ムラカミApril 18, 20131min27411
ဒီမှာ မကြည်ပြာ ကျုပ်ဟာ ဘဝကို ရေမျောသီး တလုံးလို ဖြတ်သန်းခဲ့တာ ကြာပါပြီ လေထဲမှာပျံဝဲသူများ နဲ့ အလုပ်တွေလုပ်ရင်း လရောင်ကိုကြောက်သူကျနော်ဟာ လရဲ့အောက်ဘက်မိုင်အဝေးမှာ အမှတ်တရ တွေ ရှိခဲ့ဖူးသူ ဆိုပါတော့ဗျာ ဟုတ်တယ် မကြည်ပြာ မြရဲ့လ ကြောင့် အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ တွေ ရပ်တန့်ခဲ့ချိန်ရောက်မှသာ ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ပါကွယ် …ကျုပ်ဟာ ကမ္ဘာမြေရဲ့ချစ်သူ တယောက်ပါ နံရံ၏အခြားတစ်ဖက် မှာ ချစ်သူ၏သမီး ကို မတော်တရော် ပြုတာဟာ ရဲရင့်သောနှလုံးသား ပိုင်ရှင်တွေ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးဗျာ..     ဒီလိုလေ ..မကြည်ပြာ ကျနော် ဖျားနေတဲ့မြို. မှာနေတယ်။ ချစ်ခြင်း၏အနုပညာ ကိုလည်း ယုံသလို ဆဲတတ်သူများနဲ့တစ်ညနေ မှာ မိန်းမနှစ်ယောက် နဲ့အတူ ကြယ်ကြွေတို့ရဲ့အတောင်ပံ ကို […]


စာပေလုပ်သားစာရေးဆရာတွေပြည်သူကြားမှာကောင်းကျိုးတွေနဲ့မတရားခံနေရ တဲ့ပြည်သူဘက်ရပ်တည်တဲ့အကြောင်းကြားရတော့ဝမ်းသာပီတိဖြစ်ရသဗျ။ ဒီလိုကောင်းကျိုးဆောင်ရွက်တဲ့စာရေးဆရာတွေကိုကျေးဇူူးတင်စကားပြောချင်လှသမို့ ဒီဆိုဒ်လေးကနေကာယကံရှင်ကိုယ်စားကျေးဇူးစကားပြောပြီဗျို့။ကျုပ်ကဧရာဝတီတိုင်ူဒေသကြီးအိမ်မဲမြို့မှာ ဘဲကြီးပြင်းရသူတစ်ယောက်ဆိုတော့စာပေဗဟုသုတအားနည်းသလိုစာရေးဆရာအများကြီးနဲ့ခင်မင်ခွင့်မရတဲ့ အတွက်ကျန်တဲ့စာရေးဆရာတွေရဲ့ပြည်သူဘက်ပါဝင်တဲ့အကြောင်သိပ်မသိလှပါဘူူးဒါေပေမယ့်ကျုပ်တို့မြို့အိမ်မဲက စာရေးဆရာသတင်းစာဆရာကဗျာဆရာထက်ဝေး(သို့)ဦးဇော်မင်းထက်ကတော့ကျုပ်တို့မြို့အတွက်သိပ်အားကိုးရသဗျာ   ။ ကျုပ်တို့အိမ်မဲမြို့ချောင်းဝရပ်ကွက်မှာနေတဲ့မွတ်ဆလင်ဘာသာညီအကိုနှစ်ဦးဖြစ်တဲ့ ဝါဟစ်  နဲ့  မဲတူ  တို့ရဲ့ လယ်တွေကိုစက်မှုလယ်ယာကသိမ်းယူထားခဲ့သတဲ့အဲဒီ့မှာကျုပ်တို့အားကိုးရတဲ့စာနယ်ဇင်းသမားသတင်း စာဆရာထက်ဝေး(ခ)ဇော်မင်းထက်ကဘာသာတူလဲဖြစ်အိမ်မဲမြို့နေပြည်သူလဲဖြစ်တဲ့အတွက်ဝင်ရောက် ကူညီတိုင်စာရေးပေးလိုက်တော့မတရားလယ်သိမ်းချင်တဲ့သူတွေကားခနဲဖြစ်တော့တာဘဲဗျို့…..