ဘော်ကြို-ဒုဋ္ဌဝတီ-မန်ဆူမှသည်………….(သူတို့ဆီသို့အသွားအပိုင်းနှစ်)     ကျနော်တို့ကားကလေးက ကောက်ကွေ့တဲ့လမ်းကလေးမှာတရိပ်ရိပ်ပြေးနေပါတယ်။ ပူပြင်းခြောက်သွေ့တဲ့အရပ်ကလာသူ ကျနော့်အဘို့တော့ မြင်မြင်သမျှတွေက မျက်စေ့အေးစရာ။ လမ်းဘေးဝဲယာမှာရှိတဲ့ပြောင်းခင်းစပါးခင်းတွေကလဲ စိမ်းဝါနှောလို့ လှပ။ လမ်းတစ်လျောက်အိမ်စဉ် ရွာစဉ်မပြတ် ဆိုတော့ တိုးတက်ပြောင်းလဲလာတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်။ ဒါနဲ့ဘဲကားကလေးက ကျောက်မဲမြို့ကို ဖြတ်လာပါတယ်။ ကျောက်မဲမြို့အထွက်မှာတော့ နဂါးမောက်သီးပင်တွေကို အုဌ်စင်နဲ့တန်းစီပြီးစို်က်ထားတာကိုတွေ့ရပါတယ်။ လမ်းဘေးက မြင်ကွင်းတွေကိုငေးနေရင်း စိတ်တွေက ပျံ့လွင့်နေရင်း မီးရထားကုန်းကျော်တစ်ခုကိုရိပ်ကနဲ့မြင်လိုက်တော့မှ ဓါတ်ပုံရိုက်ဘို့ သတိရမိပါတယ်။ လှမ်းရိုက်လိုက်ပေမယ့် မမှီတော့ပါဘူး။ နာမယ်ကျော် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ ကျောက်မဲအကျဉ်းသား ရုပ်ရှင်ဇာတ်ဝင်ခန်းမှာပါဘူးတဲ့ ဝင်းဦး ခုန်ချဘူးတဲ့တံတားလေးပါဘဲ။ အဲဒီရုပ်ရှင်ထဲမှာ ဝင်းဦးပြောခဲ့တဲ့”ဒုဌဝတီမြစ်ရေကို သောက်မိရင် […]


          “နောက်ဆက်တွဲ ပင်းတယက အပြန်“     ကျနော်ပိုစ်တွေတင်တဲ့အခါ ကော်နက်ရှင်ကောင်းတုန်း အားနေတုန်းမှာ ပိုစ်တွေကို ရက်စွဲ ကြိုပေးပြီးတင်လေ့ရှီပါတယ်။ ဒီတစ်ခါတော့ ကြိုတင်မိတာက တလွဲဖြစ်ကုန်ပါတယ်။ အရင်က ကျယ်ဂေါင်မှာ မန်းလေးဂေဇက်ဖွင့်ရတာအရမ်းလွယ်ပါတယ်။ ဒီတစ်ခေါက်တော့ မေးလ်ကလွဲရင်ဖွင့်မရ။   အဲတော့ တင်လက်စ ပင်းတယအပြန် ပိုစ်က တစ်ပိုင်းတစ်စတက်သွားပါတယ်။ အရင်က ကျနော်ပုံတင်ရင် တစ်ပုံဘဲတင်တတ်ပါတယ်။ ရွာထဲမှာ အသုံးမဝင်ဘဲ အမြဲတမ်းပြောနေတတ်တဲ့ “အမှတ်ယူတယ်”လို့ အသံတွေထွက်လာတဲ့အခါမှာ ဓါတ်ပုံပို့စ်တင်ရင် အများကြီးတင်ပေးတဲ့အကျင့်လုပ်ထားပါတယ်။   ကြုံတုန်းလေးကိုယ့်အကြောင်းကိုယ်ပြန်ပွားချင်ပါသေးတယ်။ 2010ခုနှစ်က စလို့ လမ်းသလားတဲ့အလုပ် တွေက ကံကောင်းထောက်မစွာနဲ့ ကျနော်ဆီရောက်လာတော့ နေရာတော်တော်များများကိုရောက်ခဲ့ပါတယ်. သွားသမျှခရီးကလည်း အလုပ်ကိစ္စနဲ့သွားရတာချည်းပါဘဲ။ အဲတော့ အလုပ်ကို အမြန်ပြီးအောင်လုပ်။ ကိုယ်လက်ဆော့ချင်တာလေးကိုမှတ်ထား။ […]


