ကိုပေါက်လက်ဆော့ာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ 20     မဒမ်ပေါက်နဲ့ဈေးထဲလျောက်သွား။ ပေါ်ဦးပေါ်စ လိမ္မော်သီးတို့ မန်းလေးမှာမမြင်ဘူးတဲ့ ဒူးရင်းဩဇာသီးတွေကိုဝယ်လို့ဝတော့ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။ သူဈေးဝယ်လို့ဝပြေမယ့် ကျနော်ကတော့ လက်ဆော့လို့မဝ။ အဲတော့ ဈေးထဲကိုတစ်ခေါက်ပြန်ထွက်လို့လာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဈေးမကြီးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်လမ်းကြားတွေထဲ ကဆိုင်လေးတွေဘက်ကိုရောက်သွားပါတယ်။ ကျနော်နောက်တစ်ခေါက်ထပ်ရောက်ချိန်မှာတော့ ဈေးကွဲစတောင်ပြုနေပါပြီ။ ကားတစ်စင်းနားမှာလူတွေဝိုင်းအုံနေလို့ကြည့်လိုက်တော့ သနပ်ခါးခဲရောင်းတဲ့ကားလေးဖြစ်နေပါတယ်။ ဈေးတန်းပြင်မှာတော့ ငှက်ပျောသီးရောင်းနေတဲ့ အတန်းကိုရောက်သွားပါတယ်။ သူတို့ကို ဓါတ်ပုံရိုက်တော့ ရှက်လို့ကွယ်နေသူရှိသလိုုပြုံးပြုံးကြီးနဲ့နေပြသူလဲရှိပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါသူတို့ပုံလေးတွေကိုပြန်ပြတော့တဟေးဟေးနဲ့သဘောတွေကျဆိုတော့ကျနော်တောင်ပျော်လာပါတယ်။ လမ်းဘေးမှခင်းပြီးရောင်းနေတဲ့ ဘုရားပန်းသည်လေးတွေ။ ပဲမျုးိစုံလက်ဘက်ခြောက်ရောင်းသူတွေအစုံပါဘဲ။ ဈေးဝယ်ပြီးပြန်ကြဘို့လူစုသူတွေကစု။ ရွာကထော်လာဂျီပေါါ်မှာနေရာ ယူသူကယူ။ ဒီလိုအေးချမ်းတဲ့ နေရာလေးမှာကျနော်နေခွင့်ရှိတာကတော့ ရက်ပိုင်းလေးပါဘဲ။ ဘာဘဲပြောပြော ခဏလဲ ခဏအလျောက်စိတ်ချမ်းသာခဲံ့ရတဲ့နေ့ရက်များပါဘဲ။   ကိုပေါက်လမ်းသလားနေသည် အောင်ပန်းအောက်တိုဘာ-20    


