ကျွန်တော်တို့ မြန်မာနိုင်ငံမှာမနက်မိုးလင်းတာနဲ့ အရောင်းရဆုံးကုန်ပစ္စည်းတစ်ခုမှာအားကစား ဂျာနယ်တစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာလူငယ်၊လူကြီး၊ ကျားမအရွယ်စုံညကဘယ်ပွဲမှာဘယ်လောက်၊ ဘယ်နှစ်ဂိုး၊ ဆယ်ပြားရှုံး ၊ဂိုးကြောနိုင်၊ဘော်ဒီကြေးငါးဆယ်နိုင်၊ စသဖြင့် နိုင်ငံတကာဘော်လုံးပွဲဒိုင်ချုပ်တွေတောင်အရှုံးပေးရလောက်ရဲ့။ လောင်းကစားတိုက်ဖျက်ရေးဘယ်လောက်အရှိန်အဟုန်နဲ့လုပ်လုပ်၊ ဘော်လုံးလောင်းကစားဟာအမြစ်တွယ်နေပါပြီ၊ လူငယ်အများစုဟာညနက်သန်းခေါင် အိပ်ရေးအပျက်ခံပြီးဘော်လုံးပွဲထကြည့် အားကစားဂျာနယ်တွေ ပိုက်ဆံအကုန်ခံပြီးဝယ်ဖတ်၊ အလုပ်၊ကျောင်းစာကြိုးစားရမည့်အရွယ်စုံလူငယ်တွေဟာဘယ်အသင်းကဘယ်နှစ်ဂိုးသွင်းမယ်၊ ဘယ်အသင်းကတော့ ဂိုးမရှိသရေ၊ ဘယ်အသင်းကတော့ သုံးဂိုးအထက် သွင်းလိမ့်မယ်။ စသဖြင့် နိုင်ငံတကာကဘော်လုံးနည်းပြချုပ်တွေ လက်ဖျားခါရလောက်အောင် ကိုတော်ကြပါပေတယ်။ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေအများစုမှာမိန်းကလေးအများစုဟာတက္ကသိုလ်ရောက်တဲ့အထိ ပညာဆည်းပူးနိုင်ပြီးယောကျင်္ားလေးအများစု (၉၀%)ဟာ ဝေလေလေနဲ့ ပညာတစ်ပိုင်းတစ်စ ယောင်ခြောက်ဆယ် နေ့စဉ် လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာအချိန်ဖြုန်း မိဘတွေဆီက ပိုက်ဆံ လက်ဖြန့်တောင်း ရှက်ရကောင်းမှန်းလဲမသိ ဘိလိယက်ကို လောင်းကြေးနဲ့ထိုး အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ လေထဲမှာတိုက်ဆောက်နေကြတာ ကျွန်တော်တို့နိုင်ငံမှာ နောက်ဆယ်စုနှစ်အနည်းငယ်မှာ ပညာတတ်မိန်းမတွေရဲ့ အရိပ်အာဝါသမှာ ခိုလှုံမဲ့ ဘောလုံး ဝါသနာရှင် လောင်းကစားသမား မဟာပုရိသများအကြောင်း […]