။ ဘာကြောင့်ကျေးဇူူးတင်ထိုက်လဲဆိုတာပြောရအုံးမဗျ။တိုင်စာရေးပေးတဲ့စာရေးဆရာထက်ဝေးရဲ့စွန့်စားခန်းတိုင် စာရေးရပုံကအိမ်မဲဆိုတဲ့နယ်မြို့ကျဉ်းလေးမှာစာစီစာရိုက်ဆိုင်က၃ဆိုင်လောက်ရှိတော့ဒီမြို့မှာဘဲစာရိုက်ရင်ကိစ္စပွ သွားမလေ။ဒီတော့ပုသိမ်မြို့မှာသွားပြီးစာစီစာရိုက်လုပ်ရသပေါ့။တိုင်ကြားစာမှာကဥပဒေအချက်အလက်တွေပါတယ် ဆိုတော့စာရေးဆရာကဒီလိုပြောခဲ့ရသတဲ့” ဟေ့  စာရိုက်တဲ့ကလေးမ  တို့အိမ်မဲမြို့ကရှေ့နေကြီးဦးငွေကြည်ကို သိတယ်မဟုတ်လားဒီတိုင်စာကရှေ့နေကြီးရေးပေးထားတာစာမှာ ပါတဲ့ဥပဒေအချက်တွေစာသားတွေမမှားစေနဲ့တော်ကြာရှေ့နေကြီးစိတ်ဆိုးနေမယ်။သူစိတ်ဆိုးရင်လွယ် တာမဟုတ်ဘူးနော်”ဒီလိုစွန့်စားခန်းဖွင့်ပြီးပြည်သူဘက်ကရပ်တည်ပေးခဲ့တာအားကိုးစရာမဟုတ်ပေလော…..။ လယ်ယာသိမ်းယူထားတဲ့ဌာနဆိုင်ရာကိုလယ်မြေပြန်ရဖို့ညှိနှိုင်းမယ်ဆိုသိန်းချီကုန်ကျမယ့်ငွေကြေးအစားတိုင်စာ တစ်စောင်ငွေငါးသောင်းသာယူတဲ့သတင်းစာဆရာထက်ဝေးကြောင့်ဝါဟစ်တို့မဲတူတို့ညီအကိုတွေသက်သာရာရ သွားတဲ့အပြင်သိမ်းထားတဲ့လယ်တွေလဲအခြေအနေပြန်ကောင်းသတဲ့။ဒါကြောင့်ကျုပ်မှာမနေနိုင်မထိုင်နိုင်ကိုယ့် အကြောင်းအရာမဟုတ်သော်ငြားကျေးဇူးစကားဆိုချင်လာသဖြင့်နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့အတိုင်းကျေးဇူးတင် ရပါတယ်မောင်ရင်လေးထက်ဝေးရယ်လို့ပြောလိုက်ရပါသဗျား….။  


ムラカミApril 17, 20131min21317
ဒီမယ် မကြည်ပြာ … တခါတလေတော့လည်း လေ သိလား တကယ်ဆိုရင် အချစ်ပဲ လိုပါတယ် ကွယ်..။ ညည်းကျုပ်ကို အရင်လိုပဲ အရင်အတိုင်းပဲ ဆဲနိုင်ပါတယ်အေ။ ဒါပေသိ ကျုပ်ကို သီးသန့် ဖြစ်တည်မှု အဖြစ်တော့ အသိအမှတ်ပြုပေးပါ။ ညည်းနဲ့ တူတူရှိနေချိန်တိုင်းက တကယ်တော့ အမှတ်တရလေးများ ပါပဲ။ အဲ့ဒါကို အသိအမှတ်ပြုတယ်ဆိုရင် မှားပြန်တယ် လို့ ခနခန မပြောပါနဲ့ ကွယ်။ ဒီမယ် မကြည်ပြာ … ဘုရားအလိုအတိုင်း ဆိုပြီး ဒီအတိုင်း ရေစုံမျှောလိုက်တော့မလားကွယ်..။ နောင်ဘယ်တော့မှ မတွေ့တော့ပြီ ဆိုရင်… ဆိုပြီး စိတ်ပူမိတာ ကျုပ်အပြစ်လားဗျာ .. ညည်းမရှိတဲ့ နေ့ရက်များ မှာ တစက္ကန့်လောက်မှ မပျော်နိုင်သူပါ။ တကယ်ပဲလဲ ညည်းမချစ်ပါဘဲ နဲ့ မနေ့က […]


