weiweiJanuary 8, 20135min46132
ငယ်ငယ်တုန်းက ကျိုက်ထီးရိုးသွားရမယ်ဆိုရင် အရမ်းပျော်ခဲ့တယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ တောင်တက် တောင်ဆင်းလုပ်ရတဲ့ အရသာက ကျိုက်ထီးရိုးဘုရားဖူးရဲ့ ထူးခြားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဖူးမျှော်ရတာကိုက တန်ဖိုးရှိပြီး ထူးခြားလှပါတယ်။ တောင်တက်ကားလမ်းဖောက်ပြီးနောက်ပိုင်း အလွယ်တကူ ကားနဲ့သာ အတက်အဆင်းလုပ်ခဲ့တာကြောင့် အရင်က အရသာတွေ မေ့တေ့တေ့တောင်ဖြစ်နေခဲ့ပါပြီ။ ဒီတစ်ခေါက်တော့ အတက်ပဲဖြစ်ဖြစ် အဆင်းပဲဖြစ်ဖြစ် ခြေလျှင်တက် ဆင်းချင်တဲ့ဆန္ဒပြင်းပြနေမိတယ်။ လူကြီးတွေနဲ့သွားရင် ဘယ်တော့မှ အဖော်စပ်လို့မရတဲ့ တောင်တက်တောင်ဆင်းကို အခုတစ်ခါတော့ အလုပ်ထဲကလူငယ်တွေကို အဖော်စပ်ပြီး ၈ ယောက်တစ်ဖွဲ့ သွားကြပါတယ်။ နေ့ခြင်းပြန်သာ အချိန်ရတာမို့လို့ အချိန်ကိုငဲ့ညှာပြီး တောင်တက်ကို ကားနဲ့တက်ပြီး တောင်ဆင်းကိုမှ ခြေထောက်နဲ့ဆင်းကြမယ်လို့ ဆုံးဖြတ်ပြီး ခရီးစဉ်တစ်ခု ဆွဲခဲ့လိုက်တယ်။ ည ၂ နာရီခွဲ ရန်ကုန်ကနေထွက်လိုက်တာ မနက် ၆ နာရီ […]


            “လုလင်နဲ့ကောက်ပို…………….တွေ့ခဲ့တဲ့တောင်သမန်အာရုဏ်တက်”   ညနေ7း30မှာ ဖုန်းစကားပြော ည10း30 ရောက်တော့ ကားပေါ်ရောက်နေပြီတဲ့။. မနက်5း30မှာ မန်းလေးမြို့အဝင်က တံခွန်တိုင်အဝိုင်းပါတ်မှာနှစ်ယောက်ဆုံ. အထုပ်အပိုးတွေနဲ့ တောင်သမန်မှာ ကိုတောက်လျောက်သွား။ နှစ်ယောက်ဆုုံတုံး အသားကုန်နှက်ထားတဲ့ပုံလေးတွေပါ.။ 3-1-2013မှာ တင်ထားတာ မတက်လို့ ပြန်တင်လိုက်ရပါတယ်။   ကိုပေါက်လမ်းသလားနေသည်    


