“တိမ်တွေကြောင့်ပိုလှနေတဲ့ အောင်ပန်းမြို့ကလေး”     အောင်ပန်းရောက်ရင် ကျနော် ရူ့ခင်းသာမှာဘဲ တည်းလေ့ရှိပါတယ်။ အောင်ပန်းနဲ့ ပင်းတယ ကလောလမ်းဆုံနားမှာရှိပါတယ်။ အဲဒီက ဝန်ထမ်းကလေးတွေသဘောကောင်းတာရယ် သန့်ပြန့်တာရယ် နောက်ဈေးနဲ့နီးတာရယ်ကြောင့်ပါ။ နောက်အဲဒီ ဟိုတယ်က အပေါ် ထပ်ကို ကျနော်ဓါတ်ပုံတက်ရိုက်တာကို စိတ်တိုင်းကျ ရိုက်ခွင့်ပြုထားလို့တည်းတာလည်းပါပါတယ်။ ကျနော်အောင်ပန်းကိုရောက်တဲ့ညနေမှာဘဲ မိုးသားတွေတက်နေတာကြောင့် တိမ်တွေက ညို့မှောင်မှောင်။ ဒါပေမယ့် အပြာရောင်လေးတွေက လဲ တစ်စွန်းတစ်စ စွန်းထင်းလို့နေပါတယ်။ တိမ်တောင်ထုတွေကလဲ အဖြူအပြာရောလို့ ကောင်းကင်မှာ ထောင်တက်နေပါတယ်။ သိပ်မကြာခင်လေးမှာဘဲ အလင်းစတွေရုပ်သိမ်းလို့ တိမ်တွေကလဲ တောင်တန်းနောက်ကိုပြေးဝင်ပါတော့တယ်။ နေဝင်ခါနီးမှာတော့ တိမ်အဖြူက အပေါ်က ပုစွန်ဆီရောင်အလင်းများက အနားသတ်နေပုံကတကယ်လှပ။ ကျနော်ကတော့ တိမ်တွေကိုနှစ်သက်သူဆိုတော့ အောင်ပန်းမြို့ကို […]


          “အောင်ပန်း ရဲ့ မိုးနှင်းမူန်တွေကြားက နံနက်ခင်းလေး”     အောင်ပန်းကနေ ကလောကိုသွားတဲ့လမ်း မြို့ပြင်အထွက် ဘီးခွန်ကောက်တဲ့နေရာလွန်ရင် လမ်းအကွေ့လေးက အတော်လှပါတယ်။ သူ့အောက်ဖက်ကို ငုံ့ကြည့်ပြန်ရင်လည်း လယ်ကွင်းစိမ်းစိမ်းတွေရယ် မီးရထားလမ်းလေးရယ်ကကြည့်ရတာ မျက်စေ့ပသာဒရှိလှပါတယ်။ (7-10-2012)နေ့ ညနေ ငါးနာရီလောက် ဒီနားကို ဆိုင်ကယ် ကယ်ရီငှားပြီး ထွက်လာခဲ့ပါတယ်။ ဓါတ်ပုံရိုက်မယ်လို့ လုပ်နေတုံး တည်းခိုးခန်းမှာ ဧည့်သည်ရောက်နေတယ်ဆိုတာနဲ့ အမြန်ပြန်ပြေးခဲ့ရတော့ ဓါတ်ပုံသေချာမရိုက်ခဲ့ရပါဘူး ။ နောက်နေ့မနက် (8-10-2012)နေ့ မနက်မှာတော့ ထုံးစံအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။ မနက်ငါးနာရီခွဲလောက်မှ ထွက်လာခဲ့တာပါ။ မိုးနှင်းမူန်လေးတွဲက တဖွဲဖွဲကျလို့နေပါတယ်။ တီရှပ်ကလေးနဲ့ထွက်လာမိတော့ အတော်လေးအေးပါတယ်။ ဒါနဲ့ နွေးသွားအောင်ခပ်သွက်သွက်လျောက်လိုက်ပါတယ်။ မိုးနှင်းတွေ ဝေနေတော့လမ်းကိုကောင်းကောင်းမမြင်ရပါဘူူး ဒီလိုနှင်းထဲမှာလမ်းမလျောက်တာ အတော်ကြာပြီဆိုတော့ အေးစိမ့်စိမ့် နဲ့ အတော်လေးအရသာရှိပါတယ်။ […]


