ဂေဇက်ကိုဝင်ဘို့ နက်ချိတ် မိုဇယ်ကိုတိတ်တိတ်လေးဖိတ်လို့ ရှိတ်လိုက်မယ်ဟဲ့လို့ ရင်ထဲကစာလေးတွေစီ အပီအပြင်နှိပ်ဘို့ပြင်ကာမှ လင်ကမရ မြင်ရတာ ဘဝင်မကျ ထပ်ကာထပ်ကာနှိပ် လက်ကွက်ထိတ်မှာမီးလောင် ယောင်တောင်တောင် ပေါင်တောင်နဲ့ နက်ဝပ်ကနှေး အီးလေးကိုဝင်ပြန်တော့လည်း မျက်နှာမည်းပေါင်ချိန်က ဒီလိုအဖြစ်မျိုးရှိသလားဟဲ့ ဆိုပြီး အာရာတွေတက် သစ်ဇ်ပေ့ဂျ်ကန်နော့အိုးပန်းဆိုပြီး ငါ့အိပ်ကပ်ထဲက ချွေးနဲစာတွေတတိတိချွေ ဘေကိုတော့မလျှော့ သဂျီးကတော့ပြောသား သူ့ဆုကြေးကဘယ်ဆီနေမှန်းမသိ တရိရိနဲ့ ဖုန်းနဲ့မရလို့ ဆိုင်ကိုပြေး ခြေအေးလို့ဝမ်းယောင် ကြောင်တောင်တောင်နက်ဝပ် တဖြတ်ဖြတ်နဲ့ လင်လုပ်လို့မရတဲ့ဂေဇက် အနေခက်ရအောင် ရွှေလက်နဲ့စာလွှာရေး အတွေးလေးတွေစာစီလို့ မယားလုပ်မယ်ဟဲ့လို့ အလို ဟဲ့ရွာစား မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ ငါ့စာလွှာကိုအမြန်ပို့ ဟဲ့ ရို့ရို့ ပလို့ပလို့ဂျိ


Alpha VanishingSeptember 2, 20121min1626
http://www.uphcp.org/ http://www.hack-db.com/32230.html http://www.prolocosegusino.it http://www.hack-db.com/32285.html http://www.computerenews.com http://www.hack-db.com/32286.html http://4pmc.com http://www.hack-db.com/32297.html http://designsbyjconrad.com http://www.hack-db.com/32298.html http://www.tatas-school.com http://www.ago.gov.bd/ http://www.hack-db.com/.html http://www.ds.gov.bd www.hack-db.com/.html


DEPARKO DEPARKOSeptember 1, 20121min1327
ဆိတ်တွေဟာအချင်းချင်းရန်ဖြစ်ရင် ခေါင်းချင်းဆိုင်ထားပြီး နောက်မဆုတ်တမ်း ခွေ့တတ်သလို ခွေးတွေဟာလည်း ကိုက်တတ်ဟောင်တတ်ပါတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူလတ်တန်းစားများကားစီးနိုင်တဲ့အချိန်ကစပြီး မော်တော်ယာဉ်ပိုင်ဆိုင်မှုမြင့်တက်လာပြီး လမ်းမတွေပေါ်မှာကားတွေဟာ လမ်းတွေနဲ့မဆန့်အောင် ပေါက်ကွဲထွက်လာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားပိုင်ဆိုင်ပေမဲ့ လောင်စာဆီကိုချွေတာ၊ မိမိကုန်ကျစားရိတ်ကိုချွေတာ(ချမ်းသာပေမဲ့) အလုပ်သွား၊ ခရီးထွက်၊ကျောင်းကြိုပို့၊အလည်အပါတ်သွားတာတောင် လိုင်းကား၊ခရီးသည်တင်ကား စီးကြတယ်လို့သိရပါတယ်၊ ဒီမှာကတော့ ဂုဏ်တု ဂုဏ်ပြိုင် ဝမရှိဘဲဝိလုပ်( ဒီနိုင်ငံမှာကကြွားဝါချင်တဲ့သူများတယ်) ကားမျိုးစုံနဲ့ ဖအေက အလုပ်သွားကားတစ်စီး မအေက