Mon LaySeptember 9, 20192min2040
2016ကနေခုချိန်ထိစာရေးလာတာ ပို့စ်တွေလည်းတော်တော်များပါပြီ။ အဲထဲကမှ တော်တော်လေး hit ဖြစ်ခဲ့တဲ့ပို့စ်ကိုပြန်ရွေးမယ်ဆို….စဉ်းစားကြည့်ရင်..ကော်မန့်တွေလည်းရှိသင့်သလောက်ရှိ၊ like လည်း အတော်အသင့်ရ၊ ကိုယ်တခါမှမကြုံဖူးတဲ့ ပုံစံမျိုးကြုံခဲ့တဲ့ water boom post ကိုပဲ hit ဖြစ်ခဲ့တယ်လို့ပဲမွန်လေးကတော့ပြောချင်ပါတယ်။ ဘယ်လိုတောင်Hit ဖြစ်ခဲ့သလဲဆိုရင် ကို်ယ်က water boom ကိုသွားပြီး ပြန်ပြီးreview ရေးတဲ့သူပါ။ ဘယ်လိုတွေစီးကောင်းခဲ့တယ်။ ဘယ် Slide တွေကဘယ်လိုဆိုပြီး သွားချင်အောင်ပြန်ရေးတာကို water boom ကလား၊ အမက water boom ကလား။ လက်မှတ်ဝယ်ချင်လို့ပါ။ တချို့ဆို ဘောလုံးလာကန်ချင်လို့ booking လုပ်ပေးပါ။ ဈေးကော ဘယ်လောက်ရှိပြီလဲ။ သူတို့ ၅ယောက်လာမှာ ဈေးမလျှော့ပေးဘူးလားနဲ့ မွန်လေးက water boom ကမဟုတ်ပါဘူး၊စာ ရေးပေးတဲ့သူလို့ပြန်ပြောလည်းမရဘူး။ ဖုန်းတွေ တကွမ်ကွမ်ဆက်၊ မကိုင်မချင်းကိုဆက်တာ။ […]


Mon LaySeptember 6, 20192min30540
ဘာလီဆိုတာ အင်ဒိုနီးရှားနို်င်ငံရဲ ့ပြည်နယ်လေးတစ်ခုပါ။ အဲ့ကိုသွားဖို့ဆို မြန်မာကနေ transit လေယာဉ်နဲ့သွားမှရောက်ပါတယ်။ ဘာလီရောက်ရင် ကမ်းခြေတစ်ခုပဲလည်ရမှာမဟုတ်ပါဘူး။ တခြားလည်စရာ၊ပတ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်နယ်လေးပါ။ အဲလိုပါပဲ..သူမှာမြည်းစမ်းကြည့်ဖို့အတွက် အစားအစာတွေဆိုတာလည်း ပြည့်နှက်နေတာပါ။ ဟိုတလောက အမတစ်ယောက်က သူဘာလီသွားဖို့ရှိတယ်။ အဲ့မှာ ဘာတွေစားရမလဲတဲ့။ မွန်လေးသွားတုန်းကတော့ Royal Active Travels နဲ့သွားခဲ့တာဆိုတော့ တိုးကစီစဉ်ပေးတဲ့ဆိုင်မှာစားခဲ့တာပေါ့နော်။ ကိုယ့်ဖာသာ free & easy သွားမယ်ဆိုရင်တော့ စားလို့ရတဲ့ အစားအစာတွေကတော့အများကြီးပဲရှိပါတယ်။ ဒီထဲကမှ ကိုယ့်မြန်မာတွေရဲ ့ပါးစပ်နဲ့ကိုက်ညီတဲ့ သူတို့ရဲ ့ဒေသအစားအစာကို မြည်းစမ်းလို့ရအောင် မွန်လေးက ဖော်ပြပေးသွားပါမယ်။ ဘာလီဆာတေး ကိုယ်တွေမှာလည်းဆာတေးကင်ဆိုပြီးရှိတယ်နော်။ သူတို့မှာလည်းဆာတေးကင်ဆိုပြီးရှိပါတယ်။ အရသာကတော့အသားကိုကင်တာပါပဲ။ မတူတဲ့အချက်က အချဉ်ရည်အရသာနဲ့ အသားတွေကို ဝါးနဲ့ထိုးတာပါပဲ။ Babi Guling ဝက်သားပေါက်လေးတွေကို ကင်ထားတာပါ။ ပြီးတော့ အရွက်တွေလည်းအစုံပါတယ်။ […]


