poochAugust 1, 20145min35233
ဝိတိုရိယခရီးက ပြန်လာပြီးနောက်ပိုင်းမှာတော့ ရေခဲတောင်တက်ဖို့ရာအတွက် ပြင်ဆင်တဲ့အနေနဲ့ ကလောဘက်က တောင်တွေကို မိုးရာသီမှာ ဗွက်ရုန်းဖို့ သွားရမဲ့ ထရိန်နင် ခရီးရှိပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီကလောခရီးအတွက် ထရိန်နင်ဆင်းနေဆဲကာလမှာပဲ မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့်ကို ဖြတ်ထားတဲ့ အရမ်းလှတဲ့ ကူမဲနားက ပြတ်ခရွေတောင်ကို သွားမိတယ်။ ပြန်လာတော့ ဒူးက နည်းနည်းနာလာပါလေရော။ နောက်ရက်ကျတော့ စိန်ခနောက်ကို ထရိန်နင် ထပ်တက်ရပြန်တယ်။ အဲ့မှာ ဇာတ်လမ်းက စပါတယ်။ နာတဲ့ဒူးက တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့အခါ နားဖို့အထိ ဖြစ်လာပြီး အဲ့နောက်ပိုင်း ကလောခရီးစဉ်ဖျက်လိုက်ရပါတယ်။ ဒူးကိုလုံးဝအနားပေးလိုက်ရပါတယ်။ အဲ့တုန်းက တော်တော်လေးကို စိတ်ဓာတ်ကျသွားတာပါ။ ကလောခရီးစဉ်ကနေ ပြန်လာတဲ့ ကျမသူငယ်ချင်းတွေကတော့ ရေခဲတောင် အိမ်မက်ကို ဆက်မက်ပြီး rock climbing လို ထရိန်နင်တွေပါဆင်းကြပါတယ်။ ၁၁လပိုင်းလောက်ကျတော့ ပူတာအို ခရိုင်အတွင်းကပဲ ထောတကောဆိုတဲ့ […]


ခင္ခJuly 25, 20141min40824
” ပို့ဆောင်ရေး “   ရွာထဲက ဟိုအရင်စုံတွဲ ခုတော့တွဲမတွဲ မသိလေဘဲ နောက်ပေါ်ခဲ့ရာ စုံတွဲမှာ မင်္ဂလာမောင်နှံ ဖြစ်သွားရှာ ထမင်းဟင်းပုံတွေ တင်ပြကာ စားနိုင်သောက်နိုင် ကြွားလှတာ သူတို့အတွဲ ဖြစ်ပုံများရယ် ရွာကိုကိုင်လှုပ် သိမ့်သိမ့်တုန်တယ် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့တယ်နော် ဟောအခု တစ်စုံတွဲ တိုးတိုးတိတ်တိတ် ရှိနေမြဲ နှစ်ပတ်လည်လို့ ကမ္ပည်းစာထဲ မတူတာတွေ တူတာတွေပြ သုံးငါးခြောက်ကျော် ချစ်ရက်ရှိသနော် အခုဝါတွင်း မျှော်စရာကင်း ဝါထွက်ကာလှ သတင်းကျွတ်ကြ ဒီစုံတွဲရဲ့ ဖိတ်စာလှလှ ကျုပ်ထံရောက်မလား မျှော်မိနေသဗျ။     ခင်ခ။


ကုိ ထြဋ္July 18, 20141min315510
ဒီလို ခေါင်းစဉ်နဲ့ဆို စိတ်ဝင်စားပြီ… ပြသနာတခုတော့ တက်ပြီဆိုပြီး… ဟီး… တက်ပါဘူးဗျာ…တဂျိီးပြောတာလေးနဲ့.. ကျွန်တော်က အစီအစဉ်လေးတွေနဲ့ တင်ဆက်မယ် စိတ်ကူးနေတုန်း.. လာတူတာ ပြောပြချင်တာပါ… kai says: နောက်လ..နောက်လတွေမှာ.. ရွာထဲက.. စာတွေကို..ပုံနှိပ်စာအဖြစ်..တိုးယူဆွဲသွားမည်ဖြစ်ပါကြောင်း.. လေးပါ..ထပ်ဖြည့်ပါရစေ..။ မြန်မာပြည်ထဲကသူတွေကို.. ပရိုတန်းခြေလှမ်းအဖြစ်ပြနိုင်အောင်.. စာမူခအဖြစ်(စတိ) ပေးသွားမယ်ဖြစ်ပြီး. မြန်မာပြည်ပြင်ပကသူများအတွက်လည်း.. စာမူခပေး/ပြန်ယူပြီး.. ဂဇက်ရံပုံငွေတရပ်အဖြစ် မတည်ထားသွားချင်ပါတယ်…လို့.. အပြင်ကနေ.. အဓိကရေးပေးနေတဲ့.. ဇီဇီ အပါအဝင်.. ရွာ့လူကြီး..ကာလသားသမီးများ… အဲဒီကိစ္စ.. ဆွေးနွေးပေးကြစေလို..။   အဲဒါလေးကို မပြောခင် အရင်ဆုံး ရွာလို့ မသုံးတာလေးကို ခွင့်လွှတ်ပါ… အားလုံးက ရွာလို့ သုံးနေချိန်မှာ မြို့လို့ သုံးတာက တဂျီးကိုယ်တိုင် ပို့စ်တခုမှာ မန့်ထားတာပါ… မြို့ဖြစ်နေပြီဆိုတာပါ…   အရင်ကဆို ကျွန်တော် ကော်ပီ ပေ့စ်တွေ […]


