“ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”   လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့  မောပါတယ် ။ မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။ အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို ဆိုင်ကယ်ရပ်။ ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။ အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။ ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။ ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။ အပြန်လမ်းကတော့အေးအေးဆေးဆေး။ အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။ အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့ ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊ အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။ ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။ ကြားထဲမှာက စိမ်းမြမြ စပါးခင်း။ အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊ လှပသောမြင်ကွင်းလေးကိုမြင်ရတော့ ကြည်နူးစိတ်တွေက […]


“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”       ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။ ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။ တံတားကလဲ အခို်င်အမာကြီးဆောက်ထားတာမဟုတ်။ လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။ သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။ ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။ ဓါတ်ပုံရို်က်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။ ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။ လာခဲ့ဘို့ခွင့်ပြုပါတယ်။   အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။ လူကဝတုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။ ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။ ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။ သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။ ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရို်က်ထားပါသတဲ့။ သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။ ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ […]


“ကြာပင်အိုင်အလွမ်းပြေ…………………….”     ပြီးခဲ့တဲ့ဥပုဒ်နေ့ နေ့လည်ပိုင်းမှာတော့  မိုးကလေးကခပ်အုံ့အုံ့။ ဘယ်သူနဲ့မှချိန်းထားတာလဲမရှိတော့ အောင်ပင်လယ်ဘက်သွားချင်စိတ်ပေါ်လာပါတယ်။ အရှေ့ဘက်ကိုလှမ်းကြည့်တော့ တိမ်တွေလှနေတာကလည်း ဓါတ်ပုံရိုက်ထွက်ဘို့ ဆွဲဆောင်သလိုလို။ ဒါနဲ့ဘဲ ကင်မရာဓါတ်ခဲအပိုထည့် မင်မိုရီကဒ်အပိုဆောင် မိုးကာအကျီ်လေးကို ထည့်လို့ ထွက်လာခဲ့ပါတော့တယ်။ နေ့လည်နှစ်နာရီထိုးလောက်ပေါ့။ ဆိုင်ကယ်စီးလာနေရင်းနန်းရှေ့လဲရောက်ရောမိုးအုံ့နေရာကနေ ရာသီဥတုက  ပူလာပါတယ်။ ဒါနဲ့ 62လမ်းအတိုင်း ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းရပြန်သပေါ့။ ဒီဘက်ခြမ်းမှာပူနေပေမယ့် မန်းလေးနဲ့ပုသိမ်ကြီးကို စည်းခြားထားတဲ့ သံလမ်းကိုလဲကျော်ရော လမ်းဘေးမှာတန်းစီနေတဲ့ သစ်ပင်တွေကြောင့်အေးမြသွားပါတယ်။ နန်းဦးလွင်ရွာကိုကျော်လာလိုက်တော့ အရင်ရှိနေကျ ကြာအိုင်နေရာမှာ ရေမြောင်းကျယ်ကြီး ကိုတွေ့လိုက်ရပါတယ်.။ အရင်ကတော့ ဒီနေရာမှာနန်းတော်ရှေ့ဆရာတင် သီချင်းထဲက ကြာပင်အိုင်ကြီးရှိခဲ့ဘူးသပေါ့။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကထိ ဒီကြာတောကြီးရှိပါသေးတယ်။ အပွင့်အတော်ကြီးတဲ့ ကြာပန်းတွေရှိတဲ့နေရာပါ။ ဒါပေမယ့် ဒီကြာပင်ကြီးတွေက နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးမူ့တွေလဲရှိလာတာတော့အမှန်ပါဘဲ။ ဟိုးအနောက်ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအစကနေ ပုသိမ်ကြီးမြို့အဝင်ထိပ်လောက်ထိအောင်ရှည်လျားတဲ့ ချောင်းက ကြာပင်တွေဗေဒါပင်တွေနဲ့ ပိတ်နေတော့ […]


kotun winlattAugust 30, 20122min57833
ဒီနေ့တော့ ကျနော်ညနေပိုင်းမှာ လမ်းလျှောက်ထွက်ရင်း လယ်ထဲက အိမ်ပြန်လာတဲ့ နွားလှည်းနဲ့ လယ်သမားကြီးကို တွေ့လို့ နောက်ကနေရိုက်လိုက်တာ.. (ဟဲ.. ဓာတ်ပုံနော်..ဓာတ်ပုံ….)  ဒီလို လှည်းအိမ်မပါတဲ့ နွားလှည်းမျိုး မြင်ဘူးအောင်လို့ပါ… ကျနော် ကျောင်းတက်တုန် ကျနော်တို့ဘက်က နွားလှည်းတွေမှာ ဘရိတ်တပ်ထားတယ်..ဆိုတာကို မယုံကြဘူးတဲ့လေ… ခုလည်း ကျနော်တို့ဘက်မှာ လှည်းအိမ်မပါပဲ မောင်းတယ်ပေါ့ဗျာ..ဒါမျုးလှည်းကိုတော့ လှည်းကတုံးလို့ ခေါ်သဗျ..   ဒါလေးကတော့ လမ်းလျှောက်ရတာ ခြေညောင်းလာလို့ ထိုင်နားရင်း လက်ကမြင်းမိလိုက်တဲ့ပုံလေးပါ.. အဝေးက စပါးပင် စိမ်းစိမ်းလေးတွေ တောတန်းလေးတွေကို ကျနေက ထိုးနေတာလေးကို သဘောကျမိပါရဲ့…..   ဒီပုံလေးကတော့ တိမ်တွေလှတာနဲ့ ရိုက်လိုက်မိတာ ကောင်းကင်ပြာကြီးရယ် တိမ်ဖြူဖြူလေးတွေရယ်…စပါးပင်စိမ်းစိမ်းလေးတွေရယ်ကို ပေါင်းစပ်ကြည့်လိုက်တာပေါ့ခင်ဗျာ….   ဒီနှစ်ပုံကတော့ ကျနော့်ကို အလွမ်းပိုစေပါတယ်.. ဒီမင်းဝံတောင်တန်းကြီးနဲ့ ညနေချိန် အိပ်တန်းပျံငှက်တွေကို မြင်ရပြီး […]


