CharTooLanJune 28, 20111min16615
        ရန်ကုန်မြို ့(ရန်ကုန်တိုင်းဒေသကြီး)၊ မြောက်ဥက္ကလာပမြို ့နယ်၊ သုန္ဒာလမ်းတွင်တည်ထားပီး အမြင့်ပေမှာ ပလ္လင်မှ မကိုဋ္ဋ်တော်အထိ ၁၂၉ပေ ၆လက်မ ရှိသည်။ မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဦးဆောင်၍တည်ထား ပီး အမျိုးသားများ ဘုရားအတွင်းသို့ ဝင်ရောက်လှည့်လည်ဖူးမျှော်ခွင့်ရှိ သည်ဟုသိရှိရသည်။ ကျနော်မြင်ဖူးသမျှထဲမှာ ပုံသဏ္ဍန်ဆန်းတဲ့ ဘုရားမို့ တင်ပေးလိုက်တာပါ။ သိပီးရှိပီဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါ။


နွေဦးJune 25, 20111min24814
ရွှေတိဂုံ ဘုရားဖူး သွားသူများ သတိပြုကြပါအုံး။ဘုရားသွားလို့ ကုသိုလ် ရ ရမဲ့အစား ဘုရားပေါ်မရောက်ခင် စိတ်အနှောက်ဖြစ်ခဲ့ ရတဲ့ အခါတွေ များပါပြီ ။ဈေးသည်တွေ အလှူခံတွေ အမျိုးမျိုး အဖုံဖုံ အနှောက်အယှက် ပေးတာကို ဘုရားဖူး သွားကြတဲ့သူ တွေ တနည်းမဟုတ်တနည်း ကြုံဖူးကြ မှာပါ။ အခုတဖန် ကြုံရမှာက နည်းသစ်ပါခင်ဗျ…။ဦးဦးဖျားဖျားကြုံဖူးကြုံဖူး ချင်တယ်ဆိုရင် ရွှေတိဂုံ ဘုရားအရှေ့ဖက် ဗဟန်းမုတ် အောက်ဖက် ကို သွားလေ့လာပါ။ ကြုံရမဲ့အဖြစ်ကဒီလို……….။ စောင်းတန်းက ဘုရားပေါ်တက် မယ်ဆို လှေခါးရင်းမှာ ဖိနပ်ကို ချွတ်ရမှာ..။ဒီအချိန် မှာ ခင်ဗျားဘေးကို ခလေး တယောက် ဒါမှမဟုတ် နှစ်ယောက် ဂျွတ်ဂျွတ်အိပ်လေး တွေကိုင်ပြီး ရောက် လာလိမ့်မယ်။ ခင်ဗျားကတော့ ဂျွတ်ဂျွတ်အိပ်နဲ့ ဖိနပ်ထဲ့ပြီး သိမ်း […]


ကျွန်တော် စနေနေ.က ဧရာဝတီမြစ်ဘေးက ရွာကလေးကို ရောက်ခဲ့ပါတယ်.. အင်း ရွာဆိုတော့ မြို.လောက် မသားနားပေမယ့် အေးချမ်းတယ်ဗျ.. အမယ် အထင်တော့ မသေးနဲ.နော အိမ်တိုင်းမှာ ၈ ပေ စလောင်းရှိတယ်.. မီးကလဲ ၂၄ နာရီဆိုပဲ.. မြို.ပြလူနေမှုမှာ မွမ်းကျပ်နေသမျှ အပန်းပြေတယ်… ရွာသူ။ရွာသားတွေကိုလဲ မျှဝေပေးပါမယ်… ရန်ကုန်ဘက် ဘုန်းကြီးလမ်း ဆိပ်ခံတံတားကနေ ရှပ်ပြေး မော်တော် စီးပြီးသွားရတာ.. တစ်ယောက်ကို ရှေ.ခန်း ၂၅၀ဝ ကျပ်။ နောက်ခန်း ၂၀၀ဝ ကျပ်..  သန်.လဲသန်.တယ်.. ပျော်စရာလဲကောင်းတယ်…