      “ခြံထွက်သီးနှံတွေနဲ့အောင်ပန်းဈေးနေ့ ”19     အောင်ပန်းဈေးထဲကိုလျောက်သွားရင်းနဲ့ ဟိုးအရှေ့ဘက်က ဈေးတန်းထဲကိုရောက်သွားပါတယ်။ ဈေးတန်းအစွန်မှာတော့ ကိုယ့်ဝင်းကိုယ့်ခြံကနေထွက်တဲ့ အသီးအနှံတွေကိုလာရောင်းကြတဲ့ အသယ်လေး တွေကိုတွေ့ရပါတယ်။ ဖြူဖွေးဖွေး ဂျူးမိတ်ထွားထွားကြးီတွေ။ အရည်ရွှမ်းမယ်ဆိုတာသေချာနေတဲ့ ဝါဝါစိမ်းစိမ်းသံပုရာသီးတွေ၊ ခါဂျက်ဥ နီနီရဲရဲကြီးတွေ မြင်ရတာ စားချင်စရာ။ ကြက်သွန်ဖြူ တစ်လုံးဥသယ်တွေကလဲမရှား။ ရေခံမြေခံကောင်းတဲ့ဒေသဆိုပြန်တော့ အသီးအနှံတွေကလဲ ဖွံ့ဖွံ့ထွားထွား။ ဒီဈေးနေ့မှာ လာထွက်တဲ့အသည်လေးတွေကတော့ ကြုံတဲ့နေရာမှာ ဗန်းတစ်ခင်းစားလေးရတယ်ဆိုရင်ကို ဆိုင်ဖွင့် လို့ ရပါပြီ။ သူများဆို်င်ရှေ့ကို ပိတ်ထွက်တယ်ဆိုပြီး စကားများကြတယ်ဆိုတာမရှိပါဘူးတဲ့။ ဒီလိုဘဲ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်ထွက်ကြပါသတဲ့။ အေးချမ်းလိုက်တာနော်။ ကျနော်လဲဈေးအနှံ့လျောက်ကြည့်ပြီးလက်ဆော့။ ဈေးဝယ်ပြီးပြန်တဲ့လူ အခုမှဈေးကိုရောက်သူ။ ပုလိုင်းလေးလွယ်ပြီး ဘာဝယ်ရမှန်းမသိလို့ဈေးထဲလျောက်သွားနေသူ။ တပြေတရွာကနေလာပြီး ပအိုဝ်တိုင်းရင်းသားတွေကိုမြင်လို့စိတ်ဝင်တစား ကြည့်နေ ဓါတ်ပုံရိုက်နေသူ။ ကျနော်လက်ဆော့တာကို ငေးမောပြီး ပြန်ကြည့်နေသူ။ မြင်မြင်သမျှကတော့ အေးဆေး။ […]


              “စားချင်စရာ ငါးကျပ်တင် တွေပေါတဲ့ အောင်ပန်းဈေးနေ့” ၁၈     ၂၀၁၁ မှာအောင်ပန်းကို  ပထမဆုံးအကြိမ်ရောက်တဲ့အခါ ဈေးနေ့နဲ့ကြုံပါတယ်။ ဈေးကြီးအဝင်လမ်းတန်းမှာ လမ်းဘေးဝဲယာ က တစ်တန်းအလယ်ခေါင်မှာနှစ်တန်း ကျောခြင်းကပ် ဆိုင်တွေခင်းရောင်းကြပါတယ်။ အဲဒီတုန်းကတော့ ကျနော်က လူပုံတွေကိုလက်ဆော့ဘို့ စိတ်မဝင်စားတော့မရိုက်ဖြစ်ခဲ့ပါဘူး။ အမှန်ကတော့ မရိုက်ရဲတာလဲ ပါပါတယ်။ ဒုတိယတစ်ခေါက် ကျပြန်တော့ ဈေးနေ့နဲမဆုံ။ အခုတစ်ခေါက်မှာတော့ ဈေးနေ့နဲ့ဆိုပေမယ့် ဆိုင်တွေက အရင်လို လမ်းမတန်းမှာခင်းထားတာမတွေ့။ မေးကြည့်တော့မှလမ်းကြားထဲမှာဘဲဖွင့်ခွင့်ပြုတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ဈေးအရှေ့ဘက်လမ်းကြားထဲကိုဝင်ခဲ့ပါတယ်.။ ဈေးတန်းကြီးကလဲ အရှည်ကြီး၊ အဲဒီမှာ တုတ်ကလေးတွေနဲ့သီထားတဲ့ အကင်လေးတွေမြင်လို့မေးကြည့်တော့။ အကောင်ရှည်ရှည်လေးတွေက ငါးရှဉ့်ကျပ်တင်ပါတဲ့။ အပုသေးသေးလေးတွေက တော့ ငါးရံ့ကင်ပါတဲ့။ အကောင်ကြီးကြီးတွေလဲ ပါပါတယ်။ […]


