၁။ ဝင်စို့ ထွက်စို့ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၁) မြန်မာပြည်ထဲက ရှမ်းပြည်မြောက်ပိုင်းရဲ့အစွန်အဖျားမြို့ကတော့ မူဆယ်မြို့ပါဘဲ။ မုတ္တမ၊မတ္တရာ ဆိုတဲ့မြို့လို မ နဲ့ စတဲ့ ခရီးလမ်းဆုံးမြို့လေးထဲက တစ်မြို့ပေါ့၊ ဟိုးအရင်နှစ်တွေက နှစ်ကြိ်မ်ရောက်ဘူးပေမယ့် ဒီတစ်ခေါက်ကတော့ ကြာကြာနေဖြစ်တယ်လို့ဆိုရပါမယ်။ အဲတော့ တို့တို့ တိတိ သိခဲ့သမျှ လေးတွေ ပိုများလာတာပေါ့။ ဒီမြေဒီဒေသ ရောက်ပြီဆိုတာနဲ့ မြို့အခေါ်ကွာခြားချက်လေးတွေကို သိလာရပြန်ပါတယ်။ ကျနော်တို့ရဲ့” မူဆယ် “ကို သူတို့ က ” မုကျယ်” သူတို့ရဲ့ ” ကျဲ့ဂေါင် “ကို ကျနော်တို့က “ကျယ်ခေါင်” သူတို့ရဲ့ “ရုလီ” ကို ကျနော်တို့အခေါ်”ရွှေလီ” အသံဖလှယ်တာခြင်းနည်းနည်းတော့ကွာပါတယ်။ ကျနော်တို့ဘက်ခြမ်းနဲ့သူတို့ဘက်ခြမ်း လမ်းလေးတစ်လမ်းဘဲကွာပါတယ်။ ဒါပေမယ့် အဆောက်အဦ […]


ဇီဇီJuly 13, 20153min57528
  ဒီ တစ်ပတ် က စ ပြီး KZ လည်း ၂၀ဝ ယူ (ဟုတ်ပေါင်) စလုံး အစားအသောက် ရီဗျူးရေးတော့မယ်။ တစ်လမှ  တစ်ဆိုင်ပဲ ရေးမှာပါ။ ခိခိ ဟိဟိ။ ဒီ တစ်ပတ် အလှည့်ကျတာကတော့ အကိုကြီးရား အဲ ကိုရီးရားဆိုင် Food ရီဗျူးဖြစ်ပါတယ်။ စားသောက် ဆိုင် အကြီးစားကြီး မဟုတ်ဘူးး ဒါပေမဲ့ အဖြူတွေ ကြိုက်တဲ့ Sunset Way  လို နေရာမျိုးက ဝက်စတင် ဘာဘီကျု ဆိုင်တွေကြားက ဈေးသက်သာ… စားလို့ကောင်း… စိတ်ကြိုက် အော်ဟစ်စကားပြောလို့  ရ တဲ့ ဆိုင် တစ်ဆိုင်မို့ ညွှန်းလိုက်ပါတယ်။ . :mrgreenn: . ဝက်သားကင်နဲ့ ဆလပ်ရွက်ကောင်းတယ် ဆိုကျု […]


ပန်းခြံထဲက အသီး (ဓါတ်ပုံပိုစ်) ပြီးခဲ့တဲ့သင်္ကြန်မှာ အဲပန်းခြံထဲရောက်တော့   အပင်စိမ်းစိမ်းလေးမှာအသီးနီနီလေးတွေမြင်တော့ စတော်ဘယ်ရီသီးမှတ်နေပါတယ်။ အနားကပ်ကြည့်မှာ စတော်ဘယ်ရီမဟုတ်။ မေးကြည့်တော့ ပိုးစာသီး လို့ ပြောပါတယ်။ စားလို့ရပါသတဲ့။ 2 တစ်ချို့ကခြောက်သွားပြီ   ပြီးခဲ့တဲ့ရက်က အဲ့ဒီပန်းခြံကိုနောက်တစ်ခေါက်ရောက်တော့ ကလေးလေးတွေလက်ထဲမှာအသီးလေးတွေကိုင်ထားတာတွေ့ရပါတယ်။ အောက်မှာလဲအသီးကြွေတွေအများကြီး။ သစ်ပင်ပေါ်မော့ကြည့်လိုက်တော့လဲအများကြီး။ စားရတယ်လို့သိလိုက်ပေမယ့် ဘာသီးမှန်းတော့ မသိခဲ့ရဘူး၊   ကဲ …………………   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   12-7-+20015


