koaungMarch 5, 20123min16110
ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့မှာရှိတဲ့ ၁၀၁ထပ်အမြင့်အဆောက်အဦးကြီးဖြစ်ပါတယ် ကဗာ့အမြင့်ဆုံးအဆောက်အဦးထဲကတခုပါ တိုးရစ်များအဓိကထားလာလည်သောနေရာဖြစ်ပါတယ် သည်းခံအားပေးကြပါ  အစဉ်လေးစားလျှက်                     အဲဒီနေရာတဝိုက်လုံးကရှောပင်စန်တာတွေပါ တနင်းလာနေ့ဆိုလူနဲတတ်တယ် စနေတနင်းဂနွေဆိုလူများတတ်ပါတယ် အလုဎ်နဲ့အဲဒီဖက်ရောက်တုံးရွာသူရွာသားများအားအ လည်ခေါ်သွားခြင်းဖြစ်ပါကြောင်း    


manawphyulayMarch 5, 20121min41016
လှတောက လူတွေ စကားတတ်တယ်ဆိုတာ အရင်တုန်းကတော့ စာအုပ်တွေဖတ်ဖူးလို့ သိရပါတယ်။ ခုတော့ သူတို့စကားပြောပုံတွေက ဥပမာလေးတွေနဲ့ ပြောပုံဆိုပုံအပြင် နဘေ ကာရန်နဲ့လည်း ပြောတတ်ကြတာ တွေ့ရတယ်။ နောက် နှိုင်းယှဉ်ပြီးလည်း ပြောတော့ ရယ်စရာမပြောလည်း ရယ်ဖို့ အတော်ကောင်းတယ်။ ပြောလိုက်ရင် ကွက်ကွက်ကွင်းကွင်းကို ဖြစ်ဖြစ်သွားတယ်။ သူတို့ပုံစံတွေကတော့ အတော့်ကို ရိုးသားကြတယ်။ ခင်မင်ဖွယ်လည်း ကောင်းတယ်။ မရောက်ဖူးတဲ့နေရာမှာ အထူးအဆန်းကိုဖြစ်နေတော့တာပါပဲ။


    “စိမ်းစိုလန်းရွှင် တောင်သမန်ဝန်းကျင်”   တောင်သမန်ရောက်တော့ မနက်နေကထွက်နေပြီ။ အဲဒါနဲ့အောက်ထဲဆင်းပြီး ဓါတ်ပုံစိတ်တိုင်းကျရိုက်ပါတယ်။ ဓါတ်ပုံရိုက်နေရင်းက လက်ပံပင်မှာအပွင့်တွေဝေနေတာကိုလှမ်းကြည့်လို်က်တော့ လက်ပံပင်နံဘေးမှာ အုတ်ရိုးအပျက်လက်ကျန်လေးတစ်ခု။ အဲဒါလေးကိုလက်ပန်ပင်နဲ့တွဲရိုက်လိုက်ပါတယ်။ အဲဒီအုတ်ရိုးလေးပေါ်ကတက်ကြည့်တော့ တောင်သမန်ရွာရယ် ဦးပိန်တံတားရယ်ကိုဝိုးတဝါးမြင်ရပါတယ်။ မြူမူံတွေဆိုင်းနေလို့ပါ။ ကြည့်နေရင်းက ဒီအုတ်ရိုးလေးအရှေ့ဘက်မှာရှိတဲ့ဘုရားလေးဆီကိုသွားချင်စိတ်ပေါက်လာပါတယ်။ အလာတုန်းက အဲဒီနားမှညောင်ပင်ကြီးတစ်ပင်ကိုလဲတွေ့ထားတာကိုး။ အဲဒါနဲ့လက်ပန်ပင်လဲရို်က်ပြီးရော ဆိုင်ကယ်ယူပြီး ဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။ ဘုရားနားရောက်တော့ ဘုရားဝင်းထဲဝင် ပြီး ဓါတ်ပုံရို်က်ဘို့လုပ်ရပါတော့တယ်။ ဘုရားတောင်ဘက်ထွက်လဲထွက်လိုက်ရော အောက်နားလေးမှာ ကျွဲနှစ်ကောင်ရယ် ဘဲခြံရယ်တွေ့လို်က်ပါတယ်။ အဝေးကိုလှမ်းကြည့်တော့ လှပတဲ့မြင်ကွင်းတွေကို သစ်ပင်တွေက ကွယ်နေပါတယ်။ အဲဒါနဲ့ဘုရားတောင်ဘက်ခြမ်းကိုထွက်လာလိုက်ပါတယ်။ အဲဒီကနေကြည့်တော့အမိုးအကာတွေပျက်စီးယိုယွင်းနေတဲ့ ရေတွင်းဟောင်းလေးတွေ့။ အဲဒါလေးကို လက်ဆော့။ ဟိုအဝေးကို လှမ်းကြည့်မိတော့ ပြာလွင်သောကောင်းကင် အစိမ်းနုရောင်ကောက်ပင်၊ နေရောင်ခလို ရွှေရောင်တွေကြွနေတဲ့ ရေပြင်။ ရေပြင်နဲ့လယ်ကွင်းကြားမှာရှိတဲ့ တောင်ယာတဲလေး မြူမူန်တွေကြားထဲကြောင့် ဝိုးတဝါးဖြစ်နေတဲ့မြင်ကွင်းတွေ့တော့ ကင်မရာခလုတ်နှိပ်ဘို့တောင် မေ့သွားသလို………………………..။ […]