    “လျပ်တစ်ပြက်ကလော ” ကလောကိုရောက်သွားတဲ့တစ်ရက် ထွက်စက မိုးတွေကျနေပါတယ်။ အဲတော့ မိုးကာ တွေဝတ်ထားရတာပေါ့။ မိုးရွာတော့ အသွား ဓါတ်ပုံရိုက်ဘို့အဆင်မပြေတော့ဘူးလေ။ လာရင်းတန်းလန်းနဲ့ နေတွေက ပူလာပါတယ်၊ သွားနေရင်းဆိုင်ကယ်က စီးရတာ တမျိုးကြီးဖြစ်နေလို့ ငုံ့ကြည့်တော့ ရှေ့ဘီးကလေလျော့နေပါတယ်။ ဆို်င်ကယ်က အောင်ပန်းက မိတ်ဆွေက ပေးငှားလိုက်တဲ့ ဆိုင်ကယ်ပါ။ အဲတော့ ဘီးဖာတဲ့ဆိုင်ရှာရပါတယ်။ ဟိုမေးဒီမေးနဲ့ ညွန်လိုက်တဲ့နေရာကတော့ အောင်ပန်းဈေး အနောက်ဘက် လမ်းမှာရှိတဲ့ ဘုရားရဲ့               အနောက်ဘက်လမ်းမှာ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်ရှိတယ်ပြောတာနဲ့ ဆိုင်ကယ်ကို တွန်းသွားပါတယ်။ 18နှစ်လောက်ရှိတဲ့ကလေးလေးတစ်ယောက်က ဆိုင်ကယ် ကို ဝါယာရိန်းလုပ်နေပါတယ်။ အသက်50ကျော်လောက်ရှိတဲ့ ယောက်ျားကြီးက အင်ဂျင်နိုု်က်နေပြီး အသက်ကြီးကြီး မိန်းမကြီးက ဆိုင်ကယ်ဘီးဖြတ်ပေးပါတယ်။ လေစမ်းတော့ အသစ်လဲရမယ်တဲ့။ အဲဒါနဲ့လမ်းတောင်ဘက်က ဆိုင်လေးမှာ ကျွတ်အသစ်ဝယ်ထည့်ပါတယ်။ ပြီးတော့ဘယ်လောက်ကျလဲမေးတော့ 800တဲ့ […]


            “စိမ်းမြလတ်ဆတ်သောအလှတရားများ ”16       မြို့ပြင်ကလယ်ကွင်းတွေကိုဓါတ်ပုံရိုက်ဘို့ ပထမတစ်ရက်မြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။ ညနေပိုင်းတောင်ရိပ်တွေကျနေတော့ရိုက်ရတာ သိပ်အဆင်မပြေ။ ဒါနဲ့ဘဲ ပင်းတယဘက်သွားတဲ့လမ်းအတိုင်းလာခဲ့ပါတယ်။ လမ်းမှာတွေ့တွေ့သမျှလေးကို ဆင်းရိုက် ရင်း ဟိုပင်းတယအထွက်လမ်းနားကိုရောက်လာပါတယ်။ အစကတော့ ပင်းတယအထွက်လမ်းကွေ့အထိသွားမယ်လို့ စီစဉ်ထားတာပါ၊ အဲဒီဘက်မှာက ညောင်ပင်အကြီးကြီးတွေကိုရိုက်ချင်တာပါ။ ဒါပေမယ့်သွားနေရင်းလမ်းကွေ့လေးတစ်ခုကိုအတွေ့အနောက်ဘက်က်ိုဆင်းခိုင်းလိုက်ပါတော့တယ်။ တောင်ကုန်းလေးပေါ်က စပါးခင်းလေးရယ် ကောက်ကွေ့နေတဲ့လမ်းကလေးရယ်တွေ့မိလို့ပါ။ အဲဒီနားကိုရောက်တဲ့အခါ လမ်းအထက်က ကုန်းမြင့်လေးပေါ်မှာ စပါးခင်းကိုလက်ဆော့. အပြန်လမ်းမှာတော့  အစက ဆင်းရိုက်မယ်လို့ စိတ်ကူးထားတဲ့နေရာလေးကိုကျော်လာပါတယ်။ စကားတစ်ပြောပြောနဲ့လာကြတာကိုး။ ဒါပေမယ့်ကုန်းဆင်းလေးတစ်ခုမှာချောင်းလေးနဲ့တံတားလေးရယ် စပါးခင်းကို မြင်လိုက်တဲ့အခါမှာတော့ အောက်ဖက်ကိုဆင်းလာခဲ့ပါတော့တယ်။ ဘေးဝဲယာမှာ စိမ်းမြလန်းဆန်းတဲ့စပါးခင်းတွေကိုမြင်ရတော့ လက်ဆော့မိတာပေါ့နော်.       ကိုပေါက်လမ်းသလားနေသည် အောင်ပန်းအောက်တိုဘာ 16 (24-10-2012)    