                          သင်္ကြန်တော့ ရောက်ပြန်ပြီ… ဆိုတော့ကာ….   ဒီအချိန်မျိုးဆိုမှဖြင့် ကျုပ်လို အဘိုးကြီးများ တယ်…အထီးကျန်သကိုး…….. အိမ်ရှိလူအပေါင်းက  ဆိုင်ရာဆိုင်ရာကိစ္စတွေအသီးသီးနဲ့- သင်္ကြန်တွင်းအတွက် စားရေးသောက်ရေး ပြင်သူကပြင်… အခြောက်အခြမ်း မုန့်ပဲစားဖွယ်  ရှာဝယ်သူကဝယ်…. လည်ဖို့ပတ်ဖို့ ချိန်းကြ… ဆိုကြ… ဝယ်ကြ… ခြမ်းကြ…. အဲဒီအချိန်မျိုးမှာ ရေနွေးတစ်အိုးနဲ့ ချောင်ထိုးခံရတာကတော့ လူကြီးတွေပဲဖြစ်ပါတယ်။ ဒီလူကြီးတွေကလဲ အားကျမခံ ဘုန်းကြီးကျောင်းသွားဖို့ ဥပုသ်စောင့်ဖို့ ရိပ်သာဝင်ဖို့ လှူရေးတန်းရေးလုပ်ဖို့ စသည်…. စသည်….ဖြင့်  ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြရတာပေါ့……။ ခက်တာက ကျုပ်ကလဲ ကြီးမလိမ္မာ ဆိုတော့.. အဲဒါတွေလုပ်ဖို့  ပျင်းတယ်ဗျ… ဒီတော့… ဒီလုပ်လုပ်မယ်ဗျာ….. […]


aung naylinApril 7, 20131min166
ဒီလိုခေါင်းစဉ်နဲ့ဆိုတော့၇၈၆ဘာသာဝင်အစ္စလမ်တွေထုတ်တဲ့မဂ္ဂဇင်းလို့ထင်သွားမပေါ့။မဟုတ်ပါဘူး။အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးရာဇာဝင်းအနားကိုကဗျာဆရာ၊သတင်းစာဆရာ၊စာရေးဆရာအမည်ခံချဉ်းကပ်၊အရိုးအရင်း အကြွင်းအကျန်စောင့်စားချင်တဲ့ ဆိုသူကုလားထိန်မွတ်ဆလင်ဘာသာဝင်ရဲ့အကြံအစည်ကိုအခြေခံပြီး မြို့နယ်ကုလားမဂ္ဂဇင်းလို့တင်စားခြင်းပါ။ သည်လိုရေးတင်တော့မွတ်ဆလင်လူမျိုးမုန်တီးစိတ်လား..?ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ်မကျေနပ်စိတ်လား? စာဖတ်သူတွေဝေဖန်ထောက်ရှုစိတ်တွေဖြစ်ကြလိမ့်မယ်။အနည်းငယ်တော့ရှင်းပြခွင့်ပြုပါဗျာ..။ အိမ်မဲမြို့နယ်အသင်းရန်ကုန်မြို့မှာဘုရင့်နောင်၊နောင်ရိုးတိုက်ပွဲအကြောင်းသတင်းစာရှင်းပွဲနဲ့စာတမ်းဖတ်ပွဲလုပ် မယ်ဆိုတော့အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူးရာဇာဝင်းနဲ့အဖွဲ့တက်ရောက်ခဲ့ကြသပေါ့။ဒီလိုပွဲမှာသတင်းစာဆရာ၊ စာရေးဆရာ၊ကဗျာဆရာအမည်ခံ၇၈၆ထက်ဝေကနောင်ရိုးတိုက်ပွဲအကြောင်းကဗျာစပ်ပြီးရာဇာဝင်းကိုကဗျာရွတ်ခိုင်းမယ်ဆို ပြီးကပ်လိုက်သွားသတဲ့။ ဒီအထိကတော့လူကြီးမင်းများလက်ခုပ်တီးပါဆိုတဲ့အတိုင်းလက်ခုပ်သံဩဘာညံတာကတော့တဖျောင်းဖျောင်း ပေါ့။အဲ…..