                                                      “သူတို့ဆီကိုအသွား..အပိုင်း(၁)..(ဂုတ်တွင်းအလွန်)”(ကိုပေါက်လမ်းသလားနေသည်)     ကျနော်ဒီ2012 ခုနှစ်မှာတော့ ခရီးသွားခွင့်အများကြီးကြုံတော့ ကံကောင်းတယ်လို့ စိတ်ထဲမှာခံယူပါတယ်။ မြောက်ပိုင်းရှမ်းပြည် ကမူဆယ်နဲ့ကပ်နေတဲ့ ကျယ်ဂေါင် ဆိုတဲ့နေရာလေးကို အလုပ်ကိစ္စနဲ့သွားရမယ့် အကြောင်းပေါ်လာပါတယ်။ အဲဒီနေရာလေးကို 2010 မေလက တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်။ မှတ်မှတ်ရရ မန်းလေးဂေဇက် အဖွဲ့ဝင်ဖြစ်ခါစလေးမှာပါ။ အဲဒီတစ်ခေါက်ကတော့ ကင်မရာလဲမရှိသေးတော့ ဓါတ်ပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ လက်ထဲမှာ ဓါတ်ပုံတွေရိုက်ဘို့အားခဲ့ထားပါတယ်။ ဒါနဲ့ဘဲ […]


            “အတွင်း အတွင်းထဲက ရွှေဥမင် အပိုင်းလေးံ”   ဂူထဲမှာနောက်ထပ်တွေ့ရတဲ့အတွင်းပိုင်းကပိုပြီးကျယ်ဝန်းပါတယ်။ အတွင်းပိုင်းကကျောက်ပန်း  ဆွဲတွေပိုလှသလို ဆင်ချည်တိုင် မြင်းချည်တိုင်တွေ တွေ့ရပါတယ်။ ဒီအခန်းထဲက ပိုအေးပြီ း ပိုလဲစိုစွတ်ပါတယ်။ တောင်ဘက်အဆုံးထိသွားကြည့်တဲ့အခါမှာ တော့ ကျောက်ပြားခင်းထားတဲ့လမ်းအဆုံးမှာ ဂူပေါက်သေးသေးတစ်ခု လူတစ်ကိုယ်ဝင်စာလေးတွေ့ပါတယ်။ ဘယ်အထိလမ်းပေါက်တယ်ဆိုတာကို မသိရပါဘူး။ ဝင်ကြည့်ချင်ပေမယ့် အဖော်မပါလို့ဝင်မကြည့်ခဲ့ရပါဘူး။ အဲဒီတွင်းလေးနဲ့မှာတော့ လူတစ်ချို့ စတီးတန်းတွေနဲ့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ နောက်ထပ် အခင်းအကျင်းတစ်ခုဖန်တီးနေတယ်လို့ထင်ပါတယ်။ သူတို့လျှပ်စစ်မီးနဲ့လုပ်ကိုင်နေကြတဲ့ကြမ်းပြင်မှာ ရေက စိုစိုစိမ့်စိမ့်။ အန္တရာယ်တော့များပါတယ်။ သူတို့နဲ့တစ်တန်းထဲမှာနောက်ထပ်လှိူဏ်ဂူတစ်ခုတွေ့တော့ အပေါ်တက်ကြည့်ပါတယ်။ အောက်ဖက်ကိုလှမ်းကြည့်တော့အပေါက်လေးတစ်ခု။ အလင်းအမှောင်ကြိုက်တဲ့ကျနော့်အဖို့လှပသောပုံလေးတစ်ပုံရလို်က်တယ်ဆိုရင်လဲမမှားပါဘူးး။ ကဲအားပေးလိုက်ကြပါအုံးနော်။     ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ (1-6-2012)


