၄နှစ်တခါ ကျဉ်းပလေ့ရှိသော ဖီဖာ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကား ယခု၂၀၁၄ ခုနှစ်တွင်မူချိမ့်ချိမ့်သဲသဲ ကျင်းပ ပြီးဆီး ခဲ့လေပြီ။ ပွဲစဉ်တလျောက် အမေရိက တိုက် ကိုယ်စားပြု နဲ့ ဥရောပအသင်း ကိုယ်စားပြု အသင်းများ ထိပ်တိုက်တွေ့ဆုံမှု များ ပြင်းထန်ခဲ့သည့် ပြိုင်ပွဲ၏ အကျဉ်းချုပ်သုံးသပ်ချက်အား  ရေးသားတင်ပြရသော်   ၁။ အုပ်စုအဆင့်           ၁-၁။ အုပ်စု(က) (အုပ်စုဗိုလ် း ဘရာဇီး ။ အုပ်စု ဒုတိယ း မက်ဟီကို) အုပ်စု-က တွင် အိမ်ရှင်ဘရာဇီး ၊ မက်ဟီကို ၊ ခရိုအေးရှား နှင့် ကင်မရွန်း အသင်းတို့ပါဝင်ခဲ့ပြီး ခန့်မှန်းသူအများစု တွေးဆသလိုပင် အမေရိကတိုက် အသင်း၂သင်းပင်ဖြစ်သော အိမ်ရှင်ဘရာဇီးနှင့် မက်ဟီကို […]


black chawJuly 12, 20145min35426
ဒီလ ဘလက်ချောကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကို ကောလဟာလ လေးတစ်ခုနဲ့ အစပြုလိုက်ပါတယ်ဗျာ။     ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ ပွားလာတတ်တာမျိုးပါ။ ဆိုကြပါစို့။ မင်းသား ဟိန်းဝေယံ နဲ့ မင်းသမီး အိချောပိုတို့ ချောင်းသာကို အပန်းဖြေ ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒါ သတင်းတချို့ထွက်ပေါ်လာလို့ဆိုပြီး အိချောပို က ဖြေရှင်း ခဲ့ရပါရောလားဗျာ။ သွားတာကတော့ အဖွဲ့လိုက် အများကြီးပဲ။ ဘယ်လိုကနေ သတင်းတွေထွက်လာလဲ မသိဘူး။ အိချောတို့က အနုပညာ မောင်နှမတွေပါ။ ဒီလို ဖြစ်လာတာကိုလည်း အံ့ဩတယ်။ အိချော သိတ်တော့ မဖြေရှင်းချင်ပါဘူး။ ဒါက အပန်းဖြေခရီး သွားတာပါ။ ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး။ ကဲ…ကြည့်…။ ပရိသတ်တွေက ဘယ်လိုမှ […]


ရာမညJune 29, 20141min54945
^^^ ဂေဇက် ပြဿနာကို ဆန်းစစ်ခြင်း ^^^ ကျွန်ုပ်သည် မကြာခဏဆိုသလို ဂေဇက်ရွာတွင်း ဝင်ရောက်လေ့ရှိသူဖြစ်သည့်အားလျော်စွာ ဖြစ်ပျက်ခဲ့သည်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့လေသည် ။ ယမန်နေ့က ဖြစ်ပွါးခဲ့သောပြဿနာတို့၏အစမှာ လွန်လေပြီးသောရက်များစွာက စခဲ့ခြင်းဖြစ်လေသည် ။ ဤစာစုတွင် ကျွန်ုပ်၏အမြင်ကိုသာ သီးသန့် တင်ပြမည်ဖြစ်သကဲ့သို့ စာဖတ်သူ မန်ဘာများမှလည်း လွတ်လပ်စွာ ဝင်ရောက် ပြောဆို ဆွေးနွေးနိုင်ပါသည် ။ မည်သူ၏ မှတ်ချက်ကိုမှဖျက်မည်မဟုတ်ပါ ဟုအာမခံပါသည် ။ မေတ္တ ာရပ်ခံလိုသည်မှာ ဤဂရုတွင်ရှိသော အက်ဒမင်များမှ ဖျက်ခြင်း ပြင်ခြင်းများက ိုသဘောထားကြီးစွာဖြင့် မပြုလုပ်စေလိုပါ ။ ၁။ မန်ဘာသစ်များဝင်ရောက်လာခြင်း မန်ဘာသစ်များ ဝင်ရောက်ခြင်းကို ဝမ်းသာကြရပါမည် ။ အသစ်ဖြစ်သည့်အားလျော်စွာ အားတက့်ပီးလျှင် ပို့စ်များစွာတင်တတ်သည် ။ သို့သော် ယခု အသစ်များသည် ပို့စ်တင်လိုသည့်စိတ်သာရှိပြီး […]