ရန်ကုန်က ပြန်လာကြပြီးနောက်ရက်မှာတော့သတင်းစာဆရာကြီး ကလ္ဘက်ရည်ဆိုင်နဲ့ရောက်တဲ့နေရာတိုင်းမှာ“ဘုရင့်နောင် ရဲ့နောင်ရိုးစိတ်ဓါတ်ရှိသူတွေနဲ့ ရန်ကုန်အတူသွားတာထမင်းတောင်ကားပေါ်မှာအထုပ်နဲ့စားခဲ့ရသတဲ့။”သွားတဲ့သူတွေကဗမာတွေဆိုတော့ဗမာဆိုင်ထမင်းဝင်စားတဲ့ အချိန်သူတစ်ယောက်ထဲကားပေါ်ကျန်ခဲ့သတဲ့။စားသောက်ပြီးထွက်လာကြတဲ့အချိန်မှာသူထမင်းမစားရသေးတာတစ်ယောက်မှမမေး ဘဲနေကြတော့ကားဆရာကို၇၈၆ထမင်းဆိုင်ရှေ့ခဏရပ်ခိုင်းပြီးအ ပြေးအလွှားထမင်းဆင်းဝယ်၊ကားပေါ်မှာကြွပ်ကြွပ်အိပ်ထုတ်နဲ့စားခဲ့ရသတဲ့။ဆာလောင်မှုဒဏ်ကိုခက်ခက်ခဲခဲ ဖြေရှင်းလာရလို့ဒါလားကွနောင်ရိုးစိတ်ဓါတ်လို့ကြွေးကြော်မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင်အတူခရီးသွားတွေ အပေါ်အပုပ်ချဝါဒဖြန့် တာမကြားချင်မှအဆုံးပါဘဲ။ဒါလောက်ဘဲလား…..နိုး…နိုး…ကျန်ပါသေး၏မြို့နယ်အုပ်ချုပ်ရေးမှူးအနားကပ်နေသူတွေ ကိုခရိုနီလို့စွပ်စွဲ၊ဖော်လံဖားတွေလို့ကွယ်ရာမှာအပုပ်ချ၊ဒီကောင်တွေအခါတော်ပေးချင်လို့အောက်လမ်းနည်းနဲ့ပေါင်း တာကွ။အောက်လမ်းနည်းဆိုတာသိလား။။။စတဲ့စကားတွေကိုလူငယ်တွေ နဲ့ပြည်သူလူထုကြားမှာမုန်းတီရေးဝါဒတွေတွင်ကျယ်အောင်ဖြန့်ခဲ့တော့ဝါဒ မှိုင်းမိသူတွေကအော်………အိမ်မဲမြို့က သတင်းစာဆရာ ကအာဏာပိုင်ဘက်မှာမနေဘူးပြည်သူဘက်ကနေ ရှာသားကလား..အစ္စလာမ်ဘာသာဖြစ်လင့်ကစားတော်ရှာပါပေတယ်လို့ချီးမွမ်းခန်းပျိုးနေတုန်းမှာမူလဘူတဇာတိရုပ် ကကြွလာတော့ခက်ကြပေါ့။သတင်းမီဒီယာခေတ်စားတဲ့အချိန်မှာဂျာနယ်၊သတင်းစာနဲ့အင်တာနက်မှာအိမ်မဲမြို့အကြောင်း ပါလာတာနဲ့ဘယ်သတင်းကဘယ်သူရေးတာ၊ဘယ်မှာပါတာကဘယ်သူဖြစ်နိုင်တယ်။ဒါကတော့ဘယ်သူ့လက်ချက်ဆိုပြီးဖော် ထုတ်…ကလော်တုပ်လိုက်တာဖြင့်အုပ်ချုပ်ရေးမှူးလက်ကိုင်တုတ်တစ်ချောင်းလိုနေ့ချင်းညချင်းပြောင်းစေသတည်းပေါ့။ ထင်တိုင်းကျဲ  ၊မိုင်ကုန်ဖွင့်ပြီးဖော်ကောင်လုပ်တော့တာဘဲဗျို့……။ ဒါတင်ဘဲလား……မဟုတ်သေးဘူး။မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကောင်းသတင်းတွေကိုရှာဖွေစုဆောင်း၊အသပြာငွေမ ယူကြောင်းပြောပြီးမြန်မာ့အလင်း၊ကြေးမှုံသတင်းစာတွေမှာဂျပန်စစ်သားဗုန်းကြဲသလို၊အုန်းဒိုင်ကြဲအောင်ထည့်ပေးတော့… ။အောက်လမ်းနည်းဆိုတာ…အောက်………?