“အထဲထဲသို့တိုးဝင်ရွှေဥမင်   စေတီ ကျောက်ပန်းဆွဲအလှအပများ………အပိုင်းသုံး”   မဒမ်ပေါက်ကိုခေါ်ပြီးအထဲကိုနောက်တစ်ခေါက်ထပ်သွားပါတယ်။ အတွင်းကပိုပြီး ကျယ်ဝန်းတာကိုတွေ့ရတဲ့အပြင် ခန်းမကြီး သုံးခန်းရှိတာကိုလဲတွေ့ရပါတယ်. ဝင်ဝင်ချင်းအခန်းကကျောက်ပန်းဆွဲတွေကြားမှာ စေတီလေးတစ်ဆူ။ ရေတွေစိမ့်နေတာရယ် ခင်းထားတဲ့ကျောက်ပြားရယ်ပေါင်းလိုက်တော့ ချော်မလဲအောင်အတော်လေးသတိထားရ။ အပေါ်ကိုမော့ကြည့်တော့လဲလှ။. ဘေးဘက်ကြည့်တော့လဲလှ။ အဝေးကြည့်တော့လဲလှ။ ချော်လဲမှာလဲကြောက်ရနဲ့ အတော်လေးကို ဗျာများခဲ့ရပါတယ်။ အောက်ခြေကိုထိနေတဲ့ကျောက်တုံးကြီးတွေ ခေါင်မိုးပေါ်မော့်ကြည့်မိပြန်တော့ အမွှာမွှာနဲ့ဇောင်းထနေတဲ့ ကျောက်ပန်းဆွဲတွေ ကိုမြင်ရပါတယ်။   အဲဒီကနောလျျောက်ရင်း တောင်ဖက်ထဲကို တိုးဝင်လိုက်တော့ နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲကိုရောက်သွားပါတယ်။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (30-5-2012)  


myanmarcitizenJune 2, 20123min17914
ကမ်းသာယာ ခေါ် သာယာချိုင်က အရင်တုန်းက သာခွေးချိုင် ဆိုတဲ့ရွာကလေးပါ။ လွန်ခဲ့တဲ့နှစ် ၁ရ နှစ် ကျော်လောက်က စစ်အစိုးရက အုန်းခင်းတွေကိုသိမ်းပြီး ဆောက်လုပ်ခဲ့တာပါ။ အဆောက်အဦးဆောက်တဲ့ နေရာမှာ လဲ ဂွမြို့နယ်ရွာတွေက လက်သမားတွေကို ချောဆွဲပြီး ဆောက်ခဲ့ကြတယ်။ လက်သမားတွေက ပိုက်ဆံမရတော့ ဖြစ်သလိုဆောက်တော့တာပေါ့ ဒါနဲ့ပဲ အဆောက်အဦးတွေဟာ အချိန်မတိုင်ခင် အောက်ကပုံထဲကအတိုင်း ပျက်စီးတော့တာပဲ။ ၁. ကမ်းသာယာ အဝင်က ဆိုင်းပုဒ်ပါ ၂. အထိမ်းအမှတ် အရုပ်ပြောရမလားပဲ ၃. ပင်လယ်ဘက်ကနေ ထပ်ရိုက်ထားတာပါ ၄. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုရိုက်ထားတာပါ ၅. အပေါ်ကပုံ အတိုင်းပါပဲ ကျွန်းလေးကို ပြချင်လို့ပါ ဘဲကျွန်းလို့ ခေါ်ပါတယ် ဘဲတစ်ကောင်နဲ့ တူလို့ဆိုပဲ ၆. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုထပ်ရိုက်ထားတာပါ ၇. မောင်သန်းထွဋ်ဦး […]


          “ကျောက်ပန်းဆွဲများနှင့်ဆင်းတုတော်ံ”(အပိုင်းနှစ်)     ဝင်္ကပါထဲကိုရောက်သွားပြီးဓါတ်ပုံတွေတဖျပ်ဖျပ်ရိုက်နေပါတယ်.။ ကွေ့ကောက်ရှုပ်ထွေးသောလမ်းကလေးကနေအပေါ်ကိုရောက်မှန်းမသိရောက်။ အောက်ကိုပြန်ဆင်းလို့လာမိပါတယ်။ အောက်ရောက်တော့ ဘုရားများကြားကနေဖြတ်ရင်း ဖြတ်ရင်း ဝင်ပေါက်ကိုပြန်ရောက်လာပါတယ်။ ဝင်ပေါက်အောက်ဖက်ကိုကြည့်လိုက်တော့ ဝင်ပေါက်လမ်းလေးတစ်ခု။ အဲဒီလမ်းလေးအတိုင်းဝင်သွားလိုက်တော့ နောက်ထပ်ဂူအကျယ်ကြီးတစ်ခုထပ်တွေ့။ အထဲမှာဝင်ကြည့်တော့ရေတွေစိုရွှဲလို့ချောနေပါတယ်။ မလဲအောင်ဂရုစိုက်။ မဒမ်ပေါက်ရှာကြည့်တော့မတွေ့။ အထဲမှာတော့လှပတဲ့ကျောက်ပန်းဆွဲတွေ ကျောက်တိုင်တွေထပ်တွေ့။ အဲဒါနဲ့မဒမ်ပေါက်ကို အပြင်ထွက်ရှာတော့ ခုံပေါ်မှာထိုင်နေတာတွေ့။ သူ့ကိုခေါ်ပြီးအထဲပြန်ဝင်တော့ ဒီပုံတွေကိုရလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (30-5-2012)