“တောင်သမန်ကလက်ပန်ပင်”   တောင်သမန်အင်းမြောက်ဘက်က နေပြီး ဓါတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ လက်ပန်ပင်ကြီးကို လဲရိုက်ဘို့ သတိရလိုက်ပါတယ်.။ ဒီလက်ပန်ပင်ကတော့ ရတနာပုံတက္ကသိုလ်ကို တက်ဘူးသူတိုင်း၊ တောင်မြို့မှာနေသူတိုင်းသိတဲ့အပင်ကြီးပါဘဲ။ ထူးထူးခြားခြား လမ်းအလည်ခေါင်မှာ မတ်မတ်ရပ်နေတဲ့အပင်ကြီးပေါ့။ မနှစ်က ကျနော် ဒီအပင်ကြီးကို ရိုက်တင်ဘူးပါတယ်။ အဲဒီတုံးကတော့ လမ်းမပေါ်က နေ မတ်တပ်ရပ်ပြီးရို်က်တင်သွားတာပါ။ အခုတော့ ပုံစံအမျုိုးမျိုးနဲ့ပေါ့။ ကဲ  လက်ပန်ကို ခံစားလိုက်ကြပါအုံးနော်။ နောက်အားရင်တော့ ရွှေကြက်ယက်ဘက်က လက်ပန်တွေ ကန်ပတ်လမ်းက လက်ပန်တွေတင်ပေးပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ အတွေးပါးပါး (1-3-2012)          


    “လေးနှစ်တကြိမ် မှရောက်လာတတ်သော တောင်သမန်အင်းရဲ့ နံနက်ခင်းအလှ”   (29-2-2012)ဆိုတဲ့နေ့က ကမ္ဘာသုံးပြက္ခဒိန်မှာ လေးနှစ်မှ တစ်ကြိမ်သက်ရောက်တဲ့နေ့ထူးလေးပေါ့။ အဲဒီနေ့မနက်က လမ်းလျှောက်ရင်း ကနေ တောင်သမန်ကို မနက်စောစော တစ်ခါမှမသွားဘူးတာသတိရသွားတာနဲ့ရှမ်းကလေးကျွန်းဆက်မသွားဘဲလှည့်ပြန်ခဲ့ပါတယ်.။ ခါတိုင်းဒီလိုဥပုဒ်နေ့ဆိုရင် ရှမ်းလေးကျွန်းဘက်အထိ အတော်ဝေးဝေးလမ်းလျှောက်တတ်ပါတယ်။ အဲဒါနဲ့ဆိုင်ကယ်ယူ ပြီးတောင်သမန်အင်းဘက်ထွက်ခဲ့ပါတယ်။ အာဇာနည်ကုန်းနားရောက်တော့ လွမ်းသူ့ပန်းခွေချိတ်ထားတာတွေ့ရပါတယ်။ ဒါပေမယ်အပြန်မှရိုက်မယ်ဆိုပြီးဆိုင်ကယ်အမြန်မောင်းခဲ့ပါတယ်.။ နေအရုဏ်တက်မမှီမှာစိုးလို့။ ကျနော်ထွက်လာတော့ ခြောက်နာရီ တစ်ဆယ်ငါး။ လှမ်းကြည့်တော့ နေကရဲနေပြီ။ မမှီမှာစိုးတော့ ဆိုင်ကယ်ကို ဒုန်းမောင်းရပါတော့တယ်။ အစက တွက်ထားတာ တံတားနောက်ခံနဲ့ နေလုံးနီနီရိုက်ချင်တာ။. အခုတော့နောက်ကျသွားပါတယ်။ အဲဒါနဲ့ မြောက်ဘက်ခြမ်း အင်းအစပ်က ထန်းပင်အောက်မှာ ဆိုင်ကယ်ရပ်။ အပြေးအလွားလက်ဆော့တော့ ဒီပုံတွေရလာပါတယ်။ စိတ်ထဲမှာလဲ အတော်လေးကိုကျေနပ်သွားပါတယ်။ နောက်အဝေးကလှမ်းမြင်ရတဲ့ လက်ပန်ပင်ကို သွားရိုက်ဘို့ စိတ်ကူးလိုက် တဲ့အခါ…………………………..     […]