      12 တူသလိုလို မတူသလိုလို   “တိမ်တောင်သက်တန့် မန္တလေးနန်းမြို့ရိုးနှင့်ကျူံးရေပြင်”     ဒီနှစ် မိုးတွင်းက မြန်မာပြည်အနှံ့ရေကြီးနေပေမယ့် မန်းလေးမှာ မိုးမရွာ။ အုံ့တယ်ဆိုရုံလေးအုံ့တဲ့ရက်တွေများပါတယ်။ အခုရက်မှာ မန္တလေးမြို့မှာ ကောင်းကင်ကကြည်လင်တဲ့အပြင်တိမ်တွေကလဲအတော်လှပါတယ်။ ကောင်းကင်ထက်မှာလေသိပ်မတိုက်တဲ့အတွက် တိမ်တွေက ကြာကြာနေပါတယ်။ ညနေခင်းမှာဆို တိမ်တောင်ထု ဖြူဖြူတွေမြင်ရတာ ကြည်နူးစရာ။ တစ်ရက် နန်းရှေ့ဘက်က ပြန်အလာ တောင်ဘက်ကျုံးလမ်းရောက်ချိန် နန်းမြို့ရိုးဘက်ကြည့်လိုက်တော့ အင်မတန်လှပတဲ့တိမ်အခင်းကို မြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲ ဆိုက်ကယ်ကိုရပ်လို့ ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ တိမ်အဆုပ်ဆုပ်အလွင့်လွင့်နောက်ခံနဲ့ နန်းမြို့ရိုးပုံလှလှလေးတွေရလိုက်ပါတယ်။ နောက်ရက်မှာတော့ အနောက်ကျုံးလမ်းအတိုင်း မြောက်ပြင်ဘက်ကိုအသွား တိမ်တောင်ထု တစ်ခုတည်နေပုံကလှပ။ တိမ်လေးတွေရယ် မြို့ရိုးပေါ်မှာပေါက်နေတဲ့ထန်းပင်အုပ်တွေရယ်တွဲလို့ဓါတ်ပုံရိုက်နေတုန်း သက်တန့်ကွေးကွေးလေးက ရုတ်တရက်ပေါ်လာပါတယ်။ ကျနော်မှာဓါတ်ပုံရိုက်လို့မဝနိုင်အောင်ဖြစ်ခဲ့ရသပေါ့။ အင်မတန်လှပသော ကျက်သရေရှိသောပုံလေးများလည်းရခဲ့ပါတယ်။   ကျနော်တို့မြန်မာနို်င်ငံမှာတော့ ရှေးအမွေအနှစ်အဖြစ် မပျောက်မပျက်ရှေးမူရင်းအတိုင်းကျန်ခဲ့တာကတော့ […]


kotun winlattAugust 29, 20123min26328
မနေ့က ကျနော်တို့ရွာကို ဖြတ်သန်းသွားတဲ့ မန္တလေး မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ညနေပိုင်းကို လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်…။ မီးရထားလမ်းရဲ့ ဘေးဘက်မှာ စပါးပင်တွေကစိမ်းစိမ်းစိုစို အရှေ့ဘက်က မင်းဝံတောင်တန်းကြီးက ပြာမှိုင်းမှိုင်း ညနေချိန် အိမ်တန်းပြန်ငှက်တို့ကလည်း ကောင်ကင်ပေါ်က တိမ်တိုက်တွေနဲ့ အတူ စိတ်ချမ်းမြေ့စရာကောင်းလှ၏။ မီးရထားသံလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လတ်ဆတ်သော လေကို ရှုရှိုက်လိုက်ပြီး ရှု့ခင်းတွေကို ငေးမောကြည့်နေမိသည်။ ကင်မရာပါမလာသည့် အတွက် ညနေခင်း အလှတွေကို ကြည့်ရှုခံစား ငေးမောပြီးသာ နေရလေသည်..။ နောက်တစ်နေ့ ညနေမှ ကင်မရာယူလာပြီး ပုံလေးတွေကို ရိုက်ဦးမည်ဟု အားခဲထားခဲ့သည်….။ ဒီနေ့တော့ ကင်မရာကိုယူပြီး ကျနော်လမ်းလျှောက်ထွက်လာခဲ့သည်။ မီးရထားသံလမ်းတစ်လျှောက် လျှောက်လာနေရင်း ညနေပိုင်း အိမ်ပြန်လာသူ အထမ်းသမားမိန်းမကြီးနှစ်ယောက်ကို တွေလိုက်ရသည် တိမ်တိုက်တွေ တောင်တန်းပြာတွေနှင့် ပနံသင့်နေသည်မို့ ဓာတ်ပုံတစ်ပုံရိုက်လိုက်မိသည်။ ဆက်လျှောက်လာတော့ လမ်းလေးကဖြောင့်နေပြီး […]