ဈေးဝယ်ထွက်ကားတစ်စီး သားတွေ သမီးတွေက ကျောင်းသွားကားတစ်စီးစီနဲ့ လမ်းမတွေပေါ်မှာ ကားတွေဟာပြည့်ကြပ်နေပါတယ်။ သာမန်ချမ်းသာတဲ့သူတောင်ကားနှစ်စီးလောက်ပိုင်တာတွေ့ရပါတယ်။ ဒီတော့အခြေခံလူတန်းစားစီးတဲ့လိုင်းကားတွေဟာ လိုရာခရီးရောက်ဘို့ ကားလမ်းပိတ်ဆို့မှုကြောင့် (ဝန်ထမ်း၊အလုပ်သမား) အချိန်တွေအကြာကြီး ကားပေါ်တွေမှာ အချိန်ဖြုန်းရပါတယ်၊ ဒီကြားထဲ လမ်းစည်းကမ်းကိုမလိုက်နာ လိုရာခရီးကို ဖြတ်လမ်းက သွားချင်တဲ့ လူ့အန္ဒတွေဟာ အတင်းတစ်ဖက်ယာဉ်ကြောက လုဝင် နောက်လဲမဆုတ်ပေး ကားခြင်းခေါင်းခြင်းဆိုင်ပြီး ခွေးတွေ၊ဆိတ်တွေလိုစောင်နေကြတာ ရန်ကုန်မြို့ […]


            ဝိရသူ၏ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ | ဌေးလွင်ဦး 5:55 PM ဌေးလွင်ဦး မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဘွဲ့ခံ ဝီရသူ (မစိုးရိမ်) ဟာ သမ္မတ ထောက်ခံပွဲ ဆိုတဲ့ ခေါင်းစီးကို သုံးပြီး မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ ဆော်ပွဲကို ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့မှာ တရားဝင်ဦးဆောင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ သူ့ခေါင်းစီးက ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများကို ပို့၊ တတိယနိုင်ငံများသို့ မောင်းထုတ် ဆိုတဲ့ ခေါင်းစီးပါ။ ဒါဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာများနဲ့ ပတ်သက်ပြီး ပထမဆုံး ယူအင် ကိုယ်စားလှယ်ကို […]


DEPARKO DEPARKOAugust 30, 20121min1547
တချိန်က အရက်ကို စွဲလမ်းနှစ်ချိုက်စွာ သောက်သုံးတဲ့ အထဲ ကျွန်တော်ပါခဲ့ဘူးပါတယ်၊ အဲဒီအချိန်ကဆို အရက်နဲ့ပါတ်သက်လို့ အပြောမခံနိုင်ပါ၊ အရက်ကို စိတ်ကြိုက် အမြည်းကောင်းကောင်းနဲ့ အရက်သောက်တဲ့အချိန်ဆို ဘယ်သူနဲ့မှတွဲမသောက်ဘဲ တစ်ယောက်ထဲ ဇိမ်ခံသောက်တဲ့တစ်ယောက် ဖြစ်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က ကျွန်တော့်သူငယ်ချင်းတော်တော်များများ အရက်သောက်လို့သေဆုံး ကုန်ကြတာရယ် အရက်ကြောင့်ဘဝပျက်ကုန်ကြတဲ့သူတွေနဲ့ အရက်နဲ့ပါတ်သက်ပြီး ကျွန်တော့်ဘဝမှာ အပြောင်းအလဲကြီးကြီးမားမားကြုံခဲ့ရပြီးနောက် အရက်သမားဘဝကရာသက်ပန်လမ်းခွဲလိုက်ပါတယ်။ အခုဆိုရင်အရက်တင်မက မူးရစ်စေတဲ့အရာမှန်သမျှ ကျွန်တော်အားလုံးကိုရှောင်ကျဉ်ခဲ့တာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး၊ ဆေးလိပ်၊ကွမ်း၊အရက်၊ဘီယာ၊ယုတ်စွအဆုံး