ရာမညJuly 15, 20141min367
^^^ ကျွန်ုပ် နှင့် စန်းစန်းတင့် ^^^ ကျွန်ုပ် ၏ ဝတ္ထု ထဲမှ စန်းစန်းတင့်သည် အကြော်သည် ဇတ်ဇတ်ကျဲ မဟုတ်မခံ ၊ ဟုတ်လည်းမခံ ပြန်ပြောတတ်သော ဇရိုက်အား ပမာပြုထားသော ဇတ်ကောင်တစ်ဦးသာဖြစ်သည် ။ ယခုအခါတွင် စန်းစန်းတင့်ဟူသောနာမည်ဖြင့် တစုံတဦးသည် မန္တလေးဂေဇက်အတွင်း ပြဿနာဖြစ်စေသော ကွန်မန့်များရေးသားတိုက်ခိုက်နေသောကြောင့် ကျွန်ုပ်၏ဇတ်ကောင်နှင့် မည်သို့မျှမပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။ ထို့အတူ အဆိုပါဇတ်ကောင်ကို ဖန်တီးသောကျွန်ုပ်နှင့်လည်း မည်သို့မျှ မပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။ ကျွန်ုပ်ဝတ္ထုထဲမှဇတ်ကောင်နာမည်ကို ယူသုံးပါသည်ဟုဆိုထားပြီးဖြစ်သောကြောင့် ၎င်းစန်းစန်းတင့် အနေဖြင့် ကျွန်ုပ်နှင့် မန်ဘာများအကြား အထင်လွဲမှားစေရန်ပြုမူသည်ဟု ယူဆဖွယ်ရှိနေပါသည် ။ ထို့ကြောင့် စန်းစန်းတင့်ဟူသော အကောင့်ပိုင်ရှင်အား အခြားနာမည်သို့ပြောင်းလဲစေချင်ကြောင်း ကျွန်ုပ်မှ ဆန္ဒပြုပါသည် ။ (စန်းစန်းတင့်နှင့် မန်ဘာများအားသိစေလိုသဖြင့်ရေးသားသည်ဖြစ်၍ […]


၄နှစ်တခါ ကျဉ်းပလေ့ရှိသော ဖီဖာ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကား ယခု၂၀၁၄ ခုနှစ်တွင်မူချိမ့်ချိမ့်သဲသဲ ကျင်းပ ပြီးဆီး ခဲ့လေပြီ။ ပွဲစဉ်တလျောက် အမေရိက တိုက် ကိုယ်စားပြု နဲ့ ဥရောပအသင်း ကိုယ်စားပြု အသင်းများ ထိပ်တိုက်တွေ့ဆုံမှု များ ပြင်းထန်ခဲ့သည့် ပြိုင်ပွဲ၏ အကျဉ်းချုပ်သုံးသပ်ချက်အား  ရေးသားတင်ပြရသော်   ၁။ အုပ်စုအဆင့်           ၁-၁။ အုပ်စု(က) (အုပ်စုဗိုလ် း ဘရာဇီး ။ အုပ်စု ဒုတိယ း မက်ဟီကို) အုပ်စု-က တွင် အိမ်ရှင်ဘရာဇီး ၊ မက်ဟီကို ၊ ခရိုအေးရှား နှင့် ကင်မရွန်း အသင်းတို့ပါဝင်ခဲ့ပြီး ခန့်မှန်းသူအများစု တွေးဆသလိုပင် အမေရိကတိုက် အသင်း၂သင်းပင်ဖြစ်သော အိမ်ရှင်ဘရာဇီးနှင့် မက်ဟီကို […]