ဇီဇီJune 9, 20151min42635
သများတို့  တို့ ပြည်ပ နေတွေ ပြည်တွင်း ပြန်လို့ ရှိရင် ရောဂါတစ်ခု ရှိသဗျ။ :mrgreenn: ကင်မလာ အကြီးကြီး ဝယ်ထားမိရင် ပိုဆိုးးး… ခရီးထွက်ပြီး ဓာတ်ပုံရိုက်ချင်တာ တစ်မျိုးးး… . မြန်မာပြည်ရဲ့ နံမည်ကြီးနေရာတွေကို သွားချင်တာ တစ်မျိုး… . ရန်ကုန် အစားအသောက် ကောင်းကောင်းနေရာ ကို သွားချင်တာက တစ်မျိုးးး… . ကိုယ်နဲ့ ပါလာတဲ့ ရေခြားမြေချားက လုပ်ဖော်ကိုင်ဖက်တွေကို လှပတဲ့ နေရာလေးတွေ လိုက်ပြချင်တာ တစ်မျိုး… . တချို့ကျ အမျိုးဘွဲ့ယူ၊ မင်ဂါဆောင် စသည်ဖြင့် အကြောင်းပြုပြီး ပြန်တော့ အဲဒီ အတွက် စီးတော်ယာဉ် လိုအပ်တာ တစ်မျိုး… အဲ!! သများ ဆို အိမ်က မသိအောင် […]


weiweiJune 9, 20154min24116
  ရန်ကုန် လှည်းတန်းဘူတာနားမှာနေခဲ့တာ ၁ဝ နှစ်ကျော်နေပြီ။ ရထားလမ်းကို အမြဲတမ်းဖြတ်ဖြစ်ပြီး လှည်းတန်းဈေးကို သွားခဲ့ရပေမယ့် ရထားကို တစ်ကြိမ်တစ်ခါမှ မစီးခဲ့ဖူးဘူး။ ရထားစီးကြည့်မယ်လို့လဲ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ မြို့ပါတ် အဲကွန်းရထားတွေပေါ်လာပြီးနောက်ပိုင်း တစ်ခါလောက်တော့ စီးကြည့်အုန်းမှလို့ စိတ်ကူးပေါ်ခဲ့ပေမယ့် အချိန်မပေးနိုင်လို့ မစီးဖြစ်ခဲ့ပြန်ဘူး။   ဒီအပါတ် ၆ လ ပိုင်း ၆ ရက်နေ့မှာ စနေနေ့မှာ တိမ်တွေပြာလို့ ရာသီဥတုက သာသာယာယာ ရှိနေတာနဲ့ ရထားသွားစီးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ကူးကို ချက်ခြင်းအကောင်အထည်ဖော်ပစ်လိုက်တယ်။ အနီးအနားမှာနေကြတဲ့ ဘော်ဒါနှစ်ယောက်ကို အဖော်ခေါ်ပြီး လှည်းတန်းဘူတာဆီ သွားစီးကြပါတယ်။ ရထားချိန်တွေကို မမှတ်ထားပဲသွားမိလို့ အဲကွန်းမြို့ပါတ်က နေ့လည် ၁ နာရီမှာဆိုက်မှာကို ၁၂ နာရီလောက်ထဲက ဘူတာကိုရောက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စီးဖြစ်အောင်စီးမှာမို့လို့ အနီးအနားမှာပဲ […]


ムラカミJune 3, 20153min23117
ကနေ့နေ့လည်က စကားကောင်းကြတယ်… ဓါတ်ပုံနဲ့ ပါတ်သတ်လို့ပါ… မက်ခရိုတွေ ဆေးထိုးတာနဲ့ ပါတ်သတ်ပြီး မေးကြ တယ်ဆိုပါတော့… ကျနော်လည်း သည်ရက်ပိုင်း ဒါတွေချည်း လှိမ့် ရိုက်နေတာကိုး.. အဲ … တခုတော့ စကားခံပါရစေ မက်ခရိုက ကျနော် အနှစ်သက်ဆုံး အမျိုးအစားမဟုတ်ဘူး ဆိုတာပါပဲ… (ထသွားထလာ အရိုက်ဖြစ်ဆုံးမို့ အရိုက်များနေတာပါ)   ၁။ Macro ရိုက်မယ် ဆိုရာဝယ် အထူးသဖြင့်တော့ ရာသီစာလည်းဖြစ်နေတဲ့ ပန်းတွေပေါ့ဗျာ… ရိုက်တော့နှက်တော့မဟဲ့ ဆိုရင်ပေါ့။ စံပါယ်ပန်းဗျာ … စံပါယ်တရုံလုံးမှာ အသီးသီး ပွင့်နေတာကို ပြချင်တာလား … ဒါဆို ရှင်းပါတယ် ရိုးရိုး ဓါတ်ပုံရိုက်တဲ့နည်းနဲ့ ရိုက်ရုံပေါ့…။ အဲ .. တပွင့်သော်လည်းကောင်း တခက်သော်လည်းကောင်း ကွက်ပြီး ပြချင်တာမျိုး ဆိုရင်တော့ […]