zaw mgApril 26, 20111min822
              ဖားစည်သံတွေပျံ့လွင့်နေတဲ့. … ဒေါနမြေကို မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလတွင် အလည်တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပါတယ်………………………………….. မရောက်ဖြစ်တာကြာပီဖြစ်တဲ့ ကရင်ပြည်နယ်ကို  ယခုတစ်ခေါက် ပြန်ရောက်တော့ စိတ်ထဲမှာကြည်နှုးပီတိဖြစ်ရပါတယ်……………….ခရီးစဉ်ကတော့ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ခုဖြစ်တဲ့ “ ကွယ်ကဘော တောင် ” လို့ အမည်ရတဲ့ ဖွဲကပင်တောင် ပေါ်တက်ဖို့ပါဘဲ…………..ပြီးတော့ ဒေသအလှကိုကြည့်ရှု့ခံစားနိုင်ဘို့ဘဲဖြစ်ပါတယ်………..                 ဇွဲကပင်တောင်မတက်ခင်မှာ ဘားအံမြို့ကမ်းနာမှာရှိတဲ့ ရွေရင်မျော် ဘုရားကိုသွားရောက်ခဲ့ပါတယ်……..                   အဲ့ဒီကနေ……ဖွဲကပင်တောင်ပေါ်မှ….သံလွင်မြစ်ကြီးအလှနှင့် ကရင်ပြည်နယ်အလှကို အပြည့်အဝခံစားပစ်လိုက်ပါတယ်…ပြီးတော့………ဘာအံမြို့ကနေ….အိန္ဒူစံပြကျေးရွာကနေတစ်ဆင့် […]


နည်ရဲဇော်April 24, 20111min763
မြန်မာပြည်အထက်အညာဒေသ မင်းကွန်းပုထိုးတော်ကြီးဟာ အခုတော့လည်း အုတ်ပုံကြီးဘဝနဲ့ တောင်ကြီးတစ်ခုမျှ မြင့်မားလှ၏။ ငလျင်ဒဏ်ကြောင့် ပုထိုးတော်ကြီးမှာ အက်ကွဲကြောင်းရာများနှင့်။တစ်ချိန်တုန်းက ဘယ်အရာမဆို သူများတစ်ကာထက်ပိုသာရမှ ကျေနပ်တတ်သည့် မင်းတရားကြီး၏ လောဘလေလား၊ သာသနာပေါ် သက်ဝင်ကြည်ညိုခြင်းလေလား။  ပြိုကျနေသော အုတ်ခဲတုံးကြီးများက ဟိုတစ်စ ဒီတစ်စ ။ ပဒေသရာဇ်ခေတ် ဒီဒေသက ပြည်သူတွေအတွက်ကတော့ချွေးတွေသွေးတွေနှင့် ထမ်းခဲ့ရသည့် မနိုင်ဝန် တစ်ခုလေများလား။ တောင်၏ခြေရင်း လှေကားသဖွယ် ထွင်းထားသော အုတ်အဆင့်ဆင့် တို့ကို လှမ်းတက်လာခဲ့၏။ ခြုံနွယ်ပိတ်ပေါင်းများ၊ မျက်ရိုင်းပင်များက မင်းမူနေ၏။ အတက်လှေခါး ကား ကျဉ်းမြောင်းလှရာ လူတစ်ကိုယ်စာပင်မနည်းတက်ယူရ၏။ ဆင်းသည့်လူနှင့် တက်သည့်လူ မျက်နှာချင်းဆိုင် ဆုံလျှင် တစ်ယောက်ယောက်က ရပ်ပေးကာ ကျန်တစ်ယောက်က ဂဏန်းသွားသလို ဘေးတိုက်သွားမှသာအလိုရှိရာရောက်ပေမည်။ အတက်စောက်သလောက် ထိပ်ဆုံးရောက်သွားတော့လည်း မြင်ရသည့် ရှုမျှော်ခင်းက ရင်ကိုအေးမြစေသည်။ ခဲသားရောင်တိမ်လွှာတို့က […]