ထန်းရည်အချိုတောင် ကျွန်တော်လုံးဝမသောက်တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ၊ အဲဒီမှာတင် အရက်အတူသောက်ခဲ့ဘူးတဲ့သူငယ်ချင်း တွေနဲ့ တဖြေးဖြေးဝေးကွာခဲ့သလို အရက်နဲ့ပါတ်သက်တဲ့ အကြောင်းတွေလဲတဖြေးဖြေးလေ့လာခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကျွန်တော်ညီ အသက် ၂ နှစ်ငယ်တဲ့တစ်ယောက် အရက်အလွန်အကျွံသောက်ရာက အသည်းကျွမ်းသေဆုံးခဲ့ပါတယ် သူသေတဲ့အချိန် အသက် ၄ဝ မပြည့်သေးပါဘူး။ အမေမသေခင်ကတော့ ဒီကောင့်ကို ဂရုစိုက် အစာမှန်မှန်ကျွေး […]


DEPARKO DEPARKOAugust 30, 20121min1004
လေအေးပေးစက်၊နံရံကပ်တီဗွီနှစ်လုံးလိုင်းမျိုးစုံ ၊ ဒန်းလော့မွှေ့ယာပေါ်အနားယူနေတဲ့ ဦးဦးဘဘအရွယ်စုံတွေရဲ့ ခြေထောက်၊ခါး၊ကိုယ်လုံးပေါ် နေရာအနှံ့ လက်နုနုလေးတွေ မဲညိုနေအောင်နှိပ်ပေးနေရတဲ့ ဆယ်ကျော်သက်အရွယ်စုံ မိန်းကလေးအယောက်၅ဝလောက်အလုပ်လုပ်နေတဲ့ နေရာလေးတစ်ခုကို ကျွန်တော် အလည်ရောက်ခဲ့ပြီးသူတို့တွေရဲ့ခါးသီးတဲ့အတွေ့အကြုံတွေကိုသိခဲ့ရတယ်။ နှစ်ယောက်ခန်း၊သုံးယောက်ခန်းတွေမှာဧည့်သည်အလိုကျ ဖျော်ဖြေနေရတဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေအရ တရားမဝင်လုပ်ငန်းဖြစ်နေလေတော့ ခေါင်းငုံ့ခံခေါင်းပုံဖြတ်ခံနေရပေမဲ့ တစ်ခြားဘယ်အလုပ်ကမှ အဲဒီအလုပ်လောက်ဝင်ငွေမကောင်းလေတော့ တစ်နာရီနှစ်ထောင့်ငါးရာကျပ်၊နှစ်နာရီယူရင်တစ်နာရီအပိုဆောင်းပေးတော့ ဧည့်သည်အများစု နှစ်နာရီယူကြတယ်၊ နှိပ်တဲ့ကလေးမကတစ်နာရီငါးရာကျပ်ဘဲရတယ်၊ သုံးနာရီလုံးလုံးမရပ်မနားနှိပ်မှ တစ်ထောင့်ငါးရာကျပ်၊အနှိပ်ခန်းပိုင်ရှင်ကသုံးထောင့်ငါးရာကျပ်၊ဧည့်သည်က တစ်ယောက် တစ်နာရီဘဲယူရင်တော့ အနှိပ်ခန်းပိုင်ရှင်က ခြောက်ထောင်ကျပ် ဒါပေမဲ့ သူတို့လေးတွေကသူတို့ဘောစိ (သူဌေး) ကိုတကယ့်ကယ်တင်ရှင်ကြီးလို သဘောထားတာတွေ့ရတယ်။ တစ်လကိုတစ်ခါအိမ်ကို ၃ရက်ပြန်ခွင့်ရတယ်၊ ထမင်းကိုအသားဟင်းနဲ့ကျွေးပြီး အိပ်ဘို့မွေ့ယာနဲ့ဆိုတော့၊ဆင်းရဲတဲ့ကလေးမလေးတွေအဖို့ တကယ့်ကိုနတ်ဘုံလို့ထင်မှတ်မှားစရာပေါ့၊နှစ်ကုန်ရင်ဆုကြေး၊မဲဖေါက်၊သူတို့ကို တစ်လနာရီသုံးရာကျော်အောင်အလုပ်လုပ်နိုင်ရင် ပရမိုးရှင်းအနေနဲ့ တစ်နာရီခွန်နှစ်ရာနှုန်းနဲ့ရှင်းပေးတော့(တစ်နေ့အနဲဆုံးဆယ်နာရီ)တစ်လ နှစ်သိန်းကျော်ကျော်ရလေတော့ ဧည့်သည်ကိုဖေါက်သည်ဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ကြရာက ရုပ်ရည်လှတပတ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေအတွက်တော့ တစ်လကို နှစ်သိန်းကျော်ရနိုင်တဲ့ နေမထိလေအေးစက်တပ်ဆင်ထားပြီးဧည့်သည်ကကျွေးသမျှ ဗိုက်ကားအောင်စား […]


