Zaw Moe KhineJune 8, 20131min1992
ဂျပန် Telecom ကုမ္ပဏီ KDDI က Mobile Operator လုပ်ကိုင်ခွင့်ရမည်ဟုအခိုင်အမာပြောကြား။အောက်ပါ Link တွင်ကြည့်ရှုနိုင်။ MICTDC ကုမ္ပဏီ ဥက္ကဌ ဦသိန်းဦးမှ MICTDC ကုမ္ပဏီ နှင့် ဆက်သွယ်ရေးတင်ဒါရွေးချယ်ရေးအဖွဲ ့ဝင်၊ဆက်သွယ်ရေးဒုဝန်ကြီး KMD ဦးသောင်တင်နှင့်အဆက်အသွယ်မရှိဟုငြင်းဆိုထားသော်လည်း KMD ဦးသောင်တင်၏ ဇနီးဖြစ်သူသည် MICTDC ၏ Director တစ်ဦးဖြစ်လျှက်နောက်ကွယ်မှပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်းခိုင်လုံသောနေရာမှသတင်းရရှိပါသည်။


                          တကယ်တော့ မနေ့ကတင်လိုက်တဲ့ပိုစ့်လေးကို ဆက်ရေးဖို့ပါဗျာ- အဲဒီပိုစ့်လေး တင်လိုက်တဲ့အကြောင်းရင်းက – 2.6.2013  ညနေမှာ မန်းဂဇက်ချစ်သူများစာပေဆုရွေးချယ်ရေး ဖတ်ရွေးအဖွဲ့ဝင်တချို့ အစည်းအဝေးလုပ်ကြပါတယ်။ အဲဒီအစည်းအဝေးက ပြောဆိုဆွေးနွေးဖြစ်တာလေးတွေ ၊ ဆက်လုပ်မယ့်အစီအစဉ်ကလေးတွေကို ရွာသူားတွေကိုပါ ချပြပြီး စိတ်ဝင်စားသူတွေက အကြံဉာဏ်ပေး ကွန်မင့်ရေးတာလေးတွေကို ပြန်သုံးသပ်ရအောင် ပိုစ့်ကလေးတပုဒ်တင်ဖို့ ကျုပ်တာဝန်ယူခဲ့ပါတယ်..။ အဲဒီမှာ ပိုစ့်ရေးမယ်လုပ်တော့ – မိဘပြည်သူများခင်ဗျား… ဆိုပြီး သတင်းကြေငြာသလိုကြီးမရေးချင်တာကြောင့် တစ်ယောက်ယောက်ကို တရင်းတနှီးပြောပြတဲ့ရေးဟန်ကလေးနဲ့ tone ကိုလျှော့ဖို့ စဉ်းစားမိပါတယ်။ ကျုပ်မှာက ပိုစ့်ထဲထည့်ရေးချင်တဲ့အခြားအကြောင်းအရာကလေးတွေကလဲ ရှိနေသေးသကိုးဗျာ….   လွန်ခဲ့တဲ့ ရက်အနည်းငယ်က daily eleven […]


                  သည်နေ့က အတော်ကို ထူးခြားနေသည်… ပြောရလျှင် ကေတုမတီ မင်းနေပြည်ဆိုပေသိ သည်နေ့ကိုက ပုံမှန်ထက်ကို အုတ်အုတ်ကျက်ကျက်ရှုပ်ရှုပ်ထွေးထွေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်မှာ ဘာများအကြောင်းထူးရှိလို့ပါလိမ့်……. ဇဝေဇဝါစဉ်းစားရင်း ပါလေရာတစ်ယောက် လမ်းလျှောက်လာခဲ့သည်မှာ ရွှေနန်းတော်ရှေ့က ရင်ပြင်အနီးသို့ပင်တိုင်လေသည်။ အဲသည်မှာတော့ လူအုပ်ကြီးစုဝေးနေသည်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့်တော့ ရာဇမတ်ကာထားသည့် ကွပ်လပ်ငယ်ထဲသို့ ဝင်ရောက်ခွင့်ရဖို့ စုတိုးနေတာဖြစ်လေသည်။ ဘာများအလကားဝေမှာမို့ပါလိမ့်နော်…။ ဘာပဲဖြစ်ဖြစ် သူများတိုးရင် ကိုယ်လိုက်တိုးမှ သူများရတဲ့အခါ ကိုယ်လဲရမှာ။ ထိုင်နေလို့တော့ဘာမှမဖြစ်နိုင်ဘူး..။ တိုးကြည့်မှ အကျိုးရှိချင်ရှိပေဦးမည်….။ သို့နှင့်ပင် စပ်စုစိတ်တဝက် လောဘစိတ်တဝက်ဖြင့် ပါလေရာတစ်ယောက် လူအုပ်ကြီးထဲဝင်တိုးမိလေတော့သတည်း..။ “ဟာ… ရောင်းရင်းကြီးကိုရင် ပါ ပါလား။ ဝမ်းသာတယ်ဗျာ ။ ဒါမှ ယောက်ျားကောင်းဗျ။ လာ… […]