black chawJune 3, 20141min306947
ဒီလိုရှိပါတယ် လူကြီးမင်းတို့ရေ…။ Miss Asia Pacific မေမြတ်နိုးလေး အတွက် … ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားရင်း နားစွန်နားဖျားရပ်ကွက် ထဲရောက်လာတဲ့ သတင်းလေးတွေကို တင်ပြပေးပါရစေခင်ဗျာ။   ————————– Gay အကြောင်း ဖွဲ့ ဇာတ်လမ်းတွေ မရိုက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က Gay မဟုတ်လို့ပါ။ အဲဒီလို ဇာတ်ကားမျိုးတွေက အရှက်မရှိတဲ့သူပဲ ရိုက်မှာပါ။ သူတို့စိတ်ကလည်း Gay စိတ်ဖြစ်နေလို့ နေမှာပေါ့။.. လို့ ဒါရိုက်တာ ဟိန်းစိုး က ပြောသွားပါတယ်တဲ့။ Gay တို့ ရဲ့ မာယာ ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာဒေါန ကြီးကို အားနာစရာ…။ ပြီးတော့ မင်းသား မိုးအောင်ရင် လေးကို အားနာစရာ…။ —————————   “မော်ဒယ်လောကမှာ […]


black chawMay 30, 20142min26822
နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။ နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။ နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်… မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။   မမသန်း လို့ ချစ်စနိုးခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ခင်သီတာထွန်းကြီးတစ်ယောက်… အဆိုတော်မဟုတ်ဘာမဟုတ်နဲ့ အမ်တီဗွီ ဆိုပြီး ဟော့ရှော့ထလုပ်ခဲ့ဖူးတာ အသေအချာပါ ကျောင်းဒကာ…။ ကလီယိုပါထရာ […]


black chawMay 9, 20141min40443
ဒီနှစ်နွေက သိတ်ပူပါတယ်…။ ဒီလောက်ပူတဲ့ နွေရာသီမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူး ခဲ့တာ သေချာပါတယ်…။ မရှိတော့ပြီဖြစ်သော သစ်ပင်တွေကြောင့်များလား…။ သစ်ခုတ်သမားကိုကိုတွေကတော့ အအေးခန်းထဲမှာ ငြိမ့်နေကြရောပေါ့…။ ကျုပ်တို့မှာသာ BlaBlaBla… သတိလေးနဲ့ နေ…ထိုင်…စား…သောက် ကြပါ ကျောင်းဒကာတို့…။ နေခြင်း ထိုင်ခြင်း စားခြင်း ဆိုတာတွေထက် သောက်ခြင်းအမှု မှာ သတိလေး ပိုရှိကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ…။ နေပူပူထဲက ပြန်ရောက်ရောက်ခြင်း ရေခဲရေအေးအေး မသောက်မိဖို့ တို့ ဘာတို့…။ ဟေး…ဟေး… အဲဒီ အလုံး အခုတလော သိတ် ခေတ်စားနေပါတယ်။ အရက်သောက်ပြီး လူ့လောကကြီးကို နှုတ်ဆက်ခဲ့ကြရတဲ့လူတွေ သတင်းကလည်း အခုတလော မွှေးနေတာပါပဲ…။ လိုရင်း ပြောရရင် ကြည့်သောက်ကြပါ ကျောင်းဒကာတို့ရေ…။ ကဲ…စကားတွေက ဝေ့ကုန်ပါပြီဗျာ…။ အဲဒီလောက်ပူတဲ့ နေပူပူကြီးထဲမှာ […]


ဇီဇီMay 7, 20141min65041
ဟိုးရှေးရှေးတုန်းက တဲ့။ ဗေတားဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာတဲ့။ အမ ရ ယောက်ရှိတယ်တဲ့ကွယ်။ 😀 အမတွေကြားနေခဲ့ရတော့ လူက ပျော့သလိုလို နွဲ့သလိုလို နဲ့ ချွဲနွဲ့ပြီး အမတွေကြားထဲ လူလည်လုပ်ပြီး ညာစားနေတာပေါ့။  :mrgreenn: ဘယ်လောက်များ ညာစား၊ လှည့်စား၊ လိမ်စား၊ ချွဲစား၊ တစ်နပ်စား၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်တုန်းဆို (မှတ်ပလားးး နာ့ ကို အစားပုတ်လို့ ပြောဦးးးးး)   :mrgreenn: အမကြီး မွမွပြုံးဟာ ဗေတား နာမည် ကြားရုံနဲ့ သွေးတက်တတ်လို့ သီလရှင်ကျောင်းကဘူးစင်အောက်မှာ နေချာရယ်ဘူးသီး အလှနဲ့ နေရတာပဲ အေးချမ်းတယ် ဆိုပြီး ရှောင်နေသတဲ့။  :mrgreenn:   ဒုတိယ အမဖြစ်တဲ့ အမသဲကတော့ ဗေတား ရှုပ်သမျှ […]