………နမ်းပြီးပေါင်းသင်းကြောင်းနေရာအနှံ့ဝါဒဖြန့် ခဲ့သော်ငြားအရင်ကအယူအဆဟောင်းတွေစွန့်ခွာ၊အဓွန့်ရှည်စွာကောင်းစားရန်တွေးပြီးအိမ်း………သူလဲအုပ်ချုပ်ရေး မှူးအနားကပ်ရှားတဲ့၇၈၆စာရေးဆရာအခါေတော်ပေးအောက်လမ်းနည်းသုံးသူတစ်ယောက်ဖြစ်တော့တာပ။ဒီလိုနဲ့ ယုံကြည်မှုလေးရလာတော့လူစုံပြီးစုဝေကြတဲ့နေရာရောက်ရင်ကိုယ်ရည်သွေးရအောင်အိမ်မဲမြို့နယ်မဂ္ဂဇင်းထုတ်ဖို့အတွက် အကြံပေး၊နည်းပေးလို့လမ်းညွှန်၊သွန်သင်ပြသတာကဘယ်လုပ်ငန်းရှင်ဆီကဘယ်လိုတောင်း၊ကြော်ငြခရအောင်ဘယ်လို ဖန်တီး၊ထွက်လာတဲ့စာအုပ်ကိုဘယ်နှုန်နဲ့ရောင်း၊ဘယ်လောက်ရင်းလိုက်ရင်ဘယ်လောက်မြတ်တယ်ဆိုတဲ့(အီကိုနောမစ်) ခရိုနီစနစ်နဲ့လမ်းပြပေးသတဲ့။အရိုးအရင်းစောင့်စားချင်တဲ့ခြင်္သေ့မင်းနားကဝံပုလွေကောင်ကဲ့သို့ငွေမကြိုက်၊ဝတ္တုသာကြိုက် တဲ့မိချောင်းမင်းတွေကိုရေ..ဒစ်စကိုအကခင်းပြသပေါ့။ကြံစည်မှုနဲ့ဆွယ်တရားလွှတ်ဟောတော့၊ဇွတ်ပြောချင်သူလည်း ဂရုမစိုက်တော့ပါဘူးအိမ်မဲမြို့နယ်မဂ္ဂဇင်းအတွက်အကောင်အထည်လည်းပေါ်ခဲ့သပေါ့။မြို့နယ်စာရေးဆရာအသင်းကိုကျော်ခွ၊ အတော်ပြချင်တဲ့သူ့လက်စွမ်းက  ယောက်ခမကြီးမကျန်းမာလို့မိန်းမနဲ့ရန်ကုန်သွားတာတောင်စာရေးဆရာကြီးတွေဆီက စာမူတွေယူရမယ်ပြောပြီးမဂ္ဂဇင်းဘဏ္ဍာရေးမှူးဆီကငွေတစ်သိန်းတောင်းယူပါသတဲ့။မဂ္ဂဇင်းအတွက်ဘယ်ပုံနှိပ်တိုက်မှာအပ် မယ်ဆိုတာ၊ရေရေရာရာမပြောဘဲ၊ထွေလီကာလီနှောပြီး“ကျုပ်ကကိုယ့်စရိတ်ကိုယ်စိုက်ပြီးလိုက်လုပ်ပေးနေတာပါ”ဆိုတဲ့အ သံကောင်းဟစ်ကြွေး၊အကြံမပြောင်းတဲ့တတ်သူလို၊အမှန်ခေါင်းထောင်ပြီးနေပါသတဲ့။ကြော်ငြာစာမျက်နှာကာလာစုံနဲ့၇၈၆အပါ အဝင်ဘာသာစုံကြော်ငြာရအောင်၊တစ်မျက်နှာငွေငါးသောင်းတောင်းပြီးဖားကြောင်းယားကြောင်းနဲ့အသားလိုလို့ အရိုးတောင်းနေတဲ့ဒီသူငယ်အတွက်….သူ့ခြေ၊သူ့လက်၊သူ့အကြံနဲ့သူ့မျက်ခွက်ကြီးနဲ့လုပ်နေမှတော့။ကဲ……….. အိမ်မဲမြို့ကြီးရဲ့မဂ္ဂဇင်းထွက်လာသော်လည်း၊အရှက်သာပိုကဲရမယ့်..ငါတို့..အဖြစ်တွေအတွက်ကုလားနဲ့ […]


ဇီဇီApril 3, 20133min55945