myanmarcitizenJune 1, 20122min25920
အားလုံးပဲ ချစ်သူဆိုလို့တစ်မျိုးမထင်ကြပါနဲ့ခင်ည မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ က တင်ပါပြောလို့ ကျိုးစားပြီးတင်လိုက်တာပါ။ လမ်းကိုမြင်ပြီးတော့တော့ စိတ်ညစ်မသွားဖို့ ပြောထားပါရစေဗျာ။ ကျွန်တော်သွားတဲ့အချိန်က တကယ့် မိုးသဲသဲမဲမဲ ရွာတဲ့အချိန်ရယ် နောက်ပြီး တောင်ပျိုတဲ့မြေတွေကလမ်းပေါ် ရောက်နေလို့ပါခင်ဗျ။ နွေအခါ ဆိုလို့များကတော့ ရန်ကုန်က နေ ညနေ ၃နာရီထွက်တယ်ခင်ဗျ ရဲအောင်လံ ကားပေါ့။ ည ၁၀-၁၁ နာရီ လောက်ဆို ဂွကိုရောက်ပြီပဲ။ သံတွဲဆိုရင် မနက်စောစောရောက်တာပဲ။ ဂွကားတွေကတော့ ထွက်ချိန်မမှန်ဘူးခင်ဗျ။ ဒီကစပါယ်ယာတွေအတိုင်းပဲ တော်ကြာထွက်မယ်၊ ခုထွက်မယ် ၊ ထွက်ချင်မှလဲ ထွက်မယ် ဆိုသလိုပဲ ညနေ ၅ နာရီထွက်တယ်လို့တော့ပြောတာပဲ။ ကျွန်တော်စီးလိုက်ရင် ဘယ်တော့မှ ၇-၈ မထိုးပဲ မထွက်ဘူးရယ်။(ကိုယ့်ကံဆိုးလိုနေမှာပါ)။ နောက်ထပ်ပြီးတော့ ကမ်းသာယာနဲ့ ငပလီ ပုံတွေထပ်တင်အုန်းမယ်။ ၁. ငသိုင်းချောင်း […]


      20 နံရံပေါ်မှာအဆင့်ဆင့်တည်ထားတဲ့ဆင်းတုတော်များ “ရွှေဥမင် အတွင်းပိုင်းတစ်ံ”   ဓါတ်လှေခါးကဆင်းပြီးတဲ့အခါမှာ အပေါ်တက်တဲ့လှေခါးလေးတစ်ခုတွေ့ရပါတယ်။ လှေခါးလေးအတိုင်းတက်သွားတဲ့အခါမှာတော့ စေတီလေးတစ်ဆူ။ ဘုရားရှိခိုးနေသူလဲရှိ။ လူလတ်ပိုင်းတစ်ယောက်ကတော့ ဘုရားဖူးလာသူအမျိုးသမီးနှစ်ဦးကို ဘုရားသမိုင်းကြောင်း ကိုရှင်းပြလို့နေပါတယ်။ ဘုရားအတွင်းက နံရံအောက်ခြေကစလို့ ဂူအမိုးထိတိုင်အောင်သဏ္ဍာန်အမျိုးမျိုးသောဆင်းတုများနဲ့ ပြည့်လို့နေပါတယ်။. နေရာအနှံ့မှာ ဆင်းတုတော်တွေရှိနေပါတယ်။ စေတီလေးကနေ အနောက်ဖက်ကို ထွက်လိုက်တဲ့အခါ ဝင်္ကပါလမ်းကလေးကိုတွေ့ရပါတယ်။ မျက်နှာချင်းဆိုင်တည်ထားတဲ့ ဆင်းတုတော်တွေကြားမှာ လူတစ်ယောက်သွားသာရုံလမ်းကလေး လုပ်ပေးထားပါတယ်။ ဒီလမ်းကလေးအတိုင်းကွေ့လိုက်ကောက်လိုက် လိုက်သွားရင်းကနေ အပေါ်ဘက်ကို ရောက်မှန်းမသိရောက်သွားပါတယ်။ အပေါ်မှာလဲ ဆင်းတုတော်ပုံစံမျုိုးစုံကိုဖူးမြင်ရပါတယ်။ ကျနော့်အဘို့တော့ မြင်မြင်သမျှဓါတ်ပုံရိုက်ချင်စရာချည်းပါဘဲ။ ကဲ ဖူးလိုက်ကြပါအုံးဗျာ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (30-5-2012)