“မယ်တော်လေးပါးရှိရာ ဘုံကိုးဆင့်သို့” ကျောက်ခဲကြီးတွေကို စီထားတဲ့လမ်းကနေတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်။ အရွက်ကြေတဲ့ရာသီဖြစ်လို့ တတောင်လုံးမှာ အရိုးပြိုင်းပြိုင်းသစ်ပင်တွေနဲ့ရွက်ကြွေတွေကိုဘဲမြင်နေရပါတယ်.။ တောင်တက်လမ်းတစ်လျောက်မှာအရိပ်မရှိ။ ထူးထူးခြားခြားဒီနေ့မှ ကံကောင်းထောက်မစွာနဲ့မိုးတွေအုံ့နေပါတယ်.။ အဲတော့ တောင်ပေါ်ကိုမမောမပန်းဘဲတက်နိုင်ခဲ့ပါတယ်။ လမ်းပြကလေးကိုဘယ်ထိသွားရမှာလဲလို့မေးတော့ အဝေးမှာရှိတဲ့တောင်ပေါ်စေတီကိုလက်ညှိုးထိုးပြပါတယ်။ ကျောက်စီလမ်းကလေးကသွားနေရင်းက အောက်ကိုဆင်းပြီးအပေါ်ပြန်တက်လိုက်တဲ့အခါမှာတော့ ဘေးနံရံသာရှိပြီးအမိုးအကာမရှိတဲ့ အဆောက်အဦထဲကိုရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မြောက်ဘက်က မန်းလေးမိုးကုတ်သွားတဲ့လမ်းမကိုစီးမိုးလို့မြင်နေရပါတယ်။ အဝေးမှာတော့ တောင်ကုန်းကြီးတစ်ခုက မားမားမတ်မတ်။ လမ်းပြကလေးမလေး ပြတဲ့နေရာကိုကြည့်လိုက်တော့ ကျနော်တို့သွားမယ့်စေတီ။ မော့ကြည့်ရလောက်အောင်အတော်မြင့်မြင့်ထိ ထပ်တက်ရမယ်ဆိုတာသိလိုက်ပါတယ်။ ကျနော်နဲ့ပါလာတဲ့အဖော်တွေကတော့ တောင်ပေါ်ကိုအရင်တက်နှင့်ကြပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ရင်း ကျန်နေခဲ့ပါတယ်။ အားလုံးရောက်လို့လှမ်းခေါ်လို့ အပေါ်ဆက်တက်ခဲ့ရပါတယ်။         အပေါ်က နန်းထဲမှာတော့ နတ်ရုပ်ထု လေးခု။ ရှေ့ဆုံးက မရွှေအု ခေါ် တောင်တော်သခင်မ။ သူ့နောက်မှာတော့ အမေရေယာဉ် အမေဆည်ကတော် […]


koaungFebruary 27, 20134min27314
      မြင်ခဲ့ရတဲ့မီးထွန်းပွဲတော် အမှတ်တရပါ ဗဟုသုတအဖြစ်တင်ဆက်လိုက်ပါတယ်                               မြင်ခဲ့ရတဲ့မီးထွန်းပွဲတော် အမှတ်တရပါ ဗဟုသုတအဖြစ်တင်ဆက်လိုက်ပါတယ်      ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ                     