Mon LaySeptember 5, 20192min2270
တောင်ကိုရီးယားနိုင်ငံရဲ ့မြို ့တော်က ဆိုးလ်ပါ။ အဲ့ဆိုးလ်မြို ့ဆိုတာ..ရှော့ပင်ကြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံဆိုလည်းမမှားပါဘူး။ ပစ္စည်းတွေဆိုတာ ခေါင်းအစ ခြေအဆုံး အကုန်လုံးရတဲ့အပြင် လက်မှု အနုပညာပစ္စည်းတွေအထိ တစ်နေရာထဲမှာ ဝယ်ယူနို်င်တာမျိုးပါ။ ဈေးဝယ်စင်တာကြီးတွေ၊ ကုန်တိုက် တွေကနေ လမ်းဘေးဈေးဆိုင်ငယ်လေးတွေအထိ ဈေးအရမ်းဝယ်လို့ကောင်းတာပါ။ ဆိုးလ်မြို ့ရဲ ့လူသိများနာမည်ကျေ်ာတဲ့ ရပ်ကွက်တွေမှာဆို မိသားစုလိုက်အတူတကွ ပျော်ရွှင်နို်င်တဲ့ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းချီပြခန်းတွေ နဲ့ ကစားကွင်းတွေရှိလို့နေပါတယ်။ အဲ့နေရာတွေမှာ အက် မင်တို့ဟာ ဖက်ရှင်ရှိုးတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ဆိုင်တဲ့ ပွဲတွေ နဲ့ သံစုံတီးဝိုင်းပွဲကို ကြည့် လို့ ရတယ်။ ဒီတော့ အက်မင်က ဈေးဝယ်ရတာခုံမင်တဲ့ သူတွေအတွက် ဆိုးလ်မြို ့ရောက်ရင် ဝယ်လို့အကောင်းဆုံး နေရာများကိုဖော်ပြပေးသွားပါမယ်။ Myeongdong Market (မြောင်ဒုံး) မြောင်ဒုံးဈေးဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ […]


Mon LaySeptember 4, 20195min3640
ဟိုတလောက မွန်လေးရဲ ့post အောက်မှာ ခရီးသွားရင် အရင်ဦးဆုံးခေါင်းစားရတာ အဝတ်အစားထည့်တာပဲတဲ့။ အမရောခရီးသွားရင်ဘယ်လိုထည့်လဲတဲ့..အမဝတ်တာလေးတွေက နေရာဒေသနဲ့လိုက်တယ်တဲ့။ သူတို့ခရီးသွားရင် အဆင်မပြေဘူးတဲ့။ အကြံဉာဏ်လေးပေးပါဆိုလို့..အများသူငါလည်းသိလို့ရအောင်ပြန်ရှယ်ပေးလိုက်ပါတယ်။ လူတိုင်းကတော့ ကိုယ့်စတိုင်နဲ့ကိုယ်..ဝတ်ကြတာပဲပေါ့နော်။ အဓိကက သက်တောင့်သက်သာဖြစ်ဖို့ရယ်၊ ဘယ်နေရာလေးဆို ဘယ်လိုလေးဝတ်လိုက်ပါလားလို့်ပဲမွန်လေးကတော့ အကြံပေးချင်ပါတယ်။ ဒီနေရာမှာ ဒါဝတ်မှဝတ်ရမယ်လို့ မပြောချင်ပါဘူး။ တော်ကြာ ခရီးစရိတ်ကနည်းနည်းပဲကုန်ပြီး အဝတ်အစားဖိုးကပိုကုန်နေဦးမယ်။ ရှိတာလေးနဲ့လှအောင်ဝတ်ရင်လည်း ရပါတယ်လို့။ ဒီတော့ ပထမဦးဆုံးက #နေရာဒေသ ☘️ ကိုယ်သွားမယ့်နေရာနဲ့လိုက်ပြီး အဝတ်အစားရွေးချယ်ပါ .. ဥပမာ စိမ်းစိုနေတဲ့တောင်တန်းတွေဆီသွားမယ်ဆိုရင် ကိုယ့်ကိုပေါ်လွင် အနီရောင်၊အဝါရောင်၊အပြာရောင်တောက်တောက် တို့ကိုရွေးကြည့်သင့်တယ် .. ပုဂံလို၊နယ်ဘက်တွေ လိမ္မော်ညစ်ရောင်ရှိတဲ့ temple တွေ၊ နေရာတွေသွားမယ်ဆို အဖြူရောင်၊ အနီရောင်နဲ့ အဝါရောင် တွေကို ဝတ်ကြည့်ပါ၊ဘုရားဆိုတော့ မြန်မာဆန်ဆန်လေးဝတ်ရင်လည်း ကြည့်ကောင်းပါတယ်။ ကမ်းခြေလိုနေရာမျိုးဆိုရင်တော့ အပြာရောင် နဲ့ အဖြူရောင် ကိုရွေးကြည့်ပါ။ […]