    9 ရေထဲမှ အလည်ရောက်နေတဲ့နန်းမြို့ရိုးအရိပ်   “မန်းလေးက ရှေးအမွေ အမှတ်လေး”   မန်းလေးကျုံးပါတ်ပါတ်လည်ကို ရောက်တိုင်း ကြုံတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။ အဲတော့ရိုက်တာတွေများတော့ မမှတ်မိဘူးဖြစ်ပြန်ရော။ အစကတော့ စဉ်ထားတဲ့အတိုင်းထဲ့ရင်း ကော်နက်ရှင်နှိပ်စက်တော့ ကမောက်ကမ။ အဲတော့ အပိုင်းလေးတင်ပေးလိုက်ပါတယ်။ ထပ်သွားရင် မှတ်မိအောင်တင်ပေးတယ်သဘောထားလိုက်ပါနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့ အတွေးပါးပါးလေး။ (28-2-2012)        


    “မန်းလေးက ရှေးအမွေ အပိုင်းသုံး”   တစ်ရက်နေ့လည်ဘက် မန်းလေးအနောက်ကျုံးဒေါင့် 26ဘီလမ်း ၊ လမ်း80အရောက် ဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့ အနောက်ကျုံးဒေါင့်ကနေစပြီး ရိုက်လာပါတယ်။ အဲဒီနေ့ညနေက ကောင်းကင်ကလဲ ပြာလဲ့။ ဒါနဲ့တောင်ကနေမြောက် ဆိုင်ကယ်စီးလိုက် ရပ်လိုက် လက်ဆော့လိုက်ပေါ့။ 24လမ်းနားရောက်တော့ မြို့ရိုးပေါ်က ထန်းတော ညိုညို။ (ရွာထဲက မောင်ပုအဖိုးရဲ့အဖေစိုက်ခဲ့တယ်ပြောတာဘဲ) လှမ်းကြည့်တော့ အမင်္ဂလာကိစ္စမှာသာသုံးတယ်ဆိုတဲ့အာဠဝီကိုလှမ်းမြင်ရ။ 24လမ်း နည်းနည်းလွန်တော့ မန်းလေးဂုဏ်ဆောင်(စာပေဟောပြောပွဲတွေ၊ဗုဒ္ဓဘာသာသင်တန်းတွေပေးတဲ့ )ဓမ္မဗိ္မာန်။ အာဠဝီကိုလွန်တော့ မြောက်ပြင်ဘက်က ပြအိုးတွေပစ္စင်တွေ ကို တွေ့တော့ လက်ဆော့။ အဲဒါနဲ့ 16လမ်းကျော်ပြီး 12လမ်း အနောက်မြောက်ကျုံးဒေါင့်ရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မန်းလေးတောင်ကို လှမ်းမြင်နေရပါတယ်။ အင်မတန်ကို မမေ့နို်င်စရာလို့ ထင်မိပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့အတွေးပါးပါး။ (28-2-2012)   […]


    “မန ္တလေးက ရှေးအမွေ အပိုင်းနှစ်”   ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင် “ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။ ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလုို့ခေါ်၏) ပင်အောက်မှာ သွားဆော့။ အဲဒီတုံးက ကျုံးကမြေသား။ ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။ အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ. နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။ အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထုးိရသေးတာလေးတွေကို တင်ပေးလိုက်ပါရဲ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (27-2-2012)        


Mလုလင္February 28, 20122min33928
ဒီလပိုင်း မှာ ခရီး အထွက်များပြီး ဓာတ်ပုံ အရိုက်ကြဲသွား တာကတော့ ကျွန်တော့ အတွက် အံ့ဩစရာ ပါပဲ။ စိတ်ရှုပ်နေတဲ့ အချိန်မှာရိုက်တဲ့ ပုံတွေကလဲ ရှုပ်နေတယ်။ ၈ ရက်လောက် ကြာအောင် သွားနေ ပြီး ခလုပ် အချက် ၂ဝပြည့်အောင် မနှိပ်ခဲ့ ရတဲ့ ဒီခရီးကတော့ အမှတ်တရပါပဲ။ ဟိုး တစ်နေ့က က စံနစ်လား ဗီဇ လား ဆိုတဲ့ ပိုစ့် (ပြန်ရှာချင်ပြီး အတိအကျ ရေးပေးလို ပါသော်လည်း … ကွန်နက်ရှင်က မျက်နှသာမပေး) မှာ သပြေကုန်းဈေး က နဲနဲ ပိုသန့်တယ်လို့ မန့်ခဲ့ မိပါတယ်။ အဲဒါလေး သက်သေ ထူတဲ့ အနေနဲ့ ရိုက်ထားတာ လေး […]