black chawJuly 12, 20145min39426
ဒီလ ဘလက်ချောကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကို ကောလဟာလ လေးတစ်ခုနဲ့ အစပြုလိုက်ပါတယ်ဗျာ။     ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ ပွားလာတတ်တာမျိုးပါ။ ဆိုကြပါစို့။ မင်းသား ဟိန်းဝေယံ နဲ့ မင်းသမီး အိချောပိုတို့ ချောင်းသာကို အပန်းဖြေ ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒါ သတင်းတချို့ထွက်ပေါ်လာလို့ဆိုပြီး အိချောပို က ဖြေရှင်း ခဲ့ရပါရောလားဗျာ။ သွားတာကတော့ အဖွဲ့လိုက် အများကြီးပဲ။ ဘယ်လိုကနေ သတင်းတွေထွက်လာလဲ မသိဘူး။ အိချောတို့က အနုပညာ မောင်နှမတွေပါ။ ဒီလို ဖြစ်လာတာကိုလည်း အံ့ဩတယ်။ အိချော သိတ်တော့ မဖြေရှင်းချင်ပါဘူး။ ဒါက အပန်းဖြေခရီး သွားတာပါ။ ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး။ ကဲ…ကြည့်…။ ပရိသတ်တွေက ဘယ်လိုမှ […]


ရာမညJune 29, 20141min61545
^^^ ဂေဇက် ပြဿနာကို ဆန်းစစ်ခြင်း ^^^ ကျွန်ုပ်သည် မကြာခဏဆိုသလို ဂေဇက်ရွာတွင်း ဝင်ရောက်လေ့ရှိသူဖြစ်သည့်အားလျော်စွာ ဖြစ်ပျက်ခဲ့သည်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့လေသည် ။ ယမန်နေ့က ဖြစ်ပွါးခဲ့သောပြဿနာတို့၏အစမှာ လွန်လေပြီးသောရက်များစွာက စခဲ့ခြင်းဖြစ်လေသည် ။ ဤစာစုတွင် ကျွန်ုပ်၏အမြင်ကိုသာ သီးသန့် တင်ပြမည်ဖြစ်သကဲ့သို့ စာဖတ်သူ မန်ဘာများမှလည်း လွတ်လပ်စွာ ဝင်ရောက် ပြောဆို ဆွေးနွေးနိုင်ပါသည် ။ မည်သူ၏ မှတ်ချက်ကိုမှဖျက်မည်မဟုတ်ပါ ဟုအာမခံပါသည် ။ မေတ္တ ာရပ်ခံလိုသည်မှာ ဤဂရုတွင်ရှိသော အက်ဒမင်များမှ ဖျက်ခြင်း ပြင်ခြင်းများက ိုသဘောထားကြီးစွာဖြင့် မပြုလုပ်စေလိုပါ ။ ၁။ မန်ဘာသစ်များဝင်ရောက်လာခြင်း မန်ဘာသစ်များ ဝင်ရောက်ခြင်းကို ဝမ်းသာကြရပါမည် ။ အသစ်ဖြစ်သည့်အားလျော်စွာ အားတက့်ပီးလျှင် ပို့စ်များစွာတင်တတ်သည် ။ သို့သော် ယခု အသစ်များသည် ပို့စ်တင်လိုသည့်စိတ်သာရှိပြီး […]


black chawJune 3, 20141min317747
ဒီလိုရှိပါတယ် လူကြီးမင်းတို့ရေ…။ Miss Asia Pacific မေမြတ်နိုးလေး အတွက် … ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားရင်း နားစွန်နားဖျားရပ်ကွက် ထဲရောက်လာတဲ့ သတင်းလေးတွေကို တင်ပြပေးပါရစေခင်ဗျာ။   ————————– Gay အကြောင်း ဖွဲ့ ဇာတ်လမ်းတွေ မရိုက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က Gay မဟုတ်လို့ပါ။ အဲဒီလို ဇာတ်ကားမျိုးတွေက အရှက်မရှိတဲ့သူပဲ ရိုက်မှာပါ။ သူတို့စိတ်ကလည်း Gay စိတ်ဖြစ်နေလို့ နေမှာပေါ့။.. လို့ ဒါရိုက်တာ ဟိန်းစိုး က ပြောသွားပါတယ်တဲ့။ Gay တို့ ရဲ့ မာယာ ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာဒေါန ကြီးကို အားနာစရာ…။ ပြီးတော့ မင်းသား မိုးအောင်ရင် လေးကို အားနာစရာ…။ —————————   “မော်ဒယ်လောကမှာ […]