aye mgAugust 30, 20121min1147
ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်သို့ ဖြစ်ရပ်မှန်သတင်းများပေးပို့နိုင်ကြောင်းသတင်း ထုတ်ပြန်ခဲ့ပါသည်။ပေးပို့ရမည့်emaulလိပ်စာမှာrcic.information@gmail.com ဖြစ်ပါတယ်။ ဒီစုံစမ်းရေးကော်မရှင်ဟာအရင် တောင်ကုတ်စုံစမ်းရေးကော်မရှင်လို့မျိုးစုံစမ်းပြီးဘာအကျိုး သက် ရောက်မှုမှမရှိတဲ့ကော်မရှင်လို့မဖြစ်ပါစေနဲ့လို့ဆုတောင်းရင်စုံစမ်းရေးကော်မရှင်သ တင်းစုံစမ်းရာမှာအထောက်အကူဖြစ်စေမယ် နည်းလမ်းများကို တင်ပြပါမယ်။ ၁။ စုံစမ်းရေးကော်မရှင်စတင်တွေကြုံရမယ်အခက်အခဲကတော့ ပြည်သူလူထုကကြောက်ရွံနေ တဲ့အကျင့်ပါနေတဲ့အတွက် ပေါ်ပေါ်တင်တင် သတင်းပေးပို့ရဲ့ကြမှာမဟုတ်ပါဘူး၊ ဒါကို စုံစမ်ရေးကော်မရှင်မှာလုပ်နေတဲ့သူတွေသိထားရပါမယ်၊ဘာကြောင့်လဲဆိုတော့ရခိုင်သွေးထိုးလှုံဆော်မှုတရားခံ ပါတီဖြစ်တဲ့RNDPကအေးမောင်တို့ ကိုယ်တိုင်ပါဝင်နေတာကြောင့်အများ ပြည်သူလူထုရဲ့ ယုံကြည်ချက်ကိုမရနိုင်ပါဘူး၊ ဒါကတမင်လုပ်ထားတာလားတော့မသိပါဘူး အဖြစ်မှန်မပေါ်ပေါက်အောင် လုပ်ထားတာလား၊ ဆူပူမှုမှာအဓီကပါဝင်နေတဲ့ လူတွေကို စုံစမ်းရေးအဖွဲ့မှာထည့်သွင်းထားတာဟာ လူမိုက်ခေါင်းဆောင်တင် ၊သူခိုးသော့အပ်လို့ ထားတာလို့လဲပြောဆိုနေကြပါတယ်။ ၂။ ပြီးတော့ အဖြစ်မှန်ဒေသမှာဖြစ်နေတာတွေကိုသိရှိနိုင်အောင်ဒေသခံစကားတတ်ကြွမ်းသူ တွေမပါဝင်တာကလည်း အဓိကအားနည်းချက်ဖြစ်နေပါတယ်၊ ဘာကြောင့်ထည့်မထား တာဘာလဲ ဒါကိုလည်း ပြောဆိုနေကြပါတယ်၊သတင်းစုံစမ်းတယ်ဆိုတာထဲထဲဝင်ဝင်သတင်း စုံစမ်းရတာပါ၊ သူတို့ဘာသာစကားတတ်မှမေးနိုင်မြန်နိုင်မှာပါ။ မဟုတ်ရင်ပြောရဲမှာမဟုတ်ပါ ဘူး။ ၃။ အစ္စလာမ်ဘာသာဝင်တွေဘက်က ပါတီထောင်ထားတာ(၃) ခုရှိပါတယ်၊ဒါကိုလည်း တစ်ယောက်မှထည့်သွင်းထားတာမတွေရပါဘူး၊အားနည်းချက်တွေပါဘဲ၊ကမန်ပါတီတွေလည်း တစ်ယောက်မှမပါပါဘူး၊အစ္စလာမ်ပါတီဝင်တွေမပါရင် ရခိုင်ပါတီကိုဘယ်သူယုံမှာလဲ ၄။ အခုရခိုင်မှအဓိက ပြဿနာကဘာသာရေးပြဿနာပါ၊အစ္စလမ်ဘာသာဝင်တွေကိုမောင်း […]


DEPARKO DEPARKOAugust 29, 20121min1688