  “ရွှေရောင်လွှမ်းသော ဆည်းဆာညနေခင်းလေး”     ရှမ်းလေးကျွန်း ပါတ်ဝန်းကျင်မှာလှည့်ပါတ်ပြီးဓါတ်ပုံရိုက်လို့ဝတော့ ပြန်ဘို့ပြင်ရပါတယ်။ နေကလဲ  မင်းဝံတောင်အနောက်မှာ ကွယ်ခါနီးနေပါပြီ။ အဲတာနဲ့ တံတားလေးပေါ်ကနေလမ်းလျောက်ပြိးဆို်င်ကယ်ထားတဲ့နေရာကို ဖြတ်အလာ အနောက်ဘက်ကုိုလှည့်အကြည့်လိုက်တဲ့အခါ ဝင်လုဆဲနေမင်းဆီကနေ ရွှေရောင်တွေဖြာလက်နေတာကို မြင်လိုက်ရပါတယ်။ အဲဒါနဲ့တံတားပေါ်ကအမြန်ဆင်း ပြီး အရှေ့ဘက်ထိပ်က ကန်ရေအစပ်ကိုသွားလို့ရိုက်လို့ကောင်းမယ့် နေရာကို ရှာရပါတော့တယ်။ ကန်ရေစပ်ရောက်ပြန်တော့ ကိုင်းပင်တွေက နည်းနည်းရှုပ်နေတော့ လွတ်တဲ့နေရာရွေးရပြန်တယ်။ လွတ်တဲ့နေရာရောက်ပြန်တော့ ရေဝင်ထားတဲ့မြေဖြစ်နေပြန်တော့ အောက်ခြေက စိုစိုကပ်ကပ်။ တစ်ဖြည်းဖြည်းနဲ့နေအလင်းရောင်ကအောက်ကျလာလေ ကောင်းကင်က ပုစွန်ဆီရောင်ခပ်ခြောက်ခြောက်လေးနဲ့ ပိုပိုလှနေပါတယ်။ ကျနော်ရောက်နေတဲ့သစ်ပင်အောက်ကနေ ကျနော်ဖြတ်လျောက်ခဲ့တဲ့တံတားလေးဘက်ကိုလှမ်းကြည့်လို်က်တဲ့ အခါမှာတော့ ရှည်လျားတဲ့တံတားအရိပ်က ရွှေအိုရောင်ဆည်းဆာရဲ့ သဘာဝဆလိုက်မီးကြောင့် ခပ်စပ်စပ်လေးသာရှိနေတဲ့ ရေပြင်မှာအရိပ်တွေထင်နေပုံကလှပ။ အဝေးမှာတော့အပြာရောင်ကောင်ကင်က ဆေးစက်ကလေးတစ်ချက်နှစ်ချက်ပက်ထားသလို ခပ်မွမွ။ ကျနော်လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်ကို ခလုပ်တွေနှိပ်မိ။ ကောင်းကင်မှာအလင်းရုပ်သိမ်းမှ ပြန်လာခဲ့မိ။ ရှမ်းလေးကျွန်းဘက်မှာသာအလင်းသိမ်းသွားပေမယ့် ကန်တော်ကြီး တက်သိမ်းအင်းမြောက်ဘက်ကန်စပ်ရောက်ချိန်မှာတော့ […]


  “ကြည်နူးဘွယ် မိုးဥတုရဲ့ညနေခင်းလေး”     (17-8-2012)နေ့ဥပုဒ်နေ့ကတော့ မန်းလေးမှာမိုးအုုံ့ဆိုင်းလို့နေပါတယ်။ ဥပုဒ်နေ့က ကျနော့်အလုပ်ပိတ်ရက်လဲဖြစ်ပါတယ်။ ကျနော်တို့အလုပ်က ဈေးနဲ့ဆက်စပ်နေတာကြောင့်ဈေးပိတ်တဲ့ ဥပုဒ်နေ့မှာကျနော်တို့အလုပ်ပိတ်ပါတယ်။ တနင်္ဂနွေရုံးပိတ်ရက်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေတော်တော်များများတောင် ဥပုဒ်နေ့မှာဝန်ထမ်းတွေကို အလုပ်ဆင်းခိုင်းရပါတယ်။ ဟိုးတစ်ခါ ညနေစောင်းတစ်ရက်မှာကိုစိန်သော့နဲ့အတူသွားပြီးလက်ဆော့ပြီးကတည်းက ရှမ်းလေးကျွန်းဘက်ကို မရောက်ဖြစ်သေးပါဘူး။ အလုပ်ပိတ်ရက်သွားမယ်ဆိုမှ မိုးအုံ့တာတင်မကဘဲ မိုးဖွဲလေးတောင်ကျလာပါတယ။် ဒါပေမယ့် ညနေငါးနာရီလာက်ရောက်တော့နေပွင့်လာပါတယ်။ အဲတော့ ရှမ်းကလေးကျွန်းကို  ဓါတ်ပုံရိုက်ဘို့အပြေးအလွှားထွက်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ရှမ်းလေးကျွန်းက ရေကျနေပါပြီ။ တံတားပေါ်ကနေကြည့်လိုက်တော့ နေမင်းကို တိမ်တွေဖုံးအုပ်လို့ထားတော့ အလင်းကမဝင့်တဝင်။ ကောင်းကင်မှာတော့ အပြာနဲ့ မီးခိုးရောယှက်လို့နေပါတယ်။ တံတားမြောက်ဘက်ခြမ်းမှာတော့ ရေစပ်စပ်ကျန်နေပါသေးတယ်။ ဟိုးအဝေးထိမြင်နေရတဲ့ မြင်ကွင်းရဲ့အနားသတ်ကတော့မင်းဝံတောင်ရိုး။ အနောက်ဘက်ကိုကြည့်လိုက်တော့ ရေကင်းလွတ်စ ရှမ်းလေးကျွန်း။ တောင်ဘက်ကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတံတား ကုံးတွေနဲ့ စစ်ကိုင်းတောင်ရိုးကစေတီတွေကိုမြင်နေရပါတယ်။ ကောင်းကင်ကတော့ ပြာတစ်လှည့် မှောင်တစ်ခါ လှပလို့နေပါတယ်။ အဲတော့ ကျနော်လဲလက်ဆော့လို့ကောင်းသပေါ့။ ကဲကြည့်လိုက်….ခံစားလိုက်ကြပါအုံး။ […]


  “ရေမှာပျော်တဲ့သူ”   ပြီးခဲ့တဲ့ရက်တွေက မန္တလေးမြို့ရဲ့မိုးဥတုညနေခင်းတွေကအတော်လေးလှပပါတယ်။ ကောင်းကင်ကတိမ်တွေကို ဝင်လုဆဲနေက အရောင်စုံပက်ဖျန်းပေးတော့ လှသထက်လှ။ အခုရက်က ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်ပြန်တော့ ကန်ပါတ်လမ်းတာရိုးရဲ့ အနောက်ဘက်ကမ်းကနေ ဟိုး…မင်းဝံတောင်တန်းထိ ရေပြင်ကျယ်ကြီးဖြစ်လို့နေပါတယ်။ အဲဒီရေပြင်ပေါ်မှာ တိမ်အရောင်စုံတွေ သက်ဆင်းနေပြန်တော့အတော်လှတဲ့ ပန်းချီကားတစ်ချပ်လို့။ အဲတော့အခုရက်ပိုင်းမှာဧရာဝတီမြစ်ကမ်းနံဘေးမှာသွားလို့ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကျနော်သွားတဲ့အချိန်ကလဲ ကျနော်အလုပ်ပြီးပြီဆိုမှာသွားရတော့ တစ်ခါတစ်လေ နေအဝင်စောပြန်ရင် လိုချင်တဲပုံမရ။ တစ်ရက်တော့ တိမ်တွေလှတယ်ဆိုတာ နဲ့အပြေးအလွှားသွားပေမယ့်နောက်ကျတော့ ကောင်းကင်မှာအမှောင်ရိပ်စွန်းစ။ ကျနော်လဲစိတ်ပျက်လက်ပျက်နဲ့လှည့်ပြန်မယ်လုပ်တုန်း ဝုန်းကနဲအသံကြားလို့လှည့်ကြည့်လို့ကလေးတွေရေကူးနေတာကိုတွေ့ရပါတယ်။ အဲဒီဧရာဝတီမြစ်ကမ်းနံဘေးက ရေပျော်သူ လေးတွေ ဒိုင်ဗင်ထိုးနေကြတာပါ။ အဲဒါနဲ့သူတို့အနားကိုလဲသွားရော ကလေးတွေက ဘာကြောက်တယ်တော့မသိ ဒိုင်ဗင်ထိုးတာရပ်။ အဲဒါနဲ့ကလေးတွေကို ဒိုင်ဗင်ထိုးဘို့ ပြောရတော့တာပေါ့။ ပြောသာပြောရတယ်ကလေးတွေတစ်ခုခုဖြစ်ရင် ကိုယ်ကြောင့်ဖြစ်နေမှာလဲစိုးရသေးတယ်.။ အဲဒီထဲက ခပ်သွက်သွက်ခပ်နောက်နောက်ကလေးတစ်ယောက်က “ မူ့ခင်းဂျာနယ်ထဲ မထည့်နဲ့နော်” ဆိုပြီးပြောလာတော့ ဝိုင်းရီကြ။ ခဏနေတော့ ကလေးတစ်ယောက်ကစလို့ဒိုင်ဗင်ထိုးပါတော့တယ်။ ပထမတစ်ခါမလှ ဝုန်းကနဲ့ပြုတ်ကျ။ […]