                                            “”ဟဲ့။ ဟဲ့။ ငါပြောတာ အဲ့တစ်ယောက်၊ အဲ့ တစ်ယောက်”” သူမ စကားသံအလန့်တကြားမှာ အချဉ်ပေါင်းသည်ထံ စိုက်နေတဲ့ မျက်လုံးများ ဟိုကြည့်၊ ဒီကြည့်ဖြစ်ကုန်သည်။ ဝါလေးရယ်၊ ဆွေရယ်၊ ပန်းကလေးရယ်၊ သူမရယ် ကျောင်းက အချဉ်ပေါင်းသည်ဆီမှာ ဝိုင်းနေခိုက်ဖြစ်သည်။ “”ဘယ်မတုန်း၊ ဘယ်မတုန်း””   “”ဟိုမှာလေ။ ပုဆိုးလေးနဲ့ ရှမ်းလွယ်အိတ်လေးနဲ့ဟာ””   “”ဪ စိုင်းလင်း ကိုပြောတာလား။ အဲဒါ ငါတို့ ဂျီတီအိုင်တက်တုန်းက […]


nay khinMarch 31, 20131min30022
ရင်ထဲကတစိတ် ကဗျာလေးတင်ထားတာ ပထမဦးဆုံးအကြိမ်လေးပါ ရွာသူအသစ်လေးမို့ အမှားပါရင်ခွင့်လွတ်ပေးကြပါ  စာရေးသားစရာလေးတွေရှိလို့ အသင်းဝင်းဖြစ်ခြင်မိတာကြာပါပြီ အားလုံးကိုရိုသေလေးစားစွာနဲ့   ခင်မင်ပါတယ် ဘာမှ မသိ နားမလည်တဲ့ ရွာသူ အသစ်လေးကိုလဲ ခင်မင်ပေးကြပါ


ဇီဇီMarch 26, 20131min31921
ဒီ နေ့ တပေါင်းလပြည့်နေ့။ အဖေနေ့ဆိုပဲ။ အဖေကချစ်သော၊ အဖေ့ကိုချစ်သော သမီးတစ်ယောက်အနေနဲ့ သူ့ ကို သတိရရင်း သူ့ အမှတ်တရလေးတွေ ရေးချင်စိတ်ပေါက်လာပါတယ်။ အရင်ကကိုယ့်သဘောကိုဆောင်ခဲ့တဲ့ ကိုယ့်အတွက် ကံကြမ္မာက ခြင်္သေကျွန်းကို ပို့ပြီးဒါဏ်ခတ်ထားတယ်လေ ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ဘဝမို့ ကိုယ့်ကို လိုအပ်တဲ့ လူတွေနားမှာ မနေနိုင်ပြန်ဘူး။  သမီးကို သူ့ အနားမှာပဲ ထားချင်တဲ့ ဒီ အဖေနားမှာ မနေနိုင်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီတုန်းမသိ။  🙁 ကိုးတန်းကတည်းက ခွဲခဲ့ရတာ။ သူတာဝန်ကျတဲ့ နယ်တိုင်းကို သွားလိုက်ပြန်လိုက်နဲ့။ ပြန်တိုင်း တစ်လမပြည့်အောင်နေခဲ့ရတာ။ သူ့ ရဲ့ နည်းပါးလှတဲ့ စကားထဲက သူ့အတွင်းစိတ်ကို မြင်နိုင်တာလည်း ကိုယ်ပဲရှိတယ်။ ဒါပေမဲ့ ငိုတတ်တဲ့ ကလေးမှ မုန့်ပိုရတယ်ဆိုသလို အဖေကို ဘယ်လောက် ပိုချစ်ချစ် […]


ayeyarwaddy-tunMarch 25, 20132min28814
ကဲ.. သူငယ်ချင်းတို့ရေ ဧရာဝတီထွန်းက ကယန်းလူမျိုးဆိုတော့ ဒီတစ်ခေါက်ပို့စ်ကို ကယန်းအကြောင်းနည်းနည်းမိတ်ဆက်ပေးပါရစေ ကယန်းဆိုတာက သူငယ်ချင်းတို့ပဒေါင်လို့ သိထားတဲ့လူမျိုးပါ …. ပဒေါင်ဆိုတာကအရပ်ခေါ် အသုံးအနှုံးဖြစ်လို့ ကယန်းဆိုတာကို မြန်မာပြည်ကလူတစ်ချို့ကမသိသေးတာပါ…. အခုဒီပို့စ်တင်ရခြင်း အဓိကအကြောင်းအရင်းကတော့ အာစီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ကယန်းအလှ(Kayan