ဝမ်ပုံရွာကလေး……. မဲခေါင်မြစ်ကလေးပေါ်မေးတင်နေလေရဲ့။ တစ်ဖက်ကမ်းမှာတော့ လာအိုနိုင်ငံက ရွာကလေး နှစ်ဆယ့်လေးနာရီ လျှက်စစ်မီးရသတဲ့၊ ဘတ် ၁၀ဝ (ထိုင်းငွေ) ပေးပြီးကြိုက်သလိုသွားလို့ရသတဲ့၊ လာအိုထီး လာအိုမတွေ ဒီဘက်ကမ်းမှာဈေးနေ့(ကြာသာပတေးနေ့တိုင်း) ဝမ်ပုံရွာလေးကိုဈေးလာဝယ်ကြတယ်။ မြန်မာနိုင်ငံရဲ့ ရွာကလေးဟာ မြန်မာငွေသုံးလို့မရဘဲ ထိုင်းဘတ်ငွေကိုသာသုံးကြလို့ ငွေလဲလိုက်ရတယ်။ မြန်မာနိုင်ငံမှာ ဖုန်းတွေကိုဈေးကြီးကြီးပေးဝယ်နေရတဲံအချိန် (GSM 200000/ WCDMA 250000ကျပ် ဘတ်ငွေ၁၀၀၀ဝခန့်) မှာ လာအိုဖုန်း UNITEL ။ ထိုင်းဖုန်း 12 call ။ Detect ။ ဖုန်း ရ မျိုးလောက်ရှိပြီး ကြိုက်တာယူ ကြိုက်တဲ့လိုင်းယူ ဘတ် ၅ဝ ထဲ မြန်မာငွေ ၁၂၅ဝ ကျပ်နဲ့ ဖုန်းတစ်လုံး ကိုင်လို့ရတယ် တစ်ဖက်ကမ်းမှာလည်း တာဝါတိုင်ကြီးက ဟီးလို့ Over sea […]


ဌေး မောင်August 19, 20121min34416
မူလတန်းကျောင်း ၁ခုရဲ့ပညာသင်ကြားရေးအကြောင်းလေး ပြောပြချင်ပါတယ်။တာမွေမြို့နယ်ကမူလတန်းအဆင့် စံပြကျောင်းဆုရထားတဲ့ကျောင်းပါ။ဇူလိုင်လ အခန်းဆုံးစာမေးပွဲစစ်ဆေးတုန်းကပေါ့ဗျာ။ကျောင်းသား၁ယောက်ကို ဖြေဆိုချိန် ၄၅ မိနစ်ပေးထားပါတယ်။ဒါပေမယ့် ကလေး၁ယောက်က စာဖြေချိန်ပြည့်တာတောင်ဖြေဆိုလို့ မပြီးသေးလို့ တာဝန်ကျဆရာမက ၁ဝမိနစ်ထပ်မံစောင့်ပေးတာတောင် ကလေးကစာမပြီးသေးပါဘူး။ကလေးက စာမရလို့ မဖြေနိုင်တာပါ။ဒါနဲ့ပဲ စာမေးပွဲစည်းကမ်းအရရော နောက်စာသင်ချိန်ရှိသေးတာကြောင့်ပါ ဆရာမက အဖြေလွှာကို သိမ်းဆည်းလိုက်ရပါတယ်။အဲ…… ပြသနာက ကျောင်းဆင်းချိန်မှာစပါတော့တယ်။အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားရဲ့အမေလုပ်သူက ငိုကြီးချက်မနဲ့ ကျောင်းအုပ်ဆရာမကြီးကိုတိုင်ပါတော့တယ်။သူ့သားဖြေလို့မ ပြီးသေးဘဲ ဆရာမကသိမ်းသွားလို့ ကလေးဖြေနိုင်ရက်သားနဲ့ စာမေးပွဲကျပါတော့မယ်ပေါ့။အဲဒီမှာတင် ကျောင်းအုပ်ဆရာမကြီးနှင့် ကလေး၏ကျူရှင်ဆရာမတို့က တာဝန်ကျဆရာမအား ကလေးစာမေးပွဲကျလျှင် Teacher______ တာဝန်မကင်းဘူးဟု အပြစ်တင်သလိုပြောဆိုကြပါတယ်။(အဆိုပါ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် အပေးအယူတည့်သူကျောင်းဆရာမတချို့ ကျောင်းဆင်းချိန်တွင် ကျောင်းအတွင်းမှာပင်ကျူရှင်သင်ပါသည်။ဆရာမများကို နာမည်ရှေ့တွင်Teacherတပ်ခေါ်လေ့ရှိသည်။စကားချပ်) စဉ်းစားကြည့်ကြပါဦးဗျာ………ပညာရေးဝန်ထမ်းချင်းအတူတူ စည်းကမ်းဝတ္တရားတွေကိုနားလည်ရမှာပေါ့။တကယ်လို့ အပြစ်တင် သတိပေးချင်ရင် ကျောင်းသားမိဘမရှိတဲ့အချိန် ပြောပေါ့။တာဝန်ကျဆရာမဆိုတာ အခုမှ ဆရာမဖြစ်တာမဟုတ် ပင်စင်ယူဖို့နှစ်အနည်းငယ်ပဲလိုတော့တဲ့ သူပါ။အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားကတော့ လွှတ်တော်အမတ် […]