ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….(ရှင်ပင်ဆပ်သွား)” ပြီးခဲ့တဲ့အောက်တိုဘာတစ်ရက်မှာ မထင်မှတ်ဘဲ ကျောက်ဆည်က တမုတ်ဘုရားကိုရောက်ခဲ့ပါတယ်။ အဲဒီသွားတဲ့ရက်က သွားရင်းနဲ့လမ်းမှာဆိုင်းဘုတ်တစ်ခုဖတ်မိပါတယ်။ “ရှင်ပင်ဆပ်သွား”ရှေးဟောင်းဘုရားလို့ရေးထားပါတယ်။ တောင်းကြီးခေါင်းရွက်လာတဲ့အမေကြီးတစ်ယောက်ကလဲ “ဒီတည့်တည့်ဝင်သွား မဝေးဘူးရယ်”လို့ပြောပါတယ်။ ဒါပေမယ့် အဝင်ဝမှာဖတ်လာတဲ့ တမုတ်ဘုရားက အတွင်းကိုခြောက်မိုင်ဝင်ရမှာ။ အခုလာတာ လေးမိုင်လောက်ဘဲဝင်ရသေးတော့ ကျနော်သွားချင်တဲ့ သုံးဆင့်ဘုရား မဟုတ်ဘူးဆိုမဝင်ခဲ့မိပါဘူး။ နောက်အပြန်ဝင်မယ်လုပ်ပြန်တော့ မိုးရွာမယ်ထင်တာနဲ့မဝင်ခဲ့။ နောက်ရက်တွေမှာတော့ မန်းလေးမှာရေတွေကြီးလို့ အဲဒီဘက်ကို သွားမရ။ ရေကျတော့ ကျုနော်က မအား။ အဲဒီကပြန်လာတုံးကတော့ ဒီတမုတ်ရွှေအင်ပင်ကို ထူးပေးဆန်းပေးသည်ဆိုပြီးတင်ပေးလိုက်ပါတယ်။ ရှင်ပင်ဆပ်သွားကိုတော့ ထပ်သွားဘို့ကြိုးစားပေမယ့် အချိန်မရ။ ဒီကြားထဲမှာ ကိုစိန်သော့က တမုတ်ရွှေအင်ပင်နဲ့ရှင်ပင်ဆပ်သွားကို ပို့တင်ပေးလိုက်ပါတယ်။ အဲဒီလထဲမှာဘဲ မဂ္ဂဇင်းတစ်ခုထဲမှာ တမုတ်ရွှေအင်ပင်အကြောင်းပြည့်စုံစွာပါလာပါတယ်။ ဒီနေ့တော့ ပျင်းတာရယ် အချိန်ရတာရယ်ကြောင့် ရှင်ပင်ဆပ်သွားဘုရားကိုရောက်ခဲ့ပါတယ်။ ကိုစိန်သော့နောက်ကလိုက်တယ်လို့ ဆိုချင်ဆိုလိုက်ပါတော့ ။ ကျနော်မြင်တာလေးကိုတော့ တင်လိုက်ပါအုံးမယ်နော်။ သေချာတာက ကိုစိန်သော့ တို့ကပုံတင်ရင် သုတေသနပါတယ်။ […]


“တောင်ဘက်ကို မျှော်ကြည့်ခြင်း” ဟိုတစ်ရက်ကတော့ ယူနီဗာစ်ဟိုတယ်ခေါင်မိုးကနေ မြောက်ဘက်နဲ့အရှေ့ဘက်ကို လှမ်းကြည့်ခဲ့ပါတယ်။ နောက်နေ့တော့ ပိတ်ထားတဲ့တံခါးလေးကိုဖွင့်ပြီး သိပ်မလင်းတဲ့နေ့လေးမှာ မြို့တောင်ဘက်ခြမ်းကို လှမ်းကြည့်မိပါတယ်။ ဟိုးအနောက်ဘက်ဒေါင့်လေးမှာအရောင်လက်လက်ကလေးမြင်လို့သေချာကြည့်တော့ မြစ်မင်းဧရာကို တစွန်းတစ်မြင်ရတာပါ။ သူ့ဘက်ကနေ အနောက်ဘက်ကို စောင်းကြည့်တော့ မင်းဝံတောင်ရိုးကို တစ်ဝက်တစ်ပျက်မြင်ရပါတယ်။ ဒီဟော်တယ်ကအရင်ကတော့ အမြင့်ဆုံးလို့1997လောက်ကဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပုသွားပါပြီ။ တောင်ဘက်တည့်တည့်မှာတော့ မဟာမုနိဘုရားကြီးရှိပါတယ်။ ညနေစောင်းနေဖြစ်တဲ့အတွက်အနောက်ဘက်နေရောင်က ဆလိုက်ထိုးထားသလိုရှိနေပေမယ့် ဆောင်းညနေခင်းမြူမူံမူံဆိုပြန်တော့ မြင်ကွင်းက မထင်မရှား။ ပြွတ်သိပ်ပြည့်ကျပ်လာတဲ့ ရတနာပုံရွှေမန်းလေးမှာ အိမ်ခြေတွေကများများ။ ဒါပေမယ့်မြို့ခံအရင်လူကတော့ မရှိသလောက် အသစ်အသစ်ကိုကြိုက်တတ်တယ် လို့ယူဆရတဲ့မန်းလေးသားတွေက မြို့သစ်ကို စည်ကားအောင်ပြောင်းလို့နေကြ ပါတယ်။ ၂၈လမ်းဘက်ငုံ့ကြည့်လိုက်တော့ မြင်ရတာမူံတိမူံမွှား။ သေချာတာကတော့ ဆိုင်ကယ်စီးလာသူများကဦးထုပ်ဆောင်းမထားတာပါဘဲ။ အပေါ်ဘက်က အသံကြားလို့မော့ကြည့်လိုက်တော့ ခိုလေးတစ်ကောင်။ မန္တလေးရှေးဟောင်းမြို့ရဲ့အခင်းအကျင်းတွေကတော့ ၁၉၈၄ ဦးကျားကြီးမီးအပြီးမှတော့ အပြောင်းလဲကြီးပြောင်းလဲလို့သွားပါတယ်။ အဆောက်အဦး ပုံစံလဲသွားသလို ပိုင်ရှင်တွေလဲပြောင်းလဲလို့သွားပါတယ်။ မမြဲသောအကြောင်းတရားဆိုတာ […]


“သုံးပန်လှ တောင်သမန်” တောင်သမန်အင်းရဲ့အလှကို နွေအလှ မိုးအလှ ဆောင်းအလှ ဆိုပြီးသုံးပန်လှလို့တင်စားခဲ့ကြဘူးပါတယ်။ မိုးရာသီမှာ အင်းကြီးတစ်ခုလုံးရေတွေပြည့်မောက် လှိုင်းတွေက ဘောင်ဘင်ခတ်။ တံတားပေါ်လမ်းလျှောက်ရင်တောင်မှ လှိုင်းပုတ်တော့ လှုပ်ပဲ့ပဲ့ အသဲယားစရာ။ နွေမှာဆိုရင်တော့အင်းအလယ်လောက်မှာဘဲရေရှိ။ နံဘေးမှာတော့ စိုက်ခင်းတွေဖြစ်လို့ပေါ့။ ဆောင်းဆိုရင်တော့အင်းကြီးတစ်ခုလုံးစိုက်ခင်းတွေဖြစ်လို့။ နှင်းမူံ့(တကယ်တော့ မြူမူံ)ကြားမှာ မြင်ရချက်ကလွမ်းစရာ။ အဲဒီမြင်ကွင်းက တောင်သမန်းအင်းကြီး ရေလှောင်ကန်ဘဝကိုမရောက်သေးခင်ကပေါ့၊ နိုဝင်ဘာဆောင်းဦးတစ်ရက်တောင်သမန်ဘက်အရောက် သစ်ပင်နှစ်ပင်ကြားမှာလှေကလေးမြင်တော့ မရိုက်ဘူးသေးတဲ့ပုံစံလေးနဲ့ရို်က်ကြည့်မိပါတယ်။ ခါတိုင်းလက်ဆော့မယ်ဆိုရင်ကိုယ့်ရှေ့မှာဘာမှ မရှိအောင်ထားပြီး ရိုက်တာကိုး။ ဒီတစ်ခါတော့ အပင်ကြားကနေမြင်ရတဲ့ လှေကလေးတစ်စင်း၊ ထွန်လက်စ ယာခင်း။ စိမ်းစိုနေတဲ့ ကောက်ပင် မြင်ရတာအေးချမ်းပါတယ်။ မုးိတွင်းကာလဖြစ်တဲ့ ဩဂုတ်လတစ်ရက်မှာတော့ ကောင်းကင်ကလဲမိုးတိမ်တွေနဲ့အုံ့မိူင်း။ မြင်မြင်ရာနေရာမှာလဲရေအပြည့်။ အင်းကြီးတစ်ခုလုံးကလဲရေအပြည့်။ ဗိုက်တင်းလို့ဝနေတဲ့လူတစ်ယောက်ကိုမြင်ရသလိုပါဘဲ။ အရင်က ကွင်းပြင်ကြားမှာရှိနေတဲ့ဘုရားလေးကလဲရေထဲမှာ။ ဖုံထူထူမြေလမ်းလေးဘေး သူ့အောက်မှာစားသောက်ဆိုင်ခန်းလေးတွေကို ဆွဲသွင်းထားတတ်တဲ့မယ်ဇယ်ပင်ကြီးအောက်မှာတော့ ရေအပြည့်။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ အရင်တုံးကတော့ လယ်ခင်းတွေကြားမှာရှိလို့ […]


“မန်းလေးကို ငုံ့အကြည့်” တစ်ရက် မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်ကြီးတစ်ခုရဲ့အပေါ်ဆုံးထပ်ကို မထင်မှတ်ဘဲအရောက် မန်းလေးမြို့ကြီးကို ငုံ့ကြည့်ခွင့်ရလိုက်ပါတယ်။ ခွင့်ပေးသလောက် မြင်ခွင့်ရသလောက်လေးကို မှတ်တမ်းတင်မိပါတယ်။ ကျနော်ရောက်နေတဲ့နေရာက အရင်တုးံကတော့ အတော်မြင့်တယ်လို့ပြောနိုင်ပေမယ့် အခုတော့သူထက်သူလူစွမ်းကောင်းတွေပေါ်လာတော့ သူလဲပုသွားသလိုပါဘဲ။ ပြူတင်းပေါက်ကနေ အနောက်မြောက်ဘက်ကိုကြည့်လိုက်တော့ အဝေးမှာ မင်းဝံ။ သူ့ရှေ့ကဖြူဖွေးဖွေးကဧရာဝတီ။ အနီးမှာတော့ စုပြုံကျပ်ညှပ်နေတဲ့တိုက်အိမ်တွေ။ အနီးမြင်အသက်ရှူမဝ။ အဝေးမြင်ရမှာ စိတ်ပေါ့ပါး။ အရှေ့မြောက်ဘက်ခြမ်းအောက်ငုံ့ကြည့်ရင်တော့ တိုက်အသစ်တွေက ထိုးထိုးထောင်ထောင်။ အရင်ကဒီအပေါ်ကတက်ကြည့်ရင်အားလုံးကပြားပြားဝပ်နေသလို။။ အခုတော့လဲသူထက်မမြင့်တောင်မှ မင်းလောက်တော့ ငါလဲမြင့်တယ်နော်လို့ အသံတိတ်ပြောနေတဲ့အဆောက်အဦးတွေက များသထက်များ။ အဝေးမှာတော့ မန်းလေးတောင် မူံပြပြ။ အပေါ်ကနေအောက်ငုံကြည့်လိုက်တော့ လူတောင်မူးချင်သလိုလို။ လူကလဲသေးသေးလေး ကားကလဲသေးသေး။ ဒါနေ့လည်မို့လို့ နို့မဟုတ်ရင်ဒီလမ်းမကလဲပြည့်ကျပ်ညှပ်။ အရှေ့တည့်တည့်ဘက်ကြည့်လိုက်တော့ အဝေးမှာ ပြပြလေးမြင်ရတဲ့ရန်ကင်းတောင်။ တစ်မြို့လုံးကိုဆက်သွယ်ပေးနေတဲ့ တာဝါတိုင်ကတော့ မားမားမတ်မတ်။ အရင်ကတော့ ဒီအဆောက်အဦးက အမြင့်ဆုံးပေါ့။ နောက်တော့ သူနဲ့အရွယ်တူ […]