ဇီဇီJune 2, 20131min50166
ဒါက ကိုအောင်ခိုင်ရဲ့ အတွေးနဲ့ အရေးပါ။ စိတ်သဘောချင်းတူလို့ ရှယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~   ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။ ကဲ ကို ကဲ လွန်း တယ် ….တဲ့လား။ ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။ နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄ဝ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချိီးကျူးပါ..သူများကိုတော့ […]


ムラカミMay 25, 20131min58438
ကိုခင်ခနဲ့ ရွာသူား အပေါင်းတို့ရေ… ဒေဝေါအကြောင်း ကျနော် သိသလောက်ကတော့….ဂလိုဗျ…   ကိုခင်ခပြောခဲ့တဲ့ စာအုပ်တစ်ခုကို ထုတ်ဝေလိုက်တယ် အဲဒီစာအုပ်ကို တတ်နိုင်တဲ့သူက ဝယ်ဖတ်တယ်၊ မတတ်နိုင်တဲ့သူက ဌားဖတ်ကြတယ်။ အဲဒီမှာ တစ်ခုရှိတာ ဝယ်လိုက်တဲ့သူက အဲဒီစာအုပ်ကို သတ်မှတ်တန်ရာ တန်ကြေး ပေးပြီးဝယ်လိုက်တာမို့ သူအနေနဲ့ အဲဒီစာအုပ်ကို ပြန်လည်ဝေဌ လိုက်ဖတ်စေတယ်။ ဒီလို ဖြန့်ဝေတာမျိုးက(အခကြေးငွေမယူဘူးနော်) မူပိုင်ခွင့်ချိုးဖောက် သူလို့ ပြောလို့ရလား။ မရဘူးနော် သူက စာအုပ်ရဲ့ တန်ရာတန်ကြေးကို ပေးခဲ့ပြီးသားပါ။ အဲ အခကြေးငွေယူပြီး ဖြန့်ဝေခြင်း စီးပွားရှာခြင်းမှသာ မူပိုင်ဆိုတာနဲ့ ညှိမယ်ထင်ပါ၏။ ငွေကြေး ပါသလား မပါသလား ဘက်ကပြောပါ့မယ်.. ဆိုပါစို့ ….နာမည်ကြီး စာရေးဆြာ ၂ယောက် စာ ၂အုပ်ထွက်တယ် .. ဥပမာ ကိုခင်ခ […]


ယနေ့သည် ခရစ်နှစ် ၂၀၁၃ မေလ၊ ၁၉ရက်ဖြစ်ပါသည် 。。。。။ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် မန်းလေးဂဇတ် ခေါ်သည့် ရွာထဲတွင် လူနည်းနေမည်ဟု ထင်ပါသည်။ ရွာသူ/သားများ မအားတာတစ်ကြောင်း၊ ဆိုင်ရာ ကိုယ်ရေးကိစ္စများ ရှိနေသည်ကတစ်ကြောင်း 。。。 အကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် မေ့များနေမလား၊ ဒါမှမဟုတ် အိပ်များပျော်နေမလား ။ စိုးရိမ် ပူပန်ခြင်းများစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည် …….. ။ :bar:                                 :buu:                                            :harr: ဒါပီး နောက်ပိုင်း ဘာသံမှ မကြားတော့လို့ ……. အားလို့ ရွာထဲ ဝင်ဖြစ်တိုင်း ဘယ်နေ့ပေါ်လာမလဲ …… ဘယ်နေ့ပေါ်လာမလဲ စောင့်နေလိုက်ရတာ …. မပေါ်လာတဲ့ အဆုံးမတော့ လူမုန်းခံပီး (နဂိုကတည်းက ခံရပီးသား ) ရွာ့အော့ကြောလန် တယောက်အနေဖြင့် ဘေးက၊ […]