kaiJanuary 2, 20138min58339
၂၀၁၂ နှစ်ကုန်… အားရက်ရတုံး.. ကျုပ်သွားတဲ့ခရီးစဉ်က.. အောက်ကမြေပုံအတိုင်းပါပဲ..။ View Larger Map ဒါပေမယ့်.. ခရီးသွားနေရင်းကပဲ.. လမ်းအခြေအနေဖုံးဆက်လှမ်းမေးပြီး.. ရီနိုမြို့ဖက်အခြမ်းခရီးစဉ်ကို ဖျက်လိုက်ရပါတယ်..။ နီဗားဒါပြည်နယ်ရဲ့မြောက်ဖက်ပိုင်းမြို့လေးဖြစ်တဲ့.. အဲဒီရီနိုမြို့မှာ.. အနှုတ်အောက်အအေးချိန်ဖြစ်နေပြီး.. ကားမှာနှင်းထဲသွားနိုင်တဲ့ချိန်းကြိုးမတတ်ထားလို့ပါ..။ လမ်းမှာ ဘယ်လိုဆောက်လုပ်ရေးရှိတယ်..။ ပိတ်ထား…ဖွင့်ထားတယ်ဆိုတာတွေကိုတော့.. အောက်ကလင်ခ့်မှာ.. စစ်ဆေးလို့ရပါတယ်.။ http://www.dot.ca.gov/cgi-bin/roads.cgi ဆိုတော့.. ဒီနေ့ တင်ပေးမယ့်ခရီးစဉ်ထဲ.. လော့စ်အိန်ဂျလိစ်ကနေ ပစိဖိတ်သမုဒ္ဒရာကမ်းတလျှောက်ကနေ ဆန်ဖရမ်စစ္စကိုတက်လမ်းဖြစ်တဲ့ လမ်းတလျှောက်ကရှုခင်းတချို့ရယ်..။ ပထမရပ်နားရာဖြစ်တဲ့…Stanford university ထဲကရှုခင်းတချို့ရယ်နဲ့ စလိုက်ပါမယ်..။ ဓါတ်ပုံတွေအောက်မှာ စာတချို့ရေးပေးထားပါတယ်..။ ကျန်တာလေးတွေ.. ကော်မန့်နဲ့ပဲ..ရေးရင်းး မျက်စိထဲမြင်အောင် ပြပြော..ပြောမယ်ပေါ့..။ မေးချင်တာတွေ..မေးကြပါနော.. ဖြေချင်တာတွေဖြေပါ့မယ်..။    


Mလုလင္January 1, 20132min24324
ကျန်ခဲ့တဲ့ 2012 ရဲ့ တန်ဆောင်မုန်း လပြည့်မတိုင်ခင် တစ်ည မှာပေါ့ဗျာ ……….. မန်းလေးက ရွာသားကြီးတွေ နဲ့ chatting လုပ်နေရင်း …. ပြင်ဦးလွင် မီးပုံးပျံပွဲ ရှိတာလေး သိရတာ နဲ့ …. ချက်ချင်း ကင်မရာအိတ်လေးဆွဲ၊ ကားလတ်မှတ် လှမ်းဝယ် ပြီးတာနဲ့ တာ့တာ ရန်ကုန် ရေ ပေါ့ ….။ မန်းလေးကို မနက် ၅ နာရီ လောက်ရောက်ပြီး ရွာထဲက လက်ဆော့တဲ့ အဘ နဲ့ တွေ့ … တောင်သမန် ရောက် အဲ့ဒီကနေ .. နေ့ခင်းထိ ရိုက် နေဆောင်းတော့ ပြင်ဦးလွင် ကိုတက် ….. ပြင်ဦးလွင် မှာ senior (ရွာ့ […]