“မန်းလေးလမ်းဘေးက ပုရစ်ကြော်” ပြီးခဲ့တဲ့ရက်က မန်းလေးသူမန်းလေးသားများအကြိုက် မမေ့နိုင်တဲ့ပုရစ်ကြော်အကြောင်း တင်ပေးလိုက်ပါတယ်။ စာသက်သက်ကြောင့် ပုရစ်ပုံလေးတွေကို မြင်ချင်သူများရယ်၊ ပုရစ်ကြော်ကို မမြင်ဘူးတွေကလဲ မြင်ချင်ပါတယ်ဆိုတာနဲ့ မန်းလေး ပုရစ်ကြော်အများဆုံးရောင်းချပေးနေတဲ့ 24-25လမ်းကြား 85လမ်း၊ ရေကြည်ဓမ္မာရုံရှေ့မှာ ရှိနေတဲ့ ပုရစ်ဆို်င်များကို တင်ပေးလိုက်ပါတယ်။ အနီးကပ် ပုရစ်ကြော် စားချင်စရာလေးပါ။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (14-11-2011)


koaungNovember 13, 20111min14910
အချိန်ကတော့ တခုသော တန်ဆောင်မုန်းလဆန်းပေါ့ဗျာ ကျနော်ကကားမောင်းတာလဲဝါသနာပါသလို တဘက်ကလဲကျောင်းတက်ရင်း ကျောင်းစာရိတ်ရှာရပါတယ် ဦးလေးရဲ့ မာဇဒါစီဒင်ကားလေးကို ပရိုက်ဗိတ် တက်စီမောင်းခဲ့ဘူးပါတယ် တနေ့တော့ ရပ်ကွက်ထဲကအိမ်နီးနားချင်းတယောက်က(သတင်းစာတိုက်မှသတင်းစာဆရာတဦး)ကားလာငှါးပါတယ် ဘယ်ကိုလဲဆိုတော့ ပဲခူးကိုတဲ့ ဒါနဲ့ ဘယ်နေ့လဲလို့မေးတော့ တန်ဆောင်မုန်းလပြည့်နေ့တဲ့ ဒါနဲ့ကျနော်လဲကောင်းပြီ ဘယ်နနာရီ ထွက်မလဲမေးတော့ ညသန်းခေါင်တစ်နာရီထွက်မယ် ပေါ့ဗျာ အဲဒါနဲ့ကျသင့်တဲ့ဈေးပြောပြီး ခရီးဆက်ခဲ့ကြပါတယ် လမ်းမှာတော့ကျနော်က ဦးလေးကားကို ဂရုစိုက်ပြီးမောင်းခဲ့တယ်ပေါ့ဗျာ(ဦးလေးကကားကိုရိုရိုသေသေသုံးတတ်လို့ပါ) တလမ်းလုံးစကားလဲနဲပါတယ် သူတို့က မိသားစုနှစ်စုပေါင်းပြီးကားငှါးပုံရပါတယ် ကားပေါ်မှာကျနော်အပါအဝင်လူကြီးသုံးယောက်ကလေးတယောက်ပါ သူတို့ကလဲကျနော်ကလူငယ်ပေမဲ့ ကားကိုရမ်းရမ်းကားကား မမောင်းတတ်တာကိုသဘောကျကြတယ်ပေါ့ဗျာ ဒါနဲ့ပဲခူး ကိုရောက်တော့ ဘယ်ကိုမောင်းရမလဲမေးတော့ ရွှေမော်ဓောဖုရားကိုမောင်းပါတဲ့ ဖုရားကိုရောက်တော့ သူတို့လဲခနစောင်, ဆိုပြီး ဖုရားပေါ်တက်သွားကြတယ်ပေါ့ဗျာ ဒါနဲ့ကျနော်လဲ အပေါ့အပါးခနသွားပြီး နောက်မှဖုရားပေါ် တက်သွားတာ သူဒို့ကိုတော့မမြင်လိုက်တော့ပါဘူး ကျနော်လဲတယောက်ထဲ ဖုရားကိုတပတ်ပတ်ရင်းကြည်ညိုနေတုံး အထက်ပျစ်စရံ ကိုတက်တဲ့အဝင်ဝမှာ ကျနောဧည့်သည်မိသားစုလဲ ဝင်ဝမှာ တံခါးစောင်, တံခါးဖွင့်ပေးနေတာကိုတွေ့လိုက်ရပါတယ် […]