မရွှေအုရဲ့ကျားရဲတွင်းသို့အဝင်   တစ်ရက်တော့မတွေ့တာကြာတဲ့ မိတ်ဆွေတစ်ယောက်က “အိမ်ပြန်ရောက်နေပြီရွာကို ဘယ်နေ့လာမလဲ”ဆိုပြီး တော့ ဖုန်းဆက်လာပါတယ်။ သူနေတဲ့ရွာကိုတော့ ကျနော်လဲတစ်ခါမှမရောက်ဘူးသေးပါဘူး။ သခင်မတောင်နားမှာလို့သိရပါတယ်။ သခင်မတောင်ကို မရောက်တာ အနှစ် ၂ဝနီးပါးဆိုတော့ ဘယ်လိုသွားရမယ်ဆိုတာခပ်မေ့မေ့။ အဲတော့ သွားလဲ သွားချင်နေတာနဲ့အကိုက်ဖြစ်သွားပါတယ်။ ဒါနဲ့ဘဲ အလုပ်ပိတ်ရက်မှာ ရုံးက ကလေးတွေနဲ့သွားမယ်လို့ စဉ်ထားလို်က်ပါတယ်။ သူတို့ရွာကိုဘယ်လိုလာရလဲလှမ်းမေးပေါ့။ “ကြာနီကန်ကျော်ရင် သခင်မတောင်ရောက်ရော သခင်မတောင်ဘေးကလမ်း အတိုင်းလာခဲ့၊ ပထမဆုံးတွေ့တဲ့လမ်းနှစ်မွှာရောက်ရင် တောင်ဘက်ကိုချိုးခဲ့ “အင်ကျယ်ရွာ “ကိုရောက်လာမယ်။ ရွာထဲဝင်ပြီဆိုတာနဲ့ ကျနော်နာမယ်ကို မေးလိုက်ရင်ရတယ်” @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ အလုပ်ပိတ်ရက်ရောက်တော့ မနက် ၈နာရီခွဲလောက်လူစုပြီးထွက်ခဲ့ကြပါတယ်။ မန်းလေးတောင်အနောက်ဘက်လမ်းကနေ မတ္တရာသွားတဲ့လမ်းတိုင်းလာခဲ့တာပေါ့။ ရွှေကျင်ဂိတ်အလွန် လမ်းအရှေ့ဘက်ခြမ်းမှာ နေကြာပန်းခင်းကြီးကိုတွေ့ပါတော့တယ်။ အဲဒီကနေဆက်လာလိုက်တာ ၈မိုင်ကျော်ကျော်လောက်သွားအပြီး ကြာနီကန်လမ်းခွဲကိုရောက်ပါတယ်။ ကြာနီကန်အဝင်ရောက်တော့  သူ့ဆီကိုလာနေပြိဆိုတဲ့အကြောင်းဖုန်းဆက်လိုက်ပါတယ်။ လမ်းခွဲရောက်တာနဲ့ အရှေ့ဘက်ကိုချိုးလိုက်တော့ မကြာခင်လေးမှာတင် ကြာနီကန်သုဿာန်ကိုရောက်ပါတယ်။ သုဿာန်လဲလွန်ရေ […]


Mလုလင္February 26, 20131min37322
“~~ ဒီနေ့ .. သောကြာနေ့ … သူ့စီ ဖုန်းဆက်ရမယ့်နေ့ … မနက်ဖြန် စနေ နေ့ … ဒန် တန့် တန် … ဒန်တန့်တန် ~~~” “~~~~~ မင်း နဲ့ ဒို့ နဲ့ ချစ်တာ .. တလောက လုံး သိချင် သိစမ်း .. ဒန် တန့်တန် … ဒန်တန့်တန် ~~~~~” ဒီနေ့ ညနေပိုင်း ချစ်သူလေး နဲ့ ချိန်းတွေ့ ပါမယ် … ဖူဆန် ပွဲ ဆိုပြီး လစ်ထွက် လာမယ့် ချစ်သူ လေးရေ …. ကျုပ်ခုရောက်နေပြီ …. ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကြီးများတောင် […]


Mလုလင္February 25, 20131min30218
မေမေ! ဒါ သမီးပြောပြော နေတဲ့ . . ကိုစိုးမိုး ဆိုတာ ပေါ့။ အစ်ကို .. ဒါ ရွှေစင့် မေမေ လေ …      အန်တီက ရွှေစင် နဲ့ တော်တော် ဆင်ပါတယ်။ ရွှေစင် ဆိုတာ ကျွန်တော့ ရဲ့ ချစ်လှစွာသော ဖယောင်းတိုင် လေးပါ။ ဝါဝါဝင်းဝင်း .. အိအိစိုစို .. ရှမ်းတရုတ်မ လေးပေါ့။ သူ့ အမေ ကလဲ သူနဲ့ တပုံစံ တည်းပဲ . . . . ဒါပေမယ့် ဘာကြောင့်မှန်း မသိ . . မျက်နှာထားက တော်တော် တင်းပါတယ်။ သမီးတော် ရဲ့ အဝှာ […]


    နေရောင်ကိုကြိုလင့်နေတဲ့ အဝါရောင်နေကြာပန်းလေးများ(သို့မဟုတ်)မအိအတွက် နေသုံးနေ ကျနော်ကျောင်းသားဘဝက ကြည့်ရတဲ့ ရုပ်ရှင်ကားတစ်ကား ကိုအခုထိမှတ်မိလို့နေပါတယ်။ မင်းသမီးကတော့ ဆိုဖီယာလောရင့်ပါ။ စစ်အခြေခံဇာတ်လမ်းပေါ့။ ဇာတ်ကားနာမယ်က နေကြာပန်း ( sunflower) ဒီကားကို မြန်မာပြန်ပြီး စုံနံသာမြိုင်ဆိုတဲ့နာမယ်နဲ့ရိုက်ဘူးပါတယ်။ ဇာတ်လမ်းကတော့ စစ်အတွင်းကပျောက်ဆုံးသွားတဲ့ယောက်ျားကိုရှာပုံတော်ဖွင့်တာပေါ့ ကျနော်မှတ်မိနေတာကတော့ အဲဒီကားထဲမှာပါတဲ့နေကြာပန်းခင်းကြီးကိုပါဘဲ။ ဒါပေမယ့် ကျနော်မွေးရပ်မြေမန်းလေးမှာနေကြာခင်းဆိုတာမရှိ။ ရှမ်းပြည်ဘက်ရောက်ပြန်တော့လဲ နေကြာခင်းတွေမြင်ပေမယ့် ဓါတ်ပုံရိုက်ဘို့အခွင့်မသာ။ တစ်ခါ မန်းလေးမြို့သစ်ထဲက လယ်ကွင်းတစ်ခုမှာ နေကြာပန်းခင်းကိုမြင်ပေမယ့် ဓါတ်ပုံရိုက်မယ်အလုပ် သိပ်ရှုပ်တဲ့ခွေးတစ်အုပ်ကြောင့် လက်မဆော့ခဲ့ရ။ အဲဒီမှာရွာထဲက မအိက နေကြာပန်းခင်းကို တွေ့ရင်ဓါတ်ပုံရိုက်ဘို့ ပြောဘူးပါတယ်။ တစ်ရက်တော့ ကြာနီကန်ဘက်အသွား လမ်းဘေးမှာ နေကြာပန်းခင်းကြီးကိုမြင်ရပါတယ်။ အဲတော့ အပြေးအလွှားသွားပြီးလက်ဆော့လိုက်မှ စိတ်အဆာပြေသွားပါတယ်။ ရိုက်ထားတာအများကြီးဆိုတော့နောက်ရက်ဆက်ပြီး နေကြာပန်းတွေလာပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားနေသည် 23-2-2013         […]


  “ပေါက်ပန်းပွင့်ပြီ”     ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။ အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။ လှတော့လဲအတော်လေးလှပါတယ်။ မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။ ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။ ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။ သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။ ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။ အရွက်က အစိမ်းရောင်၊ ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။ ဒါကြောင့်မို့လို့လဲ “ပြည်နဲ့အရေးပေါက်နဲ့ ကျေး မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။                 ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။ လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။ ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့ […]


                      “ဆောင်းအကြွင်း ရက်များက  မန်းလေး”     အခုရက်က ဆောင်းပြန်ပြေးတဲ့ရက်တွေပါဘဲ။ အဲတော့ မြူမှုန်တွေက ပိတ်ပိတ်ဆီးဆီးဆိုတော့ ပါတ်ဝန်းကျင်က မကြည်မလင်။ အထူးသဖြင့်နံက်ခင်းလေးတွေမှာ နေအလင်းရောက်လာပေမယ့် မူန်ရီဝေဝေ။ ဒီလိုနံနက်ခင်းလေးတစ်ခုမှာအလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုအသွား ကျုံးနံဘေးရောက်တဲ့အခါ မူန်ဝေဝေ မြင်ကွင်းကြားမှာ မြို့ရိုးနီညို ထန်းပင်ညိုတိုတို ရေပြင်စိမ်းစိမ်း ကောင်းကင်ပြာပြာ မှာ လက်ပံပင်လေးတစ်ပင်က မြိုရိုးနောက်ကတိုးထွက်နေတာမြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုရပ်ပြီးလက်ဆော့ထားတာလေးကိုတင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 16-2-2013  


  အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   […]


      အနိုင်ကျင့်ခံရခြင်း ကျမတို့ညီမတစ်တွေ အေးအေးချမ်းချမ်းလေးနေခဲ့ကြတာပါ။. တစ်ရက်တော့ သူတို့ညီအကိုတစ်တွေရောက်လာကြတယ်။ ကျမတို့ကတော့ခပ်ကင်းကင်းနေချင်ကြတာပါ။ ဒါပေမယ့်အမေက သူတို့ဘက်ခပ်ပါပါ။ လက်ခံလိုက်ပါလို့ပြောတော့ အမေ့စကားကို မပယ်ချင်တော့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ သူကလဲ အမေက လိုက်လျောက်မှန်းသိတော့ စိတ်ညစ်စရာကောင်းလောက်အောင်ကိုအခွင့်အရေးတွေယူတာပါဘဲ။ ကျမတို့ပိုင်ဆိုင်တဲ့နေရာကို ဟိုဝင်ဒီထွက်ယောက်ယက်တွေခပ်ပြီး ဖလမ်းဖလမ်းထနေတာ အမြင်ကပ်စရာ။ အမေကတော့ သဘောတွေကျလို့။ ကျမတို့ကတော့ အနိုင်ကျင့်ခံရတယ်ထင်မိတာပါဘဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 13-2-2013          


Mလုလင္February 17, 20133min34222
အချိန်အားလေး ရတာနဲ့ မဖြစ်ဖြစ် အောင်ခရီးထွက် ရတာ ကလဲ ဝါသနာပါ။ အသွားအများဆုံး နဲ့ အဆက်အကျဆုံးကလဲ မန္တလေး ပါ။ အခုလဲ အညာသူ နဲ့ ရပြီး အညာသား တပိုင်း ပါပဲ . . ဒီရက်ထဲ ဓာတ်ပုံ မရိုက်ဖြစ်လို့ လူက ထုံထိုင်းထိုင်း ဖြစ်နေရာကနေ . . . . အားလပ်ရက် ၂ ရက် ထပ် သွားတာနဲ့ မန်းလေး သွားဖြစ်ခဲ့ပါတယ်။ ထုံးစံ အတိုင်းပေါ့ . . ရွာထဲ က စီနီယာ တွေဖြစ်တဲ့ ကိုပေါက် တို့ ရွှေမင်းသား တို့ နဲ့ တွေ့ပြီး ရိုက်ကြနှက်ကြ ပေါ့ .. […]


                                               နှစ်ပေါင်း ၁၅ဝ ရှိတဲ့ မန်းလေးမြို့က ကွမ်ရင်မယ်တော်ကျောင်း   ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတော့ လမ်း ၃ဝ ၈၂-၈၃လမ်းကြားမှာရှိတဲ့ ဖူ့ကျင်းကွမ်းရင် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော်ကျောင်းကိုရောက်ခဲ့ပါတယ်။ ရင်းနှီးနေတဲ့ဘုရားလူကြိးတွေနဲ့စကားပြောကြည့်တော့ဒီကွမ်ရင်မယ်တော်ဆင်းတုက ဒီနှစ်ပေါင်းတစ်ရာငါးဆယ် သက်တမ်းရှိပြီဆိုတာသိရတော့ အတော်လေးရှေးကျတယ်လိုု့ဆိုနို်င်ပါတယ်။ နောက်တစ်ချက်က အတော်လေးအချုိုးအစားကျနလို့ သပ္ပါယ်လှပါတယ်။   ဟိုအရင်က တရုပ်နှစ်သစ်ကူးရက်များမှာ အလွန်စည်ကားခဲ့တဲ့ကျောင်းလဲဖြစ်ပါတယ်။ အဲလိုပွဲတော်ရက်များမှာ စာပွဲတင်တင်းနစ် နဲ့ဘတ်စကက်ဘောပြိုင်ပွဲများက အတော်လေး အဆင့်မီတဲ့ အားကစားသမားတွေကို ပေါ်ထွက်စေခဲ့တာလဲ အမှန်ပါဘဲ။ နေသူရိန်ဝင်းမီးနဲ့ ဦးကျားကြီးမီးဘေးတုံးကကျောင်းပါတ်ပါတ်လည်က အိမ်များနဲ့ ကျောင်းဝင်းထဲက အဆောင်အချို့ မီးဘေးသင့်ပေမယ့် ပင်မ ဆောင်ကတော့လွတ်ခဲ့ပါတယ်။ ဒီကျောင်းဝင်းထဲမှာ တရုပ်ဘာသာစကားသင်ကြားပေးတဲ့ သင်တန်းများလဲရှိပါတယ်။ လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တာလဲအမှန်ပါဘဲ။             […]


    “ခွေးရူးချိန်” ငယ်ငယ်က ကျောင်းသားဘဝ အမှတ်ရစရာ လေးပြောရရင်  မစန္ဒာရေးခဲ့တဲ့ဂျီဟောသူဆိုတဲ့ ဝတ္တုထဲမှာ လက်ပန်နဲ့ပါတ်သက်တာလေး ကိုဖတ်ဘူးပါတယ်။. လက်ပန်ပွင့်ချိန် ခွေးရူးချိန် ဆိုတဲ့စာချိုုးကလေးကို လက်ပန်ပွင့်ချိန် ထွေးရူးချိန်ဆိုပြီးစခဲ့တာလေးကိုပါ။ နောက်တော့ ဂီတလုလင်မောင်ကိုကိုရေးပြီး အေးအေးသွယ်နဲ့အဖွဲ့ ဆိုခဲ့တဲ့ လက်ပန်ပွင့်ကောက်သီချင်းကို တေးသရုပ်ဖော်အနေနဲ့ကြည့်ခဲ့ရဘူးပါတယ်။ မိန်ရာသီနွေတစ်ပေါင်းဆောင်းပြောင်းလို့နွေအဝင်မှာ လက်ပန်ပွင့်နဲရဲရဲတွေမြင်ရရင် “နွေမိန်တစ်ပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်”ဆိုတဲ့သီချင်းလေးက ရင်ထဲကိုတိုးဝှေ့လာမြဲ       “လက်ပံပွင့်  “   လာဟေ့ ဒွါး……….. သွားကောက်ချည်စို့၊ ပွင့်ခြောက်ကယ်အနားလန်၊ဆက်ရက်ကယ်ညံ၊ ပင်လက်ပံကြွေချိန်ကျပြီမို့၊ မိဇံလှ နင်လို်က်အုံးမလား၊ သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊ ပေါင်းလန်မှ ပြန်ကြမယ်လေး။   အရီးသာလုံးကြေးကိုင်တုံးက၊ တို့အိမ်တောင်က ကျန်စုံကုန်း၊ တနေ့တုန်းလဲကာသေ။ သားရေနှင့်အမဲနံ၊လက်ပံနှင့်ချိုင်ရလျှင်၊ ကျိုနှိုင်လေ မွမွပျောင်းတာမို့၊ ပြောင်းဆန်အို မျိုမကျရယ်နှင့် […]