    “နဒီဧရာ ရေဇလာ”     တစ်ရက်ညနေစောင်း ဘိုအောင်ကြီးက လှမ်းဖုန်းဆက်လာပါတယ်။ ဒီနေ့တိမ်တွေလှနေတယ်ပေါ့။ ဖြစ်ချင်တော့ ဒီနေ့ကအလုပ်မအားတာသေချာ။ အဲတော့ မသွားတော့ဘူးပေါ့။ ဖြစ်ချင်တော့ ညနေက အလုပ်ကိစ္စကစောပြီးကိစ္စပြတ်သွားပါတယ်။ အဲဒါနဲ့သူ့ဆီဖုန်းလှမ်းဆက်တော့ ခေါ်မရ။ ဒါနဲ့ဘဲ မြစ်ဆိပ်ကိုတစ်ယောက်ထဲအမြန်ပြေးရပါတယ်။ အစကတော့ ရွှေကြက်ယက်ဘက်ကိုသွားဘို့ရည်ရွယ်။. ဖြစ်ချင်တော့ နေအကျက မြန်နေပါတယ်။ အဲတော့ 41လမ်း အတိုင်းဆင်းပြီး ပေါ်တော်မူ ဘုရားကြီးပေါ်ကို အမြန်သွားရပါတော့တယ်။ အဲဒီရောက်တော့ နေရောင်က တောင်စွယ်မှာကွယ်တော့မယောင်ယောင်။ ရသလောက်အမြန်ရိုက်ရပါတယ်။ ဓါတ်ပုံရိုက်နေဆဲမှာဘဲ အရောင်စုံပြီးလှပလွန်းတဲ့ မြစ်ပြင်ဆည်းဆာမြင်ကွင်းကြောင့် စိတ်ထဲမှာ အရမ်းကိုကျေနပ်။ သိပ်မကြာခင်မှာဘဲ အမှောင်ရိပ်က စွန်းချင်ချင်။ အဲဒါနဲ့ရိုက်လက်စရပ်လို့ ရေကူးနေတဲ့ကလေးတွေဘက်ကိုခြေဦးလှည့်။ ဖုန်းသံလေးမြည်လာလို့ ကြည့်လိုက်တော့ ဘိုအောင်ကြီး ကုျံနံဘေးမှာရောက်နေပါသတဲ့။ ဒါနဲ့ဘဲ အိမ်ကို အမြန်ပြန်ပြေးလာ။ နဒီဧရာ ရဲ့ […]


            “ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(နှစ်)     ခြံအတွင်းထဲရောက်တဲ့အခါမှ အပြင်ကလှမ်းမမြင်ရတဲ့ အပင်တွေကိုတွေ့ရပါတော့တယ်။ ပန်းလေးတွေထဲမှာရောင်စုံစက္ကူပန်းတွေများပါတယ်။ အရှေ့ဘက်ဆုံးထွက်လိုက်တော့ ကန်တော်ကြီး ရေပြင်။ နံဘေးနားက တဲအိမ်လေးနားမှာတော့ ပုစွန်ဆီအရောင်အသွေးနဲ့ခေါင်ရမ်းပင်၊ တစ်ခြံလုံးပါတ်ပါတ်လည်မှာ စက္ကူပန်းပင်တွေနဲ့ဝေဝေဆာဆာ။ စက္ကူပန်းကတော့တစ်ပင်ထဲမှာကို အရောင်မျိုးစုံ။ လိုက်ပြတော့ အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။ ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။. ထူးဆန်းတဲ့အပင်လေးကတော့ ဂမုန်းမျိုးစိတ်ဖြစ်ဘို့များပါတယ်။ လိပ်ပြာလေးပျံနေတဲ့ပုံစံ။ နောက်ထူးခြားတဲ့ပုံစံလေးပွင့်နေတဲ့အပင်လေးမေးကြည့်တေ့ာ မီးပုံးပန်းတဲ့.။ ကျနော်အတော်စုံအောင်ရိုက်ပြီးပြန်အထွက်မှာတာ့ “ကျမတို့ခြံကို ပန်းပင်ဝယ်ချင်တဲ့သူလွှတ်ပေးနော်”လို့ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။ ဒါကြောင့်လဲပြန်အထွက်မှာခြံနံမယ်လေးသတိတရရိုက်ခဲ့ပါတယ်။ ပဒုမ္မာ ပါတဲ့။ ကဲသွားချင်တဲ့မန်းလေးက မိတ်ဆွေများကို နေရာလေးညွှန်းပေးလိုက်ပါမယ်။ အရှေ့ဘက်ကနေ ကန်တော်ကြီးအတိုင်းတည့်တည့်ဝင်လာ။ ကော်ဖီတာဝါစင်ကြီးနားမရောက်ခင်မှာတွေ့ရမယ့် လမ်းထဲကို ချိုးဝင်လိုက်ပါ။ အဝင်ဝကနေ နည်းနည်းသွား။. ညာဘက်လမ်းအတိုင်းကွေ့ ရင် စတွေ့ရတဲ့ခြံလေးကတော့ […]