ムラカミMay 30, 20152min1419
  ဟိုနေ့ကပဲ အန်တီအိ ပိုစ့် တွေ့တယ်.. မန့်ဖြစ်ရင်း ကနေ့မနက် မထင်မှတ်ဘဲ ယုဇနပန်း ရိုက်ဖြစ်တယ် ပြောရရင် အိမ်မှာ ယုဇနပန်း ရှိမှန်းမသိ.. အမေက ပွင့်တယ်ပြောမှ အပြေးသွားရိုက်ဖြစ်တာ…   အော်… ယုစ့် .. ယုစ့်…           မိုးဦးကျတော့ ပန်းတွေပဲ ဆက်ရိုက်ဖြစ်နေမယ် ထင်ပါရဲ့ဗျာ..   တော်သေးဘီ


“သူတို့ရဲ့ည”             သူတို့ဆီ က အလင်းများနဲ့ တောက်ပနေတဲ့ည တစ်ညကို   မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 30-5-2015


နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်) ရွှေလီမြို့မှာရောက်တဲ့အခိုက် ရွှေလီမြစ်ကမ်းနံဘေးမှာ အပွင့်ရဲရဲနီနီတွေနဲ့အလှဆင်ထားတဲ့ နွေမင်းသမီးလို့ တင်စားနိုင်တဲ့ စိန်ပန်းပွင့်တွေ ကို ပါတ်ဝန်းကျင် အလှတွေနဲ့တွဲဖက်မြင်ရတာ ပန်းချီကားတစ်ချပ်လိုခံစားမိတဲ့အတွက်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 27-5-2015


ムラカミMay 16, 20159min28020
ခုတလော ခရီး ယာယီ များရဲ့…   ရိုးမမှာ ဒိုးရတာ အမျိုးက ပါပြန်တော့လည်း မိုးမရွာသမို့ ဆိုးပါ့ဗျာ..     အနီးအနား ရိုက်စရာ ရှားသမို့ အမေ့စံပယ်ရုံပဲ တနေ့တနေ့ ရမယ်ရှာနေဖြစ်တယ် ဆိုတော့ ..ရှိစုမဲ့စုလေး တင်အုံးမယ်ဗျာ။ တောထဲမှာ အိမ်စောင့်ရင်း ရေရေလည်လည် အော်ဖစ်ရှယ် အားယားနေလို့ သီးခံဂျပါကုန်။   အဆီပိတ်နေတဲ့ ကြောင် တကောင်ကို Macro ဆေးထိုးတာ ဆေးအောင်သွားသမို့ အရှိန်ဆက်တက်အောင် ဆက်လက်ပြီး အဆင်းဘီးလှိမ့်ပါအုံးမယ်။ နောက်တာပါဗျာ… သိချင်တဲ့လူရှိရင် ဖတ်နိုင်ဖို့ လည်းကောင်း အချိန်ရတုန်းမို့ တပုံချင်းစီအကြောင်း အကြမ်းဖျဉ်းတော့ ထည့်ရေးကြည့်ထားပါတယ်။ တရုံလုံးပွင့်နေတဲ့ စံပါယ်ခြုံကို တပွင့်ချင်းစီ ဘယ်လိုတွေးပြီး ရိုက်ဖြစ်သလဲ အမှတ်တရဆိုပါတော့။ ကင်မရာ ဆက်တင်တွေကတော့ ပြန်ကြည့်မှပဲ သိတော့မယ်ဗျ။metadata ထဲ ဖြုတ်ချထားလိုက်လို့ပါ။     1. […]


“ညနေခင်းလေးရဲ့တေးသံ”     ကျနော်က နေဝင်ချိန်နဲ့နေထွက်ချိန်လေးတွေကို အမြဲနှစ်သက်ပါတယ်။ ကျနော်ပုံအများစုကလဲ အဲ့လို့ပုံတွေဘဲဖြစ်နေပါတယ်။ တပေါင်းလရဲ့ ညနေခင်းလေးတွေပါ။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 14-5-2015


weiweiApril 2, 20154min23720
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]