Mon LayAugust 26, 20194min30672
မြန်မာ့လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးပြီး စိတ်ကြိုက်ရွေးဝယ်ချင်လို့ ပြီးခဲ့တဲ့အပတ်က YK collections ဆိုင်လေးကို မွန်လေးရောက်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တော့ သွားရောက်အားပေးခဲ့ပါတယ်။ YK Collections Social Enterprise ဟာ ၂၀၁ဝ ခုနှစ်ကတည်းကစတင်ပြီး မြန်မာ့လက်မှုပစ္စည်းလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းက ပစ္စည်းတွေနဲ့ပဲ နားဆွဲ၊ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ မြန်မာ့ရိုးရာအရုပ်တွေ၊ လက်ဖက်ခြောက် စတဲ့စတဲ့ ထုတ်ကုန်တွေအများကြီးကို နှစ်ပေါင်းများစွာ ​ထဲက ​တော်​​တော်​ဖြည်​းဖြည်​း​လေးနဲ့  အောင်မြင်အောင်ထုတ်ဝေနိုင်ခဲ့တာ အခုဆိုရင် သက်တမ်း၉နှစ်ထိ ရောက်ရှိခဲ့ပါပြီ။ ကိုယ်ဆို ဆို်င်ထဲဝင်လိုက်တာနဲ့ စပါးလင် အနံ့သင်းသင်းလေးရလိုက်လို့ စိတ်ကိုကြည်လင်သွးတာပဲ။ ပြထားတဲ့ပစ္စည်းလေးတွေကလည်း ချစ်စရာလေးတွေ..သေးသေးကွေးကွေး ဘုစုခရုကနေ..တောင်းအကြီးကြီးတွေအထိရှိတယ်။ ဝယ်ယူရရှိနိုင်သော ပစ္စည်းများ ချည်သားအိတ်လေးတွေ ချိုင်းညှပ်အိတ်ကအစ ရှော့ပင်အိတ်လေးတွေထိ၊ ဒေါ်စုပုံပါတဲ့ စာအုပ်လေးတွေ၊ စကျင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ ကြာပန်းပုံ ပန်းကန်ပြားတွေ ကိုယ်ဆိုလာဘ်ကောင်းအောင် […]


Mon LayAugust 26, 20193min34120
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


Mon LayAugust 20, 20191min2140
ခုနောက်ပိုင်း မြန်မာလူမျိုးတွေက နိုင်ငံရပ်ခြားကိုခရီးသွားတာအရမ်းများလာတယ်။ ပိတ်ရက်ရှိပြီဆိုတာနဲ့ oversea oversea ပဲသွားမယ်ဆိုတာချည်းပဲ။ ဒီတော့ တိုးလုပ်ငန်းတွေလည်း outbound ကိုပိုလုပ်လာကြတယ်။ အဲ့မှာ မြန်မာလူမျိုးတွေကို နို်င်ငံခြားထိဦးဆောင်ခေါ်သွားပေးမယ့် မြန်မာကတိုးလီဒါရဲ ့တာဝန်က အရမ်းကိုအရေးကြီးပါတယ်။ ဟိုဘက်ကဂိုက်ကဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ..ဒီဘက်ကမြန်မာဂိုက်ကကောင်းကောင်း handle လုပ်နိုင်ရင် ခရီးစဉ်အစအဆုံး အဆင်ပြေနိုင်ပါတယ်။ အဲ့လောက်ထိသူ့တာဝန်ကအရေးပါလို့ သူမှာရှိသင့်တဲ့ တာဝန်တွေကို ဖေ်ာပြပေးလိုက်ပါတယ်။ ၁။ နိုင်ငံခြား ​ဘာသာစကား ကျွမ်​းကျင်​စွာ တတ်​ကျွမ်​းရမည်​။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့နော်။ အင်္ဂလိပ်စာကတော့ ကမ္ဘာသုံးကိုး။ ၂။ ကို်ယ်သွားမယ့်နေရာတွေအကုန်လုံးရဲ ့အကြောင်းကိုသိထားရပါမယ်။ ဒါကလည်း google မှာရိုက်ရှာရင်အကုန်ရပါတယ်။ facebook တစ်ခုလုံးကို ဝင်မွှေလည်းရတယ်။ ၃။ ဟိုရောက်ရင်လည်း အလျဉ်းသင့်သလို ဒါကတော့ ဘာ၊ ဟိုဟာကတော့ ဘာဆိုပြီး ပြောပြတတ်ရပါမယ်။ ၄။ ဟာသဉာဏ်ကလေးရွှင်ရင် […]