        “ အောင်ပန်း မြို့မြောက်ဘက်က စိမ်းမြသောမြင်ကွင်းများ”     (8-10-2012) နေ့ နေ့လည်ပိုင်းမှာတော့ ညနေ လေးနာရီလောက်မှာအလုပ်တွေပြီးသွားပါတယ်။ အဲတာနဲ့ အောင်ပန်းမြို့ ကနေ ပင်းတယဘက်ကိုသွားတဲ့မြိုမြောက်ဘက်လမ်းအတိုင်း သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်ထွက်လာတာလဲမြင်ရော ဟိုတယ်ရှေ့က ဆိုင်ကယ်ကယ်ရီကောင်လေးက “လေးလေး သွားမှာလား”ဆိုပြီးရောက်လာတာနဲ့ ပင်းတယအထွက်လမ်းဘက်သွားမယ်ဆိုပြီး ထွက်လာခဲ့ကြပါတယ်။ ဆို်င်ကယ်နောက်ကထိုင်ရင်း အပြန်လမ်းမှာ ရိုက်လို့ကောင်းမယ့်နေရာလေးတွေကို မှတ်လာပါတယ်။ မြို့ပြင်ကိုထွက်အလာလမ်းမှာတော့ ဟိုးရွာဘက်ကလူတွေ ဈေးအပြန် ဒေါ်လှကြီးပေါ်မှာတွေ့ရပါတယ်။ အတော်လေးသွားပြီးတဲ့အခါ လမ်းဘယ်ဘက်ခြမ်းမှာ အတော်လေး လှတဲ့ မြင်ကွင်းလေးကို မြင်ရတော့ ဆိုင်ကယ်ကိုရပ်ခိုင်းရပါတယ်။ ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးမှာ တိမ်လေးတွေကမလွင့်တလွင့်။ နောက်တစ်နေရာရောက်ပြန်တော့ စိမ်းလန်းသော စပါးပင်တွေနဲ့အလှဆင်ထားတဲ့တောင်ကုန်းမြင့်မြင့်။ အဲဒီကနေ ဆက်သွားရင်းလမ်းဘက်ဘက်ခြမ်းကိုကြည့်လိုက်တော့ ဟိုးရွာထဲကိုဝင်းတဲ့လမ်းကလေးကိုတွေ့ရတာနဲ့ ဆိုင်ကယ်ကို အဲဒီဘက်ကို ကွေ့ခိုင်းလိုက်ပါတယ်။.။ အဲဒီလမ်းကလေးထဲဝင်လိုက်မှ […]


Mလုလင္November 1, 20123min32146
ဒီရက်ပိုင်း အားလပ်ရက် မှာတော့ ဧရာဝတီ တိုင်း ထဲက က ရွာလေး တစ်ရွာကို ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သွားရမယ် ဆိုတာ သိတာနဲ့ ကင်မရာ အိတ် နဲ့ အဝတ်ထုတ် ဆွဲပြီး လစ်တော့တာပါပဲ … ပန်းဆိုးတန်း ဆိပ်ကမ်း ကနေ ဒလ ..တဖက်ကမ်း .. ဒလ ကနေ တဆင့်ပေါ့ .. ဒလ ကို ကူးတဲ့ သင်္ဘော ပေါ်မှာတော့ ဟာသ တွေတွေ့တော့တာပဲ … “သင်္ဘောပေါ်မှာ ဈေးမရောင်းရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ပြူးပြဲ နေအောင် ကပ်ထားခါ မှ လာရောင်းလိုက်ကြတဲ့ ဈေးသည် တွေ နားကို ငြီးယူရတယ်။ သင်္ဘော ပေါ်မှာ ပလတ်စတစ် […]