              “မြို့အောင်ပန်း မှ သဘာဝပုံရိပ်များ…………….”     ကျနော်လက်ဆော့တဲ့အခါ  သဘာဝရူ့ခင်းတွေကိုဘဲလက်ဆော့တာများပါတယ်။ လူပုံကိုပီပြင်အောင်မရိုက်တတ်တာရယ် ကိုယ်ဓါတ်ပုံရိုက်လိုက်တာကို မနှစ်သက်ရင် ပြဿနာဖြေရှင်းရမှာ စိုးတာလဲ  ပါ ပါတယ်။ အဲတော့ ပြန်မပြောတဲ့ ကို်ယ်ရိုက်သမျှငြိမ်ခံတဲ့ သဘာဝမြင်ကွင်းတွေကိုဘဲ စိတ်ချလက်ချရိုက်တာပေါ့။ ဒါပေမယ့် တောင်ပိုင်းရှမ်းပြည်ကို 2011 စက်တင်ဘာလမှာအလည်သွားတဲ့အခါ တိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့ အပြုံးတွေ လွတ်လပ်အေးချမ်းစွာနေတတ်ပုံတွေမြင်ရတော့ သူတို့ကို မှတ်တမ်းတင်ချင်စိတ်ပေါ်လာပါတယ်။ အထူးသဖြင့် လွိုင်ကော်မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပအိုဝ့်မလေးတွေရဲ့ လှပသေသပ်စွာ ခြယ်သထားတဲ့အလှတွေကိုမြင်တော့ ရောက်တုံးရောက်ခိုက်မှတ်တမ်းတင်ထားခြင်တဲ့စိတ်တွေ ပေါ်လာပါတယ်။ အဲဒီကစလို့ လူပုံတွေကိုလည်း မှတ်တမ်းတင် ပါတော့တယ်။   ဒါပေမယ့်လူ့သဘာဝအရ ဓါတ်ပုံရိုက်မယ်ဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ သဘာဝကျကျလိုချင်တဲ့ကျနော့်မှာ ပုံကောင်းကောင်းမရ။ […]


      19 ကွေ့ဝိုက်သောလမ်းကလေး   “ထင်းရူးရိပ်………”     ကျနော် သင်္ကြန်အပြီးအောင်ပန်းကိုရောက်တုန်းက  မြို့အပေါ်စီးကရိုက်ချင်လို့ အနောက်ဘက်တောင်ခါးပန်းကို ခြေလျင်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် အပေါ်လဲရောက်ရော အိမ်တွေနဲ့ပိတ်နေတော့ မြင်ကွင်းမရှင်း။ တောင်ကြောရဲ့ အနောက်တောင် ဖက်အစနားမှာရှိတဲ့ တရုတ်သချင်္ိုင်းနားကို သွားတော့ ခွေးအုပ်လိုက်ကြီးကမာန်ဖီပြ နေတော့ ဆက်မသွားရဲ။ အဲဒါနဲ့ဘဲ အတော်လေးမြင့်တဲ့ အိမ်ဝရန်တာကဘဲ  အမှတ်တရရိုက်ခဲ့ရပါတယ်။ (အဲဒီပုံတောင် မတင်ရသေးဘူးထင်တာပါဘဲ)   ဒိတစ်ခေါက်ရောက်တော့ လမ်းလျောက်ပြီးတောင်ပေါ်တက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမရက် မနက်လမ်းလျောက်ထွက်ချိန်မှာတော့ မုးိနှင်းတွေနဲ့ပိတ်ဖုံးလို့နေပါတယ်။ ကလောအထွက်ဘက်ခဏလမ်းလျောက်ပြီးပြန်လာခဲ့ပါတယ်။ နောက်နေ့ မနက်ခြောက်နာရီလောက် တည်းခိုးခန်းက ထွက်အလာ ဆိုင်ကယ် ကယ်ရီသမားလေးက “လေးလေး ဘယ်လဲ လိုက်ပို့ပေးမယ်လေ ”လို့ပြောလာပါတယ်။ အောင်ပန်းကို အပေါ်စီးက ရိုက်ချင်တယ် ဒါပေမယ့် တောင်ဘက်က […]