Beuties) ဆိုတဲ့ရုပ်ရှင်ကားကြီးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သူငယ်ချင်းအားလုံးကို အသိပေးချင်ယုံဖြစ်ပါတယ်ရှင်… ဒီရုပ်ရှင်ကားကို ဒါရိုက်တာ အောင်ကိုလတ်က နိုင်ငံတကာအဆင့်အတန်းဝင်အောင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ ရိုက်ကူးထားကြောင်း နဲ့ သဘာဝအရပ်သူ ကယန်းလူမျိုုးအစစ် သရုပ်ဆောင်များကိုသာ အသုံးပြုပြီး ကယန်းလူမျိုးများရဲ့ ဓလေ့တွေကို ရိုက်ကူးထားကြောင်းသိရှိရပါတယ်ရှင်.. အစမ်းသဘောအနေနဲ့တော့ youtube မှာ Kayan Beauties ဆိုပြီး ထွေလာလေးတော့ကြည့်လို့ရနေပါပြီ ဇာတ်လမ်းအစအဆုံးကိုတော့ ရုပ်ရှင်ကားကြီးထွက်ပြီးမှပဲ ကြည့်ရမယ်လို့ထင်ပါတယ်ရှင်… ကဲ… သူငယ်ချင်းတို့ရေ ဒီတစ်ပါတ်တော့ ကယန်းဆိုတာဘာလဲဆိုတာရယ် […]


ဇီဇီMarch 21, 20137min36372
18th June 2006   “မိုင်ခိ” “အင်း::”   ဖြိုးခေါ်သံကို အင်း လိုက်ပြီး ရေ လက်စ ပိုက်ဆံ ဆက် ရေ နေလိုက်တယ်။   “ဟဲ့၊ ငါ ခေါ်နေတာ မကြားဘူးလား။”   ဒီကလေးမလည်း ပြောမှာဖြင့် ပြောတာမဟုတ်။ စိတ်ရှုပ်ပြီး သူ့ကို ဘာသဘောလည်း မေးဆတ်ပြလိုက်တော့ မျက်စောင်းဒဏ် အရင်ခံလိုက်ရသေးတယ်။။   “ဒီမှာပြောမလို့ဟာကို နင့်ပိုက်ဆံတွေက နောက်မှ ရေ လေ။”   ဘယ်လောက်ရောက်နေပြီလို စိတ်ထဲမှတ်ပြီးမှ……   “ပြောလေကွယ်၊ ရေ နေရင်းနားထောင်လို့ရတာပဲ။”   “ဟိုကောင် မိန်းမယူတော့မယ်တဲ့။” ရုတ်တရက် ကိုယ့်နားတွေ အူသွားသလိုပဲ။ မျက်လုံး က ဘာမှ မမြင်ရတော့။ ပိုက်ဆံတွေ […]


ムラカミMarch 19, 20131min1308
ဟတ်ကောင် မောင်ဂီ့ .. မင်းအခွက်ကို ငါမကျိချင်ဘု..။ ဝေးရာရွေ့ဇမ်း ။ ထိုသို့ပြောလိုက်သည်မှာ ဗကသ(ဗရုတ်သုတ်ခ ကြောင် သိုးများ) ဥက္ကဌ ကိုကိုကြောင်ဖြစ်၏ ။ ဟုတ်သည်။ မင်းက ဘွားတော်လေကို လိုက်လို့ ငါတို့ရဲ့ သပိတ်စခန်းတွေကို ဥပဒေနဲ့ မညီဘူးပြောရတာလားကွ ..ဟေ.. တကယ်တော့ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ၏ ဆွမ်းစားပြီး ရေဆေးကာ မှောက်ထားသော သပိတ်များအတွင်း ဝင်ခိုပြီးသကာလ ငါးကြော်ဖွက်စားနေသည့် ကိုကိုကြောင်၏ သပိတ်စခန်း ကိစ္စ ဘုန်းကြီးကျောင်းသား မောင်ဂီ့ နှင့် အခြေအချ ပြောနေကြခြင်းဖြစ်သည်။ဟုတ်သည် ..သူတို့၂ဦးက တစောင်းဆေးနှင့် မျက်ချေး တည့်ကြတာမဟုတ်။ ကိုကိုကြောင်ဆိုတာ ကပ္ပိယ ဦးဝတုတ်ရဲ့ အချစ်တော်ကြောင်သိုးကြီး။ ခုလည်း ဘုန်းကြီးရဲ့ ငါးခြောက်ပြားကို ဦးဝတုတ် ဘတ်ကီးရိုက် သူကလိုင်းယွန်းရှယ်ယာကိုယူ ငါးခြောက် […]