              တောင်ပေါ်ကစေတီကို တောင်ပေါ်မှမြင်ရခြင်း         အိုဟောင်းပြီးရေညှိတက်နေတဲ့အုတ်စီလမ်းကလေးကနေတက်လာတဲ့အခါအပေါ်မှာ ဇရပ်တစ်ဆောင်မြင်ရပါတယ်။ ဇရပ်ရဲ့အရှေ့ဘက်ကျောက်ဆောင်အငူစွန်းကနေလှမ်းကြည့်ရင် ဧရာဝတီမြစ်ကိုမြင်ရပါတယ်။ ကျောက်အဖျားစွန်းလေးနားကိုသွားပြီး ဓါတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ကျနော်ချောင်းရိုက်တာခံလိုက်ရပါတယ်။ ဘဲဥမလက်ချက်ပါဘဲ။ အားလုံးလဲမြင်ဘူးလောက်ပါပြီ။     အဲဒီနားမှာရိုက်ပြီးဇရပ်ထဲရောက်လို့ အနောက်ဖက်လှမ်းကြည့်လိုက်တော့ ရွှေရောင်လက်လက်ထနေတဲ့ သီတဂူ ဆန်ချီစေတီတော်။ အဝေးမှာတော့ကောင်းမူတော်စေတီတော်။ အဲဒီဇရပ်ထဲရောက်တော့ ကျနော်တို့အုပ်စုလိုက်ကြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ ခဏနေတော့ ကျနော်က အဝေးကမြင်ကွင်းတွေကြည့်နေရင်းက နောက်ဘက်လှည့်ကြည့်လိုက်တော့ အသက်အရွယ်အတန်အသင့်ရနေတဲ့စုံတွဲတစ်တွဲကိုမြင်ရပါတယ်။ အရှေ့ဘက်အခြမ်းကိုကြည့်လိုက်တော့ စေတီတစ်တစ်ဆူနဲံထိုင်ကိုယ်တော်ရုပ်ပွားတော်တစ်ခု။ ရှင်ပင်နံကိုင်းစေတီတော်ဖြစ်ပါသတဲ့ မေးကြည့်လို့သိတာပါ။ အဲတာနဲ့အဖွဲ့တွေတက်သွားတဲ့တောင်ပေါ်ကိုလိုက်သွားတဲ့အခါ လွတ်လပ်ကျယ်ပြန့်တဲ့ မြင်ကွင်းကိုမြင်ရပါတော့တယ်။ အောက်ဖက်မှာ စစ်ကိုင်းတံတား။ အနောက်ဘက်က ဆွမ်းဦးပုညရှင် သီတဂ ဆန်ချီစေတီတော်နဲ့ကောင်းမူတော်ရွှေရောင်ဝင်းဝင်း။ ဓါတ်ပုံရိုက်နေတုန်း မထင်မှတ်ဘဲ တိမ်တစ်အုပ်ကရွှေ့အလာမှာ လှပသောပုံတွေကို […]


manawphyulayDecember 30, 20124min23410
<<>> အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု – ဦးတင့်ဆန်း (ပန်းကြာဝတ်မှုန်) အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု – ဟိန်းထက် (လယ်ဝေး) ထာဝရအလင်းတန်းများ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ် (ထာဝရအလင်းတန်းများ) အကောင်းဆုံး ရုပ်ရှင်အသံဆု – ဆန်းဦး (ပန်းကြာဝတ်မှုန်) … အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – မော့စ် (ထာဝရအလင်းတန်းများ) အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – ချစ်စနိုးဦး (ရင်ကွဲနာ) အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု – ကို မြင့်ဆောင် နှင့် စိုးကျော်ဆန်း (ထာဝရအလင်းတန်းများ) အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – နောင်နောင် (ထာဝရအလင်းတန်းများ) အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု – ထာဝရအလင်းတန်းများ (ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး) အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု – […]


              (ခရစ်စမတ်နေ့ 2012) နေ့ဆောင်းနံနက်ခင်း တောင်သမန်အင်း     မနေ့ညက ရွာထဲက မိတ်ဆွေတစ်ယောက်ရောက်လာပါတယ်။ သူကလဲမိသားစုနဲ့လာတာဆိုတော့အချိန်သိပ်မပေးနိုင်။ အေးအေးဆေးဆေး တွေ့နိုင်မယ့်အချိန်ကို ခေါင်းပူအောင်စဥ်းစားရပါတယ်။ ခက်တာက ကိုယ်အလုပ်က ခရစ်စမတ်လဲမပိတ်။ သူဘယ်မှာတည်းလဲမေးတော့ တောင်သမန်အင်းနံဘေးက တံခွန်တိုင်ရေကူးကန်နားမှာတဲ့။ ကျနော်နေတာက ကန်တော်ကြီး။ ခေါင်းထဲမှတစ်ချက်လက်သွားပါတယ်။ မနက်စောစောအိပ်ယာထလားလို့မေးတော့ ထတယ်တဲ့။ ဒါနဲ့ဘဲ ဒီဇင်ဘာဆောင်းမနက် ခရစ်စမတ်နေ့ မနက်ခြောက်နာရီကိုလက်ဖက်ရည်သောက် လာခေါ်မယ်လို့ချိန်းလိုက်ပါတယ်။ ကဲ ဒီထက် အေးဆေးတာ ဘယ်မှာရှိလို့လဲနော်။ အဲဒါနဲ့အိမ်က ခြောက်နာရီမတ်တင်းထွက်လာ။ သူ့ဆီသွား ကျွဲဆည်ကန်ကိုလက်ဖက်ရည်သွားသောက်။ ဟန်ကိုကျနေတာပါဘဲ။ 7နာရီထိုးခါနီးတော့ပြန်လာပါတယ်။ အဲဒီမယ် တောင်သမန်အင်းနားလဲရောက်ရော ထုံးစံအတိုင်း လက်ဆော့တော့ ဒီပုံတွေရလာသပေါ့။ ကဲကျနော်နဲ့လက်ဖက်ရည်အသောက်ထွက်တဲ့ ရွာသားကြီးက ဘယ်သူများပါလိမ့်နော်။   […]