black chawMay 30, 20142min30722
နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။ နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။ နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်… မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။   မမသန်း လို့ ချစ်စနိုးခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ခင်သီတာထွန်းကြီးတစ်ယောက်… အဆိုတော်မဟုတ်ဘာမဟုတ်နဲ့ အမ်တီဗွီ ဆိုပြီး ဟော့ရှော့ထလုပ်ခဲ့ဖူးတာ အသေအချာပါ ကျောင်းဒကာ…။ ကလီယိုပါထရာ […]


black chawMay 9, 20141min47143
ဒီနှစ်နွေက သိတ်ပူပါတယ်…။ ဒီလောက်ပူတဲ့ နွေရာသီမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူး ခဲ့တာ သေချာပါတယ်…။ မရှိတော့ပြီဖြစ်သော သစ်ပင်တွေကြောင့်များလား…။ သစ်ခုတ်သမားကိုကိုတွေကတော့ အအေးခန်းထဲမှာ ငြိမ့်နေကြရောပေါ့…။ ကျုပ်တို့မှာသာ BlaBlaBla… သတိလေးနဲ့ နေ…ထိုင်…စား…သောက် ကြပါ ကျောင်းဒကာတို့…။ နေခြင်း ထိုင်ခြင်း စားခြင်း ဆိုတာတွေထက် သောက်ခြင်းအမှု မှာ သတိလေး ပိုရှိကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ…။ နေပူပူထဲက ပြန်ရောက်ရောက်ခြင်း ရေခဲရေအေးအေး မသောက်မိဖို့ တို့ ဘာတို့…။ ဟေး…ဟေး… အဲဒီ အလုံး အခုတလော သိတ် ခေတ်စားနေပါတယ်။ အရက်သောက်ပြီး လူ့လောကကြီးကို နှုတ်ဆက်ခဲ့ကြရတဲ့လူတွေ သတင်းကလည်း အခုတလော မွှေးနေတာပါပဲ…။ လိုရင်း ပြောရရင် ကြည့်သောက်ကြပါ ကျောင်းဒကာတို့ရေ…။ ကဲ…စကားတွေက ဝေ့ကုန်ပါပြီဗျာ…။ အဲဒီလောက်ပူတဲ့ နေပူပူကြီးထဲမှာ […]


ဇီဇီMay 7, 20141min72041
ဟိုးရှေးရှေးတုန်းက တဲ့။ ဗေတားဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာတဲ့။ အမ ရ ယောက်ရှိတယ်တဲ့ကွယ်။ 😀 အမတွေကြားနေခဲ့ရတော့ လူက ပျော့သလိုလို နွဲ့သလိုလို နဲ့ ချွဲနွဲ့ပြီး အမတွေကြားထဲ လူလည်လုပ်ပြီး ညာစားနေတာပေါ့။  :mrgreenn: ဘယ်လောက်များ ညာစား၊ လှည့်စား၊ လိမ်စား၊ ချွဲစား၊ တစ်နပ်စား၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်တုန်းဆို (မှတ်ပလားးး နာ့ ကို အစားပုတ်လို့ ပြောဦးးးးး)   :mrgreenn: အမကြီး မွမွပြုံးဟာ ဗေတား နာမည် ကြားရုံနဲ့ သွေးတက်တတ်လို့ သီလရှင်ကျောင်းကဘူးစင်အောက်မှာ နေချာရယ်ဘူးသီး အလှနဲ့ နေရတာပဲ အေးချမ်းတယ် ဆိုပြီး ရှောင်နေသတဲ့။  :mrgreenn:   ဒုတိယ အမဖြစ်တဲ့ အမသဲကတော့ ဗေတား ရှုပ်သမျှ […]


ムラカミMay 5, 20141min282513
ကိုမာဃကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆက်စ် ပန်ထုံ ရှင်းလင်း =========================================   ငတော်ကီ ၊ ရန်ကုန်၊ မေ -၃   ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင် သရုပ် ဆောင်မင်းသမီးဆက်ပန်ထုံ၏ အိမ်ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။   တစ်ဖက်ကာယကံရှင် များက နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေ ညာခဲ့ပြီးနောက်ပိုင်း မင်းသမီးဆက်ပန်ထုံအနေဖြင့် မည်သို့ တုံ့ပြန်ပြောဆိုမည်ဆိုခြင်းကို နောက်ဆက်တွဲ သိချင် ဆန္ဒပြင်းပြနေကြလျက်ရှိသည်။ ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်းက မြရိပ်မှောင် ဟိုတယ်အနီးရှိ Rape City ဆိုင် သို့သွားရောက်ကာ မင်းသမီးဆက်စ် ပန်ထုံနှင့် တွေ့ဆုံခဲ့ ပါသည်။   ယင်းဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဆက်စ်ပန် ထုံက သူမ၏သဘောထားကို […]