ムラカミMay 5, 20141min278113
ကိုမာဃကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆက်စ် ပန်ထုံ ရှင်းလင်း =========================================   ငတော်ကီ ၊ ရန်ကုန်၊ မေ -၃   ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင် သရုပ် ဆောင်မင်းသမီးဆက်ပန်ထုံ၏ အိမ်ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။   တစ်ဖက်ကာယကံရှင် များက နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေ ညာခဲ့ပြီးနောက်ပိုင်း မင်းသမီးဆက်ပန်ထုံအနေဖြင့် မည်သို့ တုံ့ပြန်ပြောဆိုမည်ဆိုခြင်းကို နောက်ဆက်တွဲ သိချင် ဆန္ဒပြင်းပြနေကြလျက်ရှိသည်။ ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်းက မြရိပ်မှောင် ဟိုတယ်အနီးရှိ Rape City ဆိုင် သို့သွားရောက်ကာ မင်းသမီးဆက်စ် ပန်ထုံနှင့် တွေ့ဆုံခဲ့ ပါသည်။   ယင်းဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဆက်စ်ပန် ထုံက သူမ၏သဘောထားကို […]


ムラカミApril 22, 20141min32334
  စာမရေးတာကြာလို့လားမသိဘူး .. စာရေးချင်မိငဲ့ …. ရေးကားရေးချင်ငဲ့ … ဘာရေးရမှန်းကိုမသိ …. အဲ … ဂလိုဆိုတော့ …. ဟဲ့မယ်ဂိ …ညည်းရေးဇာမစိ ဝူးလား လို့.. ခေါင်းမော့ မေးငေါ့ လတ္တံ့သော .. ဖေ့စဘုတ်တော် ပေါ်မှ .. မှတ်မှတ်ထင်ထင် များ ဖြစ်သည့် ရွာ့ဇဗျစ်သီး တဖြစ်လဲ.. သင်္ဘောနှစ် မှ အခြစ် ထင်သည့် ပုလင်းဖင် မှန်ဝိုင်းတပ် သင်္ဘောသီး ကတော် အားလည်းကောင်း ကျော့်ကို ပြူးအောင် ရိုက်ပေးပါ ဆိုတတ်သည့် … ထွာဘယ်မိတ်ကာ ကိုကိုစော အားလည်းကောင်း.. ကြာဇံမွေး ဆံထုံးချည် ..ပြုံးရီသည့်အခါ ပြီတီတီ ဖြစ်နေတတ်သည့် ထိုင်နေအကောင်းဟ ..ထသွားမှ ဝ-မှန်းသိသည့် .. […]


ဇီဇီMarch 5, 201414min23043
  ကတောက်! တဂျီးက ပို့(စ) တင်ခ ၂ ဆပေးမယ်ဆိုကတည်းက အလုပ်ကလည်းများ……. ဘာအကြောင်းကို ဘာရေးရမှန်းကို မသိတော့တာ။ သူများတွေ ကြုံးဝါးတာမြင်တော့ သများလည်း ရေးချင်တာပေါ့နော့။   :mrgreenn:   အဲတော့ သများ ခု ကြုံနေရတဲ့ အမှုအကြောင်းပဲ ရေးပါ့မယ်။   သများ ခု ဘာဖြစ်နေတုန်း ဆိုတော့ အမှုဖြစ်နေတယ်လေ။  :mrgreenn: မင်းသားကြီးပေါ့။ မြင်းမိုရ်တောင် ဆီးစေ့နဲ့ပေါက်ချင်တာ အဲဒီ ဆီးစေ့က သများဖြစ်နေတာခက်ပါတယ်ဆို။   ဒီလိုဒီလို ဇာတ်လမ်းက။ ခု စလုံးက အကြီးဆုံး ရှော့ပင်းစင်တာကို အေအန်အေ (A&A) လုပ်ကြတယ်။ အဲဒီ အေအန်အေ ဆိုတာ (Addition & Alteration) ပြင်မယ်၊ ထပ်ဖြည့်မယ်ပေါ့။ တခြား […]