ေမာင္ရိုးMarch 13, 20131min36063
ဘာဖြစ်မှန်းတော ့ သေသေချာချာမသိပါ ။သို ့သော် ကိုယ်လုပ်စရာရှိတာတော ့ လုပ်ရမယ်ထင်ပါတယ် ကဲ …စလိုက်ကြစို ့ ဗျာ …. https://myanmargazette.net/102954/creative-writing မန်းဂဇက် ( သင်္ကြန်စာ) https://myanmargazette.net/122427/creative-writing မျက်မမြင်ပုဏ္ဏား ခြောက်ယောက်နှင် ့ AD 2212 ခုနှစ် https://myanmargazette.net/140154/creative-writing မန်းဂေဇက်ရံပုံငွေဘောလုံးပြိုင်ပွဲကြီး https://myanmargazette.net/142196/creative-writing မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး https://myanmargazette.net/151718/creative-writing ဆားပုလင်းဆာမိနှင် ့ဘလက်ဘရားသားဂိုဏ်း https://myanmargazette.net/168996/society-lifestyle/aha-jokes မီးးးး ဗျို ့ မီး မီး အထက်ပါ ပို ့စ်များရေးသားခဲ ့ရာမှာ ကျနော် ့ဘက်က လိုအပ်ချက်မှာ သက်ဆိုင်ရာအမည်ပါဝင်သူများကို ခွင် ့တောင်းခွင် ့မရခဲ ့ပါ ။ ကြိုတင်အသိပေးခြင်း မလုပ်နိုင်ခဲ ့ပါ ။ […]


Mr. MarGaMarch 12, 20131min21018
အဘဖောရဲ့ ဥရောပသွား ပေါ်တာတောလား pdf ကဲ ရွာသူားတို့ရေ နောက်ဆုံးမှာတော့ တစ်လကျော်ကျော် သွားခဲ့တဲ့ ခရီးရှည်ကြီးရဲ့ pdf version ထွက်လာပါပြီ။ အမှန်တကယ်ဆို ဒီထက် စောပြီး တင်ပေးနိုင်ပေမင့် ဦးမာဃ လက်နှေးနေတာကြောင့် ကြားထဲမှာအချိန်တွေ ကြာသွားခဲ့တာ ခွင့်လွှတ်ကြပါကုန်။ နောက်ဆုံး ဘဖော တင်ခဲ့တဲ့ ရက်နဲ့ဆို တစ်လလောက် ကွာသွားတာမို့ မေ့တေ့တေ့တောင် ဖြစ်နေကြပြီလားမသိ။ သဂျီးကို မေးမြန်းထားချက်အရ အခု လုပ်တဲ့ pdf ဟာ ရွာထဲမှာ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တယ်လို့သိရပါတယ်။ (အဲ မှားလို့ ဟိုတစ်လက ဆုရသွားတဲ့ ဦးကျောက်ပို့စ်နဲ့ အရင်တုန်းက ရွှေအိရဲ့ ပို့စ်တွေကို ဆြာဂီ pdf လုပ်ဖူးတယ်နော်) ဘယ်လိုပဲဖြစ်ဖြစ်ပါ အခု pdf ဟာ […]