        “အောင်ပန်းမြို့တောင်ဘက်က တိမ် အလှ”   အောင်ပန်းမြို့တောင်ဘက်အထွက်လမ်းကို သွားလိုက်တဲ့ညနေခင်းမှာ မိုးတိမ်တွေအုံးမိူင်းလို့နေပါတယ်။ မြို့တောင်ဘက်ခြမ်းက တောင်ဘေးက လယ်ကွင်းတွေကို ဓါတ်ပုံရိုက်မယ်လုပ်တော့ အလင်းရောင်က စိတ်တိုင်းကျအောင်မရ။ အဲဒါနဲ့မြို့တောင်ဘက်ကိုဆက်သွားလိုက်တဲ့အခါ ကျယ်ပြန့်လွတ်လပ်တဲ့ကွင်းပြင်နဲ့အတူ လှပသောတိမ်တွေကိုတွေ့ရပါတယ်။ လမ်းဘေးဝဲယာမှာ စိန်းလန်းသောလယ်ကွင်းတွေ ဂေါ်ရခါးသီးပင်တွေကို စင်နဲ့တင်ပြီးစိုက်ထားတာတွေ ကလဲ စိုစိုစိမ်းစိမ်း။ လမ်းလေးတွေက လဲ ကွေ့ကွေ့ကောက်ကောက်နဲ့ လှတပတ။ တစ်နေရာအရောက်လမ်းဘယ်ဘက်ဘေးမှာရေကန်လေးတစ်ခုကိုတွေ့ရပါတယ်။ ငါးများနေသူတွေလဲရှိပါတယ်။ ကန်ရေပြင်ထဲကိုအရိပ်ကျတဲ့ပုံတွေကို လဲအမိအရ။ အဲဒီကထွက်အလာကောင်းကင်ကိုမော့ကြည့်တော့ တိမ်ထဲကိုရောက်နေတဲ့နေမင်းအလင်းများက ဖြာထွက်နေပုံကအတော်လှ။ နောက်ဆက်သွားလိုက်တော့ တိမ်အတန်းလိုက်ကြိးကလဲလှပ တကယ်ကို လှတဲ့ တိမ်တွေကိုကျနော်ရလိုက်ပါတယ်။     ကိုပေါက်လမ်းသလားနေသည် အောင်ပန်း အောက်တိုဘာ 12 (18-10-2012)  


          “13 လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ”     ကလောကိုရောက်လို့ ဆိုင်ကယ်ဘီးပေါက်နေတာ ကို ကျွတ်အသစ်လဲလို့အပြီး ကျနော်တွေ့ချင်တယ်ဆိုတဲ့ ကလောက ကုန်သည်ကိုဖုန်းဆက်တော့ ဟဲဟိုးရောက်နေတာ အခုပြန်လာနေပြီ အောင်ပန်းမှာဆုံမယ်ဆိုတာနဲ့ေ အာင်ပန်းကိုပြန်လာခဲ့ရပါတယ်။ အဲတော့ လမ်းမှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးပေါ့။ ကုန်သည်နဲ့တွေ့ပြီးအလုပ်ကိစ္စတွေပြောကြတာ နေ့လည်2နာရီလောက်ရောက်သွားပါတယ်။ စကားလဲပြောပြီးရော ကောင်းကင်မှာတိမ်တွေကပြာနေလိုက်တာ အတော်လှ။ အဲဒါနဲ့ အောင်ပန်းကနေ ဟဲဟုိုးသွားတဲ့လမ်းဘက်ကိုထွက်ခဲ့ပါတယ်။ ဒီလမ်းပေါ်မှာ သာမိုင်းခမ်း(ရှေးက ရှမ်းစော်ဘွားတွေမြို့တည်ခဲ့တဲ့နေရာလို့ပြောပါတယ်)တံတားကို ရောက်အောင်သွားလိုက်ပါတယ်။ အတော်လေးကိုလှပသော တိမ်တွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။ ကျနော်ကံကောင်းလို့ပေါ့။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ အောင်ပန်း အောက်တိုဘာ 2012  18-10-2012    


              သီတင်းကျွတ်လပြည့်အခါသမယမှာ ရွာသူားအပေါင်းကြည်ညိုနို်င်ရန် အတွက် နေရာအနှံ့မှ စေတီပုထိုးနှင့် ဆင်းတုတော်များကို တင်ပေးလိုက်ပါသည်ခင်ဗျား   အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေခင်ဗျား။