Mon LayAugust 15, 20191min1700
ခရီးချည်းပဲသွားချင်နေတဲ့စော်လေးများ သင်တို့ဆီမှာရှိပါလား။ ပြီးတော့ ခရီးပဲသွားနေလို့ ကိုယ်နဲ့ တွေ့ချိန်နည်းတာမျိုးတို့ ဒါမှမဟုတ် ခရီးသွားဖေ်ာအဖြစ်နဲ့ လိုက်ပေးရတာတို့ဆို ငွေခဏခဏကုန်တာပဲဆိုပြီး တွေးနေတယ်မှတ်လား။ အဲလိုအဆိုးမြင်တဲ့အပိုင်းက မတွေးဘဲ..အကောင်းဘက်ကဖြစ်လာတယ်လို့တွေးလိုက်ရင် ကိုယ့်ချစ်သူကို ပိုလို့တောင်ချစ်သွားနိုင်တယ်နော်။ ဒီတော့ မွန်လေးက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးမယ်နော် ✔️ သူအလုပ်ကိုကြိုးစားလုပ်၊ငွေစုပြီး ခရီးသွားတဲ့အတွက်ကြောင့် အလုပ်ကြိုးစားချင်စိတ်ရှိတယ်ဆိုပြီး ပီတဖြစ်နိုင်ပါတယ်။ ✔️ ခရီးသွားလို့ ဒေသန္တယ ဗဟုသုတ ကြွယ်ဝတယ်ဆိုပြီးလည်း အထင်ကြီးနိုင်ပါတယ်။✔️ ပြန်ရှယ်ပေးတတ်တဲ့ စိတ်ကလေးကြောင့်လည်း စိတ်ထားကောင်းတဲ့ကောင်မလေးအဖြစ်အသိအမှတ်ပြုနိုင်ပါတယ်။✔️ ခရီးသွားတဲ့မိန်းကလေးတွေဟာ အများအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့် ပျော့ညံ့တဲ့သူမဟုတ်ကြောင်းကို ဂုဏ်ယူနိုင်ပါတယ်။✔️ သူမကို မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ ဝယ်ပေးရတာထက် သူကြိုက်တဲ့၊ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရတာလောက် စိတ်ချမ်းသာစရာကောင်းတာ မရှိပါဘူး။✔️ သူမဘာလိုချင်တယ်ဆိုတာကို သူမဖာသာသိတဲ့အတွက်ကြောင့် ရည်မှန်းချက်ကြီးတဲ့ကောင်မလေးအဖြစ်လည်း လေးစားနိုင်ပါတယ်။ ✔️ စာဖတ်အားသန်တဲ့အတွက်ကြောင့်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ကောင်မေးလလို့ မှတ်ယူနိုင်ပါတယ်။ အကယ်လို့များ သင်ကိုယ်တိုင်လည်းကောင်မလေးနဲ့အတူခရီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက်လည်းပိုနားလည်လာနိုင်ပါတယ်။ ကဲ ဒီလိုဆို ခရီးသွားမက်တဲ့ကောင်မလေးကိုရထားတာ […]


Mon LayAugust 14, 20191min1690
ငယ်တုန်းရွယ်တုန်းမှာ ခရီးပိုသွားပါ။ သန်တန်းမြန်တုန်းမှာ ခရီးပိုသွားပါ။ လူတွေအကြောင်းသိချင်ရင် ခရီးပိုသွားပါ။ အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲသိချင်ရင် ခရီးပိုသွားပါ။ လူတွေနဲ့ကင်းချင်ရင် ခရီးပိုသွားပါ။ စိတ်ညစ်နေရင် ခရီးပိုသွားပါ။ အပေါင်းအသင်းတိုးချင်ရင် ခရီးပိုသွားပါ။ ပျော်ချင်ရင် ခရီးပိုသွားပါ။ အသုံးအဖြုန်းလျှော့ပြီး ခရီးပိုသွားပါ။ ကမ္ဘာလောကကြီးကို ချစ်တတ်အောင် ခရီးပိုသွားပါ။ အပင်လေးတွေကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သဘာဝကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သူများကို စေတနာနဲ့ မျှဝေတတ်အောင်လည်း ကြိုးစားပါ။


Mon LayAugust 13, 20192min2360
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၉)အားထုတ်ပြန်ထား “၂၀၁၉ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်းရှိအများပြည်သူတို့၏ အလုပ်ပိတ်ရက် (သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များ) 🤩သီတင်းကျွတ်ရုံးပိတ်ရက်- ၁၁.၁၀.၂၀၁၉ မှ ၁၅.၁၀.၂၀၁၉(၅ ရက်) (သောကြာ,စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ) 😍တန်ဆောင်မုန်းရုံးပိတ်ရက်- ၉.၁၁.၂၀၁၉ မှ ၁၂.၁၁.၂၀၁၉(၄ ရက်) (စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ)တို့ကိုပြင်ဆင်သတ်မှတ်ခဲ့ကြောင်းပါတဲ့… ချစ်တို့ရေ… ပိုက်ပိုက်လေးတွေစုထားကြမယ်နော်….ခုကတည်းက.. အဲကျရင်အမုန်းခရီးထွက်ကြမယ်… #breakingnews #holidays


Mon LayAugust 13, 20195min3570
အို.. ကိုရွှေမိုးရယ်.. ဘယ်လောက်တောင်ဝမ်းနည်းနေလို့ မရပ်နိုင်မစဲနိုင်..ဒီလောက်တောင်ရွာနေရတာလဲ🌧🌧🌧 နေရာလှလှလေးတွေတွေ့ရင် ဓါတ်ဖမ်းချင်စိတ်ကိုထိန်းမရတာဆောရီးပါ။ ထပ်ပြီးတင်ဖို့ ရှယ်ဖို့ စာတွေရှိပါသေးတယ်လို့..ဖတ်ပြီးဝေဖန်ပေးပါလို့.. Comment တစ်ခုက အသက်ပါပဲလို့။ #rainyday #raining #outside #yangon #international #airport #travelemperor


Mon LayAugust 9, 20191min3612
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayJuly 31, 20192min3032
Korea သွားစရာမလိုဘဲ Korea အကင်စားချင်ရင် Ko’s Food ကိုသွားပါ။ တကယ်ကိုရီးယားစားကိုကြိုက်တယ်..ခုံမင်တယ်.စမ်းပြီးစားကြည့်ချင်တယ်ဆို…Ko’s Food ဆိုတဲ့ဆိုင်လေးကိုသွားလိုက်ပါ။ ဆိုင်ပိုင်ရှင်ကိုယ်တိုင်က ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူဖြစ်နေခဲ့တာရော.. အရသာကလည်း သူများဆိုင်တွေနဲ့ မတူ..တမူထူးခြားကောင်းလွန်းတာရောကြောင့်မို့ပါ။ ဆိုင်လေးက တိုးချဲ့ဆို်င်ခန်းလေးမှာဖြစ်ပေမဲ့ စားလို့သောက်လို့အရမ်းကောင်းတာကြောင့် နေရာအနေအထားလေးတောင် စားနေရင်း မေ့သွားနိုင်ပါတယ်။ ခရီးသွးတာလေး ခဏနားထားတော့ အစားအသောက်ဘက်ကို review ရေးချင်စိတ်ဖြစ်လာလို့၊ တကယ်လည်း စားကောင်းလို့..ပြန်ရှယ်ပေးတာပါ။ #တည်နေရာ တောင်ဥက္ကလာ၊ တကောင်းလမ်းမကြီး၊ တကောင်း (၈) လမ်းထိပ် မှာပါ။ ရှာမတွေ့ရင် ဖုန်း 09950789022၊ 09799802286 ကိုဆက်ပေးနော် #ဆိုင်ဖွင့်ချိန် Tue to Sun 02:00 pm – 09:30 pm ⏰ Closed on Monday !! […]