DSC02712-600x450.jpg

ဦး ဂ်စ္November 13, 20111min122251
 ငပလီ ဟု ဆိုလိုက်လျှင် အားလုံးသိကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံသာလျှင်မဟုတ်ဘဲ ကမ ္ဘာ့နိုင်ငံ အသီးသီးသို့ပင် ထင်ရှားကျော်ကြား သည်မဟုတ်ပါလော ။ ငပလီ ကမ်းခြေ  နာမည် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်အား  အနည်းငယ် ရှင်း ပြ  ပါရစေ  ခင်ဗျာ ။ ရခိုင်ပြည့်ရှင် စန္ဒသူရိယမင်းကြီးလက်ထက်တော်တွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၂၃)  ခုနှစ်၌ ရခိုင်ပြည်နယ် ဓညဝတီမြို့တော်သို့ ကြွတော်မူပြီးလျှင် မဟာမုနိရုပ်ပွားတော်မြတ် ကို ကိုးကွယ်ပူဇော်ရန် ကိုယ်စားထားခဲ့လေသည် ။ ထိုမှတစ်ဆင့် ဒွါရာဝတီ သံတွဲမြို့သို့ ကြွချီတော်မူလျက် တန့်တော်မူတောင် (ဗာသုတ) တွင် ရပ် တန့်တော်မူ၍ ဆံတော် နံတော် အံတော် စေတီ သုံးဆူအား ဗျာဒိတ်ပေးတော်မူ၏ ။ ထို စန္ဒသူရိယ မင်း […]


“စွယ်တော်လမ်း” ကျနော်ငယ်ငယ်တုံးကနေခဲ့တဲ့အိမ်ကလေးရဲ့အဝင်ပေါက်မှာ စွယ်တော်ပင်လေးနှစ်ပင်ရှိပါတယ်။ ဆောင်းဝင်စပြုပြီးဆိုရင်ဒီအပင်က အပွင့်လေးတွေဝေလာပါတယ်။ စစခြင်းမရမ်းရောင်နောက်တော့ ရက်ရင့်လေ အပွင့်လေးတွေက အရောင်ဖျော့လေပါဘဲ။ စွယ်တော်ကအနံ့တော့ မမွှေးပါဘူး။ နောက်တော့ ဒီအိမ်လေးမှာမနေတော့ စွယ်တော်နဲ့ဝေးသွားပါတယ်။ ကျနော်တို့ လူပျိုပေါက်မရောက်ခင်မှာ ဆရာတက္ကသိုလ်ဘုန်းနို်င်ကြောင့် ဒီစွယ်တော်က လူငယ်တွေကြားမှာ အချစ်ရဲ့သင်္ကေတလေးဖြစ်လို့လာပြန်ပါတယ်။ “နှစ်လွှာပေါင်းမှ တစ်ရွက်” လို့ ဆရာက ညွှန်းလိုက်တော့ ချစ်သူတွေအတွက် လှပသော သင်္ကေတလေးဖြစ်သွားပါတယ်။ နောက်ကျနော်တို့ခေတ်က စက်မူ့တက္ကသိုလ်တက်မယ်ဆိုရင် ရန်ကုန်ကိုသွားရပါတယ်။ အဲဒီခေတ်အခေါ်တော့ အာအိုင်တီ ပေါ့။ အဲဒီကျောင်းထဲမှာလဲ စွယ်တော်ပင်တွေရှိပါသတဲ့။ ချစ်သူ့လမ်းလေးဆိုတဲ့နေရာမှာလဲ ဒီအပင်လေးတွေရှိတယ်လို့ အဲဒီကျောင်းတက်နေတဲ့သူငယ်ချင်းတွေက ပြောကြပါတယ်။ နောက်တော့လဲ ကျနော်နဲ့ဒီစွယ်တော် ဝေးသွားပြန်တော့ မေ့မေ့ပျောက်ပျောက်။ ပြီးခဲ့တဲ ဇူလိုင်လက ရန်ကုန်ရောက်တော့ စွယ်တော်ဘုရားဘက်ကိုမနက်မနက်လမ်းလျှောက်သွားတော့ ဒီစွယ်တော်ပင်တွေကို တွေ့ရပြန်ရော။ ဖြစ်ချင်တော့ အပင်တစ်ပင်မှာ တစ်ပွင့်ထဲပေါက်နေတဲ့စွယ်တော်အဖြူလေးကိုမြင်ရတော့ ထူးထူးဆန်းဆန်း။ မန်းလေးမှာ […]


we R oneNovember 12, 20114min35518
  we R one  တစ်ယောက် ကိုပေါက် ကို အားကျပြီးလမ်းသလားနေတာတော့ မဟုတ်ပါဘူးရှင့်။ အားမကျဘူးလားဆိုတော့လည်း အရမ်းအရမ်း မဟားဒယား ကို အားကျနေပါတယ်။ ရှမ်းပြည်ကို အရမ်းသွားချင်နေတာပါတယ်..။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ တစ်ခေါက်မှ မရောက်နိုင်သေးပါ..။ အခုလည်း အဝေးဆုံးလည်စရာ ဆိုလို့ ပဲခူးပဲ သွားနိုင်လို့ ..:D ပဲခူးရောက်တုန်းရောက်ခိုက် မှတ်တမ်းတင်ထားတာလေးတွေ တင်ပေးလိုက်ပါတယ်..။ ရှုစားကြပါကုန်..။   ကျေးဇူးတင်ပါတယ်။ we R one  


Diamond KeyNovember 12, 20116min1987
ရှေးရိုးရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံမှာ ပုဂံ ပုဂံဆိုတာက ပြည်တွင်းကသာမက ပြည်ပကပါ သိနေခဲ့ကြတာ ရှေးနှစ်ပရိစ္ဆေဒ ကြာမြင့်စွာကည်းကပါ။ ရှေးသမိုင်းတွေအရ ပုဂံကို ခရစ်နှစ် ၁၀ရ မှာ ယုန်လွှတ်ကျွန်းအရပ် (ရာဇဝံသဇာလိနီကျမ်းအရ ဧရာဝတီမြစ်မှ ၆မိုင်အကွာ၊ တုရင်တောင်အရှေ့ဘက် တစ်မိုင်အကွာနေရာ) မှာ စတင် တည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ရွာ၁၉ရွာအား စုစည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမပုဂံ သမုဒ္ဒရာဇ်မင်းဆက်တွင် မင်းဆက် ရ ဆက် စိုးစံခဲ့ပါတယ်။ ဒုတိယပုဂံအဖြစ် သီရိပစ္စယာမြို့ကို ကျောက်စကား အရပ် (ပုဂံမြို့သစ်တောင်ဘက် ရေအိုးစင်ချောင်းရဲ့ မြောက်ဘက်ကမ်းနေရာ) မှာ ခရစ်နှစ် ၃၄၄ မှာ သေလည်ကြောင်မင်းလက်ထက်မှာ တည်ထောင်ပြန်ပါတယ်။ မင်းဆက် ၆ ဆက် တိတိ စိုးစံခဲ့ပါတယ်။ […]