sai saimgFebruary 23, 20141min34266
           မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်း၊သံဃာများထဲတွင် အဓမ္မဝါဒီများနှင့် အဝိနယဝါဒီများလွမ်းမိုးနေသူများများပြားနေသဖြင့်ကိုရှင်းလင်းသုတ်သင်ရန်နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်မှုအစည်းအဝေးတွင် သဘာပတိဆရာတော်မှမိန့်ဆိုညွန်ကြား. သတ္တမအကြိမ်ကျင်းပသောနိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်မှုအထူးအစည်းအ ဝေးတွင် သဘာပတိဆရာတော်  ဒေါက်တာဘဒ္ဒ န္တကုမာရဘိဝံသဆရာတော်မှ အထူး အစည်းအဝေးပွဲသို့ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအားမိန့်ကြား လျှောက်ထားလိုက်ပါသည်။ ထိုသတင်းကို ၂၂-၁-၂၀၂၄ ရက်နေ့သတင်းစာတွင်ဖေါ် ပြပါရှိပါသည်။အဘယ်ကြောင့်ဆိုသော်ယနေ့မြန်မာနိုင်ငံ တွင်ဖြစ်ပွါးနေ သောပြဿနာများတွင် ၉၆၉ ဘုန်းကြီးများနှင်     ့ဝီရသူကဲ့သို့သော   အစွန်းရောက် အားဓမ္မဝါဒီဘုန်းကြီးများက အမျိုးချစ်သယောင်ဖြင့် အဝိနယ၊     အာဓမ္မတရားများကို မသိနားမလည်သောပြည်သူလူထုအားသွေးခွဲဟောပြောကာအခြားဘာသာဝင်များအ ပေါ်ရန်လို့မုန်းတီးစေခဲ့သောသမိုင်းဆိုးကြီးကို ပြည်သူလူထုတစ်ရပ်လုံး ကသိရှိပြီး ဖြစ်ပါသည်။       မြန်မာနိုင်ငံတွင်သမိုင်းစဉ်ဆက်အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြိုကွဲ အောင်ထိုကဲ့သို့ဘုန်းကြီးများကအစွန်းရောက်တရားပွဲများ၊ဗီဒီယိုတိပ်ခွေများဖြင့်သွေး ထိုးခြင်းလှုံဆော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသဖြင့်တသက်လုံးအတူတကွနေထိုင်လာ ခဲ့ကြသော တိုင်းရင်းသားအချင်းချင်း ဘာသာရေးကိုအကြောင်းပြကာ မုန်းတီရေး  တရားများကို ပေါ်ပေါ်တင်တင်ပြလုပ်ဟောပြောခဲ့ကြပြီး          ထိုသည်ကိုလည်း သက်ဆို်င်ရာအာဏာပိုင်များကသိရှိပါလျှက်မတားဆီးခဲ့သဖြင့်ပြည်သူလူထု့ပေါင်းများ စွာသေကြေပြီးအိုးအိမ်များ၊ဗလီဝတ်ကျောင်းတော်များများစွာပျက်စီဆုံးရှုံးခဲ့ကြပြီးယနေတိုင်တစ်ဦးနှင့်တစ်ဦးမယုံကြည်ကြအောင်၊ဆက်သွယ်မှုမပြုလုပ်ကြရအောင်၊ဈေးဆိုင်များတွင်ဝယ်ယူခြင်းမပြုကြအောင်ပြုလုပ်နေကြသည်ကိုဝမ်းနည်းဖွယ်ရာတွေ့မြင်နေကြရပါသည်။ မြန်မာပြည်သူများသည်လည်း ဘုန်းကြီးဟောလျှင်အမှားအမှန်ဝေဖန်ပိုင်း ခြားနို်င်စွမ်းမရှိဘဲမျက်ကန်းယုံကြည်ဆောင်ရွက်တတ်ကြခြင်း၊တရားပွဲများတွင်ဘုန်းကြီးဟောတိုင်းမှန်သည်ထင်ကာစွတ်ရွတ်ထောက်ခံတတ်ခြင်းအစရှိသောအခွင့်ကောင်းယူကာယခင်အစိုးရလက်ထက်ဘာသာရေးအစွန်းရောက်မှုဖြင့်ထောင်ကျနေသောအကျဉ်းသားများကိုပင်လွတ်ပေးပြီးအစွန်းရောက်တရားဟောကြားကာနိုင်ငံရေးဖက်အာဏာအာဏာမလှည့်အောင် လုပ်စားသွားကြသည်ကိုဝမ်းနည်းဖွယ်ရာသမိုင်းဆိုးကြီးကသက်သေ ခံနေပါသော်လည်း ၊  ဒါဘာသာရေးပဋိပခမဟုတ်  သာမန်မတော်တဆမှုဆိုကာ နိုင်ငံတော်အာဏာရှင်များဖက်မှလည်း […]