Diamond KeyFebruary 27, 20124min26316
မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်း၊ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဓါတ်ပုံ မထွေထွေမှာ အမြဲပါတတ်တဲ့၊ မန္တလေး နဲ့ အမြဲတွဲမြင်ကြားရတဲ့ မန္တလေးတောင်ကိုတော့ လူတိုင်း မြင်ဖူးသိဖူး၊ ရောက်ဖူးကြမှာပါ။ ဟိုတုန်းကဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်က ကြိုနေတဲ့ တောင်ဖက်စောင်းတန်း လှေကားထစ်ကလေးတွေ ကနေ တောင်ပေါ်ကို တက်ခဲ့ကြပြီး အခုတော့ တောင်တက်ကားလမ်းကနေ ကားလေးတွေ၊ ဆိုင်ကယ်လေးတွေနဲ့ပါ တောင်ထိပ် ရင်ပြင်တော်ဆီ တက်လို့ရနေပါပြီ။ အဲဒီ တောင်တက်လမ်းကလေးက မနက်စောစော နဲ့ ညနေပိုင်းတွေမှာ မန္တလေးသူ၊ မန္တလေးသားတွေ ကျန်းမာရေးအတွက် တောင်တက် လမ်းလျှောက်ရာ နေရာလေးတစ်ခု အဖြစ်တောင် စည်ကားနေပါပြီ။   တောင်တက်လမ်းမှာ ကိုယ်လက်လှုတ်ရှား အားကစား ခုတော့ ကမ္ဘာမှာ လည်ပတ်ချင်စရာ အကောင်းဆုံးနိုင်ငံတွေ စာရင်းဝင် မြန်မာရဲ့ မန္တလေးက […]


    “မန်းလေးကရှေးအမွေ…………..တစ်”   မြန်မာပြည်နောက်ဆုံးမင်းဆက်နေသွားခဲ့တာကတော့ ရတနာပုံမန္တလေး။ လွန်ခဲ့သောနှစ် 150က တည်ထားတာဆိုတော့ ကျုံးမြို့ရိုးပြအိုးပစ္စင် အကုန်အစုံမြင်နိုင်ပါသေးတယ်။ ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။ ကျုံးထဲမှာကြာပန်းရှိတယ်။ ရေမှော်ရှိတယ်။ ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။ ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။ ငယ်ကတည်းက ကျုံးဘေးမှာနေလာသူဆိုတော့ ပိုသံယောဇဉ်ကြီးမိပါရဲ့။ အခုနောက်ပိုင်းကျုံးမဟုတ်ဘဲကန်ဖြစ်သွားတယ်။ မြေဘောင်ကနေကျောက်စီဘောင်ဖြစ်သွားတယ်။ ငယ်က ကျုံးဖြတ်တဲ့တံတားတွေပျောက်သွားတယ်။ ဒါပေမယ့် မပျောက်ပျက်သေးဘဲကျန်နေတာလေးတွေတင်ပေးလိုက်ပါတယ်။ ဒါကိုတော့ထပ်အစားမထိုးစေချင်ပါဘူး။       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။ (25-2-2012)        


  “မြင်ရခဲတဲ့မန်းလေးတောင်ကခြင်္သေ့”   တရက်မန်းလေးတောင်ခြေမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်အလည်သွားပါတယ်။ ပျင်းတာနဲ့လျှောက်ကြည့်ရင်း အထင်ကရခြင်္သေ့ကြီးများကို မြင်လိုက်ရပါတယ်။ ကျနော်က လမ်းလျှောက်ရင်းခြင်္သေ့ကြီးဖင်ဘက်ကိုရောက်သွားတော့ ကိုင်းငါ့ရွာသားများ မြင်ရခဲတာလေးမြင်ရအောင်လက်ဆော့အုံးမှဘဲဆိုပြီး လက်ဆော့လိုက်ပါတယ်။ နောက်တော့ ဟိုအရင်က ရိုက်ထားတဲ့ရှေ့တည့်တည့်ကပုံလေးနဲ့ရောတင်ပေးလိုက်ပါတယ်။ လှမှလှပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (25-2-2012)