ခင္ခMay 13, 20131min42664
“သို့ …… သူကြီး သိစေရန်´´   ပိုစ့်တွေရဲ့ ကွန်မန့်တွေမှာ အခုတလော အနုတ် ကလေးတွေဟာ သီတင်းကျွတ်မီးထွန်းပွဲ ဆီမီးထွန်းသလို အတွဲလိုက်ကို တွေ့နေရပါတယ်။ အဲဒီအနုတ်ပေးခံရတဲ့ အကြောင်းနဲ့ပက်သက်ပြီး သူကြီးကတော့ ပြန်မန့်ဘူးပါတယ် အနုတ်ပေးတဲ့ သူတို့ တွေက အချိန်ပေးပြီးဖတ်ကြ လုပ်ကြရတာပါတဲ့။ ဒါဆိုရင် ပိုစ့်ရေးတဲ့သူကရော အချိန်မပေးရလို့လားဗျာ။ ပိုစ့်ရေးသူတွေက အချိန်မပေးရဘဲ အုံ ဖွ မန်း ရတဲ့ ဆရာတွေမို့လား သူကြီးရေ။ ပိုစ့်တစ်ပုဒ်ရေးဖို့အတွက်လည်း စဉ်းစားရ တွေးရ ရေးရနဲ့ အခြားသတင်းကို ပြန်ရေးပေးတာတောင် ပြန်ရေးရ ပြီးရင် ကွန်နက်လေးကိုကြည့်ကာတင်ရနဲ့ ရေးသူမှာလည်း အချိန်ပေးရတာပါ။ ဒီလိုပါဘဲ မန့်ကြသူတွေလည်း ပိုစ့်ကိုဖတ်ရ မန့်ဖို့ရေးရ အချိန်ပေးရပါတယ်။ ဟိုတလောက သူကြီးပြောတာ ဖတ်ရပါတယ် ပိုစ့်တွေမှာ မန့်တဲ့သူ […]


ခရိုနီသတင်းသမား  ၊  ထိုကုလားသည် ဖားခြင်းအမှု          ၊တွင်တွင်ပြု၍ လူထုမုန်းအောင်လုပ်နေသည်။ လူထုသတင်း     ၊ ကွင်းမဆင်းဘဲ အသစ်ရောက်လာ ၊ မြို့အုပ် “ဆရာ” ကို ခေါင်းနှင့်ပွတ်၍မလွတ်သတင်းရှာတော့သတည်း။ ထိုမှတဖန် အကြံအဖန်သမား  ၊သံဂွင်းကုလားသည် မြို့နယ်မဂ္ဂဇင်း     ၊ သူဆောင်ကြဉ်း၍ ငွေဖန်တီးယူ       ၊မျက်နှာကောင်းယူသည် အလုပ်အကိုင်မရှိသူပေကိုး…………..။ ကိစ္စများမြောင်   ၊ကုလားတို့ဘောင်ဝယ် အကြံအဖန်မှန်သမျှ  ၊ငါကုလားကွဟု ဟစ်ကြွေးသံချီ     ၊  သတင်းစာဆရာအမည်……………………… ……………။ ဇော် ဂျီလို…သူယောင်မယ်ကိုတမ်းတတတ်သူ…..။ မင်း ဆိုးရာဇာကိုမြှောက်ပင့်စားတတ်သူ…………..။ ထက် ကောင်းကင်တွင် ကျီးကန်းများပျံဝဲသည်ကိုနှစ်သက်တတ်သူ………..။ ဪ…………..ပြောမဆုံးပေါင်…..တောသုံးထောင်လို့တင်စားရမလိုဘဲ….။ စကော……သုံးထောင်လောက်တောင်ဇောက်မနက်သူလိုပ……………။ သူသူငါငါလူအထင်ကြီးအောင်……….နိုင်ငံပိုင်သတင်းစာမှာရေးတာ…ငါ..ကုလားကွလို့…..။ ကြွေးကြော်ရေးသားသော်ငြား…….ပြည်သူ့အတွက်မပါ… ငါ့ ..ကုလားအတွက်သာ…ဖားကြောင်း….ယားကြောင်းဦးထိပ်ထားတတ်သူမို့……။ သတင်းစာဆရာအသင်းက…ဆရာ..တို့ရေ……….သေချာစီစစ်ကာထားကြပါတော့လားဟား…..လား…ဟား…..လား……။


– – ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ “” ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားတဲ့အကြောင်းလေးကို ထေရဝါဒဓမ္မကွန်ရက် က စာစောင်ထုတ်ထားပါတယ်..လောလောဆယ်တော့ ဒါလေးကို တင်ပေးလိုက်ပါတယ်.. အသေးစိတ်ကိုတော့ မကြာခင်မှာ တင်ပေးပါမယ်ရှင့်…. “” ++++++++++++++++++++++++++++++++++++++++++++++++++++++++


black chawMay 1, 20131min46132
ဟိုတုန်းက မပြိုကွဲသေးခင် ဆိုဗီယက် ပြည်ထောင်စု ကြီးရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် (၁၂) မှာ ဖေါ်ပြထားတာလေး နည်းနည်း ကိုးကားခွင့်ပြုကြပါခင်ဗျာ…။ “အလုပ်မလုပ်သောသူသည် အစာစားရလိမ့်မည်မဟုတ်” အဲဒီလိုကြီးကို အတိအလင်း ဖေါ်ပြထားခဲ့တာနော် ကိုကို…။ ရှင်းပါတယ်…။ အစာစားချင် အလုပ်လုပ်… အလုပ်မလုပ်ရင် အစာမစားရ… ချဉ်ပေါင်ဟင်း နဲ့ စားရမှာလား…။ ဝက်သားဟင်းနဲ့ စားရမှာလား…။ အဲဒါကတော့ ကိုယ့်ဒေါသနဲ့ကိုယ်…။ ကိုယ့်သဘောကိုယ်ဆောင်…။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အပိုဒ် ၁၁ ကလည်း ဒီလိုဆိုထားပြန်ပါတယ် ကိုကို…။ “ဆိုရှယ်လစ် စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ အလုပ်လုပ် နိုင်သော သူတိုင်း မိမိလုပ်နိုင်သော အလုပ်ကို လုပ်ကြရမည်” တဲ့…။ ဟုတ်တာပေါ့…။ ဘလက်ကြီးတို့လို ဆိုက်ကားနင်းနိုင်တဲ့လူက ဆိုက်ကားနင်းပေါ့…။ လုံမလေးတို့လို […]


ဇီဇီApril 29, 20131min28332
ဟိုနေ့က ဒီရွာထဲက အင်မတန် မျက်နှာများတဲ့ မောင်လေးတစ်ယောက် က လာပြီး ခိုင်းထားတာ တစ်ခုရှိပါတယ်။ (အဲလိုပဲ အသက်သာငယ်တာ။ ကျုပ်ကိုလည်း လေးစားရကောင်းမှန်းမသိကြဘူးရယ်။ ဟိုခိုင်း ဒီခိုင်းနဲ့။ လေးစားချင်စရာဆိုတော့လေ။ ဟီးဟီး)    သူ့ အကြောင်းလေးကို ကဗျာစပ်ပေးပါတဲ့။ ယုံကြည်စွာ ခိုင်းတာဗျ။ အဲလာနဲ့ ကျုပ်က ကဗျာဉာဏ်ဝေးပါကြောင်း တောင်းပန်တော့ ရေးချင်တဲ့ ပုံစံသာရေးပါတဲ့။ သူ့အကြောင်း သူ့ဟာသူ မရေးချင်လို့ပါတဲ့။ ိဒီလို စိတ်ချလက်ချ ပြောမှတော့ ရေးပေးမယ်ပေါ့။ ကတိပေးလိုက်ပါတယ်။   ဒါနဲ့ပဲ လိုချင်တဲ့ အချက်လေးတွေ အရင်စုဆောင်းရသေးတာပေါ့။ (သူများ ဦးနှောက် ဖောက်တာကို လှအောင်သုံးခြင်းဖြစ်၏)    အဲဒါတွေ မရေးခင် သူနဲ့ ကျုပ်ကြားက အကြောင်းလေးတွေ နည်းနည်း ရေးပါရစေ။ မျက်စိပြူးမသွားကြပါနဲ့ဗျ။ […]


ဇီဇီApril 24, 20131min58757
  သူ့ကို…………… စချစ်ခဲ့ရတာက ၂၀၀၁။ အရပ်ရှည်ရှည် လူပိန်ပိန်၊ နှုတ်ခမ်းမှာ ပြုံးပြီး မျက်လုံးမှာ မာန ရိပ် သန်းနေတဲ့ ကောင်လေးတစ်ယောက်ကို။     သူ့ကို…………… သနားပြီးပိုချစ်မိတာက ၂၀၀၃။ သူ့ဖြစ်ရပ်မှန် အသည်းကွဲ သီချင်းဆိုအပြီး စင်ပေါ်မှာ လဲကျသွားခဲ့တဲ့ ပုံရိပ်လေး။ အဲဒီ သီချင်းနောက် လိုက်လာတဲ့ အောင်မြင်မှု တရိပ်ရိပ်ကို အဝေးကနေ မုဒိတာပွါးပြီး ဝမ်းသာခဲ့ရ။ ရော့(ခ) သီချင်းမှ ကြိုက်ခဲ့ကြတဲ့ ရွယ်တူ သူငယ်ချင်းတွေကြား လူစွဲ နဲ့ သူ ဆိုတဲ့ ဟစ်ဟော့တွေ ခိုက်တော့ သူငယ်ချင်းတွေက တအံ့တဩ။ “”ဟစ်ဟော့မစစ်ဘူး””၊ “”ကော်ပီတွေပါ”” ကဲ့ရဲ့သံကြားက သူ့ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အပြုံးမပျက် ထွက်သမျှအခွေ ဝယ်ပြီး နားထောင်ခဲ့။ […]