ghost.jpg

လူတိုင်း ယုံသော်ရှိ မယုံသော်ရှိ သရဲဆိုတာ ကြားဖူးမှာပါ။ အပျော်သဘောနဲ့ ဖြစ်ဖြစ်၊ တကယ်ယုံလို့ ဖြစ်ဖြစ်၊ ဗဟုသုတဖြစ်ဖြစ် ကိုယ်တိုင်လည်းပြော၊ သူများပြောတာလည်း ကြားဖူးပါတယ်။ ခလေးဘဝမှာတုန်းက သရဲကြောက်လို့ တယောက်ထဲ အိမ်သာမသွားရဲ၊ ညအိပ်ရင် ခြေဆန့်မအိပ်ရဲ၊ တယောက်ထဲ မနေရဲ စသဖြင့် ဖြစ်လေ့ရှိပါတယ်။ မူလတန်းကျောင်းသားဘဝ ကြားဖူးတဲ့သရဲတွေက ကျောပေါက်ကြီး၊ ခေါင်းပြတ်သရဲ တို့ပါ။ သူတို့နဲ့တွေ့သူဆိုရင် မြောင်းကြီးလား၊ မြောင်းသေးလား အမေးခံရပြီး အသေးဆိုရင် နောက်ကို အလိုက်ခံရ ပါသတဲ့။ ဒီတော့ဖြေတဲ့အခါ အရွေးမမှားဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ကမေးရမှာလား၊ သရဲက မေးမှာလား၊ အသေးလား၊ အကြီးလား သေချာအောင် အတန်းထဲ လိုက်မေးတော့မှ ပိုရှုပ်ကုန်ပါတယ်။ ဒီကြားထဲ ဖြေပြီးရင် ပြန်ပြင်မရဘူးလို့ ခြောက်သူရှိလို့ ပိုကြောက်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းက […]


kaiMarch 24, 201118min1213
စီအန်အန်မှာတက်လာတာမို ့.. တကမ္ဘာလုံးနဲ့ဆိုင်မယ်များ မှတ်တယ်..။ အမေရိကားအတွင်းက နေရာချည်းပဲမို ့.. ကြည့်ရတာ.. တိုးကုမ္ပဏီနဲ့ စီအန်အန်ပေါင်းကြော်ငြာသလားပါပဲ..။ ထားပါတော့..။ ကြားထဲက .. လူတွေ ဈေးသက်သက်သာသာနဲ့ လည်နိုင်တဲ့နေရာတွေကို .. ဗဟုသုတ ရသိရတာပေါ့..။ ယူအက်စ်က မြန်မာတွေ..အားရင်သွားကြပေါ့နော..။ ဂရမ်းကင်န်ညွှန်..။ အာရီဇိုးနားပြည်နယ်ရဲ့ ဂုဏ်ဆောင်နေရာပါပဲ..။ ရှေးကမြစ်ကြီးဖြတ်စီးသွားလို့ကျန်တဲ့နေရာလို့ ပြောကြတယ်..။ တောင်တွေကို ဓါးနဲ့ ဖြတ်ခုတ်ချထားသလို.. ရှုခင်းအင်မတန်လှတဲ့ နေရာပါ..။ အဲဒီနေရာတွေကို ချော့ပါနဲ့ အပေါ်ကကြည့်လို့လည်းရပါတယ်..။ ကျန်တာတွေတော့ မရောက်ဖူးလို့မသိ..။ အဲဒီနယ်က ဗမာတွေ သိတာလေးတွေ.. ရေးတင်ပေးကြနိုင်ရင် ကောင်းမှာပဲ..။ 🙂 15 places kids should see by age 15 (Budget Travel) — It took […]