Lu MinFebruary 23, 20141min1311
       သံတွဲမြို့ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ တယ်လီဖုန်းခွဲတန်း လုပ်စားပုံ သံတွဲမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည်အများပြည်သူတယ်လီဖုန်းခွဲတန်းအား မဲမဖေါက်ဘဲ လက်ကျိတ်ထိုးကာ  လာဘ်ငွေရှာကာ တစ်လလျှင် တယ်လီဖုန်းခွဲ တမ်းများအားရောင်းချကာ တစ်လလျှင် ငွေ (၄) (၅) သိန်း အိ်ပ်ထဲထည့်ကာကိုယ် ကျိုးရှာ လုပ်ကို်င်နေကြပါသည်. အဆိုးဆုံး မှ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးကျော်ရီဖြစ်ကြောင်းသိရှိရပါသည်။အမှတ် ၁၊၂ ၊၄၊တိုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှာတော့ တခါတစ်ရံမဲနိုက်ခြင်း များကြားမှ တစ်လုံးစနှစ်လုံးကျဖြတ်စားကြသော် လည်း အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှုး မှာတော့ (၁၀)အိမ်ခေါင်းပေးသည်ဘာညာ အကြောင်းပြပြီးညနေတိုင်း အရက် ဝိုင်းဖွဲ့ကာတယ်လီဖုန်းမှရသော ဝင်ငွေဖြင့်စီးပွါး ဖြစ်နေပါကြောင်း၊   မြို့နယ်အုပ်ချုပ်ရေးမှူးမှာလည်းအများသူငှါတယ်လီဖုံးအသုံး ပြုနိုင်ရန် ချပေးသောဖုန်းများကို မြို့နယ်အုပ်ချုပ်ရေးမှုးလက်မှတ်ဖြင့် (၁၀)လုံး (၁၅) လုံးစသည်ဖြင့်ခွဲတမ်းရောင်းစားကာစီပွါးဖြစ်နေပါကြောင်းလည်းသိရှိရပါသည်။ သံတွဲေ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများမှလည်း ဆိုရွားလှကြောင်းယခုချပေးသော CDMA […]


ムラカミDecember 17, 20131min35735
  သိတော်မူကြသည့်အတိုင်း ပိတ်သတ်ကြီးရေ… မြန်မာတို့ရဲ့ ဘောလုံးအသင်းကတော့ ပတ်စာခွာ ဖျာသိမ်းခဲ့ပြီတမုံ့… နည်းပြကြီး ပတ်စာခွာ …အဲ့လေ ပတ်ဆောင်ဟွာလည်း ပြည်တော်ပြန်ရပါတော့မည်ခည… သိတော်မူသည့်အတိုင်း ပွဲပြီး မီးသေ ဖြစ်မစိုးတာမို့ …အရှုံးကနေ သင်ခန်းစာ ယူနိုင်အောင် … မြန်ကျန့် အမျိုးကောင်းသားများက ဘောကွင်းဘေးမယ် ဆိုင်းဘုတ်တွေ အလံတွေ မီးပူဇော်ပါသတဲ့ ဗျို့…။ အဟဲ …ဒီအတိုင်း ခံမယ်ထင်သလား ပရိတ်သတ်ကြီး …. ရပဲ ..အဲလေ သယဲ တပ်ဖွဲ့ကလည်း ညီတော် မိသပ်တပ်ဖွဲ့ခေါ်လို့ လူစုကွဲဖို့ရန်အတွက် မာဃဒေဝ ဆီက ပါမစ်မတောင်းဘဲ ခါသင်္ကြန်ပွဲကို ၄လလောက် ကြို Run လိုက်ပါကရောလား…။ အဲ့သည့်မှာပဲ … ယမကာလုလင် ယိမ်းအဖွဲ့ ထွက်လာပြီး မန်းတောင်ရိပ်ခိုလိုက်ကြတာ…ပိတ်သတ်ကြီးကတခွိခွိ ဟိုအာကိုယီးတို့က ဒေါသယမ်းပုံ […]