Zaw Moe KhineApril 20, 20131min117
ဒေါင်းယောင်ဆောင်သောကျီးအသွင်ဦးသောင်းတင်အကြောင်းသမ္မတကြီးအားတင်ပြချက်။ ယနေ ့ကျွန်ုပ်တို ့၏နို်င်ငံတော်သမ္မတကြီးသည်နိုင်ငံတော်ဖွံ ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍစုံကိုအသွင်သစ်အမြင် သစ်လူသစ်များဖြင့်ချီတက်ဆောင်ရွက်နေပြီဖြစ်ပါသည်။ဒီလိုအချိန်တွင်မြန်မာနို်င်ငံ၏ဆက်သွယ်ရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများအတွက်ရွေးချယ်တာဝန်ပေးထားခဲ့သောဆက်သွယ်ရေးဒုဝန်ကြီးဦသောင်းတင်အကြောင်းသမ္မတ ကြီးသိစေရန်တစေ့တစောင်းတင်ပြလိုက်ပါသည်။ ဦသောင်းတင်သည်မန္တလေးမြို ့မှတရုတ်ဘဲဥကုန်သည်မိဘများကမွေးဖွားခဲ့ပြီး RIT မှ B.E.(Electronic) ဖြင့် ကျောင်းပြီးခဲ ့ပါသည်။တရုတ်လူမျိုးမိဘနှစ်ဦး၏သွန်သင်မှုကြောင့်ဘယ်သူသေသေငတေမာပြီးရောဆိုသည့် စိတ်ဓါတ်ငယ်စဉ်ကပင်ကိန်းအောင်းခဲ့လေသည်။ကျောင်းပြီးသောအခါစီးပွါးရေးမလုပ်သေးဘဲအစိုးရအသိုင်းအဝန်းတွင်ဝင်ဆံ့အေင်ကွန်ပျူတာတက္ကသိုလ်တွင်ခဏတာဆရာလုပ်ခဲ့ပါသည်။ပြီးနောက်ကြည့်မြင်တိုင်တွင်ကိုယ်ပိုင်ကွန် ပျူတာသင်တန်းစဖွင့်ရင်းဆရာလည်းလုပ် စီးပွါးရေးလည်းစလုပ်ပါတော့သည်။ထို ့နောက်မိမိ၏သင်တန်းသားများ ကိုအရည်အသွေးမပြည့်မှီသောကွန်ပျူတာများကိုအမြတ်များများတင်၍ရောင်းချခြင်းဖြင့်သူ၏စီးပွါးရေးကိုစပါတော့ သည်။ထိုခေတ်အခါကကွန်ပျူတာဗဟုသုတအလွန်နည်းပါးလေရာထိုသို ့အမြတ်ထုတ်ခံရသည်ကိုမသိရှိဘဲကျေး ဇူးများပင်တင်နေကြပါသည်။မိမိတို ့မြန်မာများ၏အားနည်းချက်ကိုထိုတရုတ်ဆရာဦးသောင်တင်ကကောင်းကောင်း ကြီးနားလည်သဘောပေါက်ကာဒေါင်းအသွင်ဆောင်ကာလူတတ်ကြီးလုပ်လာပါတော့သည်။ထိုနောက်စင်္ကပူမှကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး Refurbished Computer များ၊အဟောင်းကွန်ပျူတာများကို အသစ်အသွင်ဖန်တီးကာမြန် မာဈေးကွက်သို ့ဖြန် ့ချိပါတော့သည်။ Business Ethnics လုံးဝမရှိသော၊အပြောအဟောကောင်းသောတရုတ်ဆ ရာမှာဒေါင်းယောင်ဆောင်ထားသောကျီးမှန်းလူအများမသိကြပါ။ ထိုသို ့ဖြင့်ဦးသောင်းတင်၏ KMD ကုမ္ပဏီသည်ဈေးပေါသောပစ္စည်းများဖြင့်နာမည်ကြီးလာပါတော့သည်။ထိုတ ရုတ်ဆရာဦးသောင်းတင်၏လောဘသည်ဤမျှဖြင့်မတင်းတိမ်နိုင်သေးပါ။ကွန်ပျူတာပစ္စည်းများကိုကွန်တိန်နာဖြင့် တင်သွင်းရင်းအကြံအစည်အသစ်များပေါ်ထွက်လာပါတော့သည်။ယင်းမှာကွန်ပျူတာပစ္စည်းများထည့်သောကွန် တိန်နာများအတွင်းတရားမဝင်ပစ္စည်းများခိုးထည့်သယ်ယူခြင်းဖြင့်ငွေကြေးမြိုးမြိုးမြက်မြက်ရနိုင်ကြောင်းလမ်းစ တွေ ့သွားပါတော့သည်။သို ့ဖြင့် ဦးသောင်းတင်ကလူယုံတပည့် ကိုမျိုးသိန်းဆိုသူကိုသေချာကျနစွာသင်ကြားပေး ပြီးကွန်တိန်နာဖြင့်တရားမဝင်ပစ္စည်းသွင်းခြင်းကိုတွင်ကျယ်စွာပြုလုပ်လာပါတော့သည်။ထိုကိုမျိုးသိန်းဆိုသူသည် အကောက်ခွန်ဌာနတစ်ခုလုံးကိုကျွေးမွေးပြုစုရှာဖွေလုပ်ကိုင်ပေးလျှက်ရှိရာ KMD မှကိုမျိုးသိန်း ကွန်တိန်နာဆိုလျှင် အကောက်ခွန်ဌာနတစ်ခုလုံးအပြင်၊ဆိပ်ကမ်းမှပစ္စည်းထုတ်ရာဌာနမှဝန်ထမ်းများပါမကျန်ပွဲပြီးမီးသေ […]