183518_10150122666892497_661602496_6275603_2970973_n-600x450.jpg

moonpoemMarch 23, 20111min13010
ပုဂံမှာ မိုးပျံပူဖောင်းစီးတဲ့ ခရီးစဉ်ရှိပါတယ်။ အားလုံးလည်းကြားဖူးကြမှာပါ။ အဲဒီမိုးပျံပူဖောင်းခရီးစဉ်က နှစ်စဉ် အောက်တိုဘာ ကနေ မတ်လထိပဲ ပျံသန်းပါတယ်။ ကျန်တဲ့လတွေ မှာ မြန်မာနိုင်ငံရဲ ့လေထု အခြေအနေရယ် မိုးရွာတာရယ်ကြောင့်ခရီးစဉ် မရှိတာကများပါတယ်။ မိုးပျံပူဖောင်းတစ်ခုမှာ လူ၄ယောက်ပဲဆံ့ပြီး စီးမယ်ဆိုရင် ၃ရက်ကြိုပြီးBookingတင်ရပါတယ်။တစ်ယောက်ကိုUSD 300ပေးရပါတယ်။ အဲဒါကြောင့်မြန်မာနိုင်ငံသားထက်နိုင်ငံခြားသားစီးတာပိုများပါတယ်။ တစ်ခါတစ်ရံမှာအဲဒီခရီးစဉ်ကပုဂံအပြင်ကျွန်မတို ့အမရပူရမြို ့ကိုပါ ရောက်လာလေ့ရှိပါတယ်။ အဲဒါကတော့ဦးပိန်တံတားကိုရောက်ရှိလာတဲ့ပူဖောင်းခရီးစဉ်ကပုံရိပ်တွေပဲဖြစ်ပါတယ်။ အခုမန္တလေးဂေဇက်ကသူငယ်ချင်းတွေစီးမယ်ဆိုရင်တော့ ကျွန်မက အမရပူရသူတစ်ယောက် ဖြစ်တဲ့အားလျော်စွာ အခမဲ့ အနေနဲ ့အဟမ်း အဟမ်းဒကာခံပြီးတော့……. တောင်သမန်အင်းထဲမှာပဲ  ငှက်လှေစီးခွင့်ကဒ်ပေးလိုက်ပါ့မယ်ရှင်။      


PareByokeMarch 12, 201131min1000
VISITING TAIWAN, THE REPUBLIC OF CHINA.   MANY BURMA EXPATRIATES LIVE IN TAIWAN. NOT ONLY BURMA-CHINESE, BUT ALSO KACHINS, BAMARS, AND SO ON EMIGRATED THERE OVER THE YEARS.   YouTube – Taiwan-Where Mountains Meet Sea 山海台灣 http://www.youtube.com/watch?v=0xHhppH7uMg&playnext=1&list=PL59A71FAC8228F4E6 High mountains capture essences of heaven and earth, the great ocean welcomes a hundred mighty rivers. OS: In […]


weiweiFebruary 4, 20113min35823
နေပြည်တော်ကိုသွားဖို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ ရန်ကုန် – နေပြည်တော် ကားလမ်းသစ်ကနေ သွားလိုက်တယ်။ ထောက်ကြံ့အလွန်မှာ နေပြည်တော်လမ်းစပြီး ဂိတ်ကြေးကောက်တဲ့ဂိတ်တစ်ခုရှိပါတယ်။ မိုင်တိုင် သုညကနေစပြီး ကွန်ကရစ် အချောလမ်းပါ။ လမ်းဖြတ်ခ ကားသေးတစ်စီးကို ၅၀၀ဝ ကျပ်ပေးရပါတယ်။ မနက်စောစောထသွားဖြစ်လို့ ကားပေါ်မှာ အိပ်ရက်နဲ့လိုက်သွားလိုက်တယ်။ တစ်လမ်းလုံး ကားလဲရှင်း လူလဲရှင်း ပတ်ဝန်းကျင်မှာလဲ အပင်နဲနဲကလွဲပြီး ဘာမှမတွေ့ရဘူး။ ၁၁၅ မိုင်ကိုရောက်တော့မှ ဆိုင်အနဲငယ်တွေ့ရလို့ ခဏနားပြီး မနက်စားစားလိုက်တယ်။ ပြီးတော့ နေပြည်တော်ကို ဆက်ထွက်လာခဲ့တာ မိုင် ၂၁ဝ လောက်မှ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ ကိစ္စဝိစ္စတွေကို နေ့ခင်းပိုင်းမှာ လုပ်ပြီးတာနဲ့ အချိန်ပိုနေလို့ နေပြည်တော်က ဘုရားကို သွားဖူးဖြစ်ခဲ့တယ်။ ဒီဘုရားကို နိုင်ငံခြားက ဗမာတွေသာမက ဗမာပြည်က ဗမာတွေပါ ရောက်ဖူးသူနဲမှာမို့လို့ ဓါတ်ပုံတချို့ ကြိုးစားပြီး […]