                    “တောင်ကြီးမြို့မှာလက်ဆော့ခဲ့သမျှ”     လမ်းလျောက်တဲ့မနက်မှာ မိုးတွေက ကျလာ ထီးမပါ အဲတာနဲ့လမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရပါတယ်။ အဲဒါနဲ့စည်ပင်သာယာပန်းခြံထဲမှာခဏမိုးဝင်ခိုလိုက်ပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားတော့ ကလေးတွေဆော့ဘို့စင်ကလေးလုပ်ထားတာတွေ့ရပါတယ။် ဒါနဲ့ဘဲအဲဒီစင်ပေါ်တက်ပြီး မြန်မာပြည်မြေပုံ ပုံစံလုပ်ထားတဲ့ ပန်းခင်းလေးကို ရိုက်ပါတယ်။ ပထမတစ်ခေါက်ကတည်း ကဒီပုံလေးကို လက်ဆော့ချင်ပေမယ့် အပေါ်စီးကမြင်ရတဲ့နေရာမရှိလို့မရိုက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခါတော့ စိတ်တိုင်းကျလက်ဆော့နိုင်ခဲ့ပါတယ်။ မိုးလေးက နည်းနည်းရွာထားတော့ သစ်ပင်ပေါ်တင်နေတဲ့ရေစက်ရေပေါက်တွေကိုလက်ဆော့ ဘို့လိုက်ရှာပြန်ရော။ အဲဒါတွေမတွေ့ခင်ခေါင်းပေါ်မော့ကြည့်လိုက်တော့ မယ်ဇလီပွင့်ဝါဝါကြီးတွေ။. မန်းလေးကအပွင့်ကသေးပါတယ်။ အဲတော့ ဘာရမလဲ လက်ဆော့ တာပေါ့။ ပန်းခြံမြောက်ဘက်အထွက်နားရောက်တော့ သစ်ပင်လေးတွေပေါ်မှာ မုးိစက်တွေသီးနေတာမြင်တော့ လက်ဆော့မိပြန်ရော။ ကုန်းလိုက်ကွလိုက် ထိုင်လိုက်ငုံ့လိုက်လုပ်နေတဲ့ ကျနော့်ကို ပန်းခြံစောင့် တာဝန်ယူထားသူ မျက်စေ့နောက်တဲ့အထိပါဘဲ။ အဲဒီမှာလက်ဆော့လို့အားရလို့ထွက်လာလိုက်တာ ကမ္ဘောဇဘဏ်ရှေ့ရောက်တော့ […]


        8 ဘုရားဒါယိကာ မင်းတုန်းမင်း နောက်တစ်ပါတ်ဆိုရင် မန်းလေးတောင်ခြေက  ကုသိုလ်တော်ဘုရားပွဲစပါပြီ မန်းလေးသားများ အမှတ်ရအောင်သတိပေးတာပါ   ကိုပေါက်လမ်းသလားနေသည် (23-10-2012)  


        “ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”     တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို  မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။. ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။ ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။ တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။ ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။ အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။ လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။ စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။ လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။ အဆင်းလမ်းကိုပြန်တက်သပေါ့။ အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။   နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့ တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။ နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။ ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။ ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (23-10-2012)    


    “စိမ်းစိမ်းစိုစို တောင်ကြီးမြိုတစ်ခွင်”     ခါတိုင်းတောင်ကြီးကို ညကားနဲ့သွားတော့ မနက်မိုးတိုးမှောင်တောင်မှာရောက်လေ့ရှိပါတယ်။ အဲတော့လမ်းက စိမ်းစိုတဲ့မြင်ကွင်းတွေကို မမြင်ဘူးတာများပါတယ်။ ဒီတစ်ခေါက်လမ်းမှာကားဘီးပေါက်တော့ တောင်ကြီးအတက်လမ်းရဲ့စိမ်းလန်းပုံတွေမြင်ရပါတယ်။ ရေတံခွန်ကိုလဲတွေ့ခဲ့ရသပေါ့။ အဲဒါနဲ့နောက်နေ့ မှာတော့ စိမ်းမြစိုလွင်နေတဲ့တောင်ကြီးမြင်ကွင်းလေးတွေကို လက်ဆော့ခဲ့သမျှပို့ပေးလိုက်ပါတယ်၊။   ကိုပေါက်လမ်းသလားနေသည် တောင်ကြီးအောက်တိုဘာ 5 13-10-2012    