koaungDecember 22, 20123min48433
အိမ်ပြန်ဖို့အားလုံးပေါင်းခွင့်၈ရက်ရခဲ့ပေမဲ့ မြန်မာပြည်မပြန်ခင်၃ရက်ကို ထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုမိသားစုသွားလည်ဖို့  ဆုံးဖြတ်ခဲ့ပြီးထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုရောက်ခဲ့ပါတယ် ထိုင်ပေမှကီလို၆၀ဝကျော်ဝေးတဲ့ ကောင်းရှုံမြို့ကို အရင်ရောက်ခဲ့ပါတယ်  ပထမညကအဲဒီမှာဘဲ အချိန်ကုန်ခဲ့ပါတယ်ဇနီးဖြစ်သူရဲ့ညီမအိမ်ပါ  နောက်တနေ့မနက်မှာ ကား၂စီးနဲ့  ဆောက်ပြီးခါစမြို့ပြဖြစ်တဲ့ ကောင်းရှုံ(အိတမြို့) ကိုသွားခဲ့ပြီအဲဒီကဟိုတယ်မှာ ဒုတိယညပေါ့ ဆောက်ပြီးကာစမြို့ပြဆိုတော့ ကြည့်ရတာအားလုံးဟာ လှပသပ်ရပ်နေပါတယ်  ကလေးတွေကတော့ခရီးထွက်ရတာကိုဘဲပျော်နေကြပါတယ် ဗဟုသူတအနေနဲ့ရှိတဲ့ဓတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်     ဟိုတယ်ခက၂ယောက်တခန်းကို ဒေါ်လှ၁၇ဝပါ နောက်တနေ့မနက်တတိရနေ့မှာ  ကန်တင်းမြို့ကိုခရီးဆက်ခဲ့ပါတယ်ကီလိုမီတာ၆ဝခံ့ဆက်သွားရပါတယ်  အဲဒီမှာပင်လည်ဝပေါ့           အဲဒီမှာဘဲ၃ရက်ခရီးဆုံးလို့  နောက်တနေမှာမြန်မာပြည်ခရီးဆက်ခဲ့တာပါ     မြန်မာပြည်မပြန်ခင်၃ရက်  ထိုင်ဝမ်တောင်ပိုင်းခရီးဖြစ်ပါတယ် ကျန်းမာကြပါစေ      

1IMG_1635-640x480-600x450.jpg

                                               “ပန်းဆီရောင်လွှမ်းတဲ့ ဆောင်းး ညနေခင်းလေး”  နှင်းမကြွင်းတဲ့ဆောင်းဒီဇင်ဘာ ညနေအေးအေး ။ အတွေးတွေတဖြာဖြာ ရှမ်းကလေးကျွန်း အေးသာယာ။ တလိမ့်ချင်းလှိမ့်လို့လာ တစ်ယောက်ထဲ အဖော်လဲမပါ။   ငေးကာငေးကာ တွေးကာတွေးကာ လာနေရင်း။းးးးးးးးးးးးးးးးးးး နေမင်းက မင်းဝံဆီ ပုန်းကွယ်မယ့်ဟန်ချီ ပြန်မယ်ချီ အရောင်တွေပေးတော့ မနှေးအမြန်လက်လာဆော့ဘို့ မြက်စိမ်းယိမ်းယိမ်းညီညီ လိမ္မော်နီဝါတွေအဖော်စပ်ပါလို့ လှညနေခင်းးးးးးးးးးးးးးးးးး     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (13-12-2012)