      “အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”     ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။ အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။ အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။ အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။ ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။ အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။ ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။ တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့ တက်လို်က်ခဲ့ပါတယ်။ စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။ မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။ မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။ အနောက်ဖက်ကိုလည်ပြန်ကြည့်လို်က်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။ ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။ […]


                  “မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”   တောင်ကြီးကို (6-10-12)နေ့မနက်မှာရောက်ပါတယ်။ (7-10-12)နေ့မှာ အောင်ပန်းကိုဆင်းဘို့ပြင်ဆင်ထားပါတယ်။ ကားသွားမေးတော့ နေ့လည်တစ်နာရီခွဲမှာတစ်စီး ညနေသုံးနာရီခွဲမှာတစ်စီးလို့ဆိုပါတယ်။ အဲဒါနဲ့ နေ့လည်တစ်နာရီကားကိုလက်မှတ်ဖြတ်လိုက်ပါတယ်။ မှန်လုံးကား တောင်ကြီးမြို့မဈေးမြောက်ဘက်က ဂိတ်တဲလေးမှာလက်မှတ်ဖြတ်။ နေ့လည်တစ်နာရီဒီနားအရောက်လို့ဆိုပါတယ။် အဲဒီလက်မှတ်ဖြတ်ပြီးတော့ (9-10-2012)နေ့ညမှာမန်းလေးပြန်ဘို့တွက်ကားလက်မှတ်သွားဖြတ်ရပြန်ပါတယ်။ ကားလက်မှတ်အရောင်းဌာနတွေကတော့ဈေးမြောက်ဘက်တစ်လမ်းကျော် အောက်ဖက်ချိုင့်လေးထဲမှာတန်းစီနေပါတယ်။ ကျနော်လက်မှတ်ဖြတ်ဘို့အသွားအပေါ်လမ်းပေါ်မှာတော့ လူတွေရုံးစုရုံးစု။ ဘင်ခရာ တဒုန်းဒုန်းတီးသံလဲကြားနေရပါတယ်။ ကားလက်မှတ်ဖြတ်ရတာက အောက်ချိုင့် ထဲမှာ အသံကြားရတာက အထက်ကားလမ်းမှာဆိုတော့ ဘာတွေမှန်းမသိ။ ကားလက်မှတ်ကို အောင်ပန်းကစီးမယ်လိုသေချာမှာ။ သူတို့ကချယ်ရီက လာစီးဘို့ပြော။ ကျနော်ကလအထုပ်အပိုးတွေနဲ့မလာချင်။ အောင်ပန်းလမ်းဆုံကစောင့်မယ်ပြောနဲ့ အတော်ကြာအောင်ပြောမှပြေလည်သွား။ တောင်ကြီးကနေ 6နာရီထွက်မယ် 7နာရီစောင့်နေပါ။ နောက်ကျရင်တာဝန်မယူလို့ပြောပါတယ်.။ လက်မှတ်ကိစ္စပြီးတဲ့အခါမှာ အပေါ်လမ်းက အသံကြားတဲ့ဘက်ကိုတက်ကြည့်တော့မှ ကျောင်းသူကျောင်းသားတွေရော လာကြည့်သူတွေရော […]


      တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂       ဒီတစ်ခေါက် တောင်ကြီးသွားတဲ့ခရီးကတော့ အဆင်မပြေမူ့များစွာနဲ့လို့ပြောရမယ်ထင်ပါတယ်။ ကားက ည ရှစ်နာရီထွက်မယ်ဆိုတော့ ခုနှစ်နာရီလောက်အိမ်ကထွက်။ လမ်းမှာကားပိတ်တော့ ခုနှစ်နာရီခွဲခါနီးမှရောက်ပါတယ်။ ကားနားရောက်တော့ ရှစ်နာရီမတ်တင်း။ ကိုယ်ကသာစိတ်တွေပူပြီးအပြေးအလွှားသွားရတယ် ကားပေါ်တက်လို့မရသေး။ မေးကြည့်တော့မှ ကားဘီးပေါက်နေပါသတဲ့။ လမ်းဘေးမှာ စောင့်ရပ်ရင်း ကြည့်လိုက်တဲ့အခါသူတို့လဲတဲ့စပယ်ယာဘီးကလဲ ခပ်နွမ်းနွမ်း။ ကျနော်သာအရောက်နောက်ကျလို့တက်မရ ကားပေါ်မှာနေရာယူတဲ့သူကယူပြီးသားပါ။ ကားကရှစ်နာရီကျော်တာတောင်ပြင်လို့မပြီးသေးပါဘူး။ စိတ်ထဲကနေ မေးနေတဲ့မေးခွန်းကတော့ “မင်းတို့နောက်ကျရင်သာခရီးသည်ကစောင့်ရတာ ခရီးသည်နောက်ကျရင် မင်းတို့စောင့်ပါမလား” ရှစ်နာရီခွဲတိတိမှာမှ ကားထွက်ပါတယ်။ နာရီဝက်တိတိတောင်နောက်ကျပါတယ်။ နောက်ည11နာရီလောက်မှာ မိတ္ထီလာနားက ဆိုင်တစ်ဆိုင်မှာထမင်းစားနား။ ပြန်ထွက်လာပြီးသိပ်မကြာခင်တစ်နေရာမှာ ကားထိုးရပ်ပါတယ်။ အစကတော့ ဖွင့်ထားတဲ့ မြန်မာကားထိုင်ကြည့်နေရင်း က ကားအောက်ကိုဆင်းကြည့်တော့မှာ ကားဘီးဖြုတ်နေတာကိုမြင်ရပါတယ်။ စပယ်ယာဘီးကထပ်ပေါက်တာပါတဲ့။ ကားဆရာက မကျေမနပ်နဲ့ပြောလိုက်တာကတော့ “ဘယ်လိုလူတွေပါလာလို့ ကားဘီးပေါက်တာလဲမသိဘူူး။ […]


      စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………     ဟိုအရင်ကဆိုရင် တောင်ကြီးမြို့အကြောင်းကို စာထဲမှာဖတ်ရ သူများတွေပြောတာလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဆိုင်မှာသာ မခွာဘဲအမြဲကပ်နေရတဲ့ကျနော့်အဘို့ခရီးသွားဘို့အခွင့်အရေးမပေါ်ခဲ့တာ 1995 ခုနှစ်ကစလို့ 2000ခုနှစ်အလွန်ထိ အတော်ကြာခဲ့ပါတယ်။ အကြောင်းသင့်ပြန်တော့ 2011 စက်တင်ဘာ 23မှာတောင်ပိုင်းရှမ်းပြည်ကို မထင်မှတ်ဘဲရောက်ခဲ့ရ။ အဲဒီတုန်းက ည 7နာရီကားနဲ့သွားခဲ့တာပါ။ မှတ်မှတ်ရရ 2009ခုနှစ် စက်တင်ဘာလ 23ရက်တုံးကတော့ အဲဒီအချိန်မှာ မြို့သစ်မှာရှိတဲ့ မြိုတော်ဆေးရုံပေါ်က အခန်းထဲမှာ ပိုက်တန်းလန်းနဲ့ သတိရတစ်ချက်မရတစ်ချက် ။ ပိုတက်စီယံခန်းသွားတာပါတဲ့။ ချွေးအထွက်လွန်သွားလို့ပါတဲ့။ တောင်ကြီးကိုရောက်ဘို့ကံဇာတာပါပြန်တော့လဲ 2011 စက်တင်ဘာမှာတစ်ခေါက် 2012 အေပရယ်လ သင်္ကြအပြီမှာတစ်ခေါက် 2012 ဇူလိုင်လ29-30 တစ်ညအိပ်တစ်ခေါက် အခု2012 အောက်တိုဘာလဆန်းမှာတစ်ခေါက်ထပ်ရောက်ခဲ့ရပြန်ပါတယ်။ ရောက်တိုင်းလဲ လက်ဆော့ဖြစ်ပါတယ်။ ပထမတစ်ခေါက်ကတည်းက တောင်ကြီးအတက်လမ်းမှာရှိတဲ့ မိုးတွင်းမှာသာတွေ့နိုင်တဲ့ရေတံခွန်ကို ရောက်ခဲ့ပါတယ်။ […]


1 ရွှေအိုရောင်ညနေခင်း               “အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”     ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။ အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။ ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။ သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။ အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။ နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။ တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။ လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။ ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကိုရပါတယ်။